ပွေး(ရောဂါ)

ဝီကီပီးဒီးယား မှ
လူ့ အရေအပြားပေါ်ရှိ ပွေးကွက်

ပွေး(dermatophytosis or ringworm) သည် နို့တိုက်သတ္တဝါများ၏ အရေအပြားပေါ်တွင် မှိုကြောင့်ဖြစ်သည့် ယားနာတစ်မျိုးဖြစ်သည်။ အထူးသဖြင့် လူ၊ အိမ်မွေး တိရစ္ဆာန်များဖြစ်သော သိုး၊ ကြောင်နှင့် အခြားနို့တိုက်သတ္တဝါများတွင် ဖြစ်ပွားသည်။ ထိုရောဂါကို ကမ္ဘာ့လူဦးရေ ၂၀ ရာခိုင်နှုန်းခန့်တွင် ဖြစ်ပွားနေပြီး အထူးသဖြင့် ချွေးထွက်များသော လူများနှင့် အားကစားသမားများတွင် တွေ့ရလေသည်။

သမိုင်း[ပြင်ဆင်ရန်]

ပွေးရောဂါသည် ၁၉၀၀ ခုနှစ်မတိုင်မီကပင် ပျံ့နှံ့နေပြီး ဖြစ်သည်။ ထိုအချိန်က ကန့်မှုန့်များ သို့မဟုတ် အိုင်အိုဒင်း၊ ပြဒါးဒြပ်ပေါင်းများဖြင့် ကုသမှုများ ပြုပေးခဲ့သည်။


ရောဂါလက္ခဏာနှင့် အပြင်ပိုင်းအသွင်အပြင်[ပြင်ဆင်ရန်]

ပွေးသည် လူတွင် ဖြစ်တတ်သော အင်မတန်မှယားယံသော အရေပြားရောဂါ ဖြစ်သည်။ ရောဂါလက္ခဏာမှာအရေပြားပေါ်တွင် အနီရောင်အဝိုင်းလေးဖြစ်‌ပေါ်လာသည်။ အလယ်တွင် အရောင်ဖျော့‌နေတတ်ပြီး ဘေးသားတွေက နီနီရဲရဲလေးဖြစ်နေတတ်သည်။ အလယ်မှာတော့ အဖြူရောင်လိုလို အဖတ်ကလေးတွေ(တခါတရံ) ရှိတတ်သည်။ အနီရောင်အဝိုင်းလေးသည် ဘေးက ပုံမှန်အရေပြားထက် အပေါ်ကိုမြင့်တက်နေတတ်သည်။ ကုတ်လိုက်မှသာ နေသာထိုင်သာရှိသွားတတ်သည်။ တဖြည်းဖြည်းနှင့် ထိုအနီရောင်အဝိုင်းလေးသည် ဧရိယာကျယ်ကျယ်လာပြီး တခြားနေရာတွေမှာလဲ ပွားလာတတ်သည်။ ဒါကိုတော့ Ring Worm ဟုခေါ်သည်။

အရေပြားမှိုစွဲတက်ရောဂါကို ကလေးတွေမှာ အတွေ့ရများပေမယ့် အသက်အရွယ် မရွေး၊ ကျား၊မ မရွေး ဖြစ်ပွားနိုင်သည်။ ထိုမှိုသည် ကာရတင်းဟုခေါ်သော အရေပြားပေါ်တွင် ရှိသည့်ပရိုတိန်းအနွယ်ဝင်ဓာတ်တစ်မျိုးအား စားသုံးသည့် ကပ်ပါးကောင်များ၏ တုံ့ပြန်မှုများမှ ဖြစ်ပေါ်လာသည်။ ထို ကာရတင်းဓာတ်ကို အရေးပြားပေါ်တွင်(သို့မဟုတ်) ဆံပင်၊ အမွေးနှင့် ခြေသည်းလက်သည်းများတွင် တွေ့ရသည်။ ထိုမှိုများသည် အရေပြားများ ခြောက်သွေ့နေလျှင်(သို့မဟုတ်) နွေးနေလျှင် အဖြစ်များသည်။ သို့သော် ထိုမှိုများသည် ဆံခြည်ချောင်းလေးများ၏ အတွင်းပိုင်းတွင် (သို့မဟုတ်) ထိုဆံခြည်မျှင်များ၏ အပြင်ပိုင်းတွင် တိုက်ရိုက်အသက်ရှင်ကျန်ရစ်နေကြသည်။ အိမ်မွေးတိရစ္ဆာန်များတွင်မူ အမွေးများ၏ မျက်နှာစာ နှင့် အရေပြားများပေါ်တွင် အသက်ရှင်နေကြသည်ကို တွေ့ရလေသည်။ ရှက်၍ မပြရဲလို့စနစ်တကျမကုသဘဲ နီးစပ်ရာ ကြားဖူးနားဝ ဆေးဝါးတွေနဲ့လည်း ကြိတ်ပြီး ကုသနေတတ်ကြသည်။ ပွေးသည် အရေပြား၊ ဦးရေပြား၊ ပေါင်ကြား၊ ခြေသည်း၊ လက်သည်းနှင့် ကိုယ်လုံးနေရာအနှံ့ဖြစ်ပွားနိုင်သည်။

အခေါ်အဝေါ်နှင့် ကူးစက်ပုံ[ပြင်ဆင်ရန်]

ပွေးပေါက်သည့် နေရာ ပေါ်ကို မူတည်ပြီး အခေါ် အဝေါ် ကွဲပြား သွားသည်။ ဦးရေပြား မှာ ဖြစ်ရင် tinea capitis ပေါင်ကြား မှာဖြစ်ရင် tinea cruris ခြေထောက် မှာဖြစ်ရင် tinea pedis အစ ရှိသဖြင့် ခေါ်ဆို ပါတယ် ။ အရေးကြီးသည်မှာ အခေါ်အဝေါ်မဟုတ်ချေ။ မည်သို့ကူးစက်နိုင်လဲ ဆိုတာ သိထား ရပါမည်။ ပွေးက တစ်ယောက်နဲ့ တစ်ယောက် ကူးစက် လွယ်ပါတယ် ။ အသားချင်း ထိတွေ့ရုံနဲ့ ကူးစက် နိုင်သည်။ အသုံး အဆောင် အဝတ်အစား တွေကို ဝေမျှ စုပေါင်း သုံးစွဲခြင်း ( ဥပမာ ခေါင်းဘီး ၊ မျက်နှာသုတ်ပုဝါ ၊ အဝတ်အစား ၊ အိပ်ယာ ) တွေက နေ ကူးစက် နိုင်သလို အများသုံး ရေကူးကန် ၊ ရေချိုးခန်း တွေက နေလည်း ကူးစက် နိုင်တာကို သတိပြုဖို့ လိုအပ်ပါသည်။ ပွေး ရဲ့ လက္ခဏာတွေက ဤဆောင်းပါ၏အစပိုင်းမှာ ဖော်ပြထားပြီးဖြစ်သည်။ ပွေးဟာ မြင်လိုက်တာနဲ့ သိသာသည်။ သေချာ အောင် စစ်ဆေး မယ်ဆိုရင်တော့ အမှောင်ခန်း ထဲမှာ အပြာရောင် လင်းတန်း ( Wood’s Lamp ) နဲ့ ထိုးကြည့်ပြီး စစ်ဆေးတာ ၊ အရေပြားကို ခြစ်ယူပြီး အဏုကြည့် မှန်ဘီလူး အောက်မှာ စစ်ဆေးတာ ၊ မှိုကို မွေးပြီး ( culture and identify in Dermatophytes Test Medium ) စစ်ဆေး တာတွေကို ပြုလုပ်နိုင်သည်။

ကုသခြင်း[ပြင်ဆင်ရန်]

ပွေးပေါက် တာဟာ ရှက်စရာမလိုချေ။ ဆေးသာ ကုသဖို့ လိုအပ်ပါတယ် ။ ဆရာဝန်ကို ပြစရာ မလိုပဲ မိမိ ဘာသာ မိမိ ကုသလို့ ရသည်။ အရေပြားကို သန့်ရှင်း ခြောက်သွေ့ နေအောင် ထားဖို့ လိုအပ် ပါတယ် ။ မှိုကြောင့် ဖြစ်တာအတွက်မို့ မှိုသတ်ဆေး တွေ လိမ်းဖို့ လိုအပ် ပါတယ် ။ ဈေးကွက်ထဲမှာ နာမည်မျိုးစုံနဲ့ အရေပြားရောဂါအတွက် လိမ်းဆေးများကို တွေ့ရသည်။ miconazole, clotrimazole အစ ရှိတဲ့ anti-fungal မှိုသတ်ဆေး တွေပါတဲ့ လိမ်းဆေး တွေလိမ်းဖို့ လိုအပ်သည်။ အချို့ လိမ်းဆေးတွေက Hydrocortisone နဲ့ ရောစပ် ထားတာရှိပါတယ် ။ ဦးရေပြားမှာ ပွေးပေါက် တဲ့ သူတွေ အတွက်တော့ Pyrithione Zinc ပါတဲ့ ခေါင်းလျှော်ရည် မျိုး သုံးစွဲ သင့်ပါတယ် ။ ( ဥပမာ Head & Shoulders ခေါင်းလျှော်ရည် ) ဆေးတွေကို ပုံမှန်လိမ်းဖို့ လိုအပ်သလို တကိုယ်ရေ သန့်ရှင်းရေးကို ဂရုပြုဖို့လည်းလိုအပ်ပါတယ် ။ ကုတ်မိလို့ ပွန်းပဲ့ပြီး ဘက်တီးရီးယားပိုးတွေ ဝင်ပြီး ပြည်တည်မယ် ၊ အရည်တွေ ထွက် နေမယ်ဆိုရင် ပဋိဇီဝဆေးတွေနဲ့ ကုသဖို့ လိုအပ်ပါသည်။ ပွေးပေါက်တာ အရမ်းဆိုးနေရင် ၊ တခြားနေရာတွေပါ ပွားလာတယ်ဆိုရင် ၊ လက်သည်းတွေမှာဖြစ်နေရင် ၊ လိမ်းဆေးတွေနဲ့ ( ၄ ပတ်ကြာလို့မှ )မသက်သာဘူးဆိုရင် ဆရာဝန်နဲ့ ပြသတိုင်ပင်ဖို့ လိုအပ်သည်။ လိုအပ်လျှင် Ketoconazole ကဲ့သို့သော မှိုသတ်သည့် သောက်ဆေးများဖြင့် ကုသနိုင်သည်။

ကာကွယ်နည်း[ပြင်ဆင်ရန်]

  • အရေပြားကို အမြဲ သန့်ရှင်းခြောက်သွေ့အောင်ထားပါ။
  • ရှန်ပူနဲ့ ပုံမှန်ခေါင်းလျှော်ပါ ။ အထူးသဖြင့် ဆံသဆိုင်မှာ ဆံပင်ညှပ်ပြီးရင် ၊ ခေါင်းလျှော်ဖို့ မမေ့ပါနဲ့။
  • အသားချင်းထိရတဲ့ အားကစားနည်းတွေလုပ်ပြီးရင်လဲ ခေါင်းလျှော်ရေချိုးပါ ။
  • ခြေအိတ် ၊ အတွင်းခံဘောင်းဘီတွေကို နေ့စဉ်လျှော်ဖွတ်ပါ။
  • အဝတ်အစား ၊ ခေါင်းဘီး ၊ မျက်နှာသုတ်ပုဝါ တွေကို မျှဝေသုံးစွဲခြင်းကို ရှောင်ကြည်ရပါမယ် ။ ကိုယ်ပိုင်သီးသန့်ထားပြီး သုံးစွဲတဲ့ အကျင့်ပြုလုပ်ပါ ။
  • အနာအား တတ်နိုင်သ၍ မကုတ်ပါနှင့်။ မိမိကိုယ်တိုင် ပွေးပေါက်နေရင်လည်း ရှက်စရာ အားငယ်စရာမဟုတ်ပါ။

သေချာ ကုသလိုက်ပါ။ ယားယံပြီး ကုတ်ဖဲ့ နေရတဲ့ ဝေဒနာတွေ ၊ ရှက်လို့ လူတောထဲ မသွား ရဲတာတွေ မကြာခင် ပျောက်သွားမည်ဖြစ်သည်။

ကိုးကား[ပြင်ဆင်ရန်]