လှသမိန်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

လှသမိန်၏ အမည်ရင်းမှာ ဦးလှတင်ဖြစ်သည်။ ၁၉၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ပဲခူးတိုင်းလက်ပံတန်းမြို့တွင် အဖဦးဖန်၊ အမိဒေါ်ငွေတို့မှ ဖွားမြင်သည်။ အုတ်ဖိုမြို့တွင် နေထိုင်ကြီးပြင်းခဲ့သည်။ ယခု ရန်ကုန်တိုင်း၊ ဒဂုံမြို့နယ်၊ ဦးဝိစာရအိမ်ရာစခန်း၊ တိုက်အမှတ် ၂၄၊ အခန်း ၁၁ တွင် နေထိုင်လျက်ရှိသည်။

ပညာရေး [ပြင်​ဆင်​ရန်​]

ကြို့ပင်ကောက်မြို့ အာစီအမ်ကျောင်း၊ မင်းလှမြို့ ဗုဒ္ဓဘာသာကျောင်းများတွင် ပညာသင်ကြားခဲ့သည်။ ဗုဒ္ဓစာပေ စာပြန်ပွဲများ အောင်မြင်ခဲ့သည်။

စာပေသမားနှင့် ဝန်ထမ်းဘဝ [ပြင်​ဆင်​ရန်​]

၁၉၄၆ ခုနှစ်မှစ၍ ရှေ့ဆောင်သတင်းစာ၊ စီးပွားရေးသတင်းစာ၊ လမ်းညွှန်သတင်းစာများတွင် စာတည်းအဖြစ် လုပ်ကိုင်ခဲ့ပြီး ဒီမိုကရေစီဂျာနယ်၊ ယဉ်ကျေးမှုစာစောင်၊ ချိုတေးသံစာစောင်များတွင်လည်း စာတည်းအဖြစ် ဆောင်ရွက်ခဲ့သည်။ ဘာသာပြန်စာပေအသင်း ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနများတွင် နှစ်ပေါင်း ၃၀ နီးပါး ထမ်းဆောင်ခဲ့သည်။

ကဗျာနှင့် ဆောင်းပါးများကို ၁၉၄၆ ခုနှစ်မှ စတင်ရေးသားခဲ့သည်။ လုံးချင်းဝတ္တု ဆယ်အုပ်အပါအဝင် စာပေ၊ ယဉ်ကျေးမှု၊ လူမှုရေး၊ စီးပွားရေး၊ ကြီးပွားရေး၊ သမိုင်း၊ အတ္ထုပ္ပတ္တိ ၊ ဘာသာစကား စသော အကြောင်းအရာ အမျိုးမျိုးကို စာအုပ်စာတမ်းပေါင်း ၂၀၀ ကျော် ရေးသား၊ တည်းဖြတ်၊ ထုတ်ဝေခဲ့ပြီးဖြစ်သည်။

ရေးသားခဲ့သောစာအုပ်များ [ပြင်​ဆင်​ရန်​]

  1. ဂန္ဓဝင် ပုဂ္ဂိုလ်ကျော်များ အတ္ထုပ္ပတ္တိ