ကြယ်ပုသေး
အညွှန်းသို့ ခုန်ကူးရန်
ရှာဖွေရန် ခုန်ကူးမည်
ကြယ်ပုသေး (Subdwarf) ဆိုသည်မှာ ပင်မ အစီအစဉ် အတွင်းရှိကြယ်နှင့် ကြယ်ပုနီကြားတွင်ရှိသော ကြယ်အမျိုးအစားတခုဖြစ်သည်။ ပင်မ အစီအစဉ် အတွင်းရှိကြယ်တို့ထက်နည်းသော အလင်းတောက်ပမှု (luminosity) ၁.၅ မှ ၂ ကြားရှိ ကြယ်များကို ကြယ်ပုသေးများဟု သတ်မှတ်သည်။ ယင်းကြယ်တို့သည် ဟတ်ဇပရန်း-ရပ်ဆဲလ်ပုံ (Hertzsprung-Russell diagram) ပေါ်တွင် ပင်မ အစီအစဉ် အတွင်းရှိကြယ်တို့အောက်၌ တည်ရှိကြသည်။
ကြယ်ပုသေးဟူသော အမည်နာမကို Gerard Kuiper ဆိုသော နက္ခတ္တဗေဒပညာရှင်မှ ၁၉၃၉ ခုနှစ်တွင် တီထွင်မှည့်ခေါ်ခဲ့သည်။ ယခင်က ယင်းကြယ်အမျိုးအစားများကို အလယ်အလတ်တန်းစား ကြယ်ဖြူပုများဟု ခေါ်ဆိုခဲ့သည်။[၁]
ကိုးကား[ပြင်ဆင်ရန်]
- ↑ Ken Croswell, The Alchemy of the Heavens, (New York: Oxford UP, 1995), p. 87.
![]() | ဤ ကြယ်များနှင့် ဆက်စပ်သော ဆောင်းပါးမှာ ဆောင်းပါးတို တစ်ပုဒ်ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |