ဦးဖျော်

ဝီကီပီးဒီးယား မှ

ဦးဖျော် (၁၁၀၀-၁၁၇?) သည် ကုန်းဘောင်ခေတ်တွင် မင်း ၃ ဆက် အမှုထမ်းသော ပုဏ္ဏားပညာရှိ ဖြစ်သည်။ [၁]

ငယ်ဘဝ[ပြင်ဆင်ရန်]

ဦးဖျော်ကို သက္ကရာဇ် ၁၁၀၀ ပြည့်နှစ်တွင် ဖွားမြင်ခဲ့သည်။

မင်းမှုထမ်းဘဝ[ပြင်ဆင်ရန်]

ဆင်ဖြူရှင်မင်းလက်ထက်တွင် စဉ့်ကူးမင်းသား၏ အကြီးတော်အဖြစ် အမှုထမ်းသည်။ စဉ့်ကူးမင်း အိမ်ရှေ့စံဘဝ၌ မင်းရာဇာဘွဲ့နှင့် ပလိပ်ရွာကို စားရသည်။ စဉ့်ကူးမင်း နန်းရသော် ရှိရင်းအတိုင်း ဆက်ရသည်။ ဘိုးတော်ဘုရားလက်ထက်တွင် ကျောက်ရင်းတောင်သာမြို့ကို စားရသည်။ ဟူးရားညိုဘွဲ့၊ သီရိပဏ္ဍိတ်သူဘွဲ့များ ရသည်။ [၁]

ဘဝနိဂုံး[ပြင်ဆင်ရန်]

မင်းတုန်းမင်းလက်ထက်တွင် လွန်သည်။

စာပေရေးသားခြင်း[ပြင်ဆင်ရန်]

ဦးဖျော်ရေးသားခဲ့သည့် စာပေများတွင် အောက်ပါတို့ ပါဝင်သည်။[၁]

  1. စဉ့်ကူးမင်းရွှေနားတော်သွင်းဧချင်း
  2. သက္ကရာဇ် ဖြိုပုံလင်္ကာ
  3. ဗေဒင်အဟောလင်္ကာ

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ လှသမိန် (၁၉၆၁)။ ဂန္ထဝင်ပုဂ္ဂိုလ်ကျော်များ အတ္ထုပ္ပတ္တိပေါင်းချုပ်။ ရန်ကုန်: ဟံသာဝတီစာအုပ်တိုက်။ pp. ၂၁၂။