ဟန်နီနွေဦး

ဝီကီပီးဒီးယား မှ
ဟန်နီနွေဦး
ဟန်နီနွေဦး ၂၀၂၀
မွေးဖွားဟန်နီနွေဦး
(1999-03-19) ၁၉ မတ်၊ ၁၉၉၉ (အသက် ၂၅)
ရန်ကုန်မြို့၊ မြန်မာနိုင်ငံ
နိုင်ငံလူမျိုးမြန်မာ
လူမျိုးဗမာ–ရခိုင်
ပညာရေးနိုင်ငံခြားဘာသာတက္ကသိုလ် (ရန်ကုန်)
အလုပ်အကိုင်သရုပ်ဆောင်၊ တော်လှန်ရေးသမား
တက်ကြွလှုပ်ရှားနှစ်များ၂၀၁၉–၂၀၂၁

ဟန်နီနွေဦး ( ၁၉ မတ် ၁၉၉၉ မွေးဖွား) သည် မြန်မာ့တပ်မတော်ကို လက်နက်စွဲကိုင်တော်လှန်နေသော မြန်မာအမျိုးသမီး သရုပ်ဆောင်ဟောင်းတစ်ဦး ဖြစ်သည်။ ၂၀၂၁ ခုနှစ်မြန်မာနိုင်ငံအာဏာသိမ်းပြီးနောက်တွင် ထင်ရှား‌သောတော်လှန်ရေးသမားများထဲမှ တစ်ဦးဖြစ်လာခဲ့သည်။[၁][၂] အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြပွဲများတွင် ဦးဆောင်ပါဝင်ပတ်သက်မှုကြောင့် သူမအား ဖမ်းဆီးရန် စစ်ကောင်စီက ဝရမ်းထုတ်ခဲ့သည်။ သူမသည် သူရဲကောင်းတစ်ဦးဖြစ်ပြီး အာဏာသိမ်းမှုဆန့်ကျင်ရေးလှုပ်ရှားမှုများတွင် သူမ၏ ပါဝင်လှုပ်ရှားမှုများကြောင့် "ပြည်သူ့မိန်းကလေး" အဖြစ် သတ်မှတ်ခံရသည်။[၃][၄]

အစောပိုင်းဘဝ[ပြင်ဆင်ရန်]

ဟန်နီနွေဦးကို ၉ ရက်နေ့ မတ်လ ၁၉၉၉ ခုနှစ်တွင် ရန်ကုန်မြို့တွင် မွေးဖွာခဲ့သည်။ ဗမာ – ရခိုင် ကပြားဖြစ်သည်။[ကိုးကားချက်လိုသည်]

အသက်မွေးဝမ်းကြောင်း[ပြင်ဆင်ရန်]

ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်တွင် ဂျာမန်ဘာသာ ပညာသင်ကြားနေစဉ် ၂၀၁၉ ခုနှစ်တွင် ပြည်တွင်းမဂ္ဂဇင်းများနှင့် ဂီတဗီဒီယိုများတွင် မော်ဒယ် အဖြစ် ပါဝင်ခဲ့သည်။[၅] သူမသည် တီဗီကြော်ငြာ ၂၀ ကျော်တွင်ပါဝင်ခဲ့သည်။[၆] Oppo ၏ brand ambassador တစ်ယောက် အဖြစ်လည်း ခန့်အပ်ခံခဲ့ရသည်။[၇][၈] ၂၀၂၀ ခုနှစ်ထုတ် Yangon In Love ဇာတ်ကားတွင် အဓိကနေရာမှ ပါဝင်သရုပ်ဆောင်ခဲ့သည်။

ပရဟိတများ[ပြင်ဆင်ရန်]

သူမသည် အကျိုးအမြတ်မယူသောအဖွဲ့အစည်း Care Teen တွင်လည်း ပါဝင်ဆောင်ရွက်ခဲ့သည်။ ထိုအဖွဲ့အစည်းသည် ဆင်းရဲနွမ်းပါးသောကလေးများအား သင်ထောက်ကူပစ္စည်းများ ထောက်ပံ့ခြင်းနှင့် ကျန်းမာရေးနှင့် ပညာရေးဝန်ဆောင်မှုများ ပေးခဲ့သည်။[၉]

နိုင်ငံရေး[ပြင်ဆင်ရန်]

၂၀၂၁ ခုနှစ် မြန်မာနိုင်ငံ အာဏာသိမ်းပြီးနောက်တွင် သူမသည် အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြပွဲများစွာတွင် ပါဝင်လှုပ်ရှားခဲ့ခြင်းကြောင့် တောခိုရန် ဖြစ်လာခဲ့သည်။ အခြားသော ထင်ရှားကျော်ကြားသူ အများအပြားနှင့် အတူ အာဏာဖီဆန်ရေး ပြည်သူ့လှုပ်ရှားမှု (CDM) တွင် ပါဝင်ရန် တောင်းဆိုခဲ့ပြီး ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြု ကော်မတီကို ထောက်ခံခဲ့သည်။ ယင်းအတွက်ကြောင့် အများပြည်သူ ငြိမ်းချမ်းတည်ငြိမ်ရေးကို နှောင့်ယှက်ရန် လှုံ့ဆော်မှုဖြင့် တရားစွဲဆိုခြင်း ခံခဲ့ရသည်။ ၂၀၂၁ ခုနှစ် ဇူလိုင်လ ၃ ရက်နေ့တွင် တပ်မတော်သားများက လမ်းမတော်မြို့နယ်ရှိ သူမ၏ မိသားစုနေအိမ်သို့ ရောက်ရှိလာပြီး စစ်အစိုးရက နေအိမ်အား ချိတ်ပိတ်သိမ်းယူလိုက်ကြောင်း ကြေညာခဲ့သည်။ နောက်ပိုင်းတွင် သူမသည် ကျောင်းသားလက်ရုံးတပ်တော် ဟု လူသိများသော တော်လှန်ရေးအဖွဲ့တွင် ပါဝင်ခဲ့ပြီး လက်ရှိတွင် အကြီးတန်းစစ်အရာရှိအဖြစ် တာဝန်ထမ်းဆောင်နေသည်။ စစ်ရေးသင်တန်းဆင်းပွဲ အခမ်းအနားတွင် သူမသည် လက်ဖြောင့်တပ်သားဆုကို ရရှိခဲ့သည်။[၃]

ကိုးကား[ပြင်ဆင်ရန်]

  1. Frontier (2022-09-13)။ ‘This is robbery’: junta’s property seizure spree (in en-US)။ 2023-01-10 တွင် ပြန်စစ်ပြီး။
  2. မော်ဒယ်၊သရုပ်ဆောင် ဟန်နီနွေဦးကို မဇ္ဈိမက ဆက်သွယ်မေးမြန်းချက် (in en)။ 2023-01-10 တွင် ပြန်စစ်ပြီး။
  3. ၃.၀ ၃.၁ နွေဦးမှာပွင့်တဲ့ပန်း – ဟန်နီနွေဦး (in my) (2022-10-20)။ 2023-01-10 တွင် ပြန်စစ်ပြီး။
  4. တောထဲက ရဲဘော်တွေနဲ့ တစ်သားတည်းရှိကြောင်းကို မြို့ပေါ်ကပြည်သူတွေ လုပ်နိုင်မယ့် နည်းလမ်းလေးကိုမျှဝေ တိုက်တွန်းလာတဲ့ ဟန်နီနွေဦး (in my)။ 2023-01-10 တွင် ပြန်စစ်ပြီး။
  5. Express (2020-03-10)။ ထွန်းတောက်လာမယ့် YUFL က ကြယ်လေးတစ်ပွင့် (သို့) ဟန်နီနွေဦး (in en-US)။ 10 January 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2023-01-10 တွင် ပြန်စစ်ပြီး။
  6. နားလည်မှုရှိပေးနိုင်တဲ့ သူမျိုးကိုပဲ သဘောကျတယ်ဆိုတဲ့ ဟန်နီနွေဦး2023-01-10 တွင် ပြန်စစ်ပြီး
  7. yoyarlay (2020-08-20)။ OPPO မှ Reno4 စမတ်ဖုန်းအသစ်ကို ဩဂုတ်လ ၂၂ ရက်နေ့တွင် တရားဝင် စတင် မိတ်ဆက်မည် (in en-US)။ 2023-01-10 တွင် ပြန်စစ်ပြီး။
  8. Live Chat with Cele - ဟန်နီနွေဦး2023-01-10 တွင် ပြန်စစ်ပြီး
  9. အသက် (၂၃) နှစ် ပြည့်သွားခဲ့ပြီဖြစ်တဲ့ ပြည်သူ့အချစ်တော်လေး ဟန်နီနွေဦး (in my)။ 2023-01-10 တွင် ပြန်စစ်ပြီး။

ပြင်ပလင့်ခ်များ[ပြင်ဆင်ရန်]