မာတိကာသို့ ခုန်သွားရန်

ညွန့်လင်း

ဝီကီပီးဒီးယား မှ
ညွန့်လင်း
ကရင်ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၁၀ ဧပြီ ၂၀၂၆
ခန့်အပ်သူမင်းအောင်လှိုင်
သမ္မတမင်းအောင်လှိုင်
ယခင်လူကိုယ်တိုင်
တာဝန်သက်တမ်း
၂၉ ဒီဇင်ဘာ ၂၀၂၄  ၁၀ ဧပြီ ၂၀၂၆
ခန့်အပ်သူနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
သမ္မတ
ဝန်ကြီးချုပ်
ယခင်လူခင်ဆွေထွန်း
ဆက်ခံသူကိုယ်တိုင်
ကရင်ပြည်နယ်တရားလွှတ်တော် တရားသူကြီး
တာဝန်သက်တမ်း
၂၃ မတ် ၂၀၂၂  ၂၉ ဒီဇင်ဘာ ၂၀၂၄
ခန့်အပ်သူနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
သမ္မတ
ကိုယ်ရေး အချက်အလက်များ
မွေးဖွား (1962-03-23) ၂၃ မတ်၊ ၁၉၆၂ (အသက် ၆၄)
မြန်မာနိုင်ငံ
လူမျိုးမြန်မာ
ပညာရေးရန်ကုန်တက္ကသိုလ်
အလုပ်အကိုင်တရားသူကြီး

ဦးညွန့်လင်း (၂၃ မတ် ၁၉၆၂ ဖွား)သည် တရားလွှတ်တော်တရားသူကြီး ဖြစ်သည်။လက်ရှိတွင် ကရင်ပြည်နယ်တရားလွှတ်တော် တရားသူကြီး ချုပ်အဖြစ် တာဝန်ထမ်းဆောင်နေသည်။[]

ပညာရေး

[ပြင်ဆင်ရန်]

ရန်ကုန်တက္ကသိုလ် (စာပေးစာယူသင်တန်း)မှ နေ၍ ၁၉၈၆ ခုနှစ်တွင် LL.B ဘွဲ့ရရှိသည်။တရားရေးဝန်ထမ်းအဖြစ် လျှောက်ထားဖြေဆို အောင် မြင်ပြီးနောက် ၁၉၈၈ ခုနှစ် ဇူလိုင်လ ၁၁ရက်ကစပြီး ဗဟိုတရားရုံးတွင် တရားရေးဝန်ထမ်းအဆင့်(၄) အဖြစ် တာဝန်ထမ်းဆောင်ခြင်းဖြင့် တ ရားရေးလောကထဲ ဝင်ရောက်လာသည်။

ဝန်ထမ်းဘဝ

[ပြင်ဆင်ရန်]

တရားရေးဝန်ထမ်း အဆင့်(၄)အဖြစ် ဆားလင်းကြီးမြို့နယ် တရားရုံး၊ ဖရူဆိုမြို့နယ် တရားရုံး၊ ရေဦးမြို့နယ် တရားရုံး၊ ပန်းတောင်းမြို့နယ်တရားရုံး၊ တရားရေးဝန်ထမ်း အဆင့်(၃)အဖြစ် လင်းခေးမြို့နယ်တရားရုံး၊ ဒဂုံမြို့နယ်တရားရုံး၊ ကျောက်တန်းမြို့နယ်တရားရုံး၊ပေါက်တောမြို့နယ်တရားရုံး၊ ရေတာရှည်မြို့နယ် တရားရုံး၊ ပန်းပဲတန်းမြို့နယ်တရားရုံး၊ တရားရေးဝန်ထမ်းအဆင့်(၂)အဖြစ် ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်၊ မြောင်းမြခရိုင်တရားရုံး၊ ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံး၊ တရားရေးဝန်ထမ်းအဆင့်(၁)အဖြစ် မင်းတပ်ခရိုင်တရားရုံး၊ ခန္တီးခရိုင်တရားရုံး၊ မြစ်ကြီးနားခရိုင်တရားရုံး နှင့် မိတ္ထီလာခရိုင်တရားရုံးတို့တွင် တာဝန်များအသီးသီးထမ်းဆောင်ခဲ့သည်။ယင်းနောက် ပြည်နယ်တရားရေးဦးစီးမှူးအဖြစ် ရာထူးတိုးသည်။ကယားပြည်နယ် တရားလွှတ်တော်တို့တွင် တရားရေးဦးစီးမှူးအဖြစ် ၂၀၂၂ ခုနှစ် မတ်လ ၂၃ရက်နေ့အထိ တာဝန်ထမ်းဆောင်ပြီး သက်ပြည့်ပင်စင်ယူသည်။

ထင်ရှားဖြစ်ရပ်

[ပြင်ဆင်ရန်]

သူ မြစ်ကြီးနားခရိုင်တရားရုံးတွင် ခရိုင်တရားသူကြီးအဖြစ်တာဝန်ထမ်းဆောင်စဉ်က ကချင်ပြည်နယ်၊မြစ်ဆုံကျေးရွာများဖြစ်သော အောင်မြင်၊ မလိယန် နှင့် ကျိန်ခရန် ဒေသခံ စုစုပေါင်း ၃၀၂ ဦးတို့ စုပေါင်းလျှောက်ထားသည့် စီမံကိန်းကို ထာဝရတားဝရမ်းထုတ်ပေးရန် အမှုကို ကိုင်တွယ်ဖြေရှင်းခဲ့ရသည်။ဒေသခံတို့၏ ထိုတိုင်ကြားလျှောက်ထားမှုကို မပေါ်ပေါက်၍ဆိုပြီး သူက ပယ်ချခဲ့သည်။[]

တရားလွှတ်တော်တရားသူကြီးဘဝ

[ပြင်ဆင်ရန်]

၂၀၂၂ ခုနှစ် မတ်လ ၂၃ရက်နေ့တွင်  ကရင်ပြည်နယ်တရားလွှတ်တော် တရားသူကြီးအဖြစ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ခန့်အပ်ထားခြင်းခံရသည်။[] ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂၉ရက်နေ့တွင် ထိုတာဝန်မှနေ၍ ပြည်နယ်တရားသူကြီးချုပ်အဖြစ် တိုးမြှင့်တာဝန်ပေးအပ်ခြင်းခံရသည်။[]ထိုရာထူးအတိုင်း ဦးမင်းအောင်လှိုင်အစိုးရက ၂၀၂၆ ခုနှစ်၊ဧပြီ ၁၀ရက်တွင် ဆက်လက်ပေးအပ်ခဲ့သည်။


ဂုဏ်ပြုခံရခြင်း

[ပြင်ဆင်ရန်]


၂၀၂၆ ခုနှစ်၊ မတ်လ (၂) ရက်နေ့တွင် အမိန့်ကြော်ငြာစာအမှတ် ၄၄/၂၀၂၆ ဖြင့် စွမ်းဆောင်မှုဆိုင်ရာဂုဏ်ထူးဆောင်ဘွဲ့ ဖြစ်သော ဝဏ္ဏကျော်ထင်ဘွဲ့ကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ချီးမြှင့်အပ်နှင်းခဲ့သည်။[]

ကိုးကား

[ပြင်ဆင်ရန်]
  1. တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်များ ခန့်အပ်တာဝန်ပေးခြင်း | Ministry Of Information 2026-04-13 တွင် ပြန်စစ်ပြီး။
  2. မြစ်ဆုံစီမံကိန်း ထာဝရ တားဝရမ်းလျှောက်ထားမှု မြစ်ကြီးနားခရိုင်တရားရုံးပယ်ချ Kachin News Group (၉ နိုဝင်ဘာ ၂၀၁၉)။ ၁ ဇန်နဝါရီ ၂၀၂၅ တွင် ပြန်စစ်ပြီး။
  3. တိုင်းဒေသကြီးတရားလွှတ်တော် သို့မဟုတ် ပြည်နယ်တရားလွှတ်တော် တရားသူကြီးများ ခန့်အပ်တာဝန်ပေးခြင်း Myanmar National Portal (၂၃ မတ် ၂၀၂၂)။ 1 January 2025 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁ ဇန်နဝါရီ ၂၀၂၅ တွင် ပြန်စစ်ပြီး။
  4. ကရင်ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ခန့်အပ်တာဝန်ပေး Myanmar Digital News (၂၉ ဒီဇင်ဘာ ၂၀၂၄)။ ၁ ဇန်နဝါရီ ၂၀၂၅ တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
  5. ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်း | Ministry Of Information (in en)။ 2026-03-04 တွင် ပြန်စစ်ပြီး။