နည်းပညာတက္ကသိုလ်(မကွေး)
နည်းပညာတက္ကသိုလ် (မကွေး) | |
ဆောင်ပုဒ် | စက်မှုစွမ်းအား ပြည်ထွန်းကား Industrialization Empowers Country |
---|---|
ပါမောက္ခချုပ် | ဒေါက်တာ တင်ဆန်း (တာဝန်ခံ) |
တည်နေရာ | ကံပြားရွာ၊မကွေးမြို့၊ မကွေးတိုင်းဒေသကြီး၊ မြန်မာနိုင်ငံ |
နည်းပညာတက္ကသိုလ်(မကွေး) သည် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့မှ ၇ မိုင်ခန့်အကွာ ကံပြားရွာအနီး ရန်ကုန်-ပြည်-မန္တလေး ကားလမ်းမဘေးတွင် တည်ရှိပြီး ဧရိယာအားဖြင့် ၃၂.၇၈ ဧကခန့် ကျယ်ဝန်းသည်။
သမိုင်းကြောင်း
[ပြင်ဆင်ရန်]နည်းပညာတက္ကသိုလ်(မကွေး) ကို ၁၉၉၉ခုနှစ် ဒီဇင်ဘာလ(၂၇)ရက်နေ့တွင် အစိုးရနည်းပညာကောလိပ် (မကွေး) အဖြစ် စတင်ဖွင့်လှစ်ခဲ့သည်။ အစိုးရနည်းပညာကောလိပ် (မကွေး) တွင် သက်မွေးပညာရပ် ၂ နှစ်သင်တန်း A.G.T.I ဒီပလိုမာသင်တန်းနှင့် ၃ နှစ်တန်း (B.Tech)နည်းပညာဘွဲ့ သင်တန်းများ သင်ကြားပေးခဲ့သည်။ ၂၀၀၇ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်နေ့တွင် အစိုးရနည်းပညာကောလိပ်မှ နည်းပညာ တက္ကသိုလ်အဆင့်သို့ တိုးမြှင့် ဖွင့်လှစ်ခဲ့ပြီး မြို့ပြအင်ဂျင်နီယာ၊ လျှပ်စစ်ဆက်သွယ်အင်ဂျင်နီယာ၊ လျှပ်စစ်စွမ်းအားအင်ဂျင်နီယာ၊ စက်မှုအင်ဂျင်နီယာ၊ စက်မှုအီလက်ထရောနစ် အင်ဂျင်နီယာ၊ ဓာတု အင်ဂျင်နီယာ အစရှိသည့် အင်ဂျင်နီယာဘွဲ့ကြိုသင်တန်းများ သင်ကြားပေးခဲ့သည်။[၁]
သင်ကြားပေးလျက်ရှိသော ဘာသာရပ်များ
[ပြင်ဆင်ရန်]နည်းပညာတက္ကသိုလ်(မကွေး)တွင် အဓိက ဘာသာရပ် လေးခုကို သင်ကြားလျက်ရှိသည်။ အဓိက သင်ကြားသော ဘာသာရပ်လေးခုမှာ
- မြို့ပြအင်ဂျင်နီယာ
- လျှပ်စစ်စွမ်းအား အင်ဂျင်နီယာ
- အီလက်ထရောနစ် အင်ဂျင်နီယာ
- စက်မှုလျှပ်စစ် အင်ဂျင်နီယာ
- စက်မှုအင်ဂျင်နီယာ
အထက်ပါ အဓိက ဘာသာရပ်လေးခု နှင့် တွဲပြီး အောက်ပါ ဘာသာရပ် များပါ တွဲဖက် သင်ကြားပေးလျက် ရှိသည်။
- ဓာတုအင်ဂျင်နီယာ
- ရူပဗေဒ အင်ဂျင်နီယာ
- ဓာတုဗေဒ အင်ဂျင်နီယာ
- သင်္ချာ အင်ဂျင်နီယာ တို့ ဖြစ်သည်။
ဌာနများ
[ပြင်ဆင်ရန်]နည်းပညာတက္ကသိုလ်(မကွေး)တွင် အင်ဂျင်နီယာဘာသာရပ်ဆိုင်ရာဌာန ၆ ခု၊ စာပေ ဘာသာရပ်ဆိုင်ရာ ဌာန ၃ ခု၊ စီမံဌာနခွဲ ၃ ခုရှိသည်။[၂]
အင်ဂျင်နီယာဘာသာရပ်ဆိုင်ရာဌာနများ
[ပြင်ဆင်ရန်]- မြို့ပြအင်ဂျင်နီယာဌာန
- လျှပ်စစ်ဆက်သွယ်အင်ဂျင်နီယာဌာန
- လျှပ်စစ်စွမ်းအားအင်ဂျင်နီယာဌာန
- စက်မှုအင်ဂျင်နီယာဌာန
- စက်မှုအီလက်ထရောနစ်အင်ဂျင်နီယာဌာန
- ဓာတုအင်ဂျင်နီယာဌာန
စာပေဘာသာရပ်ဆိုင်ရာဌာနများ
[ပြင်ဆင်ရန်]- အင်ဂျင်နီယာသင်္ချာဌာန
- အင်ဂျင်နီယာသိပ္ပံဌာန
- ဘာသာစကားဌာန
စီမံဌာနခွဲများ
[ပြင်ဆင်ရန်]- စီမံရေးရာဌာန
- ကျောင်းသားရေးရာဌာန
- ငွေစာရင်းဌာန
- စာကြည့်တိုက်ဌာန
ကိုးကား
[ပြင်ဆင်ရန်]- ↑ Background History။ ၁၁ စက်တင်ဘာ ၂၀၁၆ တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
- ↑ Departments။ ၁၁ စက်တင်ဘာ ၂၀၁၆ တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]