မာတိကာသို့ ခုန်သွားရန်

ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ

ဝီကီပီးဒီးယား မှ
ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ
အကျဉ်းချုပ်
စတင်၁၂ ဇွန် ၂၀၂၃; ၃ နှစ် အကြာက (၂၀၂၃-၀၆-12)
ပြည်နယ်ကရင်နီပြည်
ဦးဆောင်သူခူဦးရယ် (ဥက္ကဋ္ဌ )
ဝဘ်ဆိုဒ်ieckarenni.org

ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (အင်္ဂလိပ်: Karenni State Interim Executive Council) သည် မြန်မာနိုင်ငံ၊ ကရင်နီပြည်ရှိ ကြားကာလ အုပ်ချုပ်ရေးအဖွဲ့တစ်ခု ဖြစ်သည်။

သမိုင်းကြောင်း

[ပြင်ဆင်ရန်]

မြန်မာပြည်တွင်းစစ်ကာလအတွင်း ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ ကို ၂၀၂၃ ခုနှစ် ဇွန်လ ၁၂ ရက်နေ့တွင် ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ က ဖွဲ့စည်းခဲ့သည်။[] ကရင်နီပြည်အား ထိန်းချုပ်ထားသော ကရင်နီ တော်လှန်ရေးအဖွဲ့အသီးသီးအား စုစည်းနိုင်ရန်၊ ဒေသတွင်း တည်ငြိမ်အေးချမ်းစေရန်၊ ကရင်နီပြည်အား အုပ်ချုပ်ရေးအဖွဲ့တစ်ခု ဖြစ်ပေါ်စေရန် ရည်ရွယ်၍ ဖွဲ့စည်းခဲ့သည်။[] မြန်မာ့ပြည်တွင်းစစ်ကာလအတွင်း ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီသည် ပထမဆုံးသော ဒေသတွင်းအိမ်စော့င်အစိုးရတစ်ခုလည်း ဖြစ်သည်။[] ယခင်အုပ်ချုပ်ရေးက သတ်မှတ်ခဲ့သော မြို့နယ် ၇ မြို့နယ်အစား မြို့နယ် ၁၆ မြို့နယ်အထိ ပိုင်းခြားသတ်မှတ်ခဲ့သည်။[] ကိုယ်ပိုင်တရားစီရင်ရေးစနစ်ကိုလည်း ဖွဲ့စည်းထားကာ မြို့နယ်နှင့် ခရိုင်တရားရုံးများဖြင့် လည်ပတ်သည်။[]

ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီအပါအဝင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအမျိုးသားညီညွတ်ရေးအစိုးရကရင်အမျိုးသားအစည်းအရုံး၊ ချင်းအမျိုးသားတပ်ဦးတို့ ပူးပေါင်းပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (Steering Council for the Emergence of a Federal Democratic Union – SCEF) ကို ၂၀၂၆ ခုနှစ်၊ မတ်လ (၃၀) ရက်နေ့တွင် ဖွဲ့စည်းလိုက်သည်။ []

ဦးဆောင်သူများ

[ပြင်ဆင်ရန်]
  • ခူးဦးရယ် (ဥက္ကဋ္ဌ)
  • ခွန်ဘီထူး (ဒုဥက္ကဋ္ဌ)
  • မော်ပိုးမြာ (ဘဏ္ဍာရေးမှူး)
  • ခူပလူးရယ် (အထွေထွေ အတွင်းရေးမှူး)
  • ဇူးပဒုမ္မာ (အတွင်းရေးမှူး ၁)
  • ဗညား ခွန်အောင် (အတွင်းရေးမှူး ၂)[]

ကိုးကား

[ပြင်ဆင်ရန်]