မာတိကာသို့ ခုန်သွားရန်

ဝီကီပီးဒီးယား:သင်၏ ပထမဆုံးဆောင်းပါး

ဝီကီပီးဒီးယား မှ

ဆောင်းပါးတစ်ခု ရေးသားခြင်း

ဆောင်းပါးတစ်ခုကို သင်ဘယ်လိုရေးသားမလဲဆိုတာ လေ့လာပါ။


အတွေ့အကြုံရရန် sandbox ကို အသုံးပြုနိုင်သည် – သို့မဟုတ် သင်လော့အင်ဝင်ထားပါက သင့်ကိုယ်ပိုင် sandbox ကို အသုံးပြုနိုင်ပါသည်။

ဝီကီပီးဒီးယားမှ ကြိုဆိုပါသည်!

သင့်အနေဖြင့် ဝီကီပီးဒီးယားကို အချို့အချိန်များတွင် အသုံးပြုထားပြီးဖြစ်နိုင်ပါသည်။ ရှိနှင့်ပြီးသား ဆောင်းပါးများကိုလည်း တည်းဖြတ်ခြင်းအချို့ပြုလုပ်ပြီး ဖြစ်နေပါလိမ့်မည်။ အခြားသူများ၏ ဆောင်းပါးများကိုလည်း တည်းဖြတ်ခြင်းအများအပြား ပြုလုပ်ပြီးလည်း ဖြစ်နိုင်ပါသည်။ သို့သော် သင်သည် ယခုအခါ သင့်ကိုယ်ပိုင် ဆောင်းပါးသစ်တစ်ပုဒ်ကို စတင်ရန် အဆင်သင့် ဖြစ်နေပါပြီ။ သတ္တိရှိပါ!

မိတ်ဆက်

ဤလမ်းညွှန်သည် သင့်ကို သင်၏ ပထမဆုံး စွယ်စုံကျမ်းဆောင်းပါးကို စတင်နိုင်ရန် ကူညီလိမ့်မည်ဖြစ်သည်။ ကျွန်ုပ်တို့ အနေဖြင့် သင့်ကို လိုက်နာရန်များနှင့် ရှောင်ကြဉ်ရန်များကို ရှင်းလင်းသွားမည် ဖြစ်ပြီး ဆောင်းပါးတစ်ပုဒ် ဖန်တီးရန် လမ်းညွှန်သွားမည်ဖြစ်သည်။

ဆောင်းပါးသည် လက်သင့်မခံနိုင်ဖွယ်ရာဖြစ်ပါက လျင်မြန်စွာ ဖျက်ပစ်ခြင်းခံရနိုင်သည်ကို သတိပြုပါ။ ဝီကီပီးဒီးယားတွင် စာမျက်နှာသစ်များ ဖန်တီးပြီးလျင်ပြီးခြင်း စစ်ဆေးသည့် စာမျက်နှာသစ် ကင်းလှည့်စောင့်ကြည့်ခြင်း အဖွဲ့ ရှိပါသည်။

အောက်ပါ အကြံပေးချက်များက သင့်ကို ကူညီနိုင်ပါလိမ့်မည် -

  1. သင်သည် မှတ်ပုံတင်ထားသော အသုံးပြုသူ ဖြစ်မှသာလျှင် ဆောင်းပါးသစ်ကို စတင်ဖန်တီးခွင့်ရှိသည် – သင့်အနေဖြင့် အသုံးပြုသူအမည်နှင့် စကားဝှက်ကို ရွေးချယ်ရန်သာ လိုအပ်သည်။ သင်သည် မှတ်ပုံတင်ခြင်း မပြုလုပ်လိုပါက မှတ်ပုံတင်အသုံးပြုသူများနှင့် မှတ်ပုံမတင်ထားသော အသုံးပြုသူများအနေဖြင့် သူတို့၏ ဆောင်းပါးများကို ဖန်တီးရမည့် ဆောင်းပါးများ ပရောဂျက်စာမျက်နှာတွင် တင်သွင်းပြီး အခြားအသုံးပြုသူများက သုံးသပ်ဝေဖန်ကာ ဆောင်းပါးသစ်များကို လွှင့်တင်ဖန်တီးပေးနိုင်သည်။
  2. ဝီကီပီးဒီးယားသည် စိတ်ချသေချာရသော အကြောင်းအရာများအတွက်သာ ဖြစ်သည်။ ဝီကီးပီးဒီးယားအနေဖြင့် "ထင်ရှားသတိထားရလောက်သော" ဆောင်းပါးများကိုသာ လိုအပ်ပါသည်။ ခေါင်းစဉ်သည် စွယ်စုံကျမ်းတစ်ခုအတွက် သင့်လျော်ပါက ဆက်လက်လုပ်ဆောင်ပါ။ သင့်အနေဖြင့် မသေချာမရေရာပါက သို့မဟုတ် ဆောင်းပါးသည် သင့်အကြောင်း (သို့) သင်နှင့် နီးစပ်ပတ်သက်သည့် အကြောင်းအရာဆိုပါက ဝီကီပီးဒီးယား လက်ဖက်ရည်ဆိုင်တွင် ဝင်ရောက်မေးမြန်းနိုင်ပါသည်။
  3. ဝီကီပီးဒီးယားတွင် အရင်ဆုံး ရှာဖွေပါ - အကြောင်းအရာနှင့် ပတ်သက်သည့် ဆောင်းပါးတစ်ပုဒ်သည် ရှိနှင့်ပြီးသား ဖြစ်နေနိုင်ကာ အခြားခေါင်းစဉ်ကွဲတစ်ခုအနေဖြင့်လည်း ရှိနေနိုင်ပါသည်။ အကယ်၍ ရှိနှင့်ပြီးသားဆောင်းပါး ဖြစ်ပါက ထိုဆောင်းပါးကို ပိုမိုကောင်းမွန်အောင် ပြုပြင်တည်းဖြတ်ခြင်းဖြင့် လေ့ကျင့်နိုင်ပါသည်။
  4. အလေ့အကျင့်ယူပါ။ မစတင်မီ ရှိနှင့်ပြီးသော ဆောင်းပါးများကို တည်းဖြတ်ကြည့်ခြင်းဖြင့် စာရေးသားခြင်းနှင့် ဝီကီ markup များ အသုံးပြုခြင်းများကို ရင်းနှီးလာစေနိုင်ပါသည်။ – ကျွန်ုပ်တို့အနေဖြင့် သင့်အား ဝီကီပီးဒီးယား တျူတိုရီရယ် ကို ပထမဆုံး ဝင်ရောက်ဖတ်ရှုလေ့လာရန် အကြံပြုလိုပါသည်။ သို့မဟုတ် တည်းဖြတ်ခြင်း အခြေခံကို လေ့လာနိုင်ရန် ဝီကီပီးဒီးယားတွင် ပါဝင်ရေးသားခြင်း ကို ဖတ်ရှုစေလိုပါသည်။
  5. အကိုးအကားများကို စုဆောင်းပါ။ သင်ထည့်သွင်းရေးသားမည့် အကြောင်းအရာ အချက်အလက်များအတွက်နှင့် ဆောင်းပါး၏ ထင်ရှားအရေးပါမှု ကို ထင်ဟပ်ဖော်ပြနိုင်ရန် အသုံးပြုမည့် ရင်းမြစ် အကိုးအကားများကို စုဆောင်းပါ။ ဝီကီပီးဒီးယားသည် ယုံကြည်စိတ်ချရသော ထုတ်ပြန်ထားပြီး ရင်းမြစ်များ ကို အသုံးပြုရန် လိုအပ်သည်။ ရင်းမြစ်များသည် အထူးသဖြင့် အင်တာနက်ရင်းမြစ်များ ဖြစ်ကြပြီး တည်တံ့ခိုင်မာရမည်။ ဆိုလိုသည်မှာ ရင်းမြစ်များသည် စိတ်ချခိုင်မာရမည်ဖြစ်ပြီး နောင်မျိုးဆက်များအထိ တည်ရှိနေနိုင်ရမည်ဖြစ်သည်။ တိကျခိုင်မာသည့်ရင်းမြစ်များ ရှာဖွေရန် သင့်နေရာဒေသရှိ ဒေသခံစာကြည့်တိုက် အပါအဝင် နေရာများစွာရှိသော်လည်း အင်တာနက်အခြေပြု ရင်းမြစ်များကို အသုံးပြုမည်ဖြစ်သည်။ ရိုးရှင်းသော ဝက်ဘ်စာမျက်နှာများမှ စတင်ရှာဖွေသည်ထက် စာအုပ်များ နှင့် သတင်းမော်ကွန်းများ တို့ဖြင့် စတင်ရှာဖွေပါ။ သက်ရှိပုဂ္ဂိုလ်များ နှင့်ပတ်သက်သည့် ဆောင်းပါးများအတွက် တိကျခိုင်မာသည့် ရင်းမြစ်များအသုံးပြုရန် ပိုမိုဂရုပြုပါ။ ခိုင်မာသည့်ရင်းမြစ်အကိုးအကား မပါရှိသည့် သက်ရှိထင်ရှားပုဂ္ဂိုလ်များအကြောင်း ဆောင်းပါးများ၊ အထူးသဖြင့် အနှုတ်သဘောဆောင်သည့် အချက်အလက်များ၊ အငြင်းပွားဖွယ်ရာ အချက်အလက်များသည် ဖျက်ပစ်ခြင်းခံရနိုင်သည်။ ဘလော့ခ်များ၊ ကိုယ်ရေးကိုယ်တာ ဝက်ဘ်ဆိုဒ်များ၊ ဖေ့စ်ဘွတ်ခ် နှင့် ယူကျု(ဘ်) စသည့် နေရာများမှ အချက်အလက်များကို အသုံးပြုရန် မသင့်တော်သဖြင့် ထိုနေရာများမှ ရရှိသောအရာများသည် စိန်ခေါ်ခြင်းခံရနိုင်ပြီး ဖယ်ရှားခံရနိုင်သည်။
  6. တုံ့ပြန်ချက်များ တောင်းဆိုရန် စဉ်းစားပါ။ သင်ရေးသားမည့်ဆောင်းပါးအတွက် တုံ့ပြန်ချက်များကို သက်ဆိုင်ရာ ဝီကီပရောဂျက်ဆွေးနွေးချက် စာမျက်နှာ သို့မဟုတ် လက်ဖက်ရည်ဆိုင်စသည့် နေရာများတွင် တောင်းဆိုဆွေးနွေးနိုင်ပါသည်။
  7. ဆောင်းပါးသစ်ကို သင့်ကိုယ်ပိုင်နေရာတွင် ပထမဆုံးဖန်တီးရန် စဉ်းစားပါ။ မှတ်ပုံတင်ထားပြီး အသုံးပြုသူတစ်ယောက်အနေဖြင့် သင့်ကိုယ်ပိုင် အသုံးပြုသူနေရာ ရှိပြီးဖြစ်သည်။ သင့်အနေဖြင့် ဆောင်းပါးသစ်ကို စာမျက်နှာခွဲတွင် စတင်ရေးသားနိုင်ပါသည်။ သင်သည် ထိုစာမျက်နှာကို ဖန်တီးချိန်ညှိနိုင်သည်၊ အချိန်ယူပြီး အခြားတည်းဖြတ်သူများကို ကူညီပြင်ဆင်ပေးရန် အကူအညီတောင်းနိုင်သည်။ ထို့နောက် အဆင်သင့်ဖြစ်ပါက စာမျက်နှာကို ရွှေ့ပြောင်းခြင်းဖြင့် ဝီကီပီးဒီးယားပေါ်သို့ "လွှင့်တင်" နိုင်ပါသည်။ သင့်ကိုယ်ပိုင် စာမျက်နှာခွဲကို ဖန်တီးရန်အတွက် ဤနေရာတွင် ကြည့်ရှုပါ။ ဆောင်းပါးသစ်သည် အစစအရာရာ အဆင်သင့်ဖြစ်ပြီဆိုပါက ပင်မဆောင်းပါးအဆင့်သို့ ရွှေ့ပြောင်းရန် တောင်းဆိုနိုင်ပါသည်။ (မှတ်ချက်။ အလိုအလျောက် ဆောင်းပါးဖန်တီးသည့် ဝိဇတ်တွင်လည်း စာမျက်နှာအကြမ်းဖန်တီးနိုင်ရန် ရွေးချယ်နိုင်ပါသည်။ အသုံးပြုသူစာမျက်နှာနေရာတွင် ဖြစ်သော်လည်း လက်သင့်မခံနိုင်သည့် ဆောင်းပါးများ (အောက်တွင် ကြည့်ပါ) သည်လည်း ဖယ်ရှားဖျက်ပစ်ရန် အဆိုပြုခြင်း ခံရနိုင်ပါသည်။)

ရှိနှင့်ပြီးသား ဆောင်းပါးကို ရှာဖွေခြင်း

မြန်မာဝီကီပီးဒီးယားတွင် ဆောင်းပါးပေါင်း ၁၀၈၅၄၉ ရှိပြီးဖြစ်ပါသည်။ ဆောင်းပါးတစ်ခု မစတင်မီ အကြောင်းအရာတူ ဆောင်းပါး၊ အနည်းငယ်ခေါင်းစဉ်ကွဲ အမည်ဖြင့် ရှိနေနိုင်သဖြင့် ရှိနှင့်ပြီးသားဆောင်းပါး မဟုတ်စေရန် ရှာဖွေကြည့်ပါ။ ဆောင်းပါးများ ရှာဖွေခြင်း နှင့် ဝီကီပီးဒီးယား၏ ဆောင်းပါးခေါင်းစဉ် မူဝါဒ ကို သင်၏ ပထမဆုံးဆောင်းပါး မဖန်တီးမီ ဖတ်ရှုပါ။ သင်ရေးသားမည့်အကြောင်းအရာအတွက် ဆောင်းပါးရှိနှင့်ပြီးသားဖြစ်သော်လည်း အသုံးပြုသူများအနေဖြင့် အမည်ကွဲ သို့မဟုတ် စာလုံးပေါင်းအမျိုးမျိုးဖြင့် ရှာဖွေမည်ဟု မှတ်ယူပါက ခေါင်းစဉ်ကွဲများအတွက် ပြန်ညွှန်းများ ဖန်တီးခြင်း ပြုလုပ်ပုံကို လေ့လာပါ။ လိုအပ်သည့် ပြန်ညွှန်းများ ပေါင်းထည့်ခြင်းသည် ဝီကီပီးဒီးယားကို အကူအညီပေးရာရောက်ပါသည်။ ဖျက်နှင့်ပြီးသား ဆောင်းပါးကို ထပ်မံဖန်တီးမိခြင်းကို ရှောင်ကြဉ်ရန် ဆောင်းပါး၏ ဖျက်ပစ်ထားသည့် မှတ်တမ်းများ ကိုလည်း စစ်ဆေးရန် မမေ့ပါနှင့်။ (အချို့ဖြစ်ရပ်များအတွက်၊ ယခင်က မူပိုင်ခွင့်ချိုးဖောက်မှုကြောင့် ဆောင်းပါး၏ အရေးပါမှုကို မရှင်းပြနိုင်သည့်အတွက် ဖျက်ပစ်ထားပြီးသား ဆောင်းပါးဖြစ်သော်လည်း ယခုအခါတွင် ဖန်တီးရန် သင့်တော်နေနိုင်ပါသည်။)

ရှာဖွေခြင်းလုပ်ငန်းဖြင့် ခေါင်းစဉ်တစ်ခုကို မရှာဖွေနိုင်ခဲ့ပါက ရှိနှင့်ပြီးသားဆောင်းပါးများတွင် သင့်ဆောင်းပါး၏ အကြောင်းအရာများ ပါရှိနေနိုင်သည့်အတွက် ကျယ်ကျယ်ပြန့်ပြန့်ရှာဖွေနိုင်ရန် စဉ်းစားပါ။ ဥပမာအားဖြင့်၊ တီးဝိုင်းအဖွဲ့ဝင်တစ်ဦးအကြောင်း ဆောင်းပါးကို သင်ရေးသားလိုပါက တီးဝိုင်းအဖွဲ့အကြောင်းကို ရှာဖွေကာ ထိုတီးဝိုင်းအဖွဲ့အကြောင်းဆောင်းပါးတွင် အပိုင်းသစ် အနေဖြင့် ထည့်သွင်းရေးသားနိုင်ပါသည်။


အကိုးအကားများ စုဆောင်းခြင်း

သင်ရေးသားမည့် အကြောင်းအရာ၏ သတင်းအချက်အလက်များအတွက် ရင်းမြစ်အကိုးအကားများကို စုဆောင်းပါ။ စွယ်စုံကျမ်းတစ်ခုတွင် ပါဝင်စေရန် အကြောင်းအရာသည် လုံလောက်သော သိသာထင်ရှားအရေးပါမှု ရှိရမည်ဖြစ်ပြီး ယင်းသိသာအရေးပါမှုသည် ယုံကြည်စိတ်ချရသော ရင်းမြစ်များ ကို ကိုးကားခြင်းဖြင့် မှန်ကန်ကြောင်း အတည်ပြုနိုင်ရမည်

မှတ်သားထားပြီး ဖြစ်သည့်အတိုင်း သင်အသုံးပြုမည့် အကိုးအကားရင်းမြစ်များသည် စိတ်ချယုံကြည်ရမည်။ ဆိုလိုသည်မှာ ရင်းမြစ်များသည် အချက်အလက်များကို စစ်ဆေးခြင်းနှင့် တိကျမှုရှိခြင်းတို့တွင် ဂုဏ်သိက္ခာရှိပြီး စာပေစစ်ဆေးကြီးကြပ်ကွပ်ကဲခြင်းကဲ့သို့သော အဖွဲ့များ၏ စစ်ဆေးခြင်းခံထားရပြီး ဖြစ်မည်။ ပုံနှိပ်ရင်းမြစ်များ (နှင့် ထိုပုံနှိပ်ရင်းမြစ်၏ ဝက်ဘ်အခြေပြုဗားရှင်းကဲ့သို့သော) သည် အများဆုံးစိတ်ရယုံကြည်ရမှုရှိပြီး အချို့သော ဝက်ဘ်အခြေပြု ရင်းမြစ်များသည်လည်း တိကျခိုင်မာမှုရှိသည်။ ဥပမာအားဖြင့် စာပေတိုက်ကြီးများမှာ ထုတ်ဝေသော စာအုပ်များ၊ သတင်းစာများ၊ မဂ္ဂဇင်းများ၊ စကောလားဂျာနယ်များ၊ အထက်ပါတို့၏ ဝက်ဘ်ဆိုဒ်များ၊ နှင့် ပုံနှိပ်အခြေပြုရင်းမြစ်များကဲ့သို့ လိုအပ်ချက်များနှင့် ကိုက်ညီသော အခြားဝက်ဘ်ဆိုဒ်များ စသည်တို့ ပါဝင်သည်။

ယေဘုယျအားဖြင့် စစ်ဆေးကြီးကြပ်ကွပ်ကဲမှု မပါရှိသော ရင်းမြစ်များသည် ယုံကြည်စိတ်ချရမှု မရှိပေ။ ဝင့်ကြွားသော ပုံနှိပ်များမှ ထုတ်ဝေသည့် စာအုပ်များ၊ ကိုယ်ပိုင်ထုတ်ဝေဖြန့်ချီသည့် ဘလော့ခ်များ၊ ဝက်ဘ်ဖိုရမ်များ၊ အင်တာနက် အသုံးပြုသူများ၏ ဆွေးနွေးခန်းများ၊ ကိုယ်ရေးကိုယ်တာ လူမှုမီဒီယာများ၊ ဝါသနာအိုးအဖွဲ့များ၏ ဝက်ဘ်ဆိုဒ်များ၊ ကိုယ့်ကိုကိုယ် ချီးမြှောက်ရေးသားခွင့်ရှိသည့် အနှစ်သာရမရှိသော ဝက်ဘ်ဆိုဒ်များ စသည်တို့ပါဝင်သည်။ တစ်စုံတစ်ယောက်က ရေးသားပြီး မည်သူကမှ စစ်ဆေးခြင်းမရှိသည့် သတင်းအချက်အလက်များသည်လည်း စိတ်ချယုံကြည်ရမှု မရှိပေ။

အကြောင်းအရာတစ်ခုအတွက် ယခင်က ထုတ်ဝေထားပြီး သတင်းအချက်အလက်များရှိပြီး ထိုအကြောင်းအရာသည်လည်း သိသာထင်ရှားမှုရှိသည့် စိတ်ချယုံကြည်ရသော ရင်းမြစ်များ (သတင်းစာများ၊ ဂျာနယ်များ၊ သို့မဟုတ် စာအုပ်များ စသည်) ရှိပြီး သင်သည် ထိုရင်းမြစ်များကို ဝီကီပီးဒီးယားဆောင်းပါးများ ဖန်တီးရန် သို့မဟုတ် ချဲ့ထွင်ရန်အတွက် ရင်းမြစ်များကို ထည့်သွင်း အသုံးပြုနိုင်သည်။ အကယ်၍ သင်သည် အဆိုပြုသည့် ဆောင်းပါးအကြောင်းအရာအတွက် ပြည့်စုံလုံလောက်ပြီး တိကျခိုင်မာသည့် ရင်းမြစ်များ မရှာဖွေနိုင်သလို အကြောင်းအရာသည်လည်း ထင်ရှားအရေးပါမှုမရှိ သို့မဟုတ် အတည်မပြုနိုင်ပါက ဖျက်ပစ်ခံရရန် သေချာသလောက်ရှိပြီ ဖြစ်သည်။ ထို့ကြောင့် သင်ပထမဆုံးပြုလုပ်ရမည်မှာ ကိုးကားရန်အတွက် ရင်းမြစ်ကိုးကားချက်များကို ရှာဖွေရန် ဖြစ်သည်။

တိကျခိုင်မာသည့်ရင်းမြစ်များ ရှာဖွေရန် သင့်နေရာဒေသရှိ ဒေသခံစာကြည့်တိုက် အပါအဝင် နေရာများစွာရှိသော်လည်း အင်တာနက်အခြေပြု ရင်းမြစ်များကို အသုံးပြုမည်ဖြစ်သဖြင့် ရိုးရှင်းသော ဝက်ဘ်စာမျက်နှာများမှ စတင်ရှာဖွေသည်ထက် စာအုပ်များ နှင့် သတင်းမော်ကွန်းများ တို့ဖြင့် စတင်ရှာဖွေပါ။

သင့်ဆောင်းပါးအတွက် အကိုးအကားများ ရရှိပြီးဆိုပါက ဆောင်းပါးများအတွင်းတွင် ကိုးကားချက်များ ထည့်သွင်းရန် လူသစ်များအတွက် ကိုးကားခြင်း သင်ခန်းစာ နှင့် ရင်းမြစ်များကို ကိုးကားခြင်း ကို ဖတ်ရှုလေ့လာပါ။ ကိုးကားချက်များကို သေချာစွာ ဖောမက်ချခြင်းအတွက် အလွန်အမင်းစိတ်ပူပန်မနေပါနှင့်။ ပြည့်စုံသေချာစွာ ဖောမက်မချနိုင်သော်လည်း အဓိကအကြောင်းအရာဖြစ်သည့် ဆောင်းပါးများအတွင်း ကိုးကားချက်ထည့်သွင်းခြင်း ကို သင်သည် ပြုလုပ်နိုင်ခဲ့ပြီး ဖြစ်သည်။

ရှောင်ကြဉ်ရမည့် အချက်များ

အကျယ်တဝင့် ဖော်ပြထားသောစာမျက်နှာများ - Wikipedia:ဝီကီပီးဒီးယားက ဘာမဟုတ်ဘူးလဲ နှင့် Wikipedia:Avoiding common mistakes
သင့်ကိုယ်သင်အကြောင်း၊ သင့်သူငယ်ချင်းများ၊ သင်၏ဝက်ဘ်ဆိုဒ်၊ သင်ပါဝင်သော အစုအဖွဲ့၊ သင်၏ ဆရာ၊ သင်ရေးသားသော ပုံပြင်များ စသည့် ဆောင်းပါးများ။
သင်သည် စွယ်စုံကျမ်းတွင် ပါဝင်နိုင်ရန် ထိုက်တန်သည်ဟု ယူဆပါက အခြားသူတစ်ယောက်မှ သင့်အကြောင်း ဆောင်းပါးကို ရေးသားပါစေ။ သင်၏သူငယ်ချင်းများအကြောင်းကို စွယ်စုံကျမ်းတစ်ခုတွင် ထည့်သွင်းခြင်းသည် အံ့အားသင့်ဖွယ်ရာ သို့မဟုတ် အပျင်းပြေဖွယ်ရာ ဟာသအနေဖြစ်သော်လည်း ထိုသို့သော ဆောင်းပါးများသည် ဖယ်ရှားခြင်းခံရနိုင်သည်။ ဤအခြေအနေသည် နာကျင်ဖွယ်ရာဖြစ်ပြီး ဆောင်းပါးကို ထပ်မံဖန်တီးရန် ကြိမ်ဖန်များစွာ ကြိုးစားပါက သင်သည်လည်း တည်းဖြတ်ခြင်းကို ပိတ်ပင်ခြင်းခံရနိုင်သည်။ ထိုအခြေအနေများကို သင့်၏ အမျှော်အမြင်ဖြင့် ရှောင်ကြဉ်နိုင်ပါသည်။ သင်သည် အမှန်တကယ် ထင်ရှားအရေးပါပြီး ဘက်မလိုက်စေရန် နှိမ့်ချမှုလုံလောက်စွာရှိပါက ဆောင်းပါးသည် ကျန်ရှိနိုင်ပါသည်။ သို့သော် စာကြမ်းရေးသားတင်သွင်းပြီး သဘောတူခွင့်ပြုချက်နှင့် လူထု၏ အများဆန္ဒ တောင်းခံခြင်းက သည်အတိုင်းရေးသားတင်လိုက်သည်ထက် ပိုမိုကောင်းမွန်ပါသည်။
ထင်ရှားအရေးပါမှုမရှိသော ခေါင်းစဉ်များ
လူများသည် စာမျက်နှာများကို စွယ်စုံကျမ်းတစ်ခုတွင် ပါဝင်သင့်ရှိသော အမှန်တကယ် ထင်ရှားအရေးပါမှု ရှိမရှိ ကို စဉ်းစားခြင်းမရှိပဲ မကြာခဏ ထည့်သွင်းလျက်ရှိကြသည်။ ဝီကီပီးဒီးယားသည် စာမျက်နှာအခြေပြုပုံနှိပ် စွယ်စုံကျမ်းများကဲ့သို့ နေရာကန့်သတ်ချက်မရှိခြင်းကြောင့် ကျွန်ုပ်တို့၏ ထင်ရှားအရေးပါမှု မူဝါဒနှင့် လမ်းညွှန်ချက်များသည် ဆောင်းပါးများကို ကျယ်ပြန့်သည့်အပိုင်းအခြားတစ်ခုအနေဖြင့် ခွင့်ပြုထားသည်။ သို့ဖြစ်သော်လည်း ခေါင်းစဉ်တိုင်း ပါဝင်နိုင်ရန် ခွင့်ပြုထားခြင်းမရှိပေ။ ထင်ရှားသိသာကြောင်း အထောက်အထားခိုင်ခိုင်လုံလုံမရှိသော သို့မဟုတ် တိကျခိုင်မာသည့်ရင်းမြစ်နှင့် အရေးပါမှုမရှိသော လူများအကြောင်း၊ ကုမ္ပဏီများ၊ အုပ်စုအဖွဲ့များ အကြောင်းစာမျက်နှာများကို ကျွန်ုပ်တို့၏ အလျင်အမြန် ဖျက်ပစ်ခြင်း မူဝါဒအရ ယင်းကဲ့သို့သော စာမျက်နှာများကို လျင်မြန်စွာ ဖျက်ပစ်ရန် ဆုံးဖြတ်ပါသည်။ ဤသည်မှာ စိတ်အနှောက်အယှက်ဖြစ်စရာ ဖြစ်နိုင်ပါသည်။ ထို့ကြောင့် ဆောင်းပါးများဖန်တီးရာတွင် သင်ရွေးချယ်လိုက်သော ခေါင်းစဉ်သည် ဝီကီပီးဒီးယားအတွက် လုံလောက်သော ထင်ရှားအရေးပါမှုရှိခြင်းနှင့် ထင်ရှားအရေးပါမှုကို အထောက်အထားခိုင်လုံစွာတင်ပြနိုင်ရန် သို့မဟုတ် တိကျခိုင်မာသည့် ရင်းမြစ်များကို ကိုးကားခြင်းဖြင့် သင့်အကြောင်းအရာကို အရေးပါမှုပြသနိုင်ရန် ကျေးဇူးပြု၍ စဉ်းစားပါ။ ဝီကီပီးဒီးယားသည် အရာအားလုံးပါဝင်တည်ရှိနေနိုင်သည့် လမ်းညွှန်စာအုပ် မဟုတ်ပါ
ကြော်ငြာခြင်း
ကျေးဇူးပြု၍ သင့်ထုတ်ကုန်ပစ္စည်း သို့မဟုတ် စီးပွားရေးလုပ်ငန်းကို ဈေးကွက်မြှင့်တင်ခြင်း မပြုလုပ်ပါနှင့်။ ဆောင်းပါးတစ်ခုတွင် ပါဝင်သင့်သည်ဟု ကြားနေအဖွဲ့တစ်ခုမှ ဆုံးဖြတ်ထားသည့် လင့်ခ်များမှလွဲ၍ သင်၏ စီးပွားရေးဝက်ဘ်ဆိုဒ်လင့်ခ်ကို ထည့်သွင်းခြင်း မပြုပါနှင့်။ ကျွန်ုပ်တို့တွင် Kleenex သို့မဟုတ် Sharpies ကဲ့သို့သော ထုတ်ကုန်များအကြောင်း၊ သို့မဟုတ် McDonald's ကဲ့သို့ သိသာထင်ရှားသော စီးပွားရေးလုပ်ငန်းများအကြောင်း ဆောင်းပါးများ မရှိပါ။ သို့သော် သင်သည် ထုတ်ကုန်တစ်ခု သို့မဟုတ် စီးပွားရေးလုပ်ငန်းတစ်ခုအကြောင်း ရေးသားမည်ဆိုပါက ဘက်မလိုက်သော အမြင်ဖြင့် ရေးသားရန် သတိပြုပါ။
ကိုယ်ရေးကိုယ်တာ အက်ဆေးများ သို့မဟုတ် သုတေသနစာတမ်းများ
ဝီကီပီးဒီးယားသည် ရှိနှင့်ပြီးသော လူ့ဗဟုသုတများအတွက် ဖြစ်သည်။ ကိုယ်ပိုင်ဖန်တီးမှုများကို ရေးသားလွှင့်တင်ရန် နေရာမဟုတ်ပေ။ လက်ခံနိုင်ဖွယ်ရာ အကိုးအကားများ ထောက်ပြပေးနိုင်လျင်တောင်မှ သင်၏ ကိုယ်ပိုင် မူလသီအိုရီများ၊ ထင်မြင်ချက်များ၊ သို့မဟုတ် ထိုးထွင်းအမြင်များ ပါဝင်သည့် ဆောင်းပါးများကို မရေးပါနှင့်။ မှားယွင်းလေ့ရှိသည်မှာ ဆောင်းပါးတစ်ခုအတွင်းတွင် ဆန်းသစ်သော ပေါင်းစပ်အတွေးအခေါ်များ ထည့်သွင်းခြင်းဖြစ်သည်။ မှတ်ယူရန်မှာ၊ အချက်အလက် "အေ" နှင့် အချက်အလက် "ဘီ" နှစ်ခုစလုံးမှန်ကန်သောကြောင့် "အေ" သည် "ဘီ"၏ အကြောင်းရင်းခံဖြစ်သည် သို့မဟုတ် အပြန်အလှန်အားဖြင့် ဟု မဆိုလိုပေ (ယုတ္တိအမှား)။
စာတစ်ကြောင်းတည်း သို့မဟုတ် ဝက်ဘ်ဆိုဒ်လင့်ခ် တစ်ခုတည်း
ဆောင်းပါးများသည် အမှန်တကယ် သူတို့ကိုယ်ပိုင် အကြောင်းအရာများ ရှိရန် လိုအပ်သည်။
လူပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းတစ်ခုအား တိုက်ခိုက်ခြင်း
အခြေခံအားဖြင့် သက်ရှိပုဂ္ဂိုလ်များ၏ အတ္ထုပ္ပတ္တိများဆိုင်ရာ မူဝါဒကို ဖောက်ဖျက်ခြင်း သို့မဟုတ် ခြိမ်းခြောက်ရန် ကြံစည်ခြင်း၊ အသရေဖျက်ခြင်း၊ အကြောင်းအရာ သို့မဟုတ် ထင်ရှားမှုကို အနှောက်အယှက်ပေးခြင်း ကို ခွင့်မပြုပါ။ အနှုတ်သဘောဆောင်သော သတင်းအချက်အလက်များ၊ အထူးသဖြင့် သက်ရှိပုဂ္ဂိုလ်များအကြောင်း ဆောင်းပါးများအတွင်းတွင် ထည့်သွင်းခြင်းများသည် လျင်မြန်စွာ ဖယ်ရှားခံရပြီး တိုက်ခိုက်သည့် စာမျက်နှာများသည် ချက်ခြင်း ဖျက်ပစ်ခံရမည်ဖြစ်သည်။
အခြားကြည့်ရန်:

သတိပြုမှတ်သားရန်မှာ...

မူပိုင်ခွင့်

ယေဘုယျဥပဒေတစ်ခု အနေဖြင့်၊ အခြားသော ဝက်ဘ်ဆိုဒ်များမှ စာသားများကို ကူးယူထည့်သွင်းခြင်း (copy-paste) မပြုလုပ်ပါနှင့်(အနည်းငယ်သော ကန့်သတ်ထားသည့် ခြွင်းချက်အချို့ ရှိပြီး၊ စကားလုံးအနည်းငယ်ကိုသာ ကျကျနန ကိုးကားရန်နှင့် ရှင်းလင်းသော ကိုးကားချက်သည် အဆင်ပြေပါသည်။)

မူပိုင်ခွင့်များ။ မူပိုင်ခွင့်ကို မချိုးဖောက်ပါနှင့်။
အတော်တိုတောင်းသည့် ကိုးကားချက်စာစုများမှ လွဲ၍ စာသားများကို ဝီကီပီးဒီးယား ဆောင်းပါးတစ်ခုအတွင်းသို့ ဘယ်သောအခါမှ ကူးယူထည့်သွင်းခြင်း မပြုလုပ်ပါနှင့်။ ကိုးကားချက်စာစုကို မျက်တောင်အဖွင့်အပိတ်ဖြင့် ထည့်သွင်းပြီး စာကြောင်း ကိုးကားချက် အနေဖြင့် အသုံးပြုပါ။ public domain တွင်ပါရှိသည်ဟု သင်အနေဖြင့် သေချာသော အကြောင်းအရာကို ကိုးကားချက်အနေဖြင့် မှတ်ယူနိုင်သည်။ ထိုသို့မဟုတ်ပါက မူပိုင်ခွင့်ချိုးဖောက်ခြင်းသည် ခိုးယူခြင်းပင် ဖြစ်သည်။ ထပ်မံမှတ်ယူရန်မှာ ဝက်ဘ်စာမျက်နှာ အများစုသည် public domain တွင် မပါဝင်ပေ။ အလားတူ သီချင်းစာသား အများစုသည်လည်း မပါဝင်ပေ။ ၁၉၂၃ ခုနှစ်နောက်ပိုင်း ထုတ်ဝေသည့် အကြောင်းအရာအများစုနှင့် ၁၉၇၈ ခုနှစ် ဇန်နဝါရီ ၁ မှစ၍ ရေးသားထားသမျှ အများစုသည် မူပိုင်ခွင့် သတိပေးချက် သို့မဟုတ် © သင်္ကေတ မပါဝင်သော်လည်း အလိုအလျောက် မူပိုင်ခွင့်အောက်တွင် ပါဝင်သည်။ သင်ရေးသားလိုက်သည်မှာ public domain တွင် ပါဝင်သည်ဟု ယူဆပါက၊ မည်သည့်နေရာမှ ရရှိသည် ဆိုသည်ကို ဆောင်းပါးအတွင်း သို့မဟုတ် ဆွေးနွေးချက် စာမျက်နှာတွင် ရေးသားပါ။ ဆွေးနွေးချက်စာမျက်နှာတွင် အဘယ့်ကြောင့် public domain တွင် ပါဝင်သည်ဟု ထင်မြင်ရခြင်း အကြောင်းကို ရေးသားပါ (ဥပမာ။ "၁၈၉၅ ခုနှစ်တွင် ထုတ်ဝေခဲ့သည်...")။ နောက်ထပ် အချက်အလက်များအတွက် Wikipedia:Copyrights (ယခင် ထုတ်ဝေထားသည့် စာသားကို ကူးယူရန် ခွင့်ပြုချက် အတည်ပြုခြင်းအတွက် လမ်းညွှန်ပါရှိ) နှင့် စာသားများအတွက် ကျွန်ုပ်တို့၏ အခမဲ့မဟုတ်သော အကြောင်းအရာများ လမ်းညွှန် တွင် ရှုပါ။
ကောင်းမွန်သောရင်းမြစ်များ

၁။ စိတ်ချယုံကြည်ရန်အတွက် ဂုဏ်သိက္ခာရှိခြင်း : ယင်းတို့သည် စိတ်ချခိုင်မာသည့် ရင်းမြစ်များ
၂။ အကြောင်းအရာ၏ အမှီအခိုကင်းခြင်း
၃။ အခြား တည်းဖြတ်သူများ၏ အတည်ပြုခြင်း

ကောင်းမွန်သည့် စူးစမ်းရှာဖွေမှုနှင့် ရင်းမြစ်များကို ကိုးကားခြင်း
Articles written out of thin air may be better than nothing, but they are hard to verify, which is an important part of building a trusted reference work. Please research with the best sources available and cite them properly. Doing this, along with not copying text, will help avoid any possibility of plagiarism. We welcome good short articles, called "stubs", that can serve as launching pads from which others can take off – stubs can be relatively short, a few sentences, but should provide some useful information. If you do not have enough material to write a good stub, you probably should not create an article. At the end of a stub, you should include a "stub template" like this: {{stub}}. (Other Wikipedians will appreciate it if you use a more specific stub template, like {{art-stub}}. See the list of stub types for a list of all specific stub templates.) Stubs help track articles that need expansion.
သက်ရှိလူပုဂ္ဂိုလ်များ အကြောင်း ဆောင်းပါးများ
သက်ရှိ လူပုဂ္ဂိုလ်များအကြောင်း ဆောင်းပါးများရေးသားခြင်းသည် ကိုးကားချက်များ ပါဝင်ရမည်ဖြစ်ပြီး မှန်ကန်ကြောင်း အတည်ပြုနိုင်ရမည်။ ရင်းမြစ်ကင်းမဲ့သော သက်ရှိပုဂ္ဂိုလ်များ၏ အတ္ထုပ္ပတ္တိဆောင်းပါးများသည် ဖျက်ပစ်ခြင်း ခံရနိုင်သည်။
အငြင်းပွားဖွယ်ရာနှင့် ရှေ့နေလိုက်ရေးသားခြင်းများ
ဆောင်းပါးများရေးသားရာတွင် နိုင်ငံရေး၊ ဘာသာရေး နှင့် အခြားအရာများအပေါ် မူတည်၍ တစ်ဖက်သတ်အမြင်ဖြင့် ရှေ့နေလိုက်ရေးသားခြင်းများကို ကျေးဇူးပြု၍ မပြုလုပ်ပါနှင့်။ ဘက်မလိုက်သော အမြင်ကို ဆိုလိုခြင်းဖြစ်ကြောင်း သဘောပေါက်ပါ။
ခေါင်းစဉ်အတွက် အဓိပ္ပါယ်အမျိုးမျိုး ကွဲပြားမှုပါဝင်သည့် ဆောင်းပါးများ
Articles are primarily about what something is, not any term(s). If the article is just about a word or phrase and especially if there are very different ways that a term is used, it usually belongs in Wiktionary. Instead, try to write a good short first paragraph that defines one subject as well as some more material to go with it.
အဖွဲ့အစည်း
ဆောင်းပါးသစ်သို့ အခြားဝီကီပီးဒီးယား ဆောင်းပါးများမှ ချိတ်ဆက်မှုများ ရှိမရှိကို စစ်ဆေးပါ (လက်စွဲ ကိရိယာများအတွင်းရှိ "ဘယ်ကလင့်ခ်ထားလဲ" ကို နှိပ်ပါ)။ ပြီးနောက် ဆောင်းပါးသစ်သည် အနည်းဆုံး သင့်လျော်သည့် ကဏ္ဍတစ်ခုအတွင်း ပါဝင်နေစေရန် သတိပြုပါ (help:category ကို ကြည့်ပါ)။ သို့တည်းမဟုတ်ပါက စာဖတ်သူများအဖို့ ဆောင်းပါးကို ရှာဖွေရာတွင် အခက်တွေ့နိုင်ပါသည်။
ဒေသတွင်း စိတ်ဝင်စားဖွယ်ရာ ဆောင်းပါးများ
စာသင်ကျောင်းများ၊ သို့မဟုတ် လမ်းများ စသည့် လူနည်းစုနှင့်ဆိုင်သော သို့မဟုတ် အနီးအနားနေထိုင်သူ လူများနှင့်သာ သက်ဆိုင်သော ဆောင်းပါးများ ရှိပါသည်။ ထိုသို့သော ဆောင်းပါးများအတွက် အများဆန္ဒမရှိပါ။ သို့သော် ထိုနေရာသည် ထူးခြားပြီး အခြားသော ထောင်ပေါင်းများစွာ အလားတူနေရာများနှင့် စာလျှင် မည်သို့ထူးခြားသည်တို့ မပါဝင်ဘဲ သာမန်အကြောင်းအရာသာ ဖြစ်ပါက ထိုဆောင်းပါးသည် စိန်ခေါ်ခြင်း ခံရနိုင်ပါသည်။ ဓါတ်ပုံများထည့်သွင်းခြင်းသည် စိတ်ဝင်စားမှုရနိုင်ပါသည်။ ဒေသတွင်း စိတ်ဝင်စားဖွယ်ရာ ဆောင်းပါးများကို ဒေသဆိုင်ရာ စိတ်ဝင်စားဖွယ်ရာဖြစ်အောင် ကြိုးစားပါ။ တတိယ ရင်းမြစ်များသည် သင်ရေးသားမည့် အကြောင်းအရာသည် သိသာထင်ရှားအရေးပါခြင်းကို ပြသနိုင်မည့် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။
Breaking news ဖြစ်ရပ်များ
ဝီကီပီးဒီးယားသည် သိသာထင်ရှားသည့် မကြာမီက အဖြစ်အပျက်များအကြောင်း ဆောင်းပါးများကို လက်ခံသော်လည်း ကြာရှည်မခံသည့် ထင်ရှားမှုမျိုးအဖြစ်ပျက်များအကြောင်း breaking news ဆောင်းပါးများမှာမူ ကျွန်ုပ်တို့ ပရောဂျက်အတွက် မသင့်တော်ပေ။ ထိုကဲ့သို့သော ဆောင်းပါးများကို ကျွန်ုပ်တို့၏ ညီအစ်မပရောဂျက် ဝီကီသတင်းတွင် ရေးသားရန် စဉ်းစားပါ။ နောက်ထပ် အချက်အလက်များအတွက် အရေးပါထင်ရှားသော ဖြစ်ရပ်များ တွင် ဖတ်ရှုပါ။
မှားယွင်းသော စာမျက်နှာတွင် တည်းဖြတ်ခြင်း
သင်သည် စာမျက်နှာအသစ်တစ်ခုကို ဖန်တီးရန် ကြိုးစားနေပါက သင့်အနေဖြင့် လုံးဝဗလာဖြစ်နေသည့် edit box ဖြင့်သာ စတင်ရမည်ဖြစ်သည်။ edit box အတွင်းတွင် သင်မရေးသားထားသော စာသားများ (ဥပမာ၊ ဤစာမျက်နှာရှိ အကြောင်းအရာများ) ကို မြင်နေရပါက သင်သည် ရှိနှင့်ပြီးသော စာမျက်နှာကို မတော်တဆ တည်းဖြတ်မိနေခြင်း ဖြစ်သည်။ ပြောင်းလဲပြင်ဆင်ထားမှုများကို မသိမ်းလိုက်ပါနှင့်။ အောက်တွင်ရှိသော #စာမျက်နှာတစ်ခု ဘယ်လိုဖန်တီးမလဲ ကို ဖတ်ရှုပြီး ပြန်လည်စတင်ပါ။

စာမျက်နှာတစ်ခု ဘယ်လိုဖန်တီးမလဲ

စာမျက်နှာတစ်ခု ဖန်တီးခြင်းဆိုင်ရာ နည်းပညာလမ်းညွှန်မှု အတွက် Wikipedia:စာမျက်နှာတစ်ခု ဘယ်လိုဖန်တီးမလဲ ကို ကြည့်ပါ။

လော့ဂ်အင်ဝင်ထားသည့် အသုံးပြုသူများသာ ဆောင်းပါးတစ်ခုကို ဖန်တီးနိုင်သည်။ သင့်ထံတွင် ရေးသားပြီးသား ဆောင်းပါးတစ်ခုရှိပြီး အကောင့်မရှိပါက သင့်ဆောင်းပါးကို သုံးသပ်ခြင်းနှင့် လွှင့်တင်ခြင်းပြုလုပ်ရန် ဖန်တီးရမည့် ဆောင်းပါးများတွင် တင်သွင်းနိုင်ပါသည်။

သင်နှင့် ဆောင်းပါးပါ အကြောင်းအရာ တို့ နီးစပ်စွာ ဆက်နွယ်မှု ရှိပါသလား

ဝီကီပီးဒီးယား သည် မည်သူမဆို တည်းဖြတ်နိုင်သော စွယ်စုံကျမ်း တစ်ခုဖြစ်သည်။ သို့သော် အခကြေးငွေ သို့မဟုတ် ထောက်ပံ့မှု ရယူလျက် ရှိသော စာတည်းများအတွက် အထူး လမ်းညွန်ချက်များ ရှိပါသည်။

These guidelines are intended to prevent biased articles, and maintain the public's trust that content in Wikipedia is impartial and has been added in good faith. (See Wikipedia's conflict of interest (COI) guideline.)

The official guidelines are that editors must be volunteers. That means Wikipedia discourages editing articles about individuals, companies, organizations, products/services, or political causes that pay you directly or indirectly. This includes in-house PR departments and marketing departments, other company employees, public relations firms and publicists, social media consultants, and online reputation management consultants. However, Wikipedia recognizes the large volume of good faith contributions by people who have some affiliation to the articles they work on.

အောက်ပါတို့သည် လိုက်နာရမည့် အခြေခံ ဥပဒေများ ဖြစ်သည်။ ဤဥပဒေများကို ချိုးဖောက်ပါက သင့်တည်းဖြတ်မှုများကို နောက်ပြန်ပြင်ခြင်းခံရနိုင်သလို၊ ဆောင်းပါး(များ)နှင့် သင်၏ အခြားတည်းဖြတ်ထားမှုများကိုလည်း အခြားဝီကီပီးဒီးယား အယ်ဒီတာများမှ စေ့စေ့စပ်စပ် စစ်ဆေးခြင်းခံရမည်ဖြစ်သည်။ သင့်အကောင့်သည်လည်း ပိတ်ပင်ခံနိုင်ပါသည်။

ရှောင်ကျဉ်ရန် သတိထားရမည့်အချက်များ ရေးသားသင့်သည့် နည်းလမ်းကောင်းများ
  • ကြော်ငြာစည်းရုံးသည့် အရေးအသားများ မထည့်ပါနှင့်
  • ဆောင်းပါးတွင်းရှိ ဆန့်ကျင်ဘက်/အရေးပါသော စာသားများကို မဖယ်ရှားပါနှင့်
  • လူပေါင်းများစွာ မျှဝေရန်အလိုငှာ "အဖွဲ့လိုက်" အကောင့်များ မပြုလုပ်ပါနှင့်
  • ဆောင်းပါး၏ ဆွေးနွေးချက်စာမျက်နှာရှိ သင်နှင့်နှီးနှောဆက်စပ်နေသည့် ထုတ်ဖော်ပြောကြားချက်များကို မျက်ကွယ်မပြုပါနှင့်
  • သင်ထည့်သွင်းလိုက်သော သို့မဟုတ် ပြင်ဆင်လိုက်သော အကြောင်းအရာများ၏ ဘက်မလိုက်သဘောထားကို ထိန်းသိမ်းပါ
  • သင်ရေးသားလိုက်သည့် အချက်အလက်များအတွက် ဒုတိယရင်းမြစ်များကို ကိုးကားပါ (ဥပမာ၊ a major media article)
  • ဆောင်းပါးများကို အသေးစား တည်းဖြတ်မှုများ/ပြင်ဆင်မှုများ ပြုလုပ်ပေးပါ (ဥပမာ၊ စာလုံးပေါင်းပြင်ခြင်း၊ လင့်ခ်များပြင်ဆင်ခြင်း၊ ကိုးကားချက်များ ပေါင်းထည့်ခြင်း)
  • သင်သည် ဘက်လိုက်မှုရှိပါက ဆောင်းပါးစာသားအသစ် သို့မဟုတ် တည်းဖြတ်မှုများကို ဆောင်းပါး၏ ဆွေးနွေးချက်စာမျက်နှာ (ပင်မဆောင်းပါး စာမျက်နှာတွင် မဟုတ်ဘဲ) တွင် ရေးသားပါ။
  • Disclose your relationship to the client/topic.
  • ကိုယ်ပိုင်အကောင့်များကို အသုံးပြု၍ ပြင်ဆင်ရေးသားမှု ပြုလုပ်ပါ။.
  • အကူအညီ ရှာဖွေပါ။ အလားတူဆောင်းပါးများတွင် ရေးသားနေသည့် အခြားရေးသားသူတစ်ဦးကို ရှာဖွေပါ သို့မဟုတ် တောင်းဆိုထားသည့် ဆောင်းပါးများ မှတဆင့် ဆောင်းပါးအကြောင်းအရာများအတွက် စိတ်ကူးအတွေးအခေါ်များကို တင်သွင်းပါ။

Note that this has to do only with conflict of interest. Editors are encouraged to write on topics related to their expertise: e.g., a NASA staffperson might write about planets, or an academic researcher might write about their field. Also, Wikipedians-in-residence or other interns who are paid, hosted or otherwise sponsored by a scientific or cultural institution can upload content and write articles in partnership with curators, indirectly providing positive branding for their hosts.

သင့်ဆောင်းပါးအသစ်အတွက် ခေါင်းစဉ်

အောက်တွင်ရှိသော ရှာဖွေအကွက်အတွင်းတွင် သင့်ဆောင်းပါး၏ ခေါင်းစဉ်ကို ရိုက်ထည့်ပြီး သွားရန်ကို နှိပ်ပါ။ ရှာဖွေမှု ရလဒ်များစာမျက်နှာတွင် "ဤဝီကီတွင် "(သင်ရိုက်ထည့်လိုက်သောစာသား)" အမည်နှင့် စာမျက်နှာကို ဖန်တီးပါ။" စာသားနှင့် ဆောင်းပါးအမည်ကို အနီရောင်ဖြင့် ပြသထားပါက အနီရောင်ဆောင်းပါးအမည်ကို နှိပ်၍ သင့်ဆောင်းပါးကို စတင်ရေးသားနိုင်ပါသည်။

ဒါဟာ အသစ်လား
ရိုက်ထည့်ပါ။ ပြီးနောက် "သွားရန် (ခေါင်းစဉ်ကို ကြိုးစားကြည့်ရန်)"ကို နှိပ်ပါ

သင်ဖန်တီးလိုသည့် ခေါင်းစဉ်နှင့်တူညီသည့် ဆောင်းပါးတစ်ခုဖြစ်နိုင်သလို ဖြစ်လဲမဖြစ်နိုင်ပါ။

တိကျသည့် ခေါင်းစဉ်အမည်နှင့် ဆောင်းပါးမရှိပါက ယင်းခေါင်းစဉ်နှင့် ဆောင်းပါးမရှိပါဟု မဆိုလိုပါ။ အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း ရှာဖွေခြင်းက ကူညီပြသပေးပါလိမ့်မည်။

ထိပ်တိုက်တူညီမှုများကို ဖြေရှင်းခြင်း

အကျယ်တဝင့် ဖော်ပြထားသောစာမျက်နှာ - Wikipedia:Disambiguation

တစ်ခါတစ်ရံတွင် သင်ရွေးချယ်သည့် ခေါင်းစဉ်သည် အခြားအကြောင်းအရာကွဲ ဆောင်းပါးတစ်ခုအနေဖြင့် ရှိနေနိုင်ပါသည်။ ထိုသို့သော ကိစ္စရပ်တွင် ခေါင်းစဉ်များသည် အခြားတစ်ခုနှင့် ကွဲပြားခြားနားနေနိုင်သည်။ ထိုကဲ့သို့ ခေါင်းစီးချင်းတူသော်လည်း အနက်အဓိပ္ပါယ်ကွဲပြားခြင်းကို "သံတူကြောင်းကွဲ"ဟု ခေါ်သည်။ ဤသည်မှာ အသုံးပြုသူအသစ်များအတွက် ရှုပ်ထွေးဖွယ်ရာ ဖြစ်နိုင်ပါသည်။ လိုအပ်ပါက သင်၏ ကိုယ်ပိုင်စာမျက်နှာအကြမ်းအနေဖြင့် ဖန်တီးကာ တည်းဖြတ်သူအသစ်များ၏ အကူအညီစာမျက်နှာတွင် မေးမြန်းခြင်း သို့မဟုတ် အကူအညီ စားပွဲ တွင် သံတူကြောင်းကွဲများအတွက် အကူအညီရယူနိုင်ပါသည်။

သံတူကြောင်းကွဲများကို ခေါင်းစဉ်မည်မျှရှိခြင်း နှင့် ခေါင်းစဉ်တစ်ခုသည် ကျန်ခေါင်းစဉ်များထက် ပိုမိုအရေးပါခြင်းပေါ် မူတည်၍ နည်းလမ်းသုံးမျိုးဖြင့် ဖြေရှင်းနိုင်သည်။

  • သံတူကြောင်းကွဲ စာမျက်နှာများ။ နမူနာအားဖြင့် သင်သည် "တူ" စာလုံးကို ရိုက်သွင်းလိုက်ပါက သင်သည် သံတူကြောင်းကွဲ စာမျက်နှာ သို့ ရောက်ရှိသွားမည်ဖြစ်သည်။ ထိုစာမျက်နှာတွင် တူ(ကိရိယာ)တူ(ဗေဒင်)နှင့် အခြားအဓိပ္ပါယ်ရှိ "တူ" အမည်ရှိ အကြောင်းအရာများစာရင်း ကို တွေ့ရမည်ဖြစ်သည်။ ကျေးဇူးပြု၍ ရှိနှင့်ပြီးသား ဆောင်းပါးတိုက်ဆိုင်မှုများအတွက်သာလျှင် သံတူကြောင်းကွဲ စာမျက်နှာများကို ဖန်တီးပါ။
  • အဓိကကျသော အသုံးအနှုန်း။ အချို့ကိစ္စများအတွက် ခေါင်းစဉ်ကိုယ်တိုင်ကို ယေဘုယျဘုံအသုံး (အဓိကကျသော အသုံးအနှုန်း) အနေဖြင့် အသုံးပြုပြီး ကျန်အသုံးအနှုန်းများကို သံတူကြောင်းကွဲ စာမျက်နှာတွင်သာ တွေ့နိုင်သည်။ ဥပမာအားဖြင့် ကာရစ်ဘီယံဟု ထည့်သွင်းလိုက်ပါက ကာရစ်ဘီယံပင်လယ်တွင်းရှိ ကျွန်းအုပ်စုများအကြောင်းသို့ ရောက်ရှိသွားမည်ဖြစ်ပြီး ကာရစ်ဘီယံ လေကြောင်းလိုင်း ကဲ့သို့သော အခြားအသုံးအနှုန်းများကိုမူ သံတူကြောင်းကွဲ စာမျက်နှာတွင် ထည့်သွင်းထားသည်ကို တွေ့ရမည်ဖြစ်သည်။
  • ခေါင်းစဉ်နှစ်ခုတည်းသာ။ သို့မဟုတ် အချို့ကိစ္စများတွင် ခေါင်းစဉ်အတွက် အနက်အဓိပ္ပါယ်မှာ နှစ်ခုတည်းရှိနေတတ်သည်။ သာမန်ခေါင်းစဉ်ကို (ပိုမို ယေဘုယျကျသော) အဓိပ္ပါယ်တစ်ခုအတွက် အသုံးပြုကာ အခြားတစ်ခုကို ဖတ်ရှုမည့်သူများအတွက် စာမျက်နှာထိပ်တွင် hatnote ဟုခေါ်သည့် အသိပေးစာကို ထားရှိမည်ဖြစ်သည်။ ဥပမာအားဖြင့် သင့်အနေဖြင့် လိမ္မော်သီးဟု ထည့်သွင်းပါက အသီးအကြောင်း ဆောင်းပါးသို့ ရောက်ရှိမည်ဖြစ်ပြီး hatnote မှတဆင့် လိမ္မော်သီး၊ အဆိုတော်စာမျက်နှာကို တိုက်ရိုက်ရောက်ရှိနိုင်သည်။

ကိုးကားချက်များ ထည့်သွင်းခြင်း

သင့်ဆောင်းပါးအတွင်းတွင် ပထမဆုံးလုပ်ဆောင်ထည့်သွင်းရမည်မှာ သင်၏ အချက်အလက်များအတွက် ရင်းမြစ်များထည့်သွင်းခြင်းပင် ဖြစ်သည်။ ယခုမှစ၍ အောက်ပါကဲ့သို့ ထည့်သွင်းကြည့်ပါ။ (ယင်းတို့သည့် လင့်ခ်များအဖြစ် အလိုအလျောက် ပြောင်းလဲသွားမည် ဖြစ်သည်။):

(၁) http://www.nytimes.com/2007/04/12/books/12vonnegut.html
(၂) http://www-03.ibm.com/ibm/history/exhibits/space/space_shuttle.html

နောက်ပိုင်းတွင် အောက်ခြေမှတ်စုအဖြစ် ပေါ်နေစေရန် သင်သည် ယင်းတို့ကို မည်သို့ နေရာချရမည်ကို လေ့လာနိုင်မည်ဖြစ်သည်။

သင်သည် ကိုးကားချက်များစာရင်းကို ထည့်သွင်းရန် တည်းဖြတ်မှုအနည်းငယ် ပြုလုပ်ရန်လိုအပ်သေးပါက စာမျက်နှာထိပ်တွင် {{စာမျက်နှာသစ်}} တမ်းပလိတ်ကို ထည့်သွင်းခြင်းဖြင့် ဤဆောင်းပါးကို သင်ရေးသားတည်းဖြတ်နေကြောင်း အခြားတည်းဖြတ်သူများကို အသိပေးနိုင်ပါသည်။ ပိုကောင်းသည်မှာ သင့်စာမျက်နှာ၏ စာမျက်နှာခွဲတစ်ခု တွင် ဆောင်းပါးဖန်တီးခြင်းဖြင့် ဆောင်းပါးကောင်းတစ်ပုဒ် ဖြစ်လာစေရန် အချိန်ယူတည်းဖြတ်နိုင်ပါသည်။ နောက်ပြီးမှ ပင်မဆောင်းပါးနေရာသို့ ရွေ့ပြောင်းနိုင်ပါသည်။ ဤလင့်ခ်ကို နှိပ်ခြင်းဖြင့်လည်း သင့်ကိုယ်ပိုင် sandbox ထဲတွင် ဆောင်းပါးစမ်းသပ်ရေးသားနိုင်သည်။ သို့သော် အသုံးပြုသူ ကိုယ်ပိုင်စာမျက်နှာနေရာတွင် ဖြစ်သော်လည်း ခေါင်းစဉ်များသည် မသင့်တော်ဟု ယူဆပါက ဖျက်ပစ်ရန် အဆိုပြုခြင်းခံရနိုင်ပါသည်။

ကဏ္ဍခွဲခြင်း

ဆောင်းပါးတိုင်းသည် ဝီကီပီးဒီးယားကဏ္ဍများ တစ်ခု သို့မဟုတ် ထို့ထက်ပို၍ ပါဝင်နေသင့်သည်။ တစ်ခါတစ်ရံ ဆက်စပ်ဆီလျော်သော ကဏ္ဍများကို ရှာဖွေရာတွင် ဆောင်းပါးပါရှိမည့် ဆင်တူခေါင်းစဉ်ကို စဉ်းစားပြီး ထိုစာမျက်နှာထည့်သွင်းထားသည့် ကဏ္ဍမှတဆင့်ရှာဖွေခြင်းက လွယ်ကူသည်။ သို့တည်းမဟုတ် Category:ဆောင်းပါးများ သို့သွားရောက်၍ ဆီလျော်ရာ ကဏ္ဍခွဲများကို နှိပ်ကာ အဆင့်ဆင့်ရှာဖွေနိုင်သည်။ [[Category:သင်၏ ကဏ္ဍ]] ဟု ဆောင်းပါး၏ အောက်ခြေတွင် ဆီလျော်သည့် ကဏ္ဍကိုရေးသားကာ ထည့်သွင်းနိုင်သည်။

နောက်ဆုံးအဆင့်

ဆောင်းပါးကို ရေးသွင်းပြီးစီးပါက "နမူနာပြရန်" ကိုနှိပ်ကာ အမှားအယွင်းရှိမရှိ စစ်ဆေးနိုင်သည်။ ထို့နောက် "ဤစာမျက်နှာကို သိမ်းရန်" ကို နှိပ်၍ သိမ်းဆည်းနိုင်သည်။

ပြီးနောက် ဘာဆက်လုပ်မလဲ

ယခုအခါ သင်သည် စာမျက်နှာတစ်ခုကို ဖန်တီးခဲ့ပြီးဖြစ်သည်။ သို့သော်လည်း သင်ပြုလုပ်နိုင်မည့် အခြားအကြောင်းအရာများ ရှိနေပါသေးသည်။

တိုးတက်ကောင်းမွန်စေရန် ဆက်လက်မွမ်းမံပါ

ဝီကီပီးဒီးယားသည် မပြီးဆုံးသေးပါ။ ယေဘုယျအားဖြင့် ဆောင်းပါးတစ်ပုဒ်သည် ဖန်တီးပြီးပြီးခြင်း ပြီးပြည့်စုံနေပါလိမ့်မည်။ သို့သော်လည်း ရှေ့ဆက်ရမည်များ ရှိနေပါသေးသည်။ သင့်အတွက် တည်းဖြတ်မှုများစွာ လိုအပ်နေပါသေးသည်။

သင်ဖန်တီးလိုက်သော ဆောင်းပါးနှင့် ပတ်သက်၍ သင်အလွန်အမင်း စိတ်ပါဝင်စားမှုရှိပါက အချိန်အခါနှင့် လျော်ညီစွာ ပေါင်းထည့်ရမည့် အကြောင်းအရာများအတွက် သင့်အနေဖြင့် ထပ်မံလေ့လာရန် လိုအပ်ပါသည်။ ဤသည်မှာ ယနေ့နောက်ပိုင်း၊ မနက်ဖြန်၊ သို့မဟုတ် လများစွာကြာပြီးနောက်လည်း ဖြစ်နိုင်ပါသည်။ မည်သည့်အချိန်မဆို ရှေ့ဆက်တိုးပါ။

ပုံစံချခြင်းများ တိုးတက်ကောင်းမွန်ခြင်း

သင့်ဆောင်းပါးကို မှန်ကန်စွာ ပုံစံချခြင်း (နှင့် ချဲ့ကားခြင်း၊ ထင်ရှားသာ ဆောင်းပါးများထဲတွင် ပါဝင်နိုင်စေရန်) အောက်ပါတို့ကို ဖတ်ရှုပါ။

ဆောင်းပါးကို သိမ်းဆည်းပြီးပါက အခြားသူများမှလည်း လွတ်လပ်စွာ ဝင်ရောက်ရေးသားနိုင်ပါသည်။ ဖန်တီးသူထံ၌ နောက်ပိုင်းစာသားအကြောင်းအရာများကို ထိန်းချုပ်နိုင်မည့် အထူးအခွင့်အရေး မရှိပါ။ Wikipedia:ပါဝင်အကြောင်းအရာများ၏ ပိုင်ရှင် တွင် ဖတ်ရှုပါ။

ထို့အပြင် သင်၏ ရေးသားမှုများကို ဖယ်ရှားခြင်း သို့မဟုတ် ပြင်ဆင်ခြင်းများအတွက် သင်သည် အနှောက်အယှက်ပြုခံရခြင်း သို့မဟုတ် မကျေမနပ်ဖြစ်ခြင်းများ မဖြစ်ပေါ်မီ Wikipedia:Don't be ashamed ကို ဖတ်ရှုပါ။

Avoid orphans

An orphaned article is an article that has few or no other articles linking to it. The main problem with an orphan is that it'll be unknown to others, and may get fewer readers if it is not de-orphaned.

Most new articles are orphans from the moment they are created, but you can work to change that. This will involve editing one or more other articles. Try searching Wikipedia for other pages referring to the subject of your article, then turn those references into links by adding double brackets to either side: "[[" and "]]". If another article has a word or phrase that has the same meaning as your new article, but not expressed in the same words as the title, you can link that word or phrase as follows: "[[title of your new article|word or phrase found in other article]]." Or in certain cases, you could create that word or phrase as a redirect to your new article.

One of the first things you want to do after creating a new article is to provide links to it so it will not be an orphan. You can do that right away, or if you find that exhausting, you can wait a while, provided that you keep the task in mind.

See Wikipedia:Drawing attention to new pages to learn how to get others to see your new articles.

သံတူကြောင်းကွဲ စာမျက်နှာသို့ ပေါင်းထည့်ပါ

ဝေါဟာရစကားရပ်သည် အနက်အဓိပ္ပါယ် မကွဲပြားရှိနေပါက (ဆိုလိုသည်မှာ ဆင်တူသောခေါင်းစဉ်ကို စာမျက်နှာ အများအပြားက ချိတ်ဆက် အသုံးပြုနေပါက) ဆောင်းပါးအတွက် သံတူကြောင်းကွဲ စာမျက်နှာ ရှိမရှိကြည့်ရှုပြီး ရှိပါက ထိုစာမျက်နှာသို့ ပေါင်းထည့်ပေးပါ။

အကူအညီ လိုအပ်နေဆဲပဲလား

ရိုးရာစွယ်စုံကျမ်းတစ်ခုကို ဖတ်ရှုပါ

ပုံနှိပ်ထားသည့် ရိုးရာစွယ်စုံကျမ်း (မြန်မာ့စွယ်စုံကျမ်း ကဲ့သို့သော) ဆောင်းပါးများကို ဖတ်ရှုခြင်းဖြင့် စာသားအထားအသို၊ ရေးသားပုံစတိုင်၊ အနေအထား စသည့် အကြောင်းအရာများကို လေ့လာနိုင်ပါသည်။ စွယ်စုံကျမ်းဆောင်းပါးတစ်ခုကို ရေးသားတော့မည်ဆိုပါက အကြောင်းအရာများရှိထားရုံသာမက စာရေးသားခြင်းတွင်လည်း နောက်ခံဗဟုသုတအချို့ရှိထားရန် အကြံပြုလိုပါသည်။ စွယ်စုံကျမ်းဆောင်းပါးများ မရေးသားမီ သင်၏ အထက်တန်းကျောင်း သို့မဟုတ် ကောလိပ်ရှိ စာရေးသားခြင်းသင်တန်းကို တက်ရောက်ထားရန် အကြံပြုပါသည်။

တမ်းပလိတ်:Help navigation