ဝီကီပီးဒီးယား:ဆောင်းပါးဆိုတာ ဘာလဲ?

ဝီကီပီးဒီးယား မှ
(ဝီကီပီးဒီးယား:MAINSPACE မှ ပြန်ညွှန်းထားသည်)
အကြောင်းအရာ အမည်ညွှန်းစာလုံးများ ဆွေးနွေးချက်စာမျက်နှာ အမည်ညွှန်းများ
(ပင်မ/ဆောင်းပါး) ဆွေးနွေးချက်
အသုံးပြုသူ အသုံးပြုသူ ဆွေးနွေးချက်
ဝီကီပီးဒီးယား ဝီကီပီးဒီးယား ဆွေးနွေးချက်
ဖိုင် ဖိုင် ဆွေးနွေးချက်
မီဒီယာဝီကီ မီဒီယာဝီကီ ဆွေးနွေးချက်
၁၀ တမ်းပလိတ် တမ်းပလိတ် ဆွေးနွေးချက် ၁၁
၁၂ အကူအညီ အကူအညီ ဆွေးနွေးချက် ၁၃
၁၄ ကဏ္ဍ ကဏ္ဍ ဆွေးနွေးချက် ၁၅
၁၀၀ မုဒ်ဦး မုဒ်ဦး ဆွေးနွေးချက် ၁၀၁
၁၁၈ စာမူကြမ်း စာမူကြမ်း ဆွေးနွေးချက် ၁၁၉
၇၁၀ TimedText TimedText ဆွေးနွေးချက် ၇၁၁
၈၂၈ မော်ဂျူး မော်ဂျူး ဆွေးနွေးချက် ၈၂၉
ကန့်ကွက်ထားသည်များ
၂၃၀၀ ကိရိယာငယ် ကိရိယာငယ် ဆွေးနွေးချက် ၂၃၀၁
၂၃၀၂ ကိရိယာငယ် အဓိပ္ပာယ် ကိရိယာငယ် အဓိပ္ပာယ် ဆွေးနွေးချက် ၂၃၀၃
-၁ အထူး
-၂ မီဒီယာ

ဝီကီပီးဒီးယား ဆောင်းပါးတစ်ပုဒ် ဆိုသည်မှာ စွယ်စုံကျမ်းဆိုင်ရာ အချက်အလက်ပါရှိသော ဤဝဘ်ဆိုက်ပေါ်ရှိ စာမျက်နှာတစ်ခုပင်ဖြစ်သည်။ ပြေပြစ်ကောင်းမွန်စွာ ရေးသားထားသော စွယ်စုံကျမ်း ဆောင်းပါးကောင်းတစ်ပုဒ်တွင် -

  • ထင်ရှား၍ မှတ်သားလောက်စရာကောင်းသော အကြောင်းအရာတစ်ခုကို ဖော်ထုတ်ထားခြင်း၊
  • ထိုအကြောင်းအရာကို တိုတိုနှင့် ကျယ်ကျယ်ပြန့်ပြန့် သိနိုင်ရန် အနှစ်ချုပ်၍ ထုတ်နှုတ်ရေးသားထားခြင်း၊
  • ဘာသာစကားအသီးသီးစီ၏ ကိုယ်ပိုင်စွယ်စုံကျမ်း ပုံစံမျိုး ရေးသားထားခြင်း၊
  • ကူးယူရေးသားထားသည့် အကြောင်းအရာဖြစ်စေကာမူ ပြေပြစ်စွာ ပြန်လည်ရေးသား တည်းဖြတ်ထားမှုရှိခြင်း၊
  • ယုံကြည်စိတ်ချရသော သတင်း ရင်းမြစ်များနှင့် ကိုးကားချက်များ ထည့်သွင်းဖော်ပြထားခြင်း၊
  • ဝီကီ လင့်ခ်များ၊ ဆက်စပ်နေသည့် အခြားသော အကြောင်းအရာများ / ဆောင်းပါးများ (သို့) ဆောင်းပါးအပိုဒ်ခွဲများဖြင့် ချိတ်ဆက်ထားမှုရှိခြင်း

စသည့် ဂုဏ်အင်္ဂါများနှင့်ပြည့်စုံမှုရှိ၏။

ဆောင်းပါးအများစုမှာ အကြောင်းအရာ စာသား စာပိုဒ်များနှင့် ရုပ်ပုံများ(အခြားသော ရုပ်/သံ မီဒီယာအမျိုးအစားများလည်း ဖြစ်နိုင်သည်) ပါဝင်လေ့ရှိသည်။ သို့ရာတွင် ဆောင်းပါးများကို စာရင်းဇယား သီးသန့် သို့မဟုတ် ဇယားကားချပ်များအဖြစ်လည်း ပုံစံအချိုးအစားချ၍ ပြုလုပ်နိုင်သည်(စာမျက်နှာများ ရှာဖွေရာတွင် အထောက်အကူဖြစ်စေရန် ရည်ရွယ်ပြုလုပ်ထားသော လမ်းညွှန်သက်သက်သာဖြစ်သည့် သံတူကြောင်းကွဲ စာမျက်နှာများနှင့် မရောထွေးပါနှင့်)။ ဤစာရင်းများ သို့မဟုတ် ဇယားများကို ဝီကီပီးဒီးယား၏ ရည်ရွယ်ချက်များအရ ပင်မ / ဆောင်းပါးများအဖြစ် သတ်မှတ်ထားပြီး ခေါင်းစဉ်စာသားတွင် ရှေ့ဆက်အမည်ညွှန်းမပါသော ကော်လံ( : )နှင့် ထည့်သွင်းထားသည်။

အောက်ပါအရာများကို ဆောင်းပါးများအဖြစ် ထည့်သွင်း မသတ်မှတ်ထားပါ -

  • သံတူကြောင်းကွဲ စာမျက်နှာများ ၊
  • Navbox များ(နေရာညွှန် တမ်းပလိတ် ဟူ၍လည်း သိကြသည်) အပါအဝင် တမ်းပလိတ်များ
  • အသုံးပြုသူစာမျက်နှာများ
  • ဆောင်းပါး စာမူကြမ်းများ၊
  • မုဒ်ဦး စာမျက်နှာများ၊
  • ဆွေးနွေးချက် စာမျက်နှာများ၊
  • ရုပ်ပုံများ ကဲ့သို့သော မီဒီယာဆိုင်ရာ ဖိုင်စာမျက်နှာများ
  • ကဏ္ဍခွဲထားသော ကဏ္ဍ စာမျက်နှာများ၊
  • အကူအညီ စာမျက်နှာများ နှင့်
  • ဝီကီပီးဒီးယား မူဝါဒများနှင့် လမ်းညွှန်ချက် စာမျက်နှာများ ( ဝီကီပီးဒီးယား: အမည်ညွှန်းနှင့် အစပြုသည့် စာမျက်နှာ)။

ဆောင်းပါးခေါင်းစဉ်များ[ပြင်ဆင်ရန်]

ဆောင်းပါးများအတွက် ခေါင်းစဉ်အမည်ပေးပုံကို လေ့လာရန် ဝီကီပီးဒီးယား:ဆောင်းပါးခေါင်းစဉ်များကို ကြည့်ပါ။

ဆောင်းပါး နယ်ပယ်[ပြင်ဆင်ရန်]

ဆောင်းပါးတစ်ခုစီတွင် ပါဝင်သောအကြောင်းအရာအလိုက် နယ်ပယ်တစ်ခုစီပါဝင်လေ့ရှိကြသည်။ ဆောင်းပါးတွင် ထည့်သွင်းဖော်ပြထားသည့် ယုံကြည်စိတ်ချရသော သတင်းရင်းမြစ်များမှ အချက်အလက်အပေါ် အခြေခံကာ ၎င်းနှင့်ပတ်သက်မှုအရှိဆုံး နယ်ပယ်အတွင်းရှိ အားလုံးသော အကြောင်းအရာများအတွက် အကျဉ်းချုပ်ဖော်ပြမှုများ ပါရှိသင့်သည်။

ဆောင်းပါးများ၏ အရည်အသွေး[ပြင်ဆင်ရန်]

အကျယ်တဝင့် ဖော်ပြထားသောစာမျက်နှာ - Wikipedia:Content assessment

ဆောင်းပါးများတွင် မဆိုင်းမတွဖျက်ပစ်ရန် အဆိုပြုခံရသော ဆောင်းပါးများ အဆင့်မှသည် အထူးဆောင်းပါးအဖြစ် ဖော်ပြခြင်းခံရသော ဆောင်ပါးကောင်းအဖြစ် သတ်မှတ်ခံရသည့် ဆောင်းပါးများ အဆင့်ထိ အရည်အသွေးအမျိုးမျိုးဖြင့် ရှိကြသည်။ အချို့ဆောင်းပါးများသည် ရှည်လျားပြီး ဗဟုသုတရစေမည့် အချက်အလက်အကြောင်းအရာ ကြွယ်ဝစွာပါဝင်သော်လည်း အချို့ဆောင်းပါးများမှာမူ တိုတောင်းသည် (ဆောင်းပါးတို ဖြစ်နိုင်သည်) သို့မဟုတ် အရည်အသွေး နိမ့်ပါးသည်။

အမည်ညွှန်း[ပြင်ဆင်ရန်]

အကျယ်တဝင့် ဖော်ပြထားသောစာမျက်နှာ - Wikipedia:Administration#Data structure and development

"ဆောင်းပါးများ" သည် ဝီကီပီးဒီးယား စာမျက်နှာများ၏ ပင်မ အမည်ညွှန်းကို ဆိုလိုခြင်းဖြစ်သည်("ဆောင်းပါး အမည်ညွှန်း" (သို့) "ပင်မ အညွှန်း" ဟုလည်း ခေါ်သည်)။

ပင်မ အမည်ညွှန်းဆောင်းပါး အမည်ညွှန်း သို့မဟုတ် ပင်မအညွှန်းသည် စွယ်စုံကျမ်း အကြောင်းအရာပါသော စာမျက်နှာအတွက် ဝီကီပီးဒီးယား၏ ရှေ့ဆက်အမည်ညွှန်းသတ်မှတ်ချက်ဖြစ်သည်— ၎င်းသည် Sandbox စာမျက်နှာများနှင့် ဆန့်ကျင်ဘက်ဖြစ်သည့် ဝီကီပီးဒီးယား ဆောင်းပါးများ နေရာတွင် တည်ရှိသည်။

ပင်မ အမည်ညွှန်းသည် မူရင်းသတ်မှတ်ချက် အမည်ညွှန်းဖြစ်၍ ဆောင်းပါးစာမျက်နှာ အမည်များတွင် ရှေ့ဆက်အမည်ညွှန်း စာသားကို အသုံးမပြုပေ။ ၎င်းသည် စာမျက်နှာတည်ရှိသည့် နေရာကိုညွှန်ပြပေးသော သီးခြားအမည်ညွှန်းများဖြင့် ရှေ့ဆက်အမည်အဖြစ် အမြဲဖော်ပြပေးသည့် အခြားအမည်ညွှန်းများနှင့် ကွဲပြားသည်။ ဥပမာအားဖြင့် အသုံးပြုသူစာမျက်နှာ: (User:)၊ ဆွေးနွေးချက်စာမျက်နှာ: (Talk: or User talk:)၊ တမ်းပလိတ်: (Template:)၊ ဤစာမျက်နှာကဲ့သို့ ဝီကီပီးဒီးယား: (Wikipedia:) နှင့် အမျိုးမျိုးသော အတွင်းပိုင်း စီမံခန့်ခွဲရေးဆိုင်ရာ စာမျက်နှာများ ကဏ္ဍ: (Category:) စသဖြင့် ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့ကဲ့သို့ အမည်ညွှန်း ရှေ့ဆက်စာသား မပါဘဲ ဖန်တီးထားသော မည်သည့်စာမျက်နှာကိုမဆို ဆောင်းပါးအမည်နေရာတွင် အလိုအလျောက် ထားရှိမည်ဖြစ်သည်။

ပင်မ အမည်ညွှန်းတွင် သီးခြားရည်ရွယ်ချက်များအတွက် အသုံးပြုရန် သတ်မှတ်ထားသည့် အောက်ပါတို့ကဲ့သို့သော အခြားအမည်ညွှန်းများဖြင့် စာမျက်နှာများ မပါဝင်ပါ -

သို့ရာတွင် ဆောင်းပါး အမည်ညွှန်းဖြင့် စာမျက်နှာအားလုံးသည် ဆောင်းပါးများဖြစ်သည်ဟု ယူဆ၍မရပေ။ အောက်တွင်ဖော်ပြထားသည့်အတိုင်း အချို့သော ပင်မအမည်ညွှန်းပါ စာမျက်နှာများဖြစ်လိမ့်ကစား ဆောင်းပါး စာမျက်နှာဟု မယူဆပါ -

  • ဗဟိုစာမျက်နှာ (WP:Portal)
  • အမည်ပေးခြင်းဆိုင်ရာ ပဋိပက္ခများကို ဖြေရှင်းရန် အသုံးပြုထားသည့် ထောင်ပေါင်းများစွာသော မရေရာသော သံတူကြောင်းကွဲ စာမျက်နှာများ ၊
  • စာမျက်နှာ တစ်မျက်နှာမှ အခြားစာမျက်နှာသို့ ပြန်လည်လမ်းကြောင်းပြောင်းရန်အတွက် အသုံးပြုသည့် soft redirects များ အပါအဝင် သန်းပေါင်းများစွာသော ပြန်ညွှန်း စာမျက်နှာများ၊

ဆောင်းပါးများနှင့် အချက်အလက်များ စာရင်း[ပြင်ဆင်ရန်]

အထူး:AllPages တွင် ဆောင်းပါး အမည်ညွှန်းပါ စာမျက်နှာများ စာရင်းနှင့် တိုးတက်မှုနှုန်း စာရင်းအင်းများအတွက် ဝီကီပီးဒီးယား:Statistics တွင် ကြည့်ရှုနိုင်သည်။

နောက်ထပ်ကြည့်ရန်[ပြင်ဆင်ရန်]

ပြင်ပလင့်များ[ပြင်ဆင်ရန်]

တမ်းပလိတ်:Wikipedia technical help