မာတိကာသို့ ခုန်သွားရန်

ကရင်နီ တပ်မတော်

ဝီကီပီးဒီးယား မှ
(ကရင်နီတပ်မတော် မှ ပြန်ညွှန်းထားသည်)
ကရင်နီပြည်တပ်မတော်
Karenni Army
စစ်ဦးစီးချုပ်ဗိုလ်မှူးချုပ် အောင်မြတ်
တည်ထောင်ခြင်း၁၇ ဩဂုတ် ၁၉၄၈; ၇၇ နှစ် အကြာက (၁၉၄၈-၀၈-17)
စတင်လှုပ်ရှားခြင်း၁၉၄၉ (၁၉၄၉)–present
အုပ်စု(များ)ကရင်နီအမျိုးသားတိုးတက်ရေးပါတီ
ဌာနချုပ်ညမိုး၊ ကယားပြည်နယ်[]
လှုပ်ရှားနယ်မြေကယားပြည်နယ်
နိုင်ငံရေးအယူဝါဒကရင်နီအမျိုးသားရေး
ပြိုင်ဘက်များState opponents

မြန်မာနိုင်ငံ မြန်မာနိုင်ငံ အစိုးရ

ပြည်ထောင်စု မြန်မာနိုင်ငံ (၂၀၁၁ အထိ)
ဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံ (၁၉၈၈ အထိ)
Union of Burma (၁၉၆၂ အထိ)
Non-state opponents

ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး
စစ်ပွဲနှင့် တိုက်ပွဲများပြည်တွင်းသောင်းကျန်းမှုသမိုင်း

ကရင်နီပြည်တပ်မတော် (အင်္ဂလိပ်: Karenni Army; အတိုကောက် KA) သည် မြန်မာနိုင်ငံ ကယားပြည်နယ် (ကရင်နီပြည်နယ်) အရှေ့ပိုင်းတွင် အခြေစိုက်သော ကရင်နီအမျိုးသားတိုးတက်ရေးပါတီ၏ လက်နက်ကိုင်တပ်ဖွဲ့ ဖြစ်သည်။[][]

နောက်ခံသမိုင်း

[ပြင်ဆင်ရန်]

ကရင်နီပြည်တပ်မတော်ဟာ ၁၉၄၈ ခုနှစ်၊ ဩဂုတ်လ (၁၇) ရက်နေ့တွင် ရဲဘော်(၇)ဖော်ဖြင့် စတင်တည်ထောင်ခဲ့သည်။ နယ် (၄) နယ်ကို အခြေခံပြီး တပ်ရင်း (၄) ရင်းဖြင့် ဖွဲ့စည်းခဲ့သည်။

ဘောလခဲနယ် ဗိုလ်လထန်၊ မိုးဗြဲနယ် ဗိုလ်ပေါလူ၊ ကြယ်ဖိုးကြီးနယ် ဦးရယ်၊ ကန္တရဝတီနယ် စပ်ဝဏတို့ ဦးဆောင်ပြီး ကရင်နီပြည်အား ကျူးကျော်နယ်ချဲ့လာသော (ဖဆပလ) များအား ခုခံတော်လှန် တိုက်ပွဲဝင်ခဲ့ကြသည်။ မူလက ကရင်နီလွတ်လပ်ရေးတပ်မတော် (UKSIA) ဟုခေါ်ဆိုပါသည်။ ၁၉၇၄ ခုနှစ် ကရင်နီပြည် ကွန်ကရက်၏ အတည်ပြုချက်ဖြင့် Karenni Army ကရင်နီပြည်တပ်မတော်ဟု ပြန်လည်သတ်မှတ် ခေါ်ဆိုသည်။

၂၀၁၂ ခုနှစ် မတ်လ ၇ ရက်နေ့တွင် မြန်မာနိုင်ငံအစိုးရနှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီတို့သည် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။[] ၁၉၉၅ ခုနှစ်တွင် ထိုကဲ့သို့ လက်မှတ်ရေးထိုးခဲ့ဖူးသော်လည်း သုံးလအတွင်း ပျက်ပြယ်ခဲ့သည်။[]

ကိုးကား

[ပြင်ဆင်ရန်]
  1. Murray၊ Lucy။ "Karenni rebels dig in for last stand"၊ Asia Times 10 June 2016 တွင် ပြန်စစ်ပြီး Archived from the original on 10 May 2017။
  2. Child Soldiers in Non-State Armed Groups
  3. Karenni Army (KA) (Myanmar), GROUPS - ASIA - ACTIVE
  4. 1 2 "Burma: Government, Rebels Sign Ceasefire"၊ UCA News၊ 8 March 2012 15 March 2012 တွင် ပြန်စစ်ပြီး

ပြင်ပလင့်ခ်များ

[ပြင်ဆင်ရန်]