ကူးစက်တတ်သည့် ရောဂါများ

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်
"ကူးစက်ရောဂါ" ကို ဤနေရာသို့ ညွှန်းသည်။ ဆေးပညာအထူးပြုဘာသာရပ် အတွက် ကူးစက်ရောဂါ (ဆေးပညာအထူးပြု) တွင်ရှုပါ။
ငှက်ဖျားရောဂါပိုး အူနံရံကို ဖြတ်သန်းသွားခြင်းအား အီလက်ထရွန် အနုကြည့်မှန်ပြောင်းအောက်တွင် တွေ့ရပုံ။

ကူးစက်ရောဂါဆိုသည်မှာ ရောဂါဝေဒနာရှင် တစ်ဦးထံမှ ရောဂါပိုးများသည် အခြားသူ တစ်ဦး၏ ခန္ဓာကိုယ်ထဲသို့ လေ၊ ရေ၊ အစားအစာ၊ ပိုးမွှားတိရစ္ဆာန် တို့မှတဆင့် ဝင်ရောက်သွားပြီး ပြန့်ပွားသွားသော ရောဂါမျိုးကို ဆိုလိုသည်။ ကူးစက်တတ်သည့် ရောဂါများသည် ဗက်တီးရီးယားဗိုင်းရပ်စ်၊ ပရိုတိဇွန်းကောင်၊ ဖန်းဂပ် (မှိုမျိုး)နှင့် တဆေးကဲ့သို့သော အနုဇီဝရုဂ်များကြောင့် ဖြစ်ပွားသည်။ ကူးစက်တတ်သော ရောဂါများဟူ၍ အများအပြားရှိရာ ထင်ရှားသည့် ရောဂါများမှာ ကာလဝမ်းရောဂါပလိပ်ရောဂါတီဘီရောဂါကာလသားရောဂါကုဋ္ဌနူနာရောဂါကြက်ငှက်တုပ်ကွေးရောဂါဝက်တုပ်ကွေးရောဂါ၊ ကျောက်ကြီး(ကျောက်ရောဂါ)နှင့် ငှက်ဖျားရောဂါများဖြစ်သည်။

ပရိုတိုဇွန်းကောင်များက ငှက်ဖျားရောဂါကို ဖြစ်စေသည်။ ဖန်းဂပ်က ပွေး(ရောဂါ)ကို ဖြစ်စေသည်။ တဆေးမှာ မက်ခရုကို ဖြစ်စေသည်။ ဗက်တီးရီးယားက ဝမ်းကိုက်၊ အဆုတ်ရောင်နာ၊ တီဘီ၊ ပလိပ်၊ ကာလဝမ်းနှင့် ဆစ်ဖလစ်ရောဂါတို့ကို ဖြစ်စေသည်။ ဗိုင်းရပ်စ်များက ကျောက်ကြီး၊ ဝက်သက်၊ HIV/AIDS စသည့်ရောဂါများ ဖြစ်စေသည်။

မာတိကာ

ကူးစက်ရောဂါအမျိုးအစားများ[ပြင်​ဆင်​ရန်​]

ကူးစက်ရောဂါများကို အုပ်စုခွဲလျှင် အုပ်စု (၄) မျိုး ကွဲပြားလာပါသည်။

  • ကူးစက်မြန်ရောဂါများ
  • ကလေးများတွင် ဖြစ်တတ်သော ရောဂါများ
  • နာတာရှည်ရောဂါများ
  • အခြားကူးစက်ရောဂါများ

ကူးစက်မြန်ရောဂါများ[ပြင်​ဆင်​ရန်​]

ဥပမာ-

ကလေးများတွင် ဖြစ်တတ်သော ရောဂါများ[ပြင်​ဆင်​ရန်​]

နာတာရှည်ရောဂါများ[ပြင်​ဆင်​ရန်​]

ဥပမာ-

အခြားကူးစက်ရောဂါများ[ပြင်​ဆင်​ရန်​]

ကူးစက်ရောဂါဖြစ်ပွားရခြင်း၏ အကြောင်းရင်း[ပြင်​ဆင်​ရန်​]

ကူးစက်ရောဂါများကို ကာကွယ်နိုင်ရန် ကူးစက်ရောဂါဖြစ်ပွားရခြင်း၏ အကြောင်းရင်းကို သိရှိထားရန်လိုအပ်ပါသည်။

အောက်ပါ ကွင်းဆက် (၆) မျိုးကို သိရှိထားသင့်ပါသည်-

  • ရောဂါဖြစ်စေတတ်သောပိုး
  • ရောဂါပိုးသယ်ဆောင်သည့် သက်ရှိ (သို့) သက်မဲ့ပစ္စည်း
  • ရောဂါပိုးထွက်ရာ လမ်းကြောင်း
  • ရောဂါပိုး ပျံ့နှံ့ခြင်း
  • ရောဂါပိုးဝင်ရာ လမ်းကြောင်း
  • ရောဂါလက်ခံမည့်သူ

ရောဂါဖြစ်စေတတ်သောပိုး[ပြင်​ဆင်​ရန်​]

  • ဘက်တီးရီးယားပိုး- ဥပမာ- ဝမ်းရောဂါ၊ ပလိပ်ရောဂါ၊ အဆုတ် တီဘီရောဂါ၊ ဆုံဆို့နာပိုး တို့သည် အလွန်သေးငယ်ပြီး မှောင် ၍အေးသော နေရာတွင် ကြာရှည်စွာ အသက်ရှင်နေနိုင်ပါသည်။
  • ဗိုင်းရပ်စ်ပိုးများ- ဥပမာ- ရေကျောက်၊ ဝက်သက်၊ သူငယ်နာအကြောသေ၊ အသည်းရောင်အသားဝါ၊ ဂျပန်ဦးနှောက်ရောင်ရောဂါ၊ သွေးလွန်တုတ်ကွေးရောဂါ တို့ ဖြစ်ပါသည်။

ဘက်တီးရီးယားပိုးများမှာ သက်ရှိသက်မဲ့၊ လေထု၊ မြေပြင်တို့ တွင် တည်ရှိနေနိုင်သော်လည်း ဗိုင်းရပ်စ်ပိုးတို့မှာ သက်မဲ့အရာများပေါ်တွင် အလွန်တိုတောင်းသော အချိန်ပိုင်းသာနေနိုင်ပါသည်။

  • ပရိုတိုဇွပိုးများ- ဥပမာ- အမီးဘား ဝမ်းကိုက်ပိုး၊ ငှက်ဖျားပိုး
  • ဖန်းဂတ်စ်ပိုးများ- ဥပမာ- ပွေး၊ နှင်းခူ။

ရောဂါပိုးများ သိုလှောင်ထားနိုင်သည့် သက်ရှိသက်မဲ့ပစ္စည်းများ[ပြင်​ဆင်​ရန်​]

ရောဂါပိုးများကို ကြာရှည်စွာသိုလှောင်ထားနိုင်သည့်နေရာ (၃) မျိုးရှိပါသည်-

  • လူ
  • တိရိစ္ဆာန်များ
  • မြေကြီး

လူ[ပြင်​ဆင်​ရန်​]

  • လူနာ - လူနာထံမှ တံတွေး၊ သလိပ်၊ ချွဲ၊ မစင် များထဲတွင် ရောဂါပိုးများ ရှိပါသည်။ ထို့ကြောင့် လူနာ၏ တံတွေး၊ သလိပ်၊ ချွဲ၊ ချေး၊ မစင်များမှ ရောဂါပိုးများထွက်လာပြီး အခြားလူများသို့ ကူးစက်ခြင်းဖြင့် ပြန့်ပွားစေပါသည်။
  • နာလန်ထပိုးသယ်သူ - ရောဂါဖြစ်၍ ပျောက်ကင်းသွားသော်လည်း ၄င်း၏ခန္ဓာကိုယ်ထဲတွင် ရောဂါပိုးများ ကျန်ရှိနေတတ်ပါသည်။ မစင်ထဲတွင် ရောဂါပိုးများ ဆက်လက်ပါရှိပြီး ရောဂါပြန့်ပွားစေပါသည်။ ဥပမာ- ကာလဝမ်းရောဂါ၊ အူရောင်ငန်းဖျားရောဂါ။
  • လူကောင်းပိုးသယ်သူ - အချို့သူများတွင် ရောဂါပိုးရှိသော်လည်း ၄င်းကိုရောဂါမဖြစ်စေဘဲ (သို့) ရောဂါလက္ခဏာမပြဘဲ ဖြစ်နေတတ်ပါသည်။ သို့ရာတွင် ထိုသူမှ ရောဂါပိုးသည် အခြားသူသို့ ကူးစက်ပြီး ရောဂါဖြစ်စေနိုင်ပါသည်။ ဥပမာ- အသည်းရောင်အသားဝါ ဘီပိုး၊ အူရောင်ငန်းဖျားရောဂါ။

တိရိစ္ဆာန်များ[ပြင်​ဆင်​ရန်​]

  • ကြွက်- တွင်ရှိသော လှေးများမှ ပလိပ်ရောဂါပိုး ကူးစက်စေတတ်ပါသည်။
  • ခွေး-သည် ခွေးရူးပြန်ရောဂါပိုး ကို သယ်ဆောင်ထားပြီး ရောဂါပျံ့နှံ့စေပါသည်။

မြေကြီး[ပြင်​ဆင်​ရန်​]

မေးခိုင်ရောဂါပိုးတို့သည် စွတ်စိုသော မြေကြီး၊ အထူးသဖြင့် မြင်းချေး၊ နွားချေး တို့တွင် နှစ်ရှည်လများ ခိုအောင်းနေပြီး စူးဝင်သောဒဏ်ရာ၊ နက်သောဒဏ်ရာ၊ တို့မှတဆင့် ရောဂါပိုး ဝင်ရောက်ပြီး ကူးစက်စေပါသည်။

ရောဂါထွက်ရာလမ်းကြောင်း[ပြင်​ဆင်​ရန်​]

  • ပါးစပ်၊ နှာခေါင်း၊ လည်ချောင်း တို့မှ ထွက်ခြင်း
  • မစင် အညစ်အကြေးမှ ထွက်ခြင်း
  • အရေပြားမှ ထွက်ခြင်း

ပါးစပ်၊ နှာခေါင်း၊ လည်ချောင်း တို့မှ ထွက်ခြင်း[ပြင်​ဆင်​ရန်​]

ရောဂါပိုးများသည် ရောဂါသည်များထံမှ ပါးစပ်၊ နှာခေါင်း၊ လည်ချောင်းမှ တဆင့် (တံတွေး၊ သလိပ်၊ နှာရည်များနှင့်အတူ) ချောင်းဆိုးရာမှသော်လည်းကောင်း၊ စကားပြောခြင်း၊ နှာချေခြင်း၊ တို့မှသော်လည်းကောင်း၊ အပြင်လေထု နှင့် အခြားအသုံးအဆောင်များ(ဥပမာ- လက်ကိုင်ပုဝါ) သို့ ရောက်ရှိပြီး အခြားသူများထံသို့ ရောဂါပျံ့နှံ့ ရောက်ရှိစေပါသည်။

မစင် အညစ်အကြေးမှ ထွက်ခြင်း[ပြင်​ဆင်​ရန်​]

မစင် အညစ်အကြေးမှ အပြင်သို့ထွက်၍ ရောဂါပျံ့နှံ့ ရောက်ရှိကာ အခြားသူများထံ ကူးစက်စေပါသည်။

အရေပြားမှ ထွက်ခြင်း[ပြင်​ဆင်​ရန်​]

အရေပြားမှရောဂါပိုးများ (ဥပမာ- အနာကြီး၊ ဝဲ၊ ယားနာ နှင့် ပွေး) သည် အပြင်သို့ထွက်၍ ရောဂါကူးစက်စေပါသည်။

ရောဂါပိုး သယ်ယူပျံ့နှံ့ခြင်း[ပြင်​ဆင်​ရန်​]

အဆုတ်ရောင်နာနှင့် တီဘီကဲ့သို့သော ရောဂါများ ကူးစက်ရာတွင် ရောဂါရှိသူ ချောင်းဆိုးလိုက်သောအခါ တံတွေးမှုန်ကလေးများနှင့်အတူ ရောဂါပိုးများသည် လူကောင်းများ အသက်ရှူရာတွင် ပါသွားသည်။ ဝမ်းကိုက်နှင့် ကာလဝမ်းကဲ့သို့သော ရောဂါများသည် ထိုရောဂါ စွဲကပ်သူများ စွန့်သည့် မစင်မှတဆင့် ပါလာသော ရောဂါပိုးများကြောင့် မသန့်သော အစာများကို စားမိရာမှ ပြန့်ပွားသည်။ ဆစ်ဖလစ်ကဲ့သို့သော ရောဂါများမျာ ထိုရောဂါစွဲသူ၏ အရေပြားနှင့် ထိတွေ့ရာမှ ကူးစက်သည်။ ငှက်ဖျားရောဂါနှင့် ဘင်ထွက်ပလိပ်ရောဂါကဲ့သို့ ရောဂါများသည် သွေးကိုစုပ်သည့် အင်းဆက်ပိုးများ မှတဆင့် ကူးစက်ကြသည်။ ထိုပိုးကောင်များသည် ရောဂါဖြစ်နေသူများထံမှ ရောဂါဖြစ်စေနိုင်သည့် ပစ္စည်းများအား ယူသွားကာ လူကောင်းများကို ကိုက်ခြင်းဖြင့် ရောဂါကူးစက်စေသည်။ ရောဂါပိုးသည် ရောဂါသည်များထံမှ ထွက်လာပြီးနောက် အခြားလူများထံရောက်အောင် ပို့ဆောင်ပေးသော အရာများမှာ လေ၊ ရေနှင့် အစားအစာ၊ မွှား၊ ခြင်၊ သန်း၊ လှေး စသည်တို့ ဖြစ်သည်။

လေမှကူးစက်ခြင်း[ပြင်​ဆင်​ရန်​]

လူတစ်ဦး ချေဆတ်ရာတွင် မြောက်မြားစွာသော တံတွေး သို့မဟုတ် နှာရည်မှုန်များသည် လွင့်ထွက်သွားကြသည်။ အမှုန်ကြီးကြီး တချို့သည် မြေကြီးပေါ်သို့ ရောက်သွားရာမှ ခြောက်သွားသောအခါ ထိုအထဲတွင် ပါဝင်သည့် ပိုးများသည် လေထဲသို့ ဖုန်အဖြစ် လွင့်ပါသွားကြသည်။ သေးငယ်သည့် အမှုန်များသည် လေထဲ၍ ဆေးလိပ်မီးခိုးများ လွင့်သကဲ့သို့ လွင့်နေနိုင်သည်။ မြေကြီးပေါ်သို့ ကျသွားသော အမှုန်များမှ ရောဂါပိုးများသည် အနီးအနားရှိ လူများသို့ ကူးစက်သွားနိုင်ပေသည်။ လေထဲ လွင့်လျက်ရှိသော အမှုန်များသည် အခြားလူများ အသက်ရှူရာတွင် ပါသွားနိုင်သည်။ လူအများ ဝင်ထွက်သွားလာသည့် မီးရထားဘူတာရုံ၊ ရုပ်ရှင်ရုံ၊ ဘတ်စ်ကားစသည်တို့တွင် ထိုရောဂါပိုးမှုန်မျိုး အများအပြားရှိတတ်သည်။ ရောဂါရှိသူတစ်ဦး ချေဆတ်ရာမှ ပါသွားသော ရောဂါပိုးကလေးများသည် လေထဲ၌ ဖုံမှုန့်များနှင့်အတူ အတော်ဝေးဝေးပင် ပါသွားနိုင်သည်။ ရောဂါပိုးများသည် ရောဂါကူးစက်နိုင်လောက်အောင် များပြားသည်အထိ လူကောင်းတစ်ဦး၏ ကိုယ်ခန္ဓာအတွင်းသို့ ရောက်ရှိသွားလျှင် သက်ဆိုင်ရာရောဂါသည် ကူးစက်သွားနိုင်ပေသည်။

အိပ်ရာခင်းကို ခါရာ၌လည်းကောင်း ကြမ်းပြင်ကို တံမြက်စည်းလှဲရာ၌လည်းကောင်း၊ အိတ်အတွင်းမှ လက်ကိုင်ပုဝါကို ထုတ်ရာ၌လည်းကောင်း၊ ဗက်တီးရီးယား အမြောက်အမြား လွင့်ထွက်သွားနိုင်သည်။ ထိုပိုးများ ပါဝင်သော ဖုံမှုန့်များသည် လေနှင့်အတူ ခရီးဝေးသို့ ပါသွားနိုင်သည်။ ထိုနောက်မှ လူတို့၏ ကိုယ်ခန္ဓာအတွင်းသို့ ရောက်ကာ ရောဂါကို ကူးစက်နိုင်သည်။ အချို့ရောဂါပိုးများသည် ဖုံမှုန့်များအတွင်း၌ တာရှည် အသက်ရှင်နိုင်ကြသည်။ အချို့မှာမူ ကိုယ်ခန္ဓာမှ ထွက်သည်နှင့် တပြိုင်နက်လောက်တွင် ပျက်စီးတတ်ကြသည်။ အလင်းရောင်၊ အထူးသဖြင့် နေရောင်ခြည်သည် အသက်ပြင်းသည့် ရောဂါပိုးများကိုပင် သတ်ပစ်နိုင်စွမ်းရှိသည်။ ထို့ကြောင့် အိမ်အပရှိ ဖုံများကို ရှူမိခြင်းသည် အိမ်အတွင်းရှိ ဖုံများကို ရှူမိခြင်းထက် ဘေးကင်းသည်။

ရေနှင့် အစားအစာ[ပြင်​ဆင်​ရန်​]

ရေနှင့် အစားအစာများမှ ကူးခြင်းသည် အများဆုံးနှင့် ကူးစက်အလွယ်ဆုံး ဖြစ်သောကြောင့် ဤရောဂါများကို ဂရုစိုက်ကာကွယ်သင့်ပါသည်။ ဥပမာ- ကာလဝမ်းရောဂါ၊ ဝမ်းကိုက်၊ သန်ကောင်၊ အူရောင်ငန်းဖျား၊ အသည်းရောင်အသားဝါ စသောရောဂါများသည် ရောဂါသည်များမှ စွန့်ပစ်သော အညစ်အကြေး၊ ဝမ်း၊သလိပ်၊ ချွဲ၊ အန်ဖတ်များမှ တဆင့် ယင်များမှသယ်ဆောင်၍သော်လည်းကောင်း၊ မသန့်ရှင်းသော လက်မှတဆင့်သော်လည်းကောင်း၊ လူတို့စားသုံးမည့် အစားအစာများထံသို့ နည်းမျိုးစုံဖြင့် ကပ်ညိကာ ထိုအစားအစာများကို စားသုံးမိပါက ရောဂါဖြစ်ပွားတတ်ပါသည်။ လူနာများ၏ အဝတ်အစား၊ အသုံးအဆောင်များကို အများပြည်သူသုံး ရေတွင်း၊ ရေကန်တွင် လျှော်ဖွတ်ပါက ရောဂါပိုးများသည် ရေထဲသို့ကျရောက်ပြီး ၄င်းရေကို သုံးမိပါက ရောဂါရပါမည်။

အူအတွင်း၌ တိုးပွားနေသော အနုဇီဝရုပ်များသည် မစင်နှင့်ရော၍ ထွက်လာနိုင်သည်။ ထိုမှတဆင့် အခြားလူများသို့ သွယ်ဝိုက်သောနည်များဖြင့် ကူးစက်သွားနိုင်သည်။ အဖြစ်နိုင်ဆုံးနည်းမှာ ညစ်ညမ်းသည့် လက်ချောင်းများမှတဆင့် ကူးသွားနိုင်ခြင်းဖြစ်သည်။ မစင်စွန့်အပြီးတွင် အသုံးပြုသော စက္ကူအတွင်းသို့ ဗက်တီးရီးယားများဝင်နိုင်သည်ကို သတိမမူတတ်ကြပေ။ ထို့ကြောင့် မစင်စွန့်အပြီးတွင် စက္ကူသုံးသူများ၏ လက်ချောင်းများတွင် ဗက်တီးရီးယားများနှင့် ညစ်ညမ်းနေနိုင်သည်။ လက်များကို ချက်ခင်းစင်ကြယ်စွာ မဆေးကြောလျှင် လက်နှင့်ထိသမျှ ပစ္စည်းများသည် ရောဂါပိုးများနှင့် ညစ်ညမ်းနေနိုင်သည်။ ထိုနည်းဖြင့် အူအတွင်းမှ ပါလာသော ဗက်တီးရီးယားများသည် လူ၏အဝတ်များ၊ အိတ်အတွင်းရှိ ပစ္စည်းများနှင့် အခြား စားဖွယ်သောက်ဖွယ်များထည့်သည့် ပစ္စည်းများပေါ်သို့ ရောက်ရှိသွားနိုင်သည်။ ထိုဗက်တီးရီးယားများသည် ထိုပစ္စည်းများအား ကိုင်တွယ်သည့်လူများသို့ ကူးစက်နိုင်သည်။ ရောဂါပြန့်ပွားနိုင်လောက်အောင် ရောဂါပိုးများ ရောက်သွားလျှင် ထိုလူတွင် ရောဂါစွဲကပ်တော့သည်။

အူမနှင့် စပ်လျဉ်းသော ကူးစက်တတ်သည့် ရောဂါများသည် ယင်ကောင်များမှတဆင့် ပျံ့နှံ့တတ်သည်။ အထူးသဖြင့် မစင်ကို ရေနှင့်သယ်သည့်စနစ် မရှိသော နေရာများနှင့် ပူနွေးသော တိုင်းပြည်များတွင် အဖြစ်များသည်။ ရောဂါဖြစ်သူ၏ ဝမ်းမှဆင်းသော မစင်သည် မြေကြီးပေါ်တွင်ဖြစ်စေ၊ အဖုံးမရှိသော နေရာများတွင်ဖြစ်စေ၊ ရှိနေသောအခါ ယင်ကောင်များသည် ထိုမစင်ပေါ်တွင် လာနားကြသည်။ ကူးစက်တတ်သော ရောဂါပိုးများသည် ယင်ကောင်၏ ခြေထောက်ရှိ အမွေးအမှင်များတွင်ကပ်ပါသွားကာ ထိုယင်ကောင်က အနီးအနားရှိ အစာပေါ်တွင် နားချိန်၌ ကျကျန်ခဲ့နိုင်သည်။

အရေပြားချင်း ထိရာမှ ကူးစက်ခြင်း[ပြင်​ဆင်​ရန်​]

ကာလသားရောဂါကဲ့သို့ ကူးစက်တတ်သော ရောဂါသည် အရေပြားချင်းထိရာမှ ကူးစက်နိုင်သည်။ ထို့အပြင် ရောဂါပိုးများဖြင့် ညစ်ညမ်းနေသော မျက်နှာသုတ်ပုဝါ၊ ဖိနပ်၊ ကတ်ကျေး၊ ဓား၊ အဝတ်စသော ပစ္စည်းများမှတဆင့် အရေပြားနှင့်ထိပြီး ရောဂါကူးနိုင်သည်။ အနာရောဂါကင်းသော အရေပြားဖြစ်လျှင် ရောဂါပိုးများဝင်ခြင်းကို ကာကွယ်နိုင်သော်လည်း ခြစ်ရာ၊ ရှရာ သို့မဟုတ် အရေပြားတွင် အနာတစ်ခုခုရှိလျှင် ရောဂါပိုးများသည် ထိုနေရာမျိုးသို့ ရောက်သွားကာ ရောဂါကို ပြန့်ပွားစေသည်။ ခြေထောက်၌ ဖြစ်သောပွေးသည် ရောဂါပိုးများနှင့် ညစ်ညမ်းလျက်ရှိသော ကြမ်းပြင်မှ ကူးစက်နိုင်သည်။

ပိုးကောင်များမှ ကူးစက်ခြင်း[ပြင်​ဆင်​ရန်​]

ခြင်၊ သန်း၊ ကြမ်းပိုးနှင့် အလှေးကဲ့သို့သော ပိုးကောင်များသည် ရောဂါပိုးများကို လူ၏ တစ်ရှူး (အသားမျှင်) များအတွင်းသို့ ကိုက်၍ ထိုးသွင်းနိုင်သည်။ ထိုနည်းဖြင့် လူကောင်းများထံသို့ ရောဂါပိုးများ ရောက်စေကာ ရောဂါများကို ပြန့်ပွားစေသည်။ ပိုးကောင်များတွင် ပါလာသော ရောဂါများသည် ထိုပိုးကောင်များ မကိုက်မိအောင် ဂရုစိုက်သူများသို့ မပြန့်ပွားနိုင်ပေ။ ကျန်းမာသန်စွမ်းနေသူသည် ရောဂါရှိသူနှင့် ထိမိသော်လည်း ရောဂါကူးစက်ခြင်း မရှိချေ။ ထိုသို့ မကူးစက်နိုင်ခြင်းသည် အတွင်းဘက်ရှိ တစ်ရှူးများတွင်သာ ရောဂါများ ရှိနိုင်ခြင်းကြောင့် ဖြစ်သည်။

ဝက်သက်နှင့် ကြက်ညှာကဲ့သို့သော ကူးစက်တတ်သည့် ရောဂါများသည် ယခုအထိ သိရသမျှ လူတွင်သာ ဖြစ်တတ်သည်။ ရောဂါပိုးများ ကူးစက်ရာတွင် လူတစ်ဦးမှ တစ်ဦးသို့ ကူးစက်သည်။ အချို့ရောဂါများမှာမူ လူနှင့် တိရစ္ဆာန်များတွင် ဖြစ်တတ်သဖြင့် ပြန့်ပွားခြင်းသည် တစ်ပြန်စီဖြစ်နိုင်သည်။ ရောဂါ အနည်းငယ်မျှတွင်သာ လူသည် အရေးကြီးသည့် အိမ်ရှင်အဖြစ် တည်ရှိပေသည်။ အများအားဖြင့် တဆင့်ခံမျှသာ ဖြစ်သည်။ တျူဗာကယ်ဗက်ဆီလပ်ရောဂါပိုးကြောင့် ဖြစ်သည့် တီဘီရောဂါသည် လူ၌သာဖြစ်တတ်သော ရောဂါဖြစ်သည်။ ဝက်၊ ကြက်တူရွေးများနှင့် မျောက်များသို့ လူမှ မတော်တဆ ကူးစက်သွားနိုင်ပေသည်။ သူတို့တွင် ထိုရောဂါသည် မတည်မြဲပေ။ ခွေးရူးရောဂါဒေါင့်သန်းနာတို့သည် တိရစ္ဆာန်များတွင် ဖြစ်တတ်သော ရောဂါများဖြစ်သည်။ ထိုရောဂါများသည် တိရစ္ဆာန်တို့နှင့် တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်သည့် နည်းများဖြင့် ထိခိုက်ခြင်းဖြင့် လူများသို့ ကူးစက်နိုင်သည်။ တိရစ္ဆာန်မှရသော နို့များ၊ အမွေးများ၊ သားရေများမှ တဆင့် ကူးစက်မှု အဖြစ်များသည်။ တိုက်ဖွိုက်ဖျားကဲ့သို့ ကူးစက်တတ်သော ရောဂါသည် လူတွင် ကျရောက်ပြီးလျှင် လူတစ်ဦးမှ တစ်ဦးသို့ သန်းများဖြင့် ပြန့်ပွားသည်။ ဘင်ထွက်ပလိပ်ရောဂါသည် ပထမတွင် ကြွက်ကဲ့သို့ ကိုက်ဖြတ်သတ္တဝါများ၌ ကျရောက်ပြီး အလှေးများမှတဆင့် လူများသို့ ပြန့်ပွားသွားသည်။

ခြင်ကိုက်၍ ငှက်ဖျားရောဂါ၊ ဆင်ခြေထောက်ရောဂါ၊ သွေးလွန်တုတ်ကွေးရောဂါများ ကူးစက်ပါသည်။ ပလိပ်ရောဂါသည်များကို လှေးများက ကိုက်၍ လူကောင်းများ ကိုထပ်မံကိုက်ခြင်းဖြင့် ရောဂါများ ကူးစက်ပြန့်ပွားစေပါသည်။

ရောဂါပိုးဝင်ရာလမ်းကြောင်း[ပြင်​ဆင်​ရန်​]

  • အသက်ရှူလမ်းကြောင်း
  • အစားအစာနှင့်အတူ အစာလမ်းကြောင်းမှ ဝင်ခြင်း
  • အရေပြားမှတဆင့် ရောဂါပိုးဝင်ခြင်း

ရောဂါလက်ခံမည့်သူ[ပြင်​ဆင်​ရန်​]

ရောဂါပိုးလက်ခံမည့်သူ ရှိနေခြင်းကြောင့်သာ ရောဂါများသည် ဆက်လက်ဖြစ်နေခြင်းဖြင့် ပြန့်ပွားလျက်ရှိပါသည်။

ရောဂါကြိုတင်ကာကွယ်ခြင်း[ပြင်​ဆင်​ရန်​]

ကူးစက်တတ်သော ရောဂါများကို ကာကွယ်ရာတွင် အထိရောက်ဆုံး နည်းလမ်းမှာ ရောဂါပြန့်ပွားစေသော အကြောင်းရင်းတို့ကို နှိမ်နင်းပေးခြင်း ဖြစ်သည်။ ထိုကဲ့သို့ လုပ်ဆောင်ရာတွင် ရောဂါတစ်မျိုးနှင့် တစ်မျိုး တူမည်မဟုတ်ပေး။ ကူးစက်တတ်သည့် ရောဂါစွဲကပ်သူများကို အများအားဖြင့် ခွဲခြား၍ ထားတတ်ကြသော်လည်း ထိုနည်းကို လူကြိုက်မများလှပေ။

လေမှတဆင့် ကူးစက်ခြင်းကို လူများအား ချေဆ်ရာနှင့် ချောင်းဆိုးရာတွင် လက်ကိုင်ပုဝါကို အသုံးပြု၍ ကာကွယ်နိုင်သည်။ လူများသည့် နေရာများ၌ ဝင်ထွက်သွားလာရာတွင် မျက်နှာဖုံးတပ်ဆင်ခြင်းဖြင့် ရောဂါပြန့်ပွားခြင်းကို အတော်အတန် ကာကွယ်နိုင်သည်။ လေကောင်းလေသန့် ဝင်ထွက်စေခြင်းသည် ရောဂါပိုးနည်းပါးသွားအောင် ပြုလုပ်ရာ၌ အတော်ပင် ထိရောက်သည်။ လေမှတဆင့် ရောဂါကူးစက်ခြင်းကို တားဆီးရန်မှာ ယခုခေတ် ကျန်းမာရေးတွင်း အခက်ခဲဆုံး ပြဿနာတစ်ရပ် ဖြစ်သည်။

အစာမှတဆင့် ရောဂါကူးစက်ခြင်းကို အခြားနည်းတို့ဖြင့် ကူးစက်ခြင်းထက် ပို၍ ထိရောက်စွာ တားဆီးနိုင်သည်။ သန့်စင်သည့်ရေကို ပေးနိုင်ခြင်းနှင့် မိလ္လာပြွန်သွယ်ခြင်းစနစ်များသည် ကာလဝမ်းရောဂါကို ကာကွယ်နိုင်သည်။ မြင်း၊ နွားဆွဲသော ယာဉ်များကို မော်တော်ယာဉ်များဖြင့် အစားထိုးနိုင်ခြင်းသည်လည်း ယင်ကောင်များကို လျော့ပါးစေသဖြင့် အူမနှင့် စပ်လျဉ်းသည့် ရောဂါများကို ကာကွယ်ရာရောက်သည်။ နို့ကို ကျိုချက်ပြီးမှ သောက်ခြင်းသည်လည်း ကူးစက်တတ်သော ရောဂါ မဖြစ်ပွားအောင် တားဆီးနိုင်သည်။ လူတို့နေထိုင်မှု သန့်ပြန့်စေရန်မှာလည်း အရေးကြီးသည်။ စားသောက်ကုန် ရောင်းသူများသည် စင်ကြယ် သန့်ပြန့်မှုကို အထူးဂရုစိုက်ရန် လိုအပ်သည်။

တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်သော နည်းဖြင့်ဖြစ်စေ အရေပြားချင်းထိ၍ ကူးစက်တတ်သော ရောဂါများကို ကာကွယ်ရာတွင် အရေပြားများကို ဖုံးကွယ်ပေးခြင်း၊ အထိအခိုက်နည်းပါးအောင် စီမံပေးခြင်းဖြင့် ကာကွယ်နိုင်သည်။

ပိုးကောင်များဖြင့် ရောဂါကူးစက်ခြင်းကို ကာကွယ်ရာတွင် ပိုးကောင်များကို ဖျက်ဆီးပစ်ခြင်း သို့မဟုတ် မတိုးပွားနိုင်အောင် တားဆီးခြင်း၊ ရောဂါစွဲကပ်နေသူများကို ပိုးကောင်များ မကိုက်နိုင်အောင် စီမံထားခြင်းတို့ဖြင့် ကာကွယ်နိုင်သည်။

ဆေးကုသမှု ခံယူရန်[ပြင်​ဆင်​ရန်​]

ကူးစက်ရာဂါဖြစ်သောသူကို စနစ်တကျ ကုသရပါမည်။ ဆရာဝန် (သို့) ဆေးရုံ၊ ဆေးခန်းမှ ညွှန်ကြားချက် အတိုင်း စနစ်တကျ ကုသမှုခံယူခြင်းဖြင့် ရောဂါသည် မှန်မှန်ကန်ကန် လျင်လျင်မြန်မြန် ပျောက်ကင်းမည် ဖြစ်ပါသည်။ (ဆေးမြီးတိုနှင့် စမ်းတဝါးဝါး ကုသခြင်းမှာ ရောဂါမပျောက်ကင်းသည့်အပြင် ပိုမို ဆိုးရွားလာနိုင်သဖြင့် ရှောင်ရှားသင့်ပါသည်) စနစ်တကျ ကုသခြင်းဖြင့် တစ်ဦးမှတစ်ဦးသို့ ရောဂါမကူးစက်နိုင်အောင် ထိရောက်စွာ ကာကွယ်နိုင်မည် ဖြစ်ပါသည်။

တစ်ကိုယ်ရည် သန့်ရှင်းရေးနှင့် ပတ်ဝန်းကျင် သန့်ရှင်းရေး[ပြင်​ဆင်​ရန်​]

ရောဂါပိုးများ သယ်ဆောင်လာနိုင်သည့် ကြွက်၊ ခြင်၊ ယင် တို့ကို ရှင်းလင်းပစ်ရမည်။ လူနာမှ ထွက်သည့် အညစ်အကြေး၊ နှပ်၊ သလိပ်၊ မစင် တို့ကို ပိုးသတ်ဆေးရည် ဖြင့်လည်းကောင်း၊ မီးရှို့၍ သော်လည်းကောင်း၊ ရောဂါသည်၏ အဝတ်အစားများကို ရေနွေးဖြင့် ပြုတ်လျှော်၍သော်လည်းကောင်း ပြုလုပ်၍ ရောဂါပိုးပြန့်ပွားခြင်းကို ကာကွယ်ပေးနိုင်ပါသည်။ ရေကို ကြိုချက်သောက်ခြင်း၊ လက်ကို အိမ်သာမှအဆင်းနှင့် အစာမစားမီ ဆပ်ပြာဖြင့် စင်ကြယ်စွာ ဆေးကြောခြင်းဖြင့် မိမိ ပတ်ဝန်းကျင်မှ ရောဂါပိုးများ မကူးစက်နိုင်အောင် ထိရောက်စွာ ကာကွယ်နိုင်ပါသည်။

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁)