အီဗိုလာ ဗိုင်းရပ်စ်
အီဗိုလာ ဗိုင်းရပ်စ် | |
---|---|
၁၉၇၆-ခုနှစ်တွင် အီဗိုလာဗိုင်းရပ်စ်ကို စတင်တွေ့ရှိသည်။ | |
အထူးပြု | ကူးစက်ရောဂါ |
အီဗိုလာဗိုင်းရပ်စ် ဆိုသည်မှာ သဘာဝ တိရစ္ဆာန်များမှတဆင့် လူသို့ကူးစက်သော ဗိုင်းရပ်စ်ရောဂါပိုးတစ်မျိုး ဖြစ်သည်။ အရင်က အီဗိုလာ ဗိုင်းရပ်စ်ရောဂါအား အီဗိုလာ သွေးလွန်ရောဂါ (Ebola haemorrhagic fever)ဟု ခေါ်ဆိုခဲ့သည်။ ဆူဒန်နှင့် ကွန်ဂိုတွင် ၁၉၇၆-ခုနှစ်တွင် စတင်တွေ့ရှိသည်။ ကွန်ဂိုနိုင်ငံရှိ အီဗိုလာမြစ် အမည်ကိုယူပြီး ရောဂါအမည် ပေးထားခြင်းဖြစ်သည်။ ရောဂါကူးဆက်ခံရသူ ၉၀% အသက်ဆုံးရှုံးကာ ရက်ပိုင်းအတွင်း သေဆုံးစေနိုင်သော အေအိုင်ဒီအက်(စ်)ထက် အဆပေါင်းများစွာ ဆိုးရွားသော ဗိုင်းရပ်စ်ရောဂါပိုး ဖြစ်သည်။ အာဖရိကတိုက် အနောက်အလယ်ပိုင်း နိုင်ငံများရှိ လင်းနို့၊ မျောက်၊ ဒရယ်၊ မျောက်ဝံ စသောတိရစ္ဆာန်များတွင် အီဗိုလာဗိုင်းရပ်စ် တွေ့ရှိရပြီး ရောဂါပိုးရှိသည့် တိရစ္ဆာန်အသားများကို လူများစားသုံးရာမှ ကူးစက်ကာ ယခုအချိန်ထိ ကူးစက်ခံရသူ ၁၂၀ဝ ကျော်သေဆုံးခဲ့ပြီးဖြစ်သည်။ အာဖရိကတိုက် အလယ်ပိုင်းဒေသနှင့် အနောက်အာဖရိက အစွန်အဖျား ကျေးရွာများတွင် အဓိကဖြစ်နေသည်။ ကွန်ဂို၊ ယူဂန်းဒါးနိုင်ငံ၊ဆူဒန်နိုင်ငံ၊ တောင်အာဖရိက၊ ကုတ်တီဗွား၊ ဂါဘွန်နိုင်ငံများတွင်လည်း အနည်းငယ်ဖြစ်ပွားသည်။
ရောဂါလက္ခဏာများ
[ပြင်ဆင်ရန်]ကူးစက်ခံရပြီး ၂ ရက်၊ ၃ ရက်အတွင်း ခေါင်းကိုက်ခြင်း၊ အကြောများ နာခြင်း၊ အဖျားတက်သည့် ရောဂါလက္ခဏာများ ဖြစ်ပေါ်လာပြီးနောက် နှာစေး၊ အော့အန်၊ ဝမ်းလျှောခြင်းများ ဖြစ်လာတတ်သည်။ အီဗိုလာ ဗိုင်းရပ်စ် ကူးဆက်ခံရပြီး ၂၁ ရက်အကြာတွင် အပြင်းဖျားခြင်း၊ မလှုပ်ရှားနိုင်အောင် အားအင်ကုန်ဆုံးခြင်း၊ ကြွက်သားများ နာကျင်ခြင်း၊ ခေါင်းကိုက်ခြင်း၊ လည်ချောင်းနာခြင်းတို့ ဖြစ်ကာ မကြာခဏ အော့အန်ပြီး ဝမ်းသွားသည့် ရောဂါလက္ခဏာများ ပြလိမ့်မည်။ ထိုမှတဆင့်ရောဂါပြင်းထန်လာကာ ကျောက်ကပ် ၊ အသည်းတို့၏ လုပ်ဆောင်ချက်များကို ဆိုးဝါးစွာ ပျက်ဆီးစေကာ မျက်လုံး၊ ပါးစပ်၊ နှာခေါင်းတို့စသော ဒွါရပေါက်များမှ သွေးထွက်ခြင်း၊ အရေပြားတွင် အရည်ကြည်ဖု ပေါက်ပြဲကာ သွေးထွက်ခြင်းစသည့် ခန္ဓာကိုယ် အတွင်းအပြင်တို့မှ သွေးထွက်ကာ နောက်ဆုံး သေဆုံးမည်ဖြစ်သည်။
ထိုထက်ဆိုးဝါးသည်မှာ ရောဂါကူးစက်ခံရသောသူ ထိုင်သွားသည့် ခုံ၊ အိပ်ယာတို့မှတဆင့် ကူးဆက်ကြောင်းတွေ့ရသောအခါ အဆိုပါ သုံးနိုင်ငံတွင် တက္ကစီ၊ ကား၊ ရထား၊ လေယာဉ်တို့ကိုပါ ရောဂါစောင့်ကြည့် နေရသည့် အခြေအနေတွင် ရှိနေပြီဖြစ်သည်။ ထိုအီဗိုလာဗိုင်းရပ်စ်အား ကုသရန်ဆေးမရှိသကဲ့သို့ ရောဂါကူးစက်ခံရပါက မည်သို့မှ လုပ်မရတော့ပဲ သီးသန့်ခန်းထဲတွင် ခွဲထားကာ သေဆုံးသည်ကို စောင့်ရမည်ဖြစ်သည်။ ရောဂါပိုး ကူးစက်သူ၏ ၁၀% ကိုသာ ကယ်ဆယ်နိုင်ခဲ့သေးကြောင်း သိရသည်။
ကူးဆက်ပုံ
[ပြင်ဆင်ရန်]တောတိရစ္ဆာန်များမှ လူကိုကူးစက်သည်။ လူလူချင်း ကူးစက်သည်။
အီဗိုလာသည် ရောဂါပိုးရှိသော တိရစ္ဆာန်များ၏ အရည်၊ သွေးသားနှင့် အညစ်အကြေးတို့အား လက်ဖြင့်ထိခြင်း၊ ထိုအသားအား စားခြင်း၊ ရောဂါခံစားနေရသောသူနှင့် လက်ခြင်းထိတွေ့ခြင်း၊ အရေပြား ပေါက်ပြဲသောနေရာအား ထိတွေ့ခြင်း၊ သွေးသားခြင်းထိတွေ့ခြင်း၊ နမ်းခြင်း၊ လိင်ဆက်ဆံခြင်းတို့ စသဖြင့် ရောဂါရှိသူ၏ အသွေးသား၊ သွေး၊ ချွေး၊ အချွဲ၊ ခန္ဓာကိုယ်မှ ထွက်သောအရည်တို့ကို လက်ဖြင့် ထိတွေ့ရုံဖြင့် ရောဂါကူးဆက်နိုင်သည်။ ခြင်မှ မကူးနိုင်ပါ။ အီဗိုလာသည် နှာချေ၊ ချောင်းဆိုး စသော လေထုထဲမှတဆင့် မကူးစက်၊ မပျံနှံ့နိုင်ပါ။
ဘယ်နိုင်ငံအထိ ကူးစက်ပြီလဲ
[ပြင်ဆင်ရန်]၂၀၁၄ ခုနှစ်၏ အီဗိုလာ ဗိုင်းရပ်စ် မြစ်ဖြားခံရာ ဂီနီနိုင်ငံ(Guinea) မှတဆင့် ရောဂါဝေဒနာ ခံစားရသူများ ခရီးသွားသောကြောင့် ထိုနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများဖြစ်သော လိုက်ဘေးရီးယားနိုင်ငံ(Liberia)နှင့် ဆီရာလီယွန်နိုင်ငံ(Sierra Leone)တို့အား အလျှင်အမြန် ကူးဆက်လျက် ရှိသည်။ အဆိုပါ သုံးနိုင်ငံတွင် ၂၀၁၄ မတ်လမှ စတင်ကာ ယနေ့အထိ လူဦးရေ ၁၂၀ဝ ကျော်အား ကူးစက်နေပြီး- ၇၀ဝ နီးပါးသေဆုံးခဲ့ပြီဖြစ်သည်။ ၎င်းသည် နှစ် ၄၀ အတွင်း အဆိုးဝါးဆုံးသော ဗိုင်းရပ်ကူးစက် သေဆုံးမှုဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)မှထုတ်ပြန်ခဲ့ရသည်။ ရောဂါဆိုးဝါးသော ဒေသများသို့ ဆေးကုသပေးရန် ရောက်ရှိနေသော အထူးကုဆရာဝန်တစ်ဦး အပါအဝင် နိုင်ငံခြားသား လုပ်အားပေး ၂ ဦး ရောဂါကူးစက် ခံရသည်ဆိုသောအခါ ကမ္ဘာနိုင်ငံများကြား အီဗိုလာသည် အထူးသတိထားကိုင်တွယ်ရမည့် ကြောက်စရာအကောင်းဆုံး ကူးစက်ဗိုင်းရပ်ဖြစ်လာခဲ့သည်။ အဆိုပါ သုံးနိုင်ငံသို့ စိုက်ပျိုးရေး၊ ကျန်းမာရေး၊ ပညာရေးတို့အတွက် လုပ်အားပေး ရောက်ရှိနေသော အမေရိကန် နိုင်ငံသား ၃၀ဝ ကျော်ကို ယခုအခါ အမေရိကန်နိုင်ငံမှ ပြန်လည်ခေါ်ယူနေပြီ ဖြစ်သည်။ ယခုအခါ အမေရိကန်၊ အင်္ဂလန်၊ ဥရောပနိုင်ငံများ၊ တရုတ်၊ ဖိလစ်ပိုင်တို့တွင် ရောဂါလက္ခဏာများ စတင်တွေ့ရှိကြောင်း သတင်းစာများတွင် ကြော်ငြာပြီး နိုင်ငံတကာ လေကြောင်းလိုင်းများသည် အဆိုပါ အီဗိုလာရောဂါအား စောင့်ကြည့်ဖြေရှင်းရန် အထူးဆွေးနွေးပွဲများဖြင့် စတင်နေရပြီ ဖြစ်သည်။
ကူးစက်နိုင်ငံများ၏ အခြေအနေ
[ပြင်ဆင်ရန်]ဂီနီနိုင်ငံ၊ လိုက်ဘေးရီးယားနိုင်ငံ၊ ဆီရာလီယွန်နိုင်ငံစသည့် အီဗိုလာ အဆိုးဆုံး ကူးစက်ရာ သုံးနိုင်ငံတွင် ကျောင်းအားလုံး ပိတ်ပစ်ရပြီဖြစ်သည်။ အဆိုပါ သုံးနိုင်ငံ၏ ဒေသအချို့တွင် ရောဂါထိန်းချုပ်နိုင်မှု မရှိတော့ပဲ ဆိုးဝါးစွာကူးစက်ပြီနေပြီ ဖြစ်ကြောင်း သိရသည်။ ရောဂါကူးစက်မှုသည် ထိန်းချုပ်ကိုင်တွယ်နိုင်သည့် အဆင့်တွင်မရှိတော့ပါ။ အခြေအနေ အလွန်ဆိုးဝါးနေပြီ ဖြစ်ကြောင်း ယနေ့ နိုင်ငံတကာသတင်းဌာနများက ကြော်ငြာသည်။ အခြေအနေ ကောင်းမလာပဲ ပိုမိုးဆိုးဝါးကာ ကူးစက်သူ ၂.၅ ဆနှုန်းဖြင့် တိုးပွာလာကြောင်း ကြောက်မက်ဖွယ်သိရှိခဲ့ကြရသည်။ ဆီရာလီယွန်နိုင်ငံရှိ အီဗိုလာရောဂါအတွက် အထူးကုသနေရသော ထိပ်တန်းဆရာဝန် တစ်ဦးသည် ယခု အီဗိုလာရောဂါ ကူးစက်ခံရကာ သေဆုံးခဲ့ပြီးဖြစ်သည်။
ကမ္ဘာ့အရေး
[ပြင်ဆင်ရန်]အမေရိကန်နိုင်ငံသား ကနေဒါမှ အဆိုပါ သုံးနိုင်ငံသို့ ရောဂါကုပေးရန် လုပ်အားပေး သွားရောက်သော ဆရာဝန်တစ်ဦးသည်လည်း ယခုအခါ ရောဂါကူးစက်ခံနေရပြီ ဖြစ်ကြောင်းတွေ့ရှိသောအခါ အီဗိုလာသည် ကမ္ဘာကိုခြိမ်းခြောက်နေသော ဗိုင်းရပ်စ်အဖြစ် သတ်မှတ်ရတော့သည်။ အဆိုပါ သုံးနိုင်ငံ၏ ရောဂါကူးစက်ပြန့်ပွားမှု ထိန်းချုပ်ရေးသည် ယနေ့ ကမ္ဘာအရေးဖြစ်လာခဲ့သည်။ လိုက်ဘေးရီးယားနိုင်ငံတွင်မူ ကျောင်းအားလုံး အကန့်အသတ်မရှိ ပိတ်ထားပြီး အစိုးရဝန်ထမ်း အားလုံး ခွင့်ရက် ၃၀ ပေးကာ လုပ်ငန်းအားလုံး ရပ်ဆိုင်းထားရပြီဖြစ်သည်။ တိုဂို(Togo)အခြေစိုက် pan-African လေကြောင်းလိုင်းဖြစ်သော ASKY, လေကြောင်းလိုင်းသည် အဆိုပါ သုံးနိုင်ငံမှ အခြားနိုင်ငံ ၂၀ သို့ ပြေးဆွဲပျံသန်းနေသောလေကြောင်းဖြစ်ပြီး ယခု ASKY၏ လေကြောင်းအားလုံး ရပ်ဆိုင်းထားရပြီ ဖြစ်သည်။ ထိုမျှမက (၃၁.၇.၂၀၁၄)တွင် ရောဂါဖြစ်ပွားရာ နိုင်ငံများသို့ ပျံသန်းသည့် လေကြောင်းလိုင်း ၃၅ လိုင်းတိတိ ရပ်တန့်ထားရပြီ ဖြစ်သည်။
အသက် ၄၀ ရှိ လိုက်ဘေးရီးယားနိုင်ငံသားတစ်ဦး နိုင်ဂျီးရီးယားနိုင်ငံသို့သွားရောက် လည်ပတ်အပြီး သေဆုံးခဲ့ကာ အဆိုပါသေဆုံးမှုသည် အီဗိုလာဗိုင်းရပ်စ်ကြောင့် ဖြစ်ကြောင်း အတည်ပြုအပြီး နိုင်ဂျီးရီးယားနိုင်ငံတွင် ယခု စောင့်ကြည့်ကွပ်ကဲမှုများပြုလုပ်နေရပြီဖြစ်သည်။ လေကြောင်းလိုင်းများသည် နိုင်ငံတကာသို့ ရောဂါကူးစက်စေသော ရေသောက်မြစ် ဖြစ်လာသောအခါ IATA သည် လေကြောင်းလိုင်များအား ထိရောက်စွာ ထိန်းချုပ်သွားရန် နိုင်ငံတကာလေကြောင်းထိန်းချုပ်ရေးအေဂျင်စီမှ စတင်ဆောင်ရွက်ပြီ ဖြစ်သည်။ ၂၀၁၄-ခုတွင် အာဖရိက အနောက်ခြမ်း နိုင်ငံသုံးနိုင်ငံအား ကန့်သတ်နယ်မြေများအဖြစ် သတ်မှတ်ကာ ထိုရောဂါကို စတင်ပိတ်ဆို့နေပြီ ဖြစ်သည်။ ယခုအခါ အမေရိက၊ ဥရောပ၊ အာရှသာမက အရှေ့တောင်အာရှရှိ ဖိလစ်ပိုင်နိုင်ငံ ထိတိုင်အောင် ကူးစက်လာသောအခါ ကမ္ဘာ့နိုင်ငံများသည် အထူးကြော်ငြာချက်များ ထုတ်ပြန်ကာ အီဗိုလာ ဗိုင်းရပ်စ်အား တားဆီးရန် စတင် တာဆူနေပြီဖြစ်သည်။
ကျန်းမာရေးလုပ်သားများ လိုက်နာရန်
[ပြင်ဆင်ရန်]- အီဗိုလာဗိုင်းရပ်စ် ပျံ့နှံ့နေသည့် ဒေသမှ လူနာများနှင့် ရောဂါ လက္ခဏာပြနေသူများကို လူအများနှင့် သီးခြားထားသင့်သည်။
- ကျန်းမာရေးလုပ်သားများအနေဖြင့် ရောဂါကူးစက်မှုကို ကြိုတင်ကာကွယ်ထားသင့်သည်။
- မျက်နှာဖုံး၊ လက်အိတ်၊လက်ရှည် ဝတ်စုံတို့ ဝတ်ထားပြီးမှ လူနာများကို ကုသပေးသင့်သည်။
- အီဗိုလာဗိုင်းရပ်စ်ကူးစက်ခံရသည့်အချိန်မှ ရောဂါလက္ခဏာပြသည့် အချိန်အထိ အချိန် ၂၁ ရက်ကြာကြောင်း သိရသည်။
- အီဗိုလာဗိုင်းရပ်စ်ကြောင့် သေဆုံးသူများ၏ အလောင်းကို မထိမိပါစေနှင့်။
- ယင်းရောဂါဖြင့် သေဆုံးသူများ၏ အသုဘအတွက် ပြင်ဆင်ပေးစဉ် (သို့မဟုတ်) မြှုပ်နှံစဉ်တွင် ရောဂါပိုးကူးစက်နိုင်သည်။
အသားစိမ်းများ ရှောင်ပါ
[ပြင်ဆင်ရန်]- အီဗိုလာဗိုင်းရပ်စ်ကူးစက်ခံထားရသည့် တိရစ္ဆာန်များ၏ သွေး၊ ခန္ဓာကိုယ် အစိတ်အပိုင်းများ (သို့မဟုတ်) ၎င်းတို့၏ ခန္ဓာကိုယ်မှထွက်သော အရည်များနှင့်အနီးကပ်ထိတွေ့ပြီးနောက် လူများရောဂါ ကူးစက်ခံရသည်။
- အသီးစားလင်းနို့များမှာ အီဗိုလာဗိုင်းရပ်စ် သဘာဝ လက်ခံကောင်များ ဖြစ်သည်။
- ဝက် (သို့မဟုတ်) မျောက်များသို့ အီဗိုလာဗိုင်းရပ်စ် ကူးစက်နေ သည်ဟု သံသယရှိပါက ယင်းနေရာကို ချက်ချင်းပိတ်ထားပြီး ရောဂါ ကူးစက်ခံထားရသည့် တိရစ္ဆာန်များကို သတ်ပစ်ပါ။
- အသေကောင်ကို မြေမြှုပ်ရန် (သို့မဟုတ်) မီးရှို့ရန် သေချာစွာလုပ်ဆောင်ပါ။
- လူ (သို့မဟုတ်) တိရစ္ဆာန်များအတွက် အီဗိုလာဗိုင်းရပ်စ် ကာကွယ်ဆေးမရှိပါ။
ကိုးကား
[ပြင်ဆင်ရန်]- ↑ အီဘိုလာဗိုင်းရပ်စ် ကာကွယ်ရန် နည်းလမ်းများ | 7Day Daily - ၇ ရက် နေ့စဉ် သတင်းစာ။ 3 August 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2 August 2014 တွင် ပြန်စစ်ပြီး။