ကျောင်းသားလက်ရုံးတပ်တော်
ပုံပန်းသွင်ပြင်
| ကျောင်းသားလက်ရုံးတပ်တော် Student Armed Force | |
|---|---|
အလံတော် တံဆိပ် | |
| တည်ထောင်ခြင်း | ၂၇ ဧပြီ ၂၀၂၁ |
| နိုင်ငံ | မြန်မာနိုင်ငံ |
| သစ္စာခံ | |
| မဟာမိတ် | |
| ပြိုင်ဘက်များ | |
| စစ်ပွဲနှင့် တိုက်ပွဲများ | မြန်မာ့ပြည်တွင်းပဋိပက္ခများ |
ကျောင်းသားလက်ရုံးတပ်တော် (အင်္ဂလိပ်: Student Armed Force) သည် မြန်မာနိုင်ငံရှိ လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်း တစ်ခု ဖြစ်သည်။
သမိုင်းကြောင်း
[ပြင်ဆင်ရန်]၂၀၂၁ ခုနှစ် မြန်မာအာဏာသိမ်းမှု အား တုံ့ပြန်သည့်အနေဖြင့် ရန်ကုန်အခြေစိုက် တက္ကသိုလ်ကျောင်းသားသမဂ္ဂများ (တကသများ - ရန်ကုန်)မှ အဖွဲ့ဝင်များသည် ရက္ခိုင့်တပ်တော်၏ လွတ်မြောက်နယ်မြေ၌ အခြေခံစစ်ပညာသင်ယူခဲ့ပြီး ရက္ခိုင့်တပ်တော်၏ ထောက်ပံ့ကူညီမှုဖြင့် ကျောင်းသားလက်ရုံးတပ်တော်ကို ဦးဆောင်သူ ၂၂ ဦးဖြင့် ၂၀၂၁ ခုနှစ် ဧပြီလ ၂၇ ရက်နေ့တွင် ဖွဲ့စည်းခဲ့သည်။[၂][၃]
၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၂၄ ရက်နေ့တွင် ကျောင်းသားလက်ရုံးတပ်တော်က အင်အား ၆၀ ခန့်ရှိ တပ်မတော်စစ်ကြောင်းတစ်ခုအား တိုက်ခိုက်ခဲ့ရာ တပ်မတော်မှ ကိုးဦး ကျဆုံးခဲ့သည်။[၄]သရုပ်ဆောင်ဟောင်းတစ်ဦးဖြစ်သူ ဟန်နီနွေဦး သည် ကျောင်းသားလက်ရုံးတပ်တော်တွင် အကြီးတန်းအရာရှိအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည်။[၅]
ကိုးကား
[ပြင်ဆင်ရန်]- ↑ Pyusawhti militia (in en)။ 15 January 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 15 January 2023 တွင် ပြန်စစ်ပြီး။
- ↑ ရက္ခိုင့်တပ်တော်၏ကူညီထောက်ပံ့မှုဖြင့် ကျောင်းသားလက်ရုံးတပ်တော်ကို ဖွဲ့စည်းတည်ထောင်ခဲ့ (in en)။ ၄ မေ ၂၀၂၂ တွင် ပြန်စစ်ပြီး။
- ↑ ကျောင်းသားလက်ရုံးတပ်တော် အခြေခံ စစ်သင်တန်းဆင်းပွဲတွင် ဆု ၆ မျိုး ချီးမြှင့် (in en)။ Mizzima။ ၄ မေ ၂၀၂၂ တွင် ပြန်စစ်ပြီး။
- ↑ ကျောင်းသားလက်ရုံးတပ်တော်က တိုက်ခိုက်လို့ အကြမ်းဖက်စစ်သား ၉ ယောက်သေ (in my)။ 10 January 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 10 January 2023 တွင် ပြန်စစ်ပြီး။
- ↑ နွေဦးမှာပွင့်တဲ့ပန်း – ဟန်နီနွေဦး (in my) (20 October 2022)။ 4 April 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 10 January 2023 တွင် ပြန်စစ်ပြီး။
| ဤ မြန်မာနိုင်ငံနှင့် သက်ဆိုင်သော ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |