ကြယ်ပုညို

ဝီကီပီးဒီးယား မှ
ကြယ်ပုညိုအား အနုပညာရှင်မှ ပုံဖော်ချက်
ကြယ်ပုညို၏ အရွယ်အစားအား နှိုင်းယှဉ်ပြထားပုံ။ နေအား စကေးကျကျဆွဲထားခြင်းမဟုတ်ပေ၊ ပိုကြီးပေလိမ့်မည်။

ကြယ်ပုညို ဆိုသည်မှာ ဂျူပီတာဂြိုဟ်အရွယ်အစားထက် ပိုကြီးကာ အသေးဆုံးကြယ်ထက် ပိုသေးပြီး ယင်းတို့ကြားရှိ နက္ခတ္တဆိုင်ရာ အရာဝတ္ထုတစ်ခုဟု ဆိုနိုင်သည်။[၁] ယင်းတို့အား ကြယ်ဟု မခေါ်ဆိုနိုင်သကဲ့သို့ ဂြိုဟ်ဟုလည်း မသတ်မှတ်နိုင်ပေ။ ကြယ်ပုညိုများသည် သာမန်ကြယ်များကဲ့သို့ ဟိုက်ဒရိုဂျင်-၁ ဖျူးရှင်းအား မလောင်ကျွမ်းစေနိုင်ပေ။ ကြယ်များအား အမျိုးအစားအဖြစ် စတီလာပုံစံဖြင့် ခွဲခြားပြီး ဂြိုဟ်များအား M, L, T, Y စသည်ဖြင့် ခွဲခြားသည်။[၂][၃] ကြယ်ပုညိုဟု အမည်နာမ တပ်ခေါ်ကြသော်လည်း ယင်းတို့၏အရောင်သည် ကွဲပြားကြသည်။[၂] ကြယ်ပုညိုများ၏အရောင်သည် လူသားတို့မျက်လုံးတွင် လိမ္မော်ရောင်/အဝါရောင် ဖြစ်နိုင်သည်။[၄] ကြယ်ပုညိုများသည် မြင်နိုင်သောလှိုင်းအလျားထဲတွင် များစွာတောက်ပခြင်း မရှိကြပေ။ ကြယ်ပုညိုကဲ့သို့သော အရာဝတ္ထုများအားလှည့်ပတ်လျက်ရှိသော ဂြိုဟ်များလည်း ရှိကြသေးသည်။ အလင်းနှစ် ၆.၅ အကွာတွင် တည်ရှိသော Luhman 16 သည် ၂ဝ၁၃ ခုနှစ်က ရှာဖွေတွေ့ရှိခဲ့သည့် ကြယ်ပုညိုတစ်စင်းဖြစ်သည်။ ကြယ်ပုညိုတို့၏ အရွယ်အစား အစရှိသည်တို့အား အခြေခံကာ များစွာသောအမျိုးအစားအဖြစ် ထပ်မံကွဲပြားသေးသည်။ ကြယ်ပုညိုအနီးအနားတွင် လှည့်ပတ်လျက်ရှိသည့် ဂြိုဟ်များတွင် သက်ရှိများရှင်သန်ရန်မူ မလွယ်ကူပေ။[၅]

အခြားကြည့်ရန်[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. Boss၊ Alan (2001-04-03)။ Are They Planets or What?။ Carnegie Institution of Washington။ 28 September 2006 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2006-06-08 တွင် ပြန်စစ်ပြီး။
  2. ၂.၀ ၂.၁ Burgasser၊ A. J. (June 2008)။ Brown dwarfs: Failed stars, super Jupiters (PDF)။ Physics Today။ 11 January 2016 တွင် ပြန်စစ်ပြီး။
  3. Cushing၊ Michael C. (2014)၊ "Ultracool Objects: L, T, and Y Dwarfs"၊ in Joergens၊ Viki (ed.)၊ 50 Years of Brown Dwarfs - From Prediction to Discovery to Forefront of Research၊ Astrophysics and Space Science Library၊ 401၊ Springer၊ pp. 113–140၊ ISBN 978-3-319-01162-2
  4. Cain၊ Fraser (January 6, 2009)။ If Brown Isn’t a Color, What Color are Brown Dwarfs?။ 24 September 2013 တွင် ပြန်စစ်ပြီး။
  5. "Habitable Planets Around White and Brown Dwarfs: The Perils of a Cooling Primary" (2011). Astrobiology 13 (3): 279–291. doi:10.1089/ast.2012.0867. PMID 23537137. Bibcode2013AsBio..13..279B.