ဘဲမျိုးရင်းဝင် ငှက်များ
ဘဲမျိုးရင်းဝင် ငှက်များ (အင်္ဂလိပ်: Anatidae) Temporal range: Oligocene ခေတ်ဦး – လက်ရှိခေတ်
| |
---|---|
ဝဲထိပ်မှ နာရီလက်တံအတိုင်း။ ဘဲခေါင်းစိမ်း၊ ငန်းအ၊ ဘရားဇီးဘဲ၊ သုခဘုံစက္ကဝါက်၊ ဘဲခေါင်းဖြူနှင့် ဘဲငန်း။ | |
မျိုးရိုးခွဲခြားခြင်း | |
လောက: | Animalia |
မျိုးပေါင်းစု: | Chordata |
မျိုးပေါင်း: | Aves |
မျိုးစဉ်: | Anseriformes |
မျိုးစဉ်သေး: | Anseres |
Superfamily: | Anatoidea |
မျိုးရင်း: | Anatidae Leach, 1820 |
အမျိုးအစား မျိုးစိတ် | |
Anas platyrhynchos လင်းနီးယပ်၊ ၁၇၅၈
| |
မျိုးစု | |
|
ဘဲမျိုးရင်းဝင် ငှက်များသည် သိပ္ပံအမည် "အန်နတ္တိဒီး" (Anatidae) ဟုခေါ်သော ဇီဝမျိုးရိုးတူသည့် ငှက်များကို စုဖွဲ့၍ အမည်ပေးထားသည့် ငှက်မျိုးရင်း အမည်တစ်ခုဖြစ်သည်။ ၎င်းမျိုးရင်းဝင် ငှက်များသည် အများအားဖြင့် ရေငှက်မျိုးဖြစ်သော ဘဲနှင့် တူသော (သို့) ဘဲပုံစံကဲ့သို့ အလားသဏ္ဌာန်ရှိသော ငှက်များဖြစ်သည့် ဘဲမျိုးကွဲများ၊ ဘဲငန်းများ၊ ငန်းများပါဝင်သည်။ ဘဲမျိုးရင်းဝင်ငှက်များသည် အန္တာတိကမှလွဲ၍ တိုက်ကြီးများအားလုံးတွင် နေထိုင်ကျက်စားကြသည်ကို တွေ့နိုင်သည်။ ဤငှက်များ၏ ကိုယ်လုံး၊ ခြေထောက်၊ ခေါင်း စသည့် ခန္ဓာကိုယ်အစိတ်အပိုင်းများသည် ရေကူးရန် ၊ ရေမျက်နှာပြင်ပေါ်တွင် ပေါလောမျောပါရန်နှင့် အချို့နေရာများ၌ အနည်းဆုံး ရေတိမ်တွင်ရေငုပ်ရန် အဆင်ပြေစေရန် ဖွဲ့စည်းတည်ဆောက်ထားသော ပုံသဏ္ဌာန်ရှိကြသည်။ မျိုးရင်းထဲတွင် မျိုးစိတ် ၁၇၄ မျိုးပါဝင်သော မျိုးစု ၄၃ မျိုးရှိသည်။
ဘဲမျိုးရင်းဝင်များ နှင့် လူသားများ အခန်းကဏ္ဍ
[ပြင်ဆင်ရန်]ဘဲ၊ ငန်းတို့၏ အမွေးတို့သည် အိပ်ရာခင်းများ၊ ခေါင်းအုံးများ၊ လက်ကိုင်အိတ်များနှင့် အနွေးထည်အင်္ကျီများအပြင် အားကစားသုံးပစ္စည်းတစ်ခုဖြစ်သော ကြက်တောင်တို့ကို ပြုလုပ်ရန် အသုံးပြုခဲ့သည်မှာ နှစ်ပေါင်းများစွာကြာမြင့်ပြီဖြစ်သည်။ ဤမျိုးရင်းဝင် ငှက်များကို အစားအစာအတွက် မွေးမြူခဲ့သည်မှာလည်း နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်၏။
လူသားများအတွက် ဘဲများ၊ ငန်းများသည် စီးပွားရေးအရရော ယဉ်ကျေးမှုအရပါ အရေးပါပြီး ဘဲမျိုးစိတ်များစွာသည် လူသားများမှ မွေးမြူခဲ့သည့်အတွက် ယုံကြည်စိတ်ချရသော အစာအရင်းအမြစ် ရရှိခဲ့ကြသည်။ သို့သော်လည်း အချို့သော ဘဲမျိုးကွဲများသည် စိုက်ပျိုးရေး၌ အသုံးပြုရန် မွေးမြူထားသော တိရစ္ဆာန်များအတွက် ကြက်ငှက်တုပ်ကွေး ကဲ့သို့သော ပိုးမွှားများသယ်ဆောင်သူအဖြစ် လုပ်ဆောင်ကြသည်။
ဓာတ်ပုံပြခန်း
[ပြင်ဆင်ရန်]-
ဘဲခေါင်းစိမ်းအထီး၏ ပုံပန်းသွင်ပြင်
-
စက္ကဝါက် အထီး
-
ရှားပါးမျိုးစိတ် တောဘဲ တစ်ကောင်
-
ဘဲခေါင်းစိမ်းလေးမောင်နှံနှစ်ဖော်
-
သစ်ဘဲမျိုး
-
ဟင်္သာနှင့်အတူ စက္ကဝါက်မျိုးစုထဲတွင်ပါဝင်သော မန်ဒါလီဘဲ
-
မန်ဒရင်ဘဲ