ကြယ်ပုနီ

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
ပရိုဆီမာ စင်တောရိ သည် နေမှ အလင်းနှစ် ၄.၂ ကွာဝေးပြီး အနီးဆုံး ကြယ်ပုနီတစ်စင်းဖြစ်သည်။

ကြယ်ပုနီ (အင်္ဂလိပ်: Red dwarf) ဆိုသည်မှာ ပင်မအစီစဉ်တွင်ရှိသော အေးမြသောကြယ်၊ K သို့မဟုတ် M အမျိုးအစား ကြယ်တစ်စင်းဖြစ်သည်။ ကြယ်ပုနီများသည် နေထုထည်၏ ဝ.ဝ၇၅ ထက်လျော့နည်းကာ မျက်နှာပြင်အပူချိန်မှာ ၄ဝဝဝ ကေလ်ဗင်ခန့် ရှိသည်။ ကြယ်ပုနီများသည် နဂါးငွေ့တန်း ဂယ်လက်ဆီထဲတွင် အများစုဖြစ်ကြသော ကြယ်အမျိုးအစားပင်ဖြစ်သည်။ အနည်းဆုံး နေနှင့် အနီးဆုံးဖြစ်စေကာမူ သူတို့၏ နည်းပါးလှသော တောက်ပမှုကြောင့် အလွယ်တကူ မလေ့လာနိုင်ပေ။ ကမ္ဘာမြေမှဆိုပါက ယင်းအား သာမန်မျက်စိဖြင့် မမြင်နိုင်ပေ။[၁] ပရိုဆီမာ စင်တောရိသည် နေမှအနီးဆုံးကြယ်ပုနီတစ်စင်းဖြစ်ပြီး အနီးဆုံးကြယ်အစင်း ၃ဝ စာရင်းတွင် ၂ဝ ခုမြောက်ဖြစ်သည်။ အချို့သော ခန့်မှန်းတွက်ချက်မှုများအရ နဂါးငွေ့တန်းတွင် ကြယ်ပုနီများသည် ၄ ပုံ ၃ ပုံခန့် လွှမ်းမိုးထားသည်ဟုဆိုသည်။[၂] စတီလာ မော်ဒယ်များအရ နေထုထည်၏ ဝ.၃၅ ထက်ငယ်သော ကြယ်ပုနီများသည် သာမိုနူကလိယား ဖျူးရှင်းဖြင့် ဟိုက်ဒရိုဂျင်သည် ဟီလီယမ်အဖြစ် လောင်ကျွမ်းသောကြောင့် ပင်မအူတိုင်လောင်ကျွမ်းမှုကို ရှောင်ရှားစေနိုင်သည်။[၃] ထို့ကြောင့် ကြယ်ပုနီများသည် နှေးကွေးစွာဖြင့် ဆက်တိုက်တောက်ပကြပြီး လောင်စာကုန်ဆုံးချိန်ထိ နှစ်ပေါင်း ထရီလီယံတိုင်အောင် ကြာရှည်ကြသည်။ စကြာဝဠာ၏ တိုတောင်းသော သက်တမ်းအရ အဆင့်မြင့် ဆင့်ကဲ့ပြောင်းလဲသည့် ကြယ်ပုနီများသည် မတည်ရှိနိုင်ပေ။

ဂြိုဟ်များ[ပြင်ဆင်ရန်]

ကြယ်ပုနီတစ်စင်းအား အနုပညာရှင်မှ ပုံဖော်ထားပုံ

ကြယ်ပုနီများအနားတွင် လှည့်ပတ်နေကြသော နေစကြာဝဠာပြင်ပဂြိုဟ်ပေါင်းများစွာ ရှိကြသည်။ သို့သော် ဂျူပီတာဂြိုဟ်အရွယ်အစားဂြိုဟ်များမှာ ရှားပါးလှသည်။ ကြယ်များအား လေ့လာချက်များအရ နေထက် အဆပေါင်း ၁ မှ ၆ အထိကြီးမားသောကြယ်များတွင် ဂျူပီတာအရွယ်ဂြိုဟ်ပေါင်း တစ်စင်း သို့မဟုတ် တစ်စင်းထက်ပိုသော ဂြိုဟ်များ ဝန်းရံကြသည်ဟုဆိုသည်။ နေကဲ့သို့ကြယ်များ ၁၆ စင်းတွင် ဂျူပီတာအရွယ်ဂြိုဟ်တစ်စင်းနှင့် ကြယ်ပုနီအစင်း ၅ဝ တွင် တစ်ခုသာ တည်ရှိနိုင်သည်။ မိုက်ခရိုလန်းဆင်းနည်းပညာဖြင့် လေ့လာချက်အရ ကြယ်ပုနီ ၃ စင်းတွင် နက်ပကျွန်းဂြိုဟ်အရွယ်အစားမျိုး ဂြိုဟ်တစ်စင်းရှိနိုင်သည်။[၄] လေ့လာချက်များမှ ညွန်ပြနေသည်မှာ ကြယ်ပုနီ ၄ဝ ရာခိုင်နှုန်းတွင် ဆူပါကမ္ဘာ (ကမ္ဘာထက်ကြီးသော ဂြိုဟ်) အမျိုးအစားများ ဂိုလ်းဒီလော့ဇုန်အတွင်း လှည့်ပတ်လျက် ရှိကြသည်ဟုဆိုသည်။ ထို့ကြောင့် ရေများသည် အရည်အဖြစ် ဂြိုဟ်မျက်နှာပြင်တွင် တည်ရှိနိုင်သည်။[၅]

အနည်းဆုံး နေစကြာဝဠာပြင်ပဂြိုဟ်အစင်း ၄ စင်းမှ ၆ စင်းအထိ ၂ဝဝ၅ ခုနှစ်နှင့် ၂ဝ၁ဝ ခုနှစ်ကြားတွင် ရှာဖွေတွေ့ရှိခဲ့သည်။ ဂြိုဟ်တစ်စင်းသည် ကမ္ဘာထက် ၁၆ ဆကြီးသော နက်ပကျွန်းအရွယ်အစားဖြစ်သည်။ ယင်းသည် မိခင်ကြယ်မှ ကီလိုမီတာ ၆ သိန်း (ဝ.ဝ၄ AU) မှ လှည်ပတ်နေသည်။ မျက်နှာပြင်အပူချိန်သည် ၁၅ဝ ဒီဂရီ ဆဲလ်ဆီးယပ်ရှိသည်ဟု ခန့်မှန်းထားသည်။ ၂ဝဝ၆ ခုနှစ်တွင် ကြယ်ပုနီ OGLE-2005-BLG-390L ဆိုသောကြယ်မှ နေစကြာဝဠာပြင်ပဂြိုဟ်တစ်စင်းအား ရှာဖွေတွေ့ရှိခဲ့ကာ ယင်းသည် မိခင်ကြယ်မှ ကီလိုမီတာ သိန်းပေါင်း ၃၉ဝ (၂.၆ AU) ကွာအဝေးတွင်ရှိပြီး မျက်နှာပြင်အပူချိန်မှာ -၂၂ဝ ဒီဂရီ ဆဲလ်ဆီးယပ် ရှိသည်ဟုဆိုသည်။ ၂ဝဝ၇ ခုနှစ်တွင် Gliese 581 c ဆိုသော နေပြင်ပဂြိုဟ်အား ရှာဖွေတွေ့ရှိခဲ့သည်။ ယင်းသည် နေကဲ့သို့ ပင်မအစီအစဉ်ကြယ်တစ်စင်းအား လှည့်ပတ်နေပြီး ကမ္ဘာထက် ၁.၅ ဆခန့်သာ ကြီးမားသည်။ Gliese 581 c သည် ဂိုးလ်ဒီလော့ဇုန်အတွင်းရှိသော ဂြိုဟ်တစ်စင်းပင် ဖြစ်ပေသည်။ မည်သို့ပင်ဆိုစေကာမူ ဂြိုဟ်တည်ရှိမှုသည် ဆုလဒ်ပေတည်း။[၆]

သက်ရှိများ နေထိုင်နိုင်ခြင်း[ပြင်ဆင်ရန်]

ကြယ်ပုနီတစ်စင်းအား လှည့်ပတ်နေသောဂြိုဟ်တွင် သက်ရှိများ ရှင်သန်နိုင်မှုဟူသော အယူအဆသည် အငြင်းပွားဖွယ်ရာဖြစ်လျက် ရှိလေသည်။ ဂြိုဟ်အနေဖြင့် မိခင်ကြယ်ပုနီအနားသို့ ပိုမိုနီးကပ်နေရမည်။ ထို့ကြောင့် ဂြိုဟ်၏ တစ်ဘက်ခြမ်းသည် ကြယ်သို့ အမြဲတမ်းမျက်နှာမူထားရပြီး တစ်ဘက်ခြမ်းမှာမူ မှောင်နေပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် မိခင်ကြယ်၏ ဒြပ်ဆွဲအားကြောင့် ယင်းကဲ့သို့ ဖြစ်လာရသည်။ ယင်းဖြစ်စဉ်သည် ဂြိုဟ်အား အပူချိန်ပြောင်းလဲမှုကြီး ဖြစ်ပေါ်စေပြီး သက်ရှိများ ရှင်သန်နိုင်ရန် ခက်ခဲမည်ဖြစ်လေသည်။ သို့သော်လည်း မကြာသေးခင်က အဆိုပြုထားသော သီအိုရီများအရ ပါးလွှာသောလေထုမှ အပူချိန်သည် ပင်လယ်အားအပူပေးကာ ဂြိုဟ်တစ်ခုလုံးအား လွှမ်းခြုံစေပြီး သက်ရှိများရှင်သန်နိုင်ရန် သဟဇာတဖြစ်နိုင်သည်ဟုဆိုသည်။ ကြယ်ပုနီများသည် အနီအောက်ရောင်ခြည်အား ထုတ်လွှင့်ပေးတတ်ကြသည်။ ထို့ပြင် ခရမ်းလွန်ရောင်ခြည်အားလည်း ထုတ်ပေးကြသောကြောင့် သက်ရှိများ ရှင်သန်နိုင်ရန်မှာ ပြဿနာတစ်ခု ဖြစ်နိုင်လေသည်။

အခြား ကြည့်ရန်[ပြင်ဆင်ရန်]

ကျမ်းကိုး[ပြင်ဆင်ရန်]

  1. "The Brightest Red Dwarf", by Ken Croswell (Accessed 6/7/08)
  2. Exoplanets near red dwarfs suggest another Earth nearer, 6 February 2013, Jason Palmer, BBC, retrieved at 11 April 2013
  3. "On the magnetic topology of partially and fully convective stars" (March 2009). Astronomy and Astrophysics 496 (3): 787–790. doi:10.1051/0004-6361:200811450. Bibcode2009A&A...496..787R. 
  4. J. A. Johnson (2011). "The Stars that Host Planets". Sky & Telescope (April): 22–27. 
  5. Billions of Rocky Planets in Habitable Zones Around Red Dwarfs European Southern Observatory March 28, 2012
  6. ["Bayesian re-analysis of the radial velocities of Gliese 581]. Evidence in favour of only four planetary companions