အာရှ ဘောလုံးအဖွဲ့ချုပ်
| အာရှ ဘောလုံး အဖွဲ့ချုပ် | |
| ဆောင်ပုဒ် | "အနာဂတ်သည် အာရှဖြစ်သည်။" |
| တည်ထောင်ခြင်း | မေလ ၈ရက်၊ ၁၉၅၄ ခုနှစ် |
| အမျိုးအစား | အားကစားအဖွဲ့အစည်း |
| ရုံးချုပ်များ | |
| အဖွဲ့ဝင်များ | ၄၆ဖွဲ့ ပါဝင်သည်။ |
| ခေတ္တအဖွဲ့ချုပ် | |
| ဝက်ဘ်ဆိုဒ် | http://www.the-afc.com |
အာရှဘောလုံးအဖွဲ့ချုပ်သည် အာရှဒေသအတွင်းရှိ ဘောလုံးအဖွဲ့အစည်းများကို ထိန်းချုပ်နေသည့် အဖွဲ့အစည်းကြီးဖြစ်ပြီး AFC ဟုအတိုကောက် ခေါ်ဆိုရေးသားလေ့ရှိသည်။ ၎င်းအဖွဲ့ချုပ်ကြီးတွင် နိုင်ငံပေါင်း ၄၆ နိုင်ငံပါဝင်ကာ အများစုမှာ အာရှရှိနိုင်ငံများဖြစ်ကြသည်။ အာရှနှင့် ဥရောပတိုက်တို့ကိုး ခြားနားထားသည့် နယ်မြေများအရ တူရကီနှင့် ရုရှားနိုင်ငံတို့သည် ယူအီးအဖ်အေတွင် ပါဝင်ကြပြီး၊ ကာဇစ္စတန်၊ အာဇာဘိုင်ဂျန်၊ အာမေနီးရား၊ ဂျော်ဂျီယာနှင့် အစ္စရေးနိုင်ငံများမှာ အာရှအတွင်းတွင်(အလယ်ပိုင်း သို့မဟုတ် ဥရောပအာရှ)တွင်ရှိကြပြီး ယူအီးအဖ်အေအဖွဲ့ချုပ်ကြီးတွင် ပါဝင်နေဆဲဖြစ်သည်။ အခြားတစ်ဖက်တွင်ကား ဩစတြေးလျနိုင်ငံဖြစ်သည်။ ၎င်းသည် အဓိကအားဖြင့် အိုအဖ်စီအဖွဲ့ချုပ်တွင် ပါဝင်ပြီး ၂၀၀၆ ခုနှစ်ကတည်းက အေအဖ်စီတွင်အဖွဲ့ဝင်အဖြစ်ပါဝင်ခဲ့ကြသည်။ ၎င်းနည်းတူ ဂါဝမ်နှင့် မြောက်ပိုင်းမာရီယာနကျွန်းများသည်လည်း အေအဖ်စီအဖွဲ့ဝင်များဖြစ်လာကြသည်။
အေအဖ်စီကို ၁၉၅၄ခုနှစ် မေလ ၈ ရက်နေ့တွင် ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့တွင် ဖွဲ့စည်းခဲ့ကြသည့်ပြင် ၎င်းသည် ဖီဖာကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ကြီး၏ ခြောက်ခုမြောက် အဖွဲ့အစည်းများထဲမှ တစ်ခုဖြစ်သည်။ အေအဖ်စီ ရုံးချုပ်ကြီးကို မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့၊ ဗူးဂျက် ဂျလီတွင် တည်ဆောက်ထားရှိပြီး လက်ရှိလုပ်ရှားမှုများကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ချောင်းဂျင်လျိုးတွင် ပြုလုပ်ကြသည်။
αJp
| ဤဆောင်းပါးအတိုအား ပိုမိုပြီးပြည့်စုံစေရန် ဆက်လက်ရေးသား ဖြည့်စွက်နိုင်ပါသည်။ သင်က ထပ်မံဖြည့်စွက် ရေးသားပြီး ဝီကီပီးဒီးယားကို ကူညီပေးပါ။ ကျေးဇူးတင်ပါသည်။ |