ငစဉ့်ကူးမင်း ဧချင်း

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်

ငစဉ့်ကူးမင်း ဧချင်း သည် ဆင်ဖြူရှင်မင်းလက်ထက် ပလိပ်ရွာစား မင်းရဲရာဇာ ရေးသည့် ဧချင်း ဖြစ်သည်။ ရေးသူကို အစွဲပြု၍ ပလိပ်စား ဧချင်း ဟု၎င်း၊ အိမ်ရှေ့မင်းအား ဆက်ရသဖြင့် ရွှေနားတော်သွင်း ဧချင်း ဟု၎င်း၊ ခေါ်ကြသည်။

ရေးဖြစ်ပုံ[ပြင်ဆင်ရန်]

ဆင်ဖြူရှင်မင်းလက်ထက်တွင် ဦးဖျော်က စဉ့်ကူမင်းသား၏ အကြီးတော်အဖြစ် နေသည်။ ထိုစဉ် အိမ်ရှေ့စံက တောင်ငူခေတ် ရှင်သံခိုရေးသည့် မင်းရဲဒိဗ္ဗ ဧချင်းမှာ ကောင်းကြောင်း ချီးမွမ်းသည်။ ဦးဖျော်က သူသည်လည်း ဧချင်းကောင်း ရေးနိုင်ကြောင်း ပြောသဖြင့် မင်းသားက ရေးရန် တောင်းပန်သည်။

မင်္ဂလာချက်ဘွေ ချီ ဧချင်းအား ဆက်ရာ နှစ်သက်သဖြင့် မင်းရဲရာဇာဘွဲ့နှင့် ပလိပ်ရွာကို အစားပေးသည်။

ကမ္ဘာဦးတည် မဟာသမ္မတမင်းမှစ၍ မြန်မာမင်းအဆက်ဆက်တို့ကို နန်းစံနှစ်နှင့်တကွ အစီအစဉ်အတိုင်း ဖွဲ့နွဲ့စပ်ဆိုထားသဖြင့် အလွန်အရေးပါသော ရာဇဝင်ချုပ်ဟုလည်း ယူဆကြသည်။

ရှင်သံခို၏ဧချင်း တွင် မြို့ဖွဲ့၊ ဘုန်းတော်ဖွဲ့များကို ပိုမိုပြည့်စုံပြီး အဖွဲ့သည်လည်း ဦးဖျော်ထက် ပြေသည်။ ရှင်သံခိုသည် ရတုစာဆိုဖြစ်၍ ဧချင်းတွင် ရာသီဥတု အခြေအနေများကိုလည်း ထည့်စပ်သည်။ ဦးဖျော်က စကားလုံးသုံး လိမ္မာ၍ အလုံးမထပ်စေဘဲ ဝေါဟာရကြွယ်စွာဖြင့် ဇာတိသွေး ဇာတိမာန် တက်ရန်ကို ပိုအလေးထားဟန် တူသည်။

ဧချင်းအဖွဲ့သည် တောင်ငူခေတ်၊ ညောင်ရမ်းခေတ်များ၌ အထူးခေတ်စားခဲ့သော်လည်း ကုန်းဘောင်ခေတ်ပေါ် ငစဉ့်ကူးဧချင်းကို မကျော်နိုင်။ ဤဧချင်းသည် ကုန်းဘောင်ခေတ်၏ ထူးခြားသော မှတ်တိုင်တခု ဖြစ်သည်။

ပုံနှိပ်ခြင်း[ပြင်ဆင်ရန်]

မင်းတုန်းမင်းလက်ထက်တွင် နေပြည်တော်သို့ ပုံနှိပ်စက် ရောက်လာသည့်နောက် ၁၈၇၅ ခုတွင် ပုံနှိပ်စာ ဖြစ်လာသည်။ [၁]

၁၉၂၂ ခုတွင် ဟံသာဝတီပုံနှိပ်တိုက်က ပြန်ရိုက်သည်။ [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. မောင်ဖျော် (၁၂၃၇ နယုန်) "ပလိပ်စား ဧချင်း"။ ရတနာပုံနေပြည်တော် စာပုံနှိပ်တိုက်။
  2. မင်းရဲရာဇာ (၁၉၂၂) "ပလိပ်စား ဧးချင်း"။ ဟံသာဝတီ ပိဋကတ်ပုံနှိပ်တိုက်။
  3. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၅)