ကယန်းအမျိုးသားတပ်မတော်
| ကယန်းအမျိုးသားတပ်မတော် | |
|---|---|
| Kayan National Army | |
ကယန်းအမျိုးသားတပ်မတော်အလံ | |
| ခေါင်းဆောင်များ | ခွန်းဗဟန်းထန်
ခွန်းဆောင်ဒူ မူထွယ် ခွန်းရဲခေါင် ခွန်းငိန်းရွှေနန်း ခွန်းသူရကျော်ဇံ ခွန်းမောင်ညို [၁] |
| စတင်လှုပ်ရှားခြင်း | အောက်တိုဘာ ၂၉၊ ၂၀၂၄ – လက်ရှိ |
| ဌာနချုပ် | ကယန်းဒေသ |
| လှုပ်ရှားနယ်မြေ | မိုးဗြဲ ဖယ်ခုံမြို့နယ်ဒီးမော့ဆိုမြို့နယ် လွိုင်ကော်မြို့နယ် ကရင်ပြည်နယ် သံတောင်မြောက်ပိုင်း၊ ပျဉ်းမနားမြို့နယ် လယ်ဝေးမြို့နယ် နေပြည်တော်ကောင်စီ |
| နိုင်ငံရေးအယူဝါဒ | ဖက်ဒရယ် ဒီမိုကရေစီ လူနည်းစု အခွင့်အရေး လူမျိုးစုံချစ်ကြည်ရေးဝါဒ |
| Part of | ကယန်းအမျိုးသားတပ်မတော် ဖွဲ့စည်း. Radio Free Asia. October 29, 2024</ref>[၂] |
| မဟာမိတ် | မဟာမိတ် နိုင်ငံများ
မဟာမိတ်များ |
| ပြိုင်ဘက်များ | |
| စစ်ပွဲနှင့် တိုက်ပွဲများ | မြန်မာ့ပြည်တွင်းပဋိပက္ခများ |
| ဝဘ်ဆိုဒ် | |
ကယန်းအမျိုးသားတပ်မတော် (အင်္ဂလိပ်: Kayan National Army; အတိုကောက် KNA) သည် ကယန်းဒေသရှိ ပြန့်ကြဲနေတဲ့ ကယန်းလက်နက်ကိုင်တပ်ဖွဲ့များကို ၂၀၂၄ ခုနှစ် အောက်တိုဘာလ၂၉ ရက်နေ့တွင် စုစည်းဖွဲ့စည်းခဲ့တယ်။
ကယန်းအမျိုးသားတပ်မတော်ကို ကယန်းအမျိုးသားတပ်မတော် နိုင်ငံရေးဦးဆောင်ကော်မတီက နိုင်ငံရေးအရ ခေါင်းဆောင်သည်။ နိုင်ငံရေးဦးဆောင်ကော်မတီကို ဥက္ကဋ္ဌ ခွန်းဗဟန်းထန်၊ ဒုဥက္ကဋ္ဌ ခွန်းသူရကျော်ဇံ၊ အတွင်းရေးမှူး မူထွယ်၊ ကော်မတီဝင်များဖြစ်တဲ့ ခွန်းရဲခေါင် ၊ ခွန်းငိန်းရွှေနန်း၊ ခွန်းသူရကျော်ဇံ၊ ခွန်းမောင်ညို စသည့် ၇ဦးမှ ဦးဆောင်သည်။ စစ်အာဏာရှင်စနစ်ဖျက်သိမ်းပြီး ကယန်းနယ်၄နယ်ပေါင်းစည်းလျက် ပထဝီနယ်မြေကို အခြေပြုတဲ့ ကယန်းပြည်နယ်တခုကို ရည်မှန်းသည်။ ကယန်းအမျိုးသားတပ်မတော်သည် လူမျိုးစုံချစ်ကြည်ရေးဝါဒကို အခြေခံတဲ့ ကယန်းအမျိုးသားနိုင်ငံရေးလမ်းစဉ်ကို ချမှတ်ထားသည်။
မူရင်းနှင့် ရည်ရွယ်ချက်များ
[ပြင်ဆင်ရန်]၂၀၂၁ မြန်မာနိုင်ငံ စစ်အာဏာသိမ်းပြီးနောက်တွင် စစ်ကောင်စီ ဆန့်ကျင်သော ကယန်းလက်နက်ကိုင်အဖွဲ့ငယ်များ ပူးပေါင်းကာ ကယန်းအမျိုးသားတပ်မတော် ကို ဖွဲ့စည်းခဲ့သည်။ မိုးဗြဲ၊ လွိုင်ကော်၊ ဒီးမော့ဆို၊ ဖယ်ခုံနှင့် ပျဉ်းမနားဒေသများကို လွှမ်းခြုံစေမည့် အနာဂတ် ကယန်းပြည်နယ်အတွက် လက်နက်ကိုင်တပ်ဖွဲ့အနေဖြင့် ရည်ရွယ်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။[၃]တပ်ရင်း (၁၃)ရင်းအထိ ဖွဲ့စည်းနိုင်ခဲ့သည်။ [၄]
အခြားလက်နက်ကိုင်အဖွဲ့များနှင့် ဆက်ဆံရေး
[ပြင်ဆင်ရန်]အခြားသော စစ်ကောင်စီဆန့်ကျင်သည့် ကရင်နီတပ်ဖွဲ့များရှိနေစဉ်အတွင်း ကယန်းအမျိုးသားတပ်မတော် ဖွဲ့စည်းခြင်းအတွက် ကရင်နီလူမျိုးများက ပြောဆိုခဲ့သော်လည်း ကယန်းအမျိုးသားတပ်မတော်သည် စစ်ကောင်စီဆန့်ကျင်တိုက်ခိုက်နေသည့် အဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု ဆိုခဲ့သည်။[ကိုးကားချက်လိုသည်]
ကယန်းအမျိုးသားတပ်မတော်သည် အမျိုးသားညီညွတ်ရေးအစိုးရအား အသိအမှတ်ပြုသော်လည်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန၏ လက်အောက်ခံ မဟုတ်ပေ။[၅]
ဖတ်ရှုပါ
[ပြင်ဆင်ရန်]ကိုးကား
[ပြင်ဆင်ရန်]- ↑ New Ethnic Army Hopes to Represent All Kayan People. Saw Lwin. November 6, 2024. The Irrawaddy
- ↑ Formation of the Kayan National Army (KNA). MoemaKa: Burmese Community News. October 31, 2024
- ↑ Myanmar: Kayan National Army forms to fight military junta။ Radio Free Asia (November 4, 2024)။ 3 December 2024 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 29 November 2024 တွင် ပြန်စစ်ပြီး။
- ↑ "New Ethnic Army Hopes to Represent All Kayan People"၊ The Irrawaddy English။ 25 May 2025 တွင် ပြန်စစ်ပြီး။
- ↑ "ကယန်းအမျိုးသားတပ်မတော် ဖွဲ့စည်း"၊ RFA Burmese၊ 2024.10.29။ 25 May 2025 တွင် ပြန်စစ်ပြီး။