ဘက်တီးရီးယား

ဝီကီပီးဒီးယား မှ
(ဗက်တီးရီးယား မှ ပြန်ညွှန်းထားသည်)
Bacteria
Temporal range: Archean - Present 3500–0 Ma [၁]
EscherichiaColi NIAID.jpg
Scanning electron micrograph of en:Escherichia coli rods
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
နယ်ပယ်: ဘက်တီးရီးယား
Woese et al. 1990
Phyla

See text.

Synonyms
  • "Bacteria" (Cohn 1872) en:Cavalier-Smith 1983
  • "Bacteria" Haeckel 1894
  • "Bacteria" Cavalier-Smith 2002
  • "Bacteriaceae" Cohn 1872a
  • "Bacteriobionta" Möhn 1984
  • "Bacteriophyta" Schussnig 1925
  • "Eubacteria" Woese and Fox 1977
  • "Neobacteria" Möhn 1984
  • "Schizomycetaceae" de Toni and Trevisan 1889
  • "Schizomycetes" Nägeli 1857

ဘက်တီးရီးယား(အင်္ဂလိပ်: Bacteria, ဧကဝုစ်ကိန်း - bacterium) သည် အလွန်အမင်းသေးငယ်သည့် သက်ရှိများဖြစ်ပြီး အဏုကြည့်မှန်ပြောင်းဖြင့်သာ မြင်နိုင်သည်။ ဗက်တီးရီးယားများသည် ကလာပ်စည်း တစ်ခုသာပါဝင်သည်။ ၎င်းတို့သည် ဧကကလာပ်စည်းသက်ရှိများ (unicellular organism) အနက် ကမ္ဘာပေါ်တွင် နှစ်ပေါင်း ဘီလီယံနှင့်ချီ၍ နေထိုင်ကျက်စားခဲ့သည့် အရိုးစင်းဆုံးသော သက်ရှိများဖြစ်သည်။

ဗက်တီးရီးယား အများစုသည် ရေ သို့ မြေကြီးထဲတွင် နေထိုင်ကြသော်လည်း အတော်များများမှာ သက်ရှိများ၏ အရေပြား သို့ ခန္ဓာကိုယ်အတွင်း၌ နေထိုင်ကြသည်။ လူ့ခန္ဓာကိုယ်အတွင်း၌ ဗက်တီးရီးယားများသည် လူကလာပ်စည်းထက် ၁၀ ဆများသည်။ ဗက်တီးရီးယားအချို့မှာ ရောဂါဖြစ်စေသော်လည်း အချို့မှာ လူသားများအစာချေရာတွင် သို့ ဒိန်ချဉ်၊ ဒိန်ခဲကဲ့သို့သော အစားအစာများ ပြုလုပ်ရာတွင် အကူအညီပေးသည်။

ဗက်တီးရီးများ ကလာပ်စည်းတခုမှ နှစ်ခုအဖြစ် ကွဲထွက်သည့် နည်းဖြင့် မျိုးပွားကြသည်။ ဤသို့သော မျိုးပွားနည်းအား လိင်မဲ့မျိုးပွားနည်း (Asexual reproduction) ဟုခေါ်သည်။ အသစ်ဖြစ်ပေါ်လာသော ကလာပ်စည်းများသည် မိဘကလာပ်စည်းများထက် အရွယ်အစားပိုငယ်သည်ကလွဲ၍ ပုံပန်းအားဖြင့်သော်လည်းကောင်း မျိုးဗီဇအားဖြင့်သော်လည်းကောင်း တထပ်တည်းဖြစ်သည်။

ဗက်တီးရီးယားများသည် ပုံပန်းအားဖြင့် အရွယ်အစားအားဖြင့် ကွဲပြားမှုရှိသည်။ သို့သော်လည်း ယေဘုယျအားဖြင့် ၎င်းတို့သည် ဗိုင်းရပ်စ်ပိုးများထက် အနည်းဆုံး ၁၀ ဆ ကြီးမားကြသည်။ သာမန် ဗက်တီးရီးယားတခုသည် 1 µm (one micrometer ၁ မိုက်ခရိုမီတာ) ခန့်ရှိသည်။ ထို့ကြောင့် ဗက်တီးရီးယား ၁၀၀၀၀ တန်းစီမည်ဆိုပါက ၁ မီလီမီတာ ရှည်လျားသည်။

ဗက်တီးရီးယားများအား ၎င်းတို့၏ ပုံပန်းသဏ္ဌာန်ပေါ်မူတည်၍ အမျိုးအစားခွဲခြားလေ့ရှိသည်။ တုတ်ချောင်းသဏ္ဌာန်အား bacilli၊ ဘောလုံးသဏ္ဌာန်အား cocci၊ ကြောင်လိမ်လှေကားသဏ္ဌာန်အား spirilla ဟု ပညာရှင်များက သတ်မှတ်ထားသည်။


Bacteria ဟာ Cell တစ်လုံးတည်းနဲ့ ဖွဲ့စည်းထားတဲ့ အဏုဇီဝ ဖြစ်ပါတယ်။ အရင်ခေတ်တွေတုန်းက Bacteria ကို အဏုကြည့်မှန်ပြောင်းနဲ့ လေ့လာရင် အသုံးပြုတဲ့ ဆိုးဆေးတွေအပေါ် Bacteria Cell Wall ရဲ့ တုံ့ပြန်မှုကို ကြည့်ပြီး အမျိုးအစားခွဲခြားကြတယ်။ Gram ဆိုးဆေးနဲ့ ဆေးစွဲရင် Gram Positive၊ဆေးမစွဲရင် Gram Negative စသည်ဖြင့် သတ်မှတ်ကြတယ်။ ယခုအခါမှာတော့ DNA ကို ခွဲခြမ်းစိတ်ဖြာနိုင် လာတာကြောင့် မျိုးဗီဇ (DNA) ဆင်တူမှုအပေါ်မှာ မူတည်ပြီး မျိုးခွဲခြားပါတယ်။ Bacteria အချို့ဟာ အပင်နဲ့ သတ္တဝါတွေအပေါ်မှာ ရောဂါဖြစ်ပွားစေနိုင် ကြပါတယ်။ တချို့ Bacteria တွေက အိမ်ရှင်သက်ရှိ ကိုယ်ထဲမှာ ကျူးကျော်ဝင်ရောက်ပြီး တိုက်ရိုက် ရောဂါဖြစ်စေနိုင်တယ်။ တချို့ကတော့ သူတို့က ထွက်တဲ့ အဆိပ် Protein တွေနဲ့ ဒုက္ခပေးကြတယ်။ တချို့ Bacteria တွေကတော့ သူတို့ CellWall ပေါ်က အဆီနဲ့ ဖယောင်းဒြပ်ပေါင်းတွေနဲ့ သတ္တဝါတွေရဲ့ ကိုယ်ခံအားစနစ်ကို နှိုးဆွဒုက္ခပေးကြတယ်။ အပင်တွေမှာဆိုရင်လည်း အစာကြောနဲ့ ရေကြောတွေထဲကို ကျူးကျော်တဲ့ Bacteria တွေကြောင့် အပင်သေစေနိုင်တဲ့ ရောဂါတွေ ဖြစ်နိုင်ကြပါတယ်။ Bacteria တွေက ရောဂါဖြစ်စေနိုင်သလို၊ ရောဂါဖြစ်စေတဲ့ Bacteria တွေကို ပြန်သတ်နိုင်တဲ့ ပဋိဇီဝ (Antibiotic) ဒြပ်ပေါင်းတွေကို လည်း ထုတ်လုပ်ပေးနိုင်ကြပြန်တယ်။ Bacteria တွေက လူ့ရောဂါတွေကို ကူညီကုသပေးဖို့ ပဋိဇီဝတွေ ထုတ်လုပ်တာတော့ မဟုတ်ပါဘူး။ Bacteria မျိုးနွယ်အချင်းချင်း အစာ အာဟာရနဲ့ သဘာဝ အရင်းအမြစ်တွေအတွက် ယှဉ်ပြိုင်ကြရတဲ့အခါ၊ ပြိုင်ဖက် Bacteria မျိုးစိတ်ကို တိကျစွာ ထိခိုက်စေတဲ့ Antibiotics ဓာတုပစ္စည်းတွေ ထုတ်လွှတ်ကြပါတယ်။ ကျွန်ုပ်တို့ နင်းနေတဲ့ မြေကြီးထဲမှာ၊ နောက်ပြီး ရေထုထဲမှာ Bacteria များစွာဟာ Antibiotics တွေ ထုတ်လုပ်ယှဉ်ပြိုင်နေကြတာက နှစ်ပေါင်းသန်းနဲ့ချီလို့ ကြာမြင့်နေပါပြီ။ လူသားတွေက အဲဒီ့ Antibiotic တွေကို Bacteria ရောဂါတွေအတွက် ငှားယူသုံးစွဲနေခြင်း ဖြစ်ပါတယ်။ ကျွန်ုပ်တို့ကိုယ်ထဲ BacteriaBacteria တွေကို ကျွန်ုပ်တို့ အရေပြားနဲ့ အူလမ်းကြောင်းတစ်လျှောက်မှာ တွေ့ရနိုင်တယ်။ သူတို့တွေက အိမ်ရှင်သက်ရှိကို ဒုက္ခမပေးတဲ့ ယှဉ်တွဲနေထိုင်သူတွေပါ။ အူလမ်းကြောင်းမှာ ရှိတဲ့ Bacteria တွေကတော့ ကျွန်ုပ်တို့အတွက် အကျိုးကျေးဇူးရှိသူတွေ ဖြစ်ကြတယ်။ အချို့သော Vitamin ဓာတ်တွေကို အူထဲက Bacteria တွေက ထုတ်လုပ်ပေးကြပြီး အဲဒီ့ Vitamin ကို ကျွန်ုပ်တို့ အများဆုံး ရတဲ့ အရင်းအမြစ် ဖြစ်နေပါတယ်။ အူထဲက Bacteria တွေကပဲ တခြား ရောဂါဖြစ်စေတဲ့ Bacteria တွေ မပေါက်ပွားအောင် ယှဉ်ပြိုင်လုယူထားပြီး ကျွန်ုပ်တို့ကို ဝမ်းရောဂါတွေကနေ ကာကွယ်ပေးပြန်တယ်။ နောက်ထပ် အံဩစရာကောင်းတာ တစ်ခုရှိပါသေးတယ်။ ကျွန်ုပ်တို့ အပင်နဲ့ သတ္တဝါ တွေပါဝင်တဲ့ Eukaryote Cell တွေမှာ Mitochondria ခေါ်တဲ့ Organelle (ဆဲလ်အင်္ဂါ) တွေ ရှိကြတယ်။ ခပ်လွယ်လွယ်ပြောရရင် ကျွန်ုပ်တို့ ရှုရှိုက်လိုက်တဲ့ Oxygen ကို Mitochondria အထဲမှာ အစာအာဟာရနဲ့ လောင်မြိုက်ပြီး ကျွန်ုပ်တို့ ရှင်သန်လှုပ်ရှားရန် စွမ်းအင်ကို ထုတ်ယူရတာ ဖြစ်ပါတယ်။ ကျွန်ုပ်တို့ရဲ့ ကြွက်သား Cell တွေမှာဆိုရင် Mitochondria တွေ ကြွယ်ဝစွာ ပါရှိပါတယ်။ ထိုနည်းတူစွာ၊ အပင် Cell တွေမှာ Mitochondria အပြင် Chloroplastခေါ်တဲ့ ဆဲလ်အင်္ဂါတွေ ရှိကြသေးတယ်။ အပင်တွေမှာ ပါတဲ့ Chlorophyll (ကလိုရိုဖီးလ် – စိမ်းရောင်ခြယ်) ဆိုတာ အဲဒီ့ Chloroplast တွေအထဲမှာ ရှိတာပါ။ Chloroplast တွေက အလင်းရောင် စွမ်းအင်ကို Chlorophyllနဲ့ စုပ်ယူပြီးနောက် Cell အတွက် လိုအပ်တဲ့ဓာတုစွမ်းအင် အဖြစ် ရိတ်သိမ်းပေးကြတယ်။ ပြီးနောက်၊ အဲဒီ့စွမ်းအင်နဲ့ Glucose သကြားအဖြစ် အစာချက်လုပ်နိုင်ကြပါတယ်။ အမှန်တော့ အဲဒီ့ Mitochondria နဲ့ Chloroplast တွေဟာ ဆဲလ်အင်္ဂါ (Organelle) သက်သက်မဟုတ်ပါဘူး။ သူတို့ဟာ တစ်ချိန်တုန်းက လွတ်လပ်စွာ ရှင်သန်တဲ့ Bacteria တွေဆိုရင် အံ့ဩသွားမလား။ ဟုတ်ပါတယ်… Mitochondria တွေက Alpha-Proteobacteria မျိုးနွယ်ကနေ ဖြစ်လာတာပါ။ Chloroplastတွေကတော့ Cyanobacteria ကနေ ပြောင်းလဲလာခဲ့တာပါ။ သူတို့ဟာ Eukaryote Cell အထဲမှာ အတူတကွရှင်သန်သူတွေ အဖြစ် စတင်ခဲ့ကြတယ်။ အဲဒီ့နောက်မှာတော့၊ သူတို့ရဲ့ DNA မိတ္တူတွေကို Eukaryote တွေဆီမှာ အပိုသိမ်းဆည်းထားရင်း၊ သူတို့ရဲ့ ကိုယ်ပိုင် DNA တွေ ဆုံးရှုံးခွင့်ရသွားတယ်။ အကျိုးရလဒ်ကတော့ သူတို့တွေက အိမ်ရှင် Eukaryote တွေအထဲမှာသာ ရှင်သန်နိုင်တော့တဲ့ ဆဲလ်အင်္ဂါတွေအဖြစ် အဆင့်နိမ့်လျှောသွားခြင်းပါပဲ။ Eukaryote တွေက လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၁၈ဝဝ ခန့်မှ ပေါ်ထွက်လာတာ ဖြစ်ပြီး၊ Bacteria တွေပေါ်ပေါက်နေတာက အနည်းဆုံး နှစ်သန်း ၃ဝဝဝကျော်ရှိပါပြီ။ Photosynthesis က လွန်ခဲ့တဲ့နှစ်သန်း ၂၅ဝဝကျော်တည်းကCyanobacteria တွေမှာ ပေါ်ပေါက်နှင့်ပြီး၊ အဲဒီ့က ထွက်တဲ့ Oxygen ကို ယူသုံးနိုင်တဲ့ Bacteria တွေလည်း မရှေးမနှောင်း ပေါ်ထွက်လာမယ်လို့ ယူဆရပါတယ်။ ဒါကြောင့် အဲဒီ့ ဓာတုနည်းစနစ်တွေက Eukaryote တွေ မပေါ်ထွန်းမီ များစွာစောပြီး ပေါ်ထွက်နှင့်တာကို တွေ့ရပါလိမ့်မယ်။ ကျွန်တော်တို့တွေ ထင်နေတာက အပင်တွေကအလင်းရောင်စွမ်းအင်နဲ့ အစာချက်လုပ်သူတွေပေါ့။ အမှန်တော့ Eukaryote တွေက ဘယ်တုန်းကမှ အစာချက်လုပ်နိုင်ခဲ့တာ မဟုတ်ပါဘူး။ Oxygen ကိုလည်း အမှန်တကယ် ရှုရှိုက်နိုင်ခဲ့တာ မဟုတ်ပါဘူး။ သူတို့ရှေ့က Bacteria တွေကနေ လမ်းထွင်ပြီးသား ဓာတုစွမ်းရည်တွေကို ငှားရမ်းအသုံးချနိုင်ရုံ သက်သက်သာ ဖြစ်ပါတယ်။ ကျွန်ုပ်တို့ အသက်ရှုတိုင်းမှာ ခန္ဓာကိုယ် Cell တိုင်းမှာ ရှိတဲ့ Mitochondria တွေကနေ စွမ်းအင်ထုတ်ပေးနေကြတယ်။ စိမ်းစိုလှတဲ့ သစ်တောအုပ်တစ်ခုထဲက Chloroplast ဘဝပြောင်း Bacteria ကိုဖယ်ထုတ်လိုက်ရင် ဘာစိမ်းစိုမှုမှ မရှိပါဘူး။ အစာထုတ်လုပ်နိုင်စွမ်းလည်း ရှိမှာ မဟုတ်ပါဘူး။


ဂေဟစနစ်ထဲက Bacteria[ပြင်ဆင်ရန်]

Carbon သံသရာထဲက Bacteriaသက်ရှိတွေအတွက် Carbon ဟာ အရေးအကြီးဆုံး အာဟာရတွေထဲမှာ ပါဝင်တယ်။ ရေက ရေသံသရာ (Hydrocycle) လည်သလိုပဲ၊ Carbon ဟာလည်း ကမ္ဘာ့ ရေထု၊ လေထု၊ ရွှံ့အနည်အနှစ်များ၊ ကျောက်လွှာများနဲ့ သက်ရှိပစ္စည်းတွေထဲမှာ လှည့်ပတ်ပြောင်းလဲ နေပါတယ်။ Bacteria တွေက Carbon Cycle ရဲ့ အရေးပါတဲ့ ကဏ္ဍမှာရှိနေပါတယ်။ သက်ရှိဒြပ်ပေါင်းတွေမှာ Carbon က ကြွယ်ဝစွာ ပါဝင်နေပါတယ်။ သက်မဲ့ပတ်ဝန်းကျင်မှာဆိုရင် ရွှံ့အနည်အနှစ်တွေနဲ့ ကျောက်လွှာတွေမှာ Carbon ကြွယ်ဝပါတယ်။ လေထုထဲမှာလည်း Carbon Dioxide ရှိပါတယ်။ ဒါပေမယ့် သက်ရှိတိုင်းက အဲဒီ့ သက်မဲ့ Carbon ဒြပ်ပေါင်းတွေထဲက Carbon ကို ထုတ်နှုတ်ပြီး သက်ရှိဒြပ်ပေါင်းတွေ မတည်ဆောက်နိုင်ကြပါဘူး။ သူတို့တွေအတွက်တော့၊ သဘာဝအလျောက် ဖြစ်ထွန်းနေတဲ့ သက်ရှိဒြပ်ပေါင်းတွေကိုသာ မှီဝဲရတယ်။ သက်မဲ့ Carbon တွေကို သက်ရှိဒြပ်ပေါင်းမှာ တည်ဆောက်ယူနိုင်တာကို Carbon ဖမ်းယူခြင်း (Carbon Fixation) လို့ ခေါ်ပါတယ်။ စွမ်းအင်းအရင်းအမြစ် တစ်ခုခုနဲ့ Carbon Fixation တွေ ပြုလုပ်ပြီး၊ သက်ရှိဒြပ်ပေါင်းတွေ တည်ဆောက်တာကိုတော့ ကျွန်တော်တို့ ရင်းနှီးပြီးသား အစာချက်လုပ်ခြင်းဖြစ်စဉ်လို့ ခေါ်တာပေါ့။ အဲဒီ့အထဲမှာမှ၊ အလင်းရောင်စွမ်းအင်ကိုသုံးရင် Photosynthesis လို့ခေါ်ပြီး၊ ဓာတ်သတ္တုတွေက ရတဲ့ ဓာတုစွမ်းအင်ကိုသုံးရင်တော့ Chemosynthesis လို့ခေါ်ပါတယ်။ တဖန် သက်ရှိတွေ သေဆုံးပျက်စီးတဲ့အခါ Methane နဲ့ Carbon Dioxide လို ရိုးရှင်းတဲ့ သက်မဲ့ Carbon ဒြပ်ပေါင်းတွေ ပြန်ဖြစ်သွားလေ့ရှိတယ်။ ဆိုလိုတာက သက်ရှိမှာ ဖမ်းယူထားသမျှ Carbon တွေက သဘာဝလောကတည်းကို ပြန်လည် လွတ်ထွက်သွားခြင်း ဖြစ်ပါတယ်။ ဒီအဆင့်မှာလည်း သက်ရှိဒြပ်ပေါင်းတွေကို တိုက်ရိုက်မှီဝဲတဲ့ Bacteria တွေက ပုပ်ဆွေးစေသူ (Decomposer) တွေ အဖြစ် ဆောင်ရွက်ပေးပါတယ်။ Carbon ကို သက်ရှိလောက ထဲ ဖမ်းယူပေးခြင်း နဲ့ သဘာဝလောကတည်းကိုပြန်လည်ထုတ်လွှတ်ပေးခြင်း အဆင့်နှစ်ဆင့်လုံးမှာ Bacteria တွေက ပါဝင်ဆောင်ရွက်နေပါတယ်။

Carbon သံသရာမှာ ပါဝင်သလို၊ Nitrogen သံသရာမှာလည်း Bacteria တွေက အရေးကြီးပါတယ်။ Nitrogen ဟာ လေထုမှာ ပမာဏအများဆုံး ဓာတ်ငွေ့ဖြစ်ပါလျက်၊ Bacteria က လွဲလို့ ဘယ်သက်ရှိကမှ မဖမ်းယူနိုင်ပါဘူး။ Bacteria တွေက Carbon ကို သကြား molecule အဖြစ် ဖမ်းယူသလိုပဲ၊ Nitrogen ကိုလည်း Ammonia အဖြစ် ဖမ်းယူနိုင်ကြပါတယ်။ အဲဒီ့ဖြစ်စဉ်ကို Nitrogen Fixation (Nitrogen ဖမ်းယူခြင်း) လို့ ခေါ်ပါတယ်။ Bacteria တွေက ထုတ်လွှတ်တဲ့Ammonia ကို အပင်တွေက တဆင့်စုပ်ယူရပါတယ်။ ပြီးတော့မှ Amino Acid လို Nitrogen ပါတဲ့ သက်ရှိဒြပ်ပေါင်းတွေ တည်ဆောက်နိုင်တာပါ။ သက်ရှိတွေ သေဆုံးပုပ်ဆွေးခြင်းဖြစ်စဉ် မှာလည်း Ammonia အဖြစ် ပြန်လည်ဖြိုခွဲခြင်းကို Bacteria တွေကသာဆောင်ရွက်ကြတာပါ။ Bacteria တွေကပဲ Ammonia ကို Nitrite နဲ့ Nitrate တွေအဖြစ် အဆင့်ဆင့် ဓာတ်တိုးပြီး Nitrogen ဓာတ်ငွေ့ကို ပြန်လည်ထုတ်လွှတ်ကြပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် Nitrogen သံသရာတစ်ခုလုံးရဲ့ အဝင်အထွက် စီးဆင်းမှုတွေကို Bacteria တွေက ထိန်းချုပ်ထားတာ ဖြစ်ကြောင်း တွေ့နိုင်ပါတယ်။

Bacteria တွေက လိင်မဲ့မျိုးပွားတဲ့ သက်ရှိတွေဖြစ်ကြတယ်။ Bacteria Cell တစ်ခုကြီးထွားလာပြီးရင် သူ့ရဲ့ DNA ကို ပုံတူ တစ်စုံကူးယူပြီးသွားရင်၊ Cell တစ်ခုက နှစ်ပိုင်းခွဲထွက်သွားပြီး DNA တစ်စုံစီ ပိုင်ဆိုင်တဲ့ Bacteria Cell အသစ်နှစ်ခုအဖြစ် မျိုးပွားကြပါတယ်။


ကိုးကား[ပြင်ဆင်ရန်]

  1. 31. Ancient Life: Apex Chert Microfossils။ 2022-03-12 တွင် ပြန်စစ်ပြီး။