တစ်ရှူး

တစ်ရှုး (အင်္ဂလိပ်: Tissue) ဟူသည်မှာ ဇီဝကမ္မဗေဒအရ တစ်ခုသောလုပ်ငန်း ကို အတူတကွ ဆောင်ရွက်လျက်ရှိကြသော ဆဲအဖွဲ့အစည်း ဖြစ်သည်။
ယင်းတို့၏ ဖွဲ့စည်းတည်ဆောက်ပုံနှင့် မူလဖြစ်ပေါ်လာပုံတို့မှာ တူညီကြသည်။ တစ်ရှူးကို မြန်မာလို အသားမျှင်ဟူ၍လည်း အနက်ပေးကြသည်။ တစ်ရှူးကို လေး မျိုးပိုင်းခြားထားသည်။ ပထမအမျိုးမှာ အက်ပီသီလျမ် တစ်ရှူး ခေါ် အဖုံးတစ်ရှူးဖြစ်သည်။ အဖုံးတစ်ရှူးကား ခန္ဓာကိုယ် အဆောက်အအုံကို ဖုံးကာထားသော တစ်ရှူးဖြစ်သည်။ ပုံစံ ပြရလျှင် ကျွန်ုပ်တို့ ခန္ဓာကိုယ်၏ အရေပြားသည် အဖုံးတစ်ရှူး ဖြင့်ပြီးသည်။ ဒုတိယအမျိုးမှာ ခန္ဓာကိုယ်၏ ကြွက်သားအဖွဲ့ တွင်ပါဝင်သော ရှုံ့နိုင်တစ်ရှူး ဖြစ်သည်။
အမည်နှင့်လိုက်အောင် ထိုတစ်ရှူး၌ပါဝင်သော ဆဲတို့သည် ရှုံ့နိုင်ပွနိုင်ကြသည်။ ရှုံ့နိုင်တစ်ရှူးကြောင့် ခန္ဓာကိုယ်၏ အစိတ် အပိုင်းအသီးသီးတို့ လှုပ်ရှားနိုင်ကြသည်။ တတိယအမျိုးမှာ ဆက်တစ်ရှူးဖြစ်သည်။ ဆက်တစ်ရှူး၏ သဘောမှာ ခန္ဓာကိုယ် အစိတ်အပိုင်းအသီးသီးတို့ကို ဆက်စပ်ပေး၍ အထောက်အပံ့ပြု သော တစ်ရှူးများဖြစ်သည်။ အမျှင်၊ ရုန်းကန်မျှင်၊ အရိုးနု၊ ရုန်းကန်ရိုးနု၊ အဆီစသည်တို့သည် ဆက်တစ်ရှူးများဖြစ်ကြ သည်။ စတုတ္ထအမျိုးအစားမှာ နာဗ်ကြောအဖွဲ့တွင်ပါဝင်သော ဆဲအစုအဝေးတို့ ဖြစ်လေရာ ယင်းကို နာဗ်ကြောတစ်ရှူးဟု ခေါ်လေသည်။[၁]
ကိုးကား[ပြင်ဆင်ရန်]
- ↑ မြန်မာ့စွယ်စုံကျမ်း အတွဲ ၅