ဝီကီပီးဒီးယား:ဝီကီပီးဒီးယားတွင် ပါဝင်ပံ့ပိုးခြင်း

ဝီကီပီးဒီးယား မှ
(ဝီကီပီးဒီးယား:Contributing to Wikipedia မှ ပြန်ညွှန်းထားသည်)

Account ပြုလုပ်ခြင်း

A short video about that "Edit" button and what it can do when you are bold! (1:06 min)

မြန်မာဝီကီကို ဖတ်ဖို့ account တစ်ခု မှတ်ပုံတင်ပြီး log in လုပ်စရာ မလိုပါဘူး။ ဒါ့အပြင် မြန်မာဝီကီထဲမှာ ၀င်ရေးဖို့ (သို့) ပြင်ဆင်ချက်များ ပြုလုပ်ဖို့ကို မှတ်ပုံတင်စရာမလိုပဲ အချိန်မရွေး လုပ်ဆောင်နိုင်ပါတယ်။ ရေးနေကျ စာရေးသူတချို့ကလဲ log in မလုပ်ပဲ ရေးနေကြတာတွေ ရှိပါတယ်။ ဒါပေမယ့် account တစ်ခု မှတ်ပုံတင်တာဟာ မြန်လဲမြန်၊ လွယ်လဲလွယ်ပြီး ညွှန်ကြားချက်တွေ အများကြီး မလိုပါဘူး။ ပြီးတော့ account တစ်ခုကို မှတ်ပုံတင်တဲ့အတွက် ရလာနိုင်တဲ့ အကျိုးကျေးဇူးတွေကို ဘာကြောင့် account တစ်ခု လုပ်သင့်လဲ ? မှာ သွားရောက် ဖတ်ရှုနိုင်ပါတယ်။

ပြဿနာများကို ထောက်ပြ ပြင်ဆင်ခြင်း

စာဖတ်သူအချို့ဟာ မြန်မာဝီကီထဲက ဆောင်းပါးများကို ဖတ်ရှုရင်း လိုအပ်ချက်တွေ၊ အချက်အလက် အမှားတွေနဲ့ စာလုံးပေါင်း အမှားတွေကို ပြင်ဆင်ရာကနေ စတင်ရေးသား ဖြစ်လာကြပါတယ်။ ဘယ်လို ပြင်ရလဲဆိုတာ သိတာနဲ့ အမှားတွေ့ရင် ပြင်ဆင်နိုင်ပါတယ်။ တကယ်လို့ ဆောင်းပါးထဲက အချက်အလက်များကို ပြင်ဆင်ချင်တယ် ဆိုရင်တော့ အကိုးအကားထည့်ဖို့ လိုပါတယ်။ ဘာလို့လဲဆိုတော့ မြန်မာဝီကီမှာ အကိုးအကား မပါတဲ့ အချက်အလက်တွေကို ဖယ်ရှားပစ်ဖို့ ရည်ရွယ်ထားလို့ပါပဲ။ ဒါမှ မဟုတ် အဲဒီ အမှားပါတဲ့ စာမျက်နှာရဲ့ ပြောရန် နေရာမှာ ဘာကို ဘာကြောင့် ပြောင်းလဲ ပြင်ဆင် သင့်တယ် ဆိုတဲ့ comment ကို ပေးထားခဲ့လို့ ရပါတယ်။ ဒါပေမယ့် ကိုယ့် comment ကို အဆုံးမှာ four tildes ~~~~ ရိုက်ထည့်ပြီး လက်မှတ်ထိုးဖို့ မမေ့ပါနဲ့။ မြန်မာဝီကီကို တည်းဖြတ်ဖို့အတွက် အကူအညီလိုတယ်ဆိုရင်တော့ Wikipedia:ဆောင်းပါးများကို တည်းဖြတ်ခြင်းကို လေ့လာနိုင်ပါတယ်။

ဆောင်းပါး အသစ်တစ်ခု စတင်ခြင်း

မြန်မာ ဝီကီက ဆောင်းပါးတွေဟာ အခြား ဆောင်းပါးများနဲ့ လင့်ခ် များစွာ ချိတ်ဆက် ထားရှိပါတယ်။ အပြာရောင် (တကယ်လို့ သွားဖတ်ပြီးသားဆို ခရမ်းရောင်) လင့်ခ် တွေက ရေးပြီးသား ဆောင်းပါးတွေကို ချိတ်ဆက်ထားတာပါ။ အနီရောင်ဖြစ်နေသော (တကယ်လို့ သွားဖတ်ပြီးသားဆို tan) လင့်ခ် တွေက မရေးရသေးတဲ့ ဆောင်းပါးတွေ၊ ဒါမှ မဟုတ် ဖျက်ပစ်လိုက်တဲ့ ဆောင်းပါးတွေ ဖြစ်ပါတယ်။ ဒါမှ မဟုတ် စာလုံးပေါင်းမှားနေတာ ဆောင်းပါး နာမည် အမှန်မသိတာတွေ ဖြစ်နိုင်ပါတယ်။ ဒါဆိုရင် သင့်အနေနဲ့ အဲဒီ လင့်ခ်ကို ပြင်ဆင်ခြင်း ဒါမှ မဟုတ် redirect လုပ်ပေးခြင်း ပြုလုပ်နိုင်ပါတယ်။ တကယ်လို့ အဲဒီ လင့်ခ်က ညွှန်းထားတဲ့ ဆောင်းပါးမျိုး ရှိသင့်တယ်လို့ ယူဆရင်တော့ စတင်ရေးသားနိုင်ပါတယ်။

ဒါ့အပြင် တောင်းဆိုထားတဲ့ ဆောင်းပါး စာရင်း ကနေပြီး မိမိ ပိုင်နိုင်တဲ့ အကြောင်းအရာကို ရွေးချယ်ပြီး စတင်ရေးသားနိုင်ပါတယ်။ အောက်က ဖေါ်ပြထားတဲ့ ဘယ်က စရမလဲ ? ဆိုတဲ့ section ကို ကြည့်ပါ။

Wikipedia:ဆောင်းပါးတစ်ခု စတင်ခြင်း ဆိုတာကို ပိုမို ပြည့်စုံတဲ့ အကြံပေးချက်တွေရဖို့ သွားဖတ်စေချင်ပါတယ်။ အဲဒီမှာ ဆောင်းပါး အသစ်တစ်ခုကို ဘယ်လို၊ ဘာကြောင့် စတင်ရေးသားရမယ်။ ဘယ်အချိန်မှာ မရေးသင့်ဘူး ဆိုတာတွေကို ရှင်းပြထားပါတယ်။

နည်းပညာပိုင်း လိုအပ်တဲ့ အကူအညီတွေကိုတော့ Help:ဆောင်းပါးတစ်ခုကို စတင်ခြင်း မှာ လေ့လာနိုင်ပါတယ်။

စာမျက်နှာများ ပေါင်းစပ်ခြင်း

အထက်က ပြောခဲ့တဲ့အတိုင်း လူအများစုဟာ မတိကျတဲ့၊ စာလုံးပေါင်းတွေ မှားနေတဲ့ ဆောင်းပါးတစ်ခုကို ဖတ်မိရာက စပြီး မြန်မာဝီကီမှာ စာရေးဖြစ်လာပါတယ်။ နောက်ထပ် စာဖတ်သူတွေ တွေ့နေကျ ပြဿနာတစ်ခုကတော့ အချက်အလက်တွေဟာ အကြောင်းအရာ ဆင်တူ ဆောင်းပါး ၃၊ ၄ ခု (သို့ အများကြီး) မှာ ပြန့်ကျဲနေတာပဲ ဖြစ်ပါတယ်။ အဲဒါတွေကို စုပေါင်းထားရင် ဖတ်လို့ အကောင်းဆုံး ဆောင်းပါးတစ်ခုထဲ ဖြစ်လာမှာပါ။ တခြား ဝက်ဘ်ဆိုဒ် တွေနဲ့ မတူတာကတော့ ဒါဟာ မြန်မာ ဝီကီ ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာစာ တတ်သူတိုင်း ဒါတွေကို ပြင်ဆင်နိုင်ပါတယ်။ ဒီလိုလုပ်ဖို့ ဆောင်းပါးများ ပေါင်းစပ်ခြင်း ကိုစတင်ပါ။ တကယ်လို့ သင့်အနေနဲ့ ဆောင်းပါး အားလုံးကို ပေါင်းစပ်ခြင်း မပြုလုပ်ချင်ရင်တောင် အချက်အလက် အစုံဆုံးလို့ သင်ယူဆတဲ့ ဆောင်းပါးရဲ့ ပြောရန် နေရာမှာ အဲဒီ ပြန့်ကျဲနေတဲ့ ဆောင်းပါး လင့်ခ် တွေကို ရေးသားပြီး ပေါင်းစပ်သင့်ကြောင်းကို ကွန်မန့် ပေးထားခဲ့ပါ။ အခြား editor တစ်ယောက်ယောက်က တကယ်လို့ ပေါင်းစပ်ခြင်းဖြင့် အကျိုး ရှိလာနိုင်တယ်ဆိုရင် သင့်အစား ပေါင်းစပ်ပေးပါလိမ့်မယ်။ ပေါင်းစပ်ရန် ဆောင်းပါးများ ကို ဖတ်စေချင်ပါတယ်။

sandbox ကို စမ်းသပ်ဖို့ (ဒါမှမဟုတ် ပေါက်ကရရေးဖို့ :P) အတွက် အသုံးချစေချင်ပါတယ်။ လိုအပ်တဲ့ စာမျက်နှာတွေကို ပဲ ပေါင်းစပ်ပါလို့ သတိပေးလိုပါတယ်။

မြန်မာ ဝီကီ အတွက် လှူဒါန်းပါ

မြန်မာ ဝီကီ အနေနဲ့ အမြဲတမ်း နည်းပညာ အရ လိုအပ်ချက်တွေ ရှိနေပါတယ်။ ဒါမှလဲ စာဖတ်သူတွေကို မြန်ဆန်တဲ့ ရှာဖွေမှုတွေ ပြုလုပ်ပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် စီးပွားဖြစ် မဟုတ်တဲ့ မြန်မာဝီကီ ရဲ့ လိုအပ်ချက်များကို ဖြည့်စည်းဖို့ လှူဒါန်းမှုများ ပြုလုပ်ဖို့ကို တိုက်တွန်းလိုပါတယ်။ [၁] မှာ လှူဒါန်းနိုင်ပါတယ်။

Publicize Wikipedia

See Wikipedia:Building Wikipedia membership for ideas.

အခြား မန်ဘာများကို ကူညီပါ

မန်ဘာအသစ်တွေ ဖြစ်ကြပေမယ့် အချို့အနေနဲ့ ခက်ခဲတဲ့ မေးခွန်းအချို့ကို ဖြေရှင်းပေးနိုင်ပါတယ်။ ဒါကို မြန်မာဝီကီက Yahoo Answers ဒါမှ မဟုတ် Windows Live QnA ကို အသွင်ပြောင်းထားတဲ့ ဆားဗစ် တစ်ခုအနေနဲ့ ယူဆလို့ ရပါတယ်။ သင့်အနေနဲ့ မြန်မာဝီကီမှာ ပါဝင်ဖို့ expert ဖြစ်ဖို့ မလိုပါဘူး။ ဘာလို့လဲဆိုတော့ -

  • သင့်အနေနဲ့ လူတွေကို မြန်မာဝီကီထဲက ရှိပြီးသား ဆောင်းပါး တွေကို ကူရှာပေးလို့ ရနိုင်ပါတယ်။
  • တကယ်လို့ မြန်မာဝီကီ ထဲက ဖြေပြီးသားမရှိသေးတဲ့ မေးခွန်းတွေကိုသာ မေးလာလို့ သင်လဲ သိမယ်ဆိုရင် ဖြေကြားပေးလို့ ရပါတယ်။ အဲဒီ အဖြေတွေကို နောက်ထပ်မေးလာမယ့် သူတွေ ဖတ်လို့ ရအာင် မြန်မာဝီကီ ထဲကို တစ်ခါတည်း ဖြည့်စွက်ခဲ့ပါ။
  • တကယ်လို့ သင့်အနေနဲ့ အဲဒီ စိတ်ဝင်စားဖို့ကောင်းတဲ့ မေးခွန်းတွေကို မသိခဲ့ဘူးဆိုရင်တောင်မှ မြန်မာဝီကီ မဟုတ်တဲ့ အခြား resources တွေကနေပြီး လေ့လာခြင်းဖြင့် မြန်မာဝီကီ အရည်အသွေးကို ပိုကောင်းအောင် ကူညီလို့ ရပါတယ်။

တကယ်လို့ သင့်အနေနဲ့ မြန်မာဝီကီမှာ ရေးသားဖူးတဲ့ အတွေ့အကြုံ ရှိတယ် ဆိုရင် Wikipedia help forumsWikipedia:အကူအညီစားပွဲ စတဲ့ နေရာတွေမှာ အကူအညီပေးခြင်းဖြင့် အဖိုးတန်တဲ့ contribution များကို ပြုလုပ်လို့ ရပါတယ်။ အခြားသူများကို ကူညီခြင်းဖြင့် မြန်မာဝီကီ တိုးတက်လာအောင် သင်စွမ်းဆောင်နိုင်ပါတယ်။

ဘယ်က စရမလဲ ?

လောလောဆယ် လုပ်ဖို့ လိုအပ်နေတဲ့ စာရင်းတွေကနေ စတင်ပါ

တမ်းပလိတ်:Opentask
တမ်းပလိတ်:Resources for collaboration

အထက်ပါ ဇယားနဲ့ ညာဘက်က ဇယားတွေမှာ မြန်မာဝီကီမှာ ဘာတွေလုပ်သင့်တယ်ဆိုတဲ့ အချက်တွေ အများကြီး တွေ့ရပါလိမ့်မယ်။

သင့်အနေနဲ့ collaborations of the week ဒါမှမဟုတ် Wikipedia:Article improvement drive တွေကို ပူးပေါင်းပါဝင်ဖို့ စိတ်ဝင်စားမယ်ထင်ပါတယ်။

Category:ဝီကီပီးဒီးယား ထိန်းသိမ်းရေးမှာ လုပ်ဆောင်စရာများကို စာရင်းပြုစုထားပါတယ်။ Category:Incomplete lists ကနေ မစတင်ပြီး စာရင်းများ ဖြည့်စွက်ခြင်း ပြုလုပ်နိုင်ပါတယ်။

သင် သိထားတာတွေကနေ စတင်ပါ

Wikipedia:Pages needing attention ကိုသွားရောက် ဖတ်ရှုခြင်းဖြင့် ဆောင်းပါးများကို ခေါင်းစဉ်အလိုက် တွေ့နိုင်ပါတယ်။ အဲဒီဆောင်းပါးတွေက အဲဒီဘာသာရပ်ကို ကျွမ်းကျင်တဲ့ သူတွေဆီက ရေးသားမှုတွေကို လိုအပ်နေဆဲပါ။ သင်သိသမျှကို စာရင်း ပြုစုပါ။ မြန်မာ ဝီကီ နဲ့ မဆိုင်တာတွေကို ဖယ်ပြစ်ပါ။

သင်သိထားနိုင်တဲ့ အချက်တွေက....

  • သင်သုတေသန ပြုထားပြီးသား အချက်တွေဖြစ်ပါတယ်။ သင့်အနေနဲ့ စာတမ်း၊ သီးစစ်၊ အက်ဆေး၊ ဘလောက်၊ ဒါမှ မဟုတ် ကျောင်းက ခိုင်းတဲ့ စာတမ်းတစ်ခုခု ရေးပြီးသား ရှိနေပြီလား ? သင့်ရဲ့ ကြိုးစားမှု အသီးအပွင့်တွေကို သက်ဆိုင်ရာ မြန်မာဝီကီ က ဆောင်းပါးတွေမှာ ရေးသားခြင်းဖြင့် မျှဝေဖို့ စဉ်းစားပါ။ သင့်အနေနဲ့ သင်ရေးထားတဲ့ မြန်မာဝီကီ ပုံစံမကျသေးတဲ့ အက်ဆေးတွေကို မြန်မာဝီကီထဲ ထည့်ရေးချင်မယ် မထင်ပါဘူး။ ပထမဆုံး အဖြစ်နိုင်ဆုံးက ရှိပြီးသား ဆောင်းပါးတွေမှာ သင်ရေးထားတဲ့ အချက်အလက်တွေကို ထပ်မံ ပေါင်းစပ် ထည့်သွင်းဖို့ ဖြစ်ပါတယ်။ နောက်တစ်ခုက မြန်မာ ဝီကီဟာ စွယ်စုံကျမ်း [Encyclopedia] တစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် encyclopedic style နဲ့ မကိုက်ညီတဲ့ ဆောင်းပါးတွေကို ပြန်လည် ပြင်ဆင်ရေးသားဖို့ စဉ်းစားပါ။ အနည်းဆုံး {{cleanup}} ဆိုတဲ့ tag လေးကို ဆောင်းပါး ထိပ်ဆုံးမှာ ထည့်ပေးထားဖို့ လိုပါမယ်။ ဒါမှ အခြားသူများက အလွယ်တကူ ရှာဖွေ ပြင်ဆင်နိုင်မှာ ဖြစ်ပါတယ်။ နောက်တစ်ခု မှတ်သားဖို့ က မြန်မာဝီကီ ဟာ [original research] အသစ်ရှာဖွေတွေ့ရှိချက်များကို တင်ပြရန် နေရာမဟုတ်ပါ. တကယ်လို့ သင့်အနေနဲ့ အသစ်ရှာဖွေတွေ့ရှိမှုများ ကို တင်ပြချင်ရင် သင့်တော်တဲ့ တခြားနေရာတစ်ခုကို ရှာဖွေရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ မြန်မာဝီကီ က လုပ်ဆောင်နေသည်များက ပုံနှိပ်ထုတ်ဝေပြီးသား အချက်အလက်များ၊ အတွေးအခေါ်များ၊ အိုင်ဒီယာများကို သုတေသနပြုလုပ်ပြီး စုစည်းတင်ပြရန် ဖြစ်ပါတယ်။ စာတမ်းအများစုဟာ undergraduate level အထိ သာ ရေးသားထားတာ ဖြစ်ပါတယ်။ နည်းပညာပိုင်းဆိုင်ရာ အကူအညီအတွက် Wikipedia:How to import articles ကိုကြည့်ပါ။
  • မြန်မာဝီကီက ဆောင်းပါးတွေဟာ လက်ရှိတိုးတက်မှုတွေကို ထင်ဟပ်နေအောင် အမြဲ ထပ်မံပြင်ဆင်ရေးသားဖို့ လိုနေပါတယ်။ မြန်မာဝီကီဟာ အခုလက်ရှိ ဖြစ်ပျက်နေတဲ့ အခြေအနေတွေကို လူတွေ ပိုမို နားလည်လာအောင် နောက်ခံ အဖြစ်အပျက်တွေ အချက်အလက်တွေကို လဲ ပံ့ပိုးပေးနေတာ ဖြစ်ပါတယ်။ တကယ်လို့ သင့်အနေနဲ့ သတင်းဌာန တစ်ခုကနေ သတင်းအသစ်တစ်ခု ကြားသိလာတယ်ဆိုရင် အဲဒီ သတင်းနဲ့ ပက်သက်တဲ့ မြန်မာဝီကီ ကဆောင်းပါးကို ပြင်ဆင်ရေးသားနိုင်ပါတယ်။ တကယ်လို့ သင့်မှာ သတင်းလိုချင်ရင် Google News ကနေ ရှာဖွေဖတ်ရှုနိုင်ပါတယ်။ ဒါပေမယ့် မြန်မာဝီကီဟာ စွယ်စုံကျမ်းဖြစ်တယ်ဆိုတာကို အမြဲ သတိရပါ။ သင်ကိုယ်ပိုင် သတင်းအသစ်တစ်ခုကို ရေးသားချင်တယ်ဆိုရင် Wikinews ကို အသုံးချပါ။
  • နိုင်ငံခြား ဘာသာ စကားတစ်ခုကို သင်သိပါသဘား? interlanguage links ကို ထည့်သွင်းပါ။ ဆောင်းပါး တစ်စောင်၊ နှစ်စောင်ကို ဘာသာ စတင်ပြန်ဆိုပါ။ ဒါမှမဟုတ် ဘာသာပြန် အလုပ်များကို အထက်ဖေါ်ပြပါ လောလောဆယ်လုပ်ဖို့ လိုအပ်နေတဲ့ စာရင်းများ မှ ရှာဖွေ ပြန်ဆိုပါ။
  • သင့် တက္ကသိုလ် ဒါမှမဟုတ် ကောလိပ်ကို ကောလိပ် နှင့် တက္ကသိုလ်များ စာရင်း မှ ရှာဖွေပါ။
  • သင်နေတဲ့ နိုင်ငံ၊ မြို့နယ်၊ ကျေးရွာ၊ ဒါမှမဟုတ် သင် လည်ပတ်ဖို့ စိတ်၀င်စားတဲ့ ရောက်ဖူးတဲ့ နေရာတွေ အကြောင်းရေးပါ။ နိုင်ငံများ စာရင်း မှာ ရှာဖွေခြင်းဖြင့် စတင်ပါ။ သို့သော် မြန်မာဝီကီဟာ travel guide ခရီးသွားလမ်းညွှန် မဟုတ်တာကို သတိရပါ။ ခရီးသွားလမ်းညွှန်ရေးရန် Wikitravel ကို အသုံးပြုပါ။
  • သင်စိတ်အဝင်စားဆုံး သမိုင်း၊ ဖျော်ဖြေမှု၊ အားကစား တစ်ခုခု အကြောင်းစတင်ပါ။
  • သင်အကြိုက်ဆုံးစာအုပ်ကဘာလဲ (ဝတ္ထုမဟုတ် လျင် ပိုကောင်းသည်) ?
  • သင့် နိုင်ငံရှိ နိုင်ငံရေး နှင့် ဘာသာရေး ခေါင်းဆောင်များအကြောင်းကို သိပါသလား? နိုင်ငံရေး ခေါင်းဆောင်များ စာရင်း မှာ ရှာဖွေ ဖတ်ရှုစတင်ပါ။
  • သင့်အနေနဲ့ မြန်မာဝီကီမှာ ထည့်ရေးသင့်တယ်လို့ ယူဆတဲ့ လူပုဂ္ဂိုလ် တစ်ယောက်ယောက်အကြောင်းကို စိတ်ဝင်စားပါသလား ? လူပုဂ္ဂိုလ်များ စာရင်း မှာ ရှကြည့်ပါ။ သူတို့ မွေးနေ့ သေနေ့တွေ မှန်ကန်ပါရဲ့လား ?

ပြင်ပ လေ့လာမှုများဖြင့် စတင်ပါ

သင့်ရဲ့ နည်းပညာ ငတ်မွတ်မှုကို အစာကျွေးပါ။ သင် အနည်းငယ်သာ သိသေးတဲ့ အကြောင်းအရာ တစ်ခု ဒါမှ မဟုတ် စူးစမ်းချင်တဲ့ ကိစ္စ တစ်ခုခု နောက်ဆုံး အဲဒါကို သင်မသိလို့ အပြစ်ရှိသလို ခံစားနေရတဲ့ ခေါင်းစဉ် တစ်ခုခု ကို ရွေးချယ်ပါ။ တကယ်လို့ သင့်အနေနဲ့ အကြောင်းအရာ တစ်ခုခုကို သိပြီးသား ဖြစ်နေခဲ့မယ်ဆိုရင်တောင် အကောင်းဆုံး အကိုးအကားဖြစ်တဲ့ လက်တွေ့ ပတ်၀န်းကျင်က ပိုမို ပြည့်စုံနိုင်ပြီး သင်နဲ့ အခြား စာဖတ်သူများကို အကူအညီပေးနိုင်တဲ့ အကိုးအကားတစ်ခု ဖြစ်လာနိုင်ပါတယ်။

အင်တာနက်မှာ စာအုပ်ကောင်းတွေ၊ မဂ္ဂဇင်းကောင်းကောင်းတွေ ရှာဖွေပါ။ အကိုးအကား ကောင်းကောင်း အသုံးချခြင်းဟာ မြန်မာဝီကီ ကို တိုးတက်စေဖို့ အကောင်းဆုံး နည်းလမ်းထဲက တစ်ခု ဖြစ်ပါတယ်။ နောက်ပြီး မြန်မာဝီကီ ကြီးထွားလာဖို့ ဆက်စပ်နေတဲ့ အကြောင်းရင်း တစ်ခုလည်း ဖြစ်ပါတယ်။ ရေးသားတဲ့ နေရာမှာ အကိုးအကားထည့်ပါ။ အကိုးအကားထည့်ခြင်းဖြင့် သင့်အနေနဲ့ လက်ခံနိုင်တဲ့ အတိုင်းအတာကို သာ ကူးယူဖေါ်ပြနေသမျှ ကာလပတ်လုံး မူပိုင်ခွင့် ဖေါက်ဖျက်မှု မဖြစ်တော့ပါဘူး။ သုတေသန ပြုလုပ်ခြင်းဖြင့် သင်သေချာမသိတဲ့ အကြောင်းအရာကို ဆောင်းပါးရေးသားရာမှာ ဘယ်လို အချက်အလက်တွေကို ထပ်ဖြည့်ဖို့ လိုတယ်ဆိုတာကို အလွယ်တကူ သိလာစေပါတယ်။

သင်လုံးဝ မသိသေးတဲ့ အကြောင်းအရာ တစ်ခုကို ဆောင်းပါးရေးပါ။ ဒီနည်းနဲ့ ခေါင်းစဉ် အသစ်တစ်ခုကို လေ့လာပါ။ လေ့လာစဉ်မှာ မြန်မာ ဝီကီ ထဲမှာ လေ့လာမိသမျှ စုဆောင်း တင်ပြပါ။ တကယ်တော့ ဒီနည်းလမ်းဟာ အကောင်းဆုံး လေ့လာမှု အထောက်အကူ တစ်ခု ဖြစ်ပြီး သင့်ကို လေ့လာသမျှကို မှတ်စုထုတ်ဖို့၊ အချက်အလက်တွေကို စုစည်းဖို့၊ ပြီးတော့ လေ့လာမိသမျှကို သင့်ကိုယ်ပိုင်စကားလုံးတွေ သုံးပြီး ပြန်ရေးဖိုပ တွန်းအားပေးနိုင်ပါတယ်။ လက်စွဲအနေနဲ့ ဆောင်းပါးကောင်းတစ်ပုဒ်ကို ဘယ်လို ရေးကြမလဲ ဆိုတာကို ဖတ်စေချင်ပါတယ်။

Public domain ကနေပြီး အချက်အလက်များ စုစည်းပါ။ လေ့လာ ဖြည့်စွက်ပြီး မြန်မာဝီကီမှာ ရေးသားပါ။ (မှတ်ချက်။ မူပိုင်ခွင့် ချိုးဖောက်မှု မဖြစ်စေရန် အထူးဂရုစိုက်ပါ။ မူပိုင်ခွင့်ကို ဒီမှာ လေ့လာပါ။ Wikipedia copyrights)။

သင်လေ့လာရန် စိတ်ဝင်စားနိုင်သော အချက်များ :

  • သမိုင်းမှာ စိတ်ဝင်စားလောက်စရာတွေ ဒီနေ့ ဘာဖြစ်ခဲ့လဲ? သင့်မွေးနေ့မှာ ဘာစိတ်ဝင်စား စရာ အဖြစ်တွေ ဖြစ်ခဲ့လဲ ? http://www.google.com/search?q=this+day+in+history နဲ့ list of historical anniversaries မှာ ရှာကြည့်စေချင်ပါတယ်။

Class assignments များ အလိုရှိသည်

အကျယ်တဝင့် ဖော်ပြထားသောစာမျက်နှာ - Wikipedia:School and university projects

တကယ်လို့ သင့်အနေနဲ့ ကျောင်းဆရာ ဒါမှမဟုတ် တက္ကသိုလ် တစ်ခုခုက ပရော်ဖက်ဆာ တစ်ယောက် ဖြစ်ခဲ့မယ်ဆိုရင် မြန်မာဝီကီကို အသုံးပြုပြီး သင့်တပည့်တွေကို open content website တစ်ခု ဘယ်လို အလုပ်လုပ်တယ်၊ ဘယ်လို အသုံးချရတယ်ဆိုတာကို ပရောဂျက်များ ပြုလုပ်ပြီး ရှင်းပြစေချင်ပါတယ်။ ဒီလိုလုပ်တာ သင် ပထမဆုံး မဟုတ်ပါဘူး။ ဒီလို ပရောဂျက်တွေ အများစုကနေ ကျောင်းသားတွေရဲ့ ဗဟုသုတကို တိုးပွားစေသလို မြန်မာဝီကီ ကိုလည်း အချက်အလက်တွေ ထပ်မံ ဖြည့်တင်းပေးရာ ရောက်ပါတယ်။ အိမ်စာပေးတာထက် ပိုထိရောက်တဲ့ အချက်ကတော့ ကျောင်းသားတွေ အနေနဲ့ လက်တွေ့ ပိုကျတဲ့ အခြေအနေမျိုးကို ရင်ဆိုင်ရမှာဖြစ်ပြီး ပညာရေးသာမက ကျောင်းသားတွေစိတ်ထဲမှာ ငါတို့ အလုပ်တွေကို ကမ္ဘာက မြင်ရတော့မယ် ဆိုတဲ့ အတွေးမျိုးနဲ့ ပျော်ရွှင်စေပါတယ်။ ဒါ့အပြင် ကျောင်းသားများကို သင်ရိုးမှတ်စုများနဲ့ စာတမ်းများကို ပိုမို ထိရောက်စွာ ပေါင်းစပ် အသုံးချနိုင်လာစေပါတယ်။ အရေးအကြီးဆုံးက သူတို့ရဲ့ အလုပ်တွေဟာ ပုံမှန် စာရွက် နဲ့ လုပ်ရတဲ့ အလုပ်တွေလို မေ့ပျောက်သွားမှာ မဟုတ်ပဲ အွန်လိုင်းမှာ အကိုးအကားအနေနဲ့ ကျန်ရစ်ခဲ့မှာ ဖြစ်ပါတယ်။

Programmers များ အလိုရှိသည်

မြန်မာဝီကီကို ကူညီဖို့ standalone scripts များရေးသားရန်၊ ဒါမှ မဟုတ် မြန်မာဝီကီ အသုံးချ ဆော့ဖ်ဝဲများ ကို တိုးတက်ကောင်းမွန်အောင် ပြုလုပ်ရန် Programming skills ရှိသူများကို တန်ဖိုးထား ခေါ်ယူလိုပါတယ်။

မြန်မာဝီကီမှ ကျေးဇူးများစွာ တင်ရှိပါတယ်

သင်တို့ရဲ့ contributions တွေကြောင့် နောင်ဆို မြန်မာ မျိုးဆက်သစ်များမှ အချက်အလက်များကို ခိုင်ခိုင်မာမာ စုံစုံလင်လင် ကိုးကားနိုင်တော့မှာ ဖြစ်လို့ သူတို့ကိုယ်စား မြန်မာဝီကီမှ လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါသည်။

အကိုးအကား