ဝီကီပီးဒီးယား:ဆွေးနွေးချက်စာမျက်နှာ လမ်းညွှန်ချက်များ

ဝီကီပီးဒီးယား မှ
(ဝီကီပီးဒီးယား:Talk page မှ ပြန်ညွှန်းထားသည်)

ဆောင်းပါးတစ်ပုဒ်မှ ဆွေးနွေးချက်စာမျက်နှာ၏ ရည်ရွယ်ချက်မှာ သက်ဆိုင်ရာ ဆောင်းပါး သို့မဟုတ် ပရောဂျက်စာမျက်နှာနှင့် ပတ်သက်၍ တည်းဖြတ်သူများအတွက် ဆွေးနွေးပြောဆိုရန် နေရာတစ်ခုအဖြစ် ထောက်ပံ့ပေးရန် ဖြစ်သည်။ တည်းဖြတ်သူများအနေဖြင့် အကြောင်းအရာအပေါ် ကိုယ်ပိုင်ရေးရာအမြင်များ ရေးသားရန်အတွက် ဆောင်းပါးဆွေးနွေးချက် စာမျက်နှာများကို အသုံးမပြုသင့်ပေ။

ဆွေးနွေးချက်စာမျက်နှာတွင် ရေးသားရာ၌ ကောင်းမွန်စွာ တည်းဖြတ်ရေးသားကာ အပြန်အလှန် အကျိုးရှိစွာ လုပ်ကိုင်ဆောင်ရွက်ရကြမည် ဖြစ်သည်။ ဆွေးနွေးချက်စာမျက်နှာများ၏ အဓိကတန်ဖိုးမှာ ဆက်ဆံပြောဆိုခြင်း၊ ယဉ်ကျေးမှုရှိခြင်းနှင့် စဉ်းစားတွေးခေါ်ခြင်းတို့ ဖြစ်သည်။ အောက်ပါတို့သည် ဝီကီပီးဒီးယန်းများအား ဆွေးနွေးချက်စာမျက်နှာများကို အကျိုးရှိစွာ အသုံးပြုနိုင်ရန်အတွက် လမ်းညွှန်ပေးရန် ရည်ရွယ်သည်။

လမ်းညွှန်ချက်များ အားလုံးသည် Wikipedia:လက်ဖက်ရည်ဆိုင် ကဲ့သို့သော ဝီကီပီးဒီးယား၏ ဆွေးနွေးချက်စာမျက်နှာများတွင်လည်း အကျုံးဝင်သည်။

အဓိကကျသော အချက်များ

ဝီကီပီးဒီးယားမူဝါဒများကို ထိန်းသိမ်းပါ

နောက်ထပ် စုံစမ်းလေ့လာမှုများအတွက် အထောက်အကူဖြစ်စေသော သုံးသပ်ချက်များ၊ အကြံပြုချက်များ၊ ပုဂ္ဂိုလ်ရေးရာ ဗဟုသုတများကို ဆွေးနွေးချက် စာမျက်နှာများပေါ်တွင် ခွင့်ပြုထားသည်။ သို့သော် ဆွေးနွေးချက်စာမျက်နှာများကို လွဲမှားစွာ အသုံးပြုမိခြင်သည် ငြင်းခုံခြင်းသို့ ဦးတည်စေကာ မူဝါဒ သတ်မှတ်ချက်များနှင့် မကိုက်ညီတော့ပေ။ သက်ရှိ ပုဂ္ဂိုလ်များ၏ အတ္ထုပ္ပတ္တိများအတွက် အထူးဂရုပြုရမည်မှာ "တည်းဖြတ်သူများသည် သက်ရှိ ပုဂ္ဂိုလ်များအကြောင်း အချက်အလက်များ ကို မည်သည့် ဝီကီပီးဒီးယား စာမျက်နှာများကိုမဆို ထည့်သွင်းရေးသားရာတွင် အထူးဂရုပြုရမည်" ဟူသော အချက်သည် ဆောင်းပါးစာမျက်နှာများသာမက ဆွေးနွေးချက် စာမျက်နှာများတွင်ပါ အကျုံးဝင်သည်။

ဆွေးနွေးချက် စာမျက်နှာများ ဖန်တီးခြင်း

ဆွေးနွေးချက် စာမျက်နှာများကို အခြားစာမျက်နှာများကဲ့သို့ပင် အနီရောင် "ဆွေးနွေးချက်များ" tab ကိုနှိပ်ကာ ဖန်တီးနိုင်သည်။

ဗလာ ဆွေးနွေးချက် စာမျက်နှာများကို ဖန်တီးခြင်း မပြုပါနှင့်။ အလားတူ {{Talk header}} တမ်းပလိတ်ကို ထားရှိရန်အတွက်သာ ရည်ရွယ်၍လည်း စာမျက်နှာကို မဖန်တီးပါနှင့်။ Template:Talk header နှင့် အလားတူ ဆွေးနွေးချက်ဆိုင်ရာ သတိပေးတမ်းပလိတ်များကို ဆွေးနွေးထားမှု မရှိသည့် စာမျက်နှာများတွင် မထည့်သွင်းသင့်ပေ။ ထို့အပြင် ဆွေးနွေးချက်ဆိုင်ရာ သတိပေးတမ်းပလိတ်များကို ဆွေးနွေးချက် စာမျက်နှာတိုင်း၊ ဆွေးနွေးထားမှုရှိနေသော ဆွေးနွေးချက်စာမျက်နှာတိုင်းတွင် လိုက်လံထည့်သွင်းရန်လည်း မလိုအပ်ပေ။

ဆောင်းပါးဆွေးနွေးချက် စာမျက်နှာများကို မည်သို့ အသုံးပြုမည်နည်း

ဤအပိုင်းသည် ဆောင်းပါးဆွေးနွေးချက် စာမျက်နှာများအတွက်ဆိုသော်လည်း ယေဘုယျအချက်များကို ဆွေးနွေးချက်စာမျက်နှာ အားလုံး၌ ပူးပေါင်းဆောင်ရွက်ရာတွင်လည်း အကျုံးဝင်သည်။
  • ပြေပြစ်စွာ ဆက်ဆံပါ: သံသယဖြစ်နေချိန်တွင်တောင်မှ အခြားသူများ သင့်ကို နားလည်နိုင်စေရန် ပိုမိုကြိုးစားအားထုတ်ပါ။ ဖော်ရွေရင်းနှီးစွာ ပြုမူခြင်းသည် အကူအညီကောင်း ဖြစ်ပါသည်။ အထင်အမြင်တစ်ခုကို သင်ဘာကြောင့် ဆုပ်ကိုင်ထားရသနည်းဆိုတာကို ရှင်းမပြပဲနေသည်ထက် သင့်အမြင်များကို ရှင်းလင်းပြသခြင်းသည်လည်း အကြံကောင်းတစ်ခု ဖြစ်ပါသည်။ သင့်မှာရှိသော သေချာသည့် ခံယူချက်ကို အခြားသူများအား ပြောပြခြင်းဖြင့် ထိုခံယူချက်၏ ကျိုးကြောင်းညီညွတ်မှုကို ရှင်းလင်းပြသပါ။
  • အကြောင်းအရာအပေါ် အာရုံစူးစိုက်ပါ: ဆွေးနွေးချက် စာမျက်နှာများသည် ဆောင်းပါး ဆွေးနွေးချက်အတွက်ဖြစ်ပြီး ဆောင်းပါးအကြောင်းအရာကို အာလာပသလ္လာပ ပြောဆိုရန် မဟုတ်ပေ။ ဆောင်းပါးကို တိုးတက်ကောင်းမွန်စေရန် မည်သို့ ပြုလုပ်မည်နည်းဟူသော အချက်ကို စူးစိုက်ဆောင်ရွက်ပါ။ ဆောင်းပါးအကြောင်းအရာအပေါ် ဆွေးနွေးလိုပါက Wikipedia:Reference desk တွင်သာ ဆွေးနွေးပါ။
  • အကောင်းမြင်ပါ: ဆောင်းပါး ဆွေးနွေးချက် စာမျက်နှာများကို ဆောင်းပါးတစ်ပုဒ်အား တိုးတက်ကောင်းမွန်စေရန်အတွက် ဆွေးနွေးရာတွင် အသုံးပြုသင့်သည်။ အပြစ်ရှာရန်၊ ရမယ်ရှာရန် သို့မဟုတ် ဆောင်းပါး၏ လက်ရှိ အခြေအနေအပေါ် မကျေနပ်ဖွယ်ရာများ ရင်ဖွင့်ရန်နေရာ မဟုတ်ပေ။ ဤအချက်ကို သက်ရှိပုဂ္ဂိုလ်များ၏ အတ္ထုပ္ပတ္တိဆောင်းပါး ဆွေးနွေးချက်စာမျက်နှာများတွင် တွေ့ရတတ်သည်။ သို့သော် တစ်ခုခုမှားယွင်းနေကြောင်း သင့်အနေဖြင့် ခံစားရပြီး မည်သို့ပြုလုပ်ရမည်ကို မသိပါက အခြားသူများထံမှ အကြံဉာဏ်ရယူနိုင်ပါသည်။
  • မျှတစွာ ပြုမူပါ: ဆွေးနွေးချက် စာမျက်နှာများသည် အငြင်းပွားဖွယ်ရာ အခြေအနေတစ်ရပ်အပေါ် တည်းဖြတ်သူများအတွက် ၎င်းတို့၏ ပုဂ္ဂိုလ်ရေးရာ အမြင်ကို ဖော်ထုတ်ရန် နေရာမဟုတ်ပေ။ ဆောင်းပါးအတွင်းတွင် ခိုင်မာသည့်ရင်းမြစ်များ၏ အမြင်များကို ထည့်သွင်းသင့်ကြောင်း ဆွေးနွေးရန် နေရာရှိသည်ဖြစ်၍ အဆုံးသတ်ရလဒ်သည် ဘက်မလိုက်ခြင်းသာ ဖြစ်သည်။ ကိစ္စတစ်ခုကို အကောင်းဆုံးတင်ပြရန်မှာ အကိုးအကားများကို မှန်ကန်စွာ ရှာဖွေခြင်း ဖြစ်သည်။
  • အချက်အလက်များဖြင့် ဖြေရှင်းပါ: ဆွေးနွေးချက် စာမျက်နှာသည် အတည်ပြုခြင်းနှင့် ပတ်သက်သော ကိစ္စရပ်များအတွက် သင့်တော်သည့် နေရာတစ်ခု ဖြစ်သည်။ ရင်းမြစ်များ ရှာဖွေရာတွင် အကူအညီ ရယူခြင်း၊ ရင်းမြစ်များအပေါ် သဘောထားကွဲလွဲမှုများ သို့မဟုတ် ရှေ့နောက်ကွဲလွဲမှုများကို ဆွေးနွေးခြင်း၊ အကိုးအကားများ၏ ခိုင်မာမှုအပေါ် ဆန်းစစ်ခြင်း စသည်တို့ကို ပြုလုပ်နိုင်သည်။ ဖော်ပြချက်တစ်ခုကို အထောက်အကူပေးသော အတည်ပြုနိုင်သည့် အကိုးအကားကို မေးမြန်းခြင်းသည် ထိုဖော်ပြချက်ကို ကန့်ကွက်ခြင်းထက် တစ်ခါတစ်ရံ ပိုကောင်းတတ်ပါသည်။
  • မျှဝေပါ: အတည်ပြုနိုင်ခြင်း သို့မဟုတ် အခြား အကြောင်းကိစ္စကြောင့် အကိုးအကားများ ရှာဖွေနေချိန် သို့မဟုတ် ဆွေးနွေးနေချိန်တွင် ဆောင်းပါးတွင်းမှ အကြောင်းအရာများအား ဖယ်ရှားပြီး "ခေတ္တထားရှိရာနေရာ" အဖြစ် ဆွေးနွေးချက်စာမျက်နှာကို အသုံးပြုနိုင်ပါသည်။ အကယ်၍ အကြောင်းအရာသစ်များသည် အငြင်းပွားဖွယ်ရာ ဖြစ်နေပါက ဆောင်းပါးတွင်း ထည့်သွင်းရန် အဆင်သင့် မဖြစ်မီ ဆွေးနွေးချက် စာမျက်နှာပေါ်တွင် ပြင်ဆင်နိုင်ပါသည်။
  • တည်းဖြတ်မှုများကို ဆွေးနွေးပါ: ဆွေးနွေးချက် စာမျက်နှာများသည် တည်းဖြတ်မှုများအား ဆွေးနွေးရာတွင် အထူးအသုံးတည့်သည်။ အကယ်၍ သင့်တည်းဖြတ်မှုကို တစ်စုံတစ်ဦးက နောက်ပြန်ပြင်သွားပြီး သင်က ပြန်လည်ပြင်ဆင်သည်ဆိုပါက ပြန်လည်ပြင်ဆင်ရခြင်း အကြောင်းကို ဆွေးနွေးချက်စာမျက်နှာတွင် ရှင်းလင်းပြခြင်းနှင့် တည်းဖြတ်ခြင်း အတိုချုပ်တွင် မှတ်ချက်ရေးသားခြင်းသည် ကောင်းမွန်သော အပြုအမူတစ်ရပ် ဖြစ်သည်။ ဆွေးနွေးချက် စာမျက်နှာသည် အခြားတည်းဖြတ်သူ၏ ပြင်ဆင်မှုကို မေးမြန်းရန် နေရာလည်း ဖြစ်သည်။ အကယ်၍ တစ်စုံတစ်ဦးသည် သင့်တည်းဖြတ်မှုကို မေးမြန်းပါက ပြည့်စုံပြီး အကူအညီဖြစ်စေမည့် အကြောင်းပြချက်ဖြင့် ပြန်လည်ရေးသားပါ။
  • အဆိုပြုချက်များ ပြုလုပ်ပါ: ဆောင်းပါးအတွက် အဆိုပြုချက်အသစ်များသည် အခြားတည်းဖြတ်သူများအတွက် ဝင်ရောက်ဆွေးနွေးနိုင်ရန် လမ်းဖွင့်ပေးထားခြင်း ဖြစ်သည်။ အဆိုပြုချက်များတွင် ပြင်ဆင်ခြင်းအတွက် အသေးစိတ် အချက်အလက်များ၊ စာမျက်နှာ ရွေ့ပြောင်းခြင်းများ၊ ပေါင်းစပ်ခြင်းများ သို့မဟုတ် ရှည်လျားသော ဆောင်းပါးအပိုင်းကို သီးခြားဆောင်းပါးအဖြစ် ခွဲထုတ်ခြင်းများ စသည်တို့ ပါဝင်နိုင်သည်။

ပူးပေါင်းဆောင်ရွက်ကြသော ဆွေးနွေးချက်စာမျက်နှာ အားလုံးအတွက် အပြုအမူကောင်းများ

  • ဆွေးနွေးချက် အသစ် မစတင်မီ ခေါင်းစဉ်တူအကြောင်းအရာတူ ရှိမရှိ စစ်ဆေးပါ။ ဆွေးနွေးချက် စာမျက်နှာ၏ အပိုင်းများရှိ တူညီသော ဆွေးနွေးချက်များသည် ရှုပ်ထွေးစေနိုင်ပြီး အကြောင်းအရာအပေါ် ပြောဆိုထားမှုများကို အနှောက်အယှက်ဖြစ်စေနိုင်သည်။
  • တည်းဖြတ်သူအပေါ်မဟုတ်ပဲ အကြောင်းအရာအပေါ်သာ သုံးသပ်ပါ: ဆွေးနွေးချက် စာမျက်နှာတွင် ဝင်ရောက်ပြောဆိုထားသည့် တည်းဖြတ်သူတို့၏ ပုဂ္ဂိုလ်စရိုက်များထက် ဆွေးနွေးချက်စာမျက်နှာရှိ အကြောင်းအရာ ခေါင်းစဉ်ကိုသာ အာရုံစိုက်ဆွေးနွေးပါ။
  • သင့်စာစုများကို လက်မှတ်ထိုးပါ: စာစုတွင် လက်မှတ်ထိုးရန်အတွက် tilde လေးခု (~~~~) ကို ရိုက်ထည့်ပါက သင့်အသုံးပြုသူအမည်နှင့် အချိန်ရက်စွဲကို အလိုအလျောက် ထည့်သွင်းပေးသွားပါလိမ့်မည်။ သင်၏ အသုံးပြုသူအမည်နှင့် အိုင်ပီလိပ်စာများကို စာမျက်နှာ ရာဇဝင်တွင် မှတ်သားထားသဖြင့် အမည်မသိအသုံးပြုသူအနေဖြင့် သုံးသပ်ချက်ပေးရန် မဖြစ်နိုင်ကြောင်း မှတ်သားထားပါ။
  • လိုတိုရှင်း ပြောပါ: ရှည်လျားပြီး တောင်စဉ်ရေမရ ရေးသားထားသော စာများသည် နားလည်ရန် ခက်ခဲသဖြင့် မကြာခဏ ဥပက္ခာပြုခံရသလို နားလည်မှုလွဲမှားနိုင်ခြင်းလည်း ဖြစ်ပေါ်နိုင်သည်။ အသေးစိတ်ပြောပြရန် လိုအပ်ပါက အချက်တစ်ချက်ခြင်း ဆွေးနွေးပါ။
  • အသွင်အပြင် ရှင်းလင်းနေပါစေ: ဆွေးနွေးချက် စာမျက်နှာအား ဆွဲဆောင်မှုရှိရှိနှင့် ရှင်းလင်းစွာ ရေးသားပါ။ ထပ်ခါတလဲလဲရေးသားခြင်း၊ ကမောက်ကမရေးသားခြင်းနှင့် မလိုအပ်သော ဘေးချော်ရေးသားခြင်းများကို ရှောင်ကြဉ်ပါ။

  • ဆွေးနွေးချက်ကို အာရုံစိုက်ပါ: ဆွေးနွေးချက်များကို အလျင်စလိုမဟုတ်ပဲ သဘောတူညီမှုဖြင့်သဘာဝကျကျ အဆုံးသတ်ပါ။
  • မော်ကွန်းများကို ဖတ်ရှုပါ: အကယ်၍ သင်သည် ဆောင်းပါးတစ်ခုတွင် တည်းဖြတ်သူအသစ် ဖြစ်ပါက ဆွေးနွေးချက်မော်ကွန်းများကို ရှာဖွေဖတ်ရှုပါ။ သင့်အနေဖြင့် သင်သိလိုသော မေးခွန်း သို့မဟုတ် ကန့်ကွက်ချက်များသည် ဖြေဆိုပြီး ဖြစ်ကောင်း ဖြစ်နေနိုင်ပါသည်။
  • လူသစ်များကို ကြိုဆိုပါ: ဝီကီပီးဒီးယားသို့ ရောက်လာသူအသစ်များသည် မူဝါဒများနှင့် အစဉ်အလာများကို ရင်းနှင်းမှု ရှိဦးမည် မဟုတ်ပေ။ လူသစ်များကို မခြောက်လှန့်ပါနှင့်။ အကယ်၍ တစ်စုံတစ်ဦးသည် ထုံးတမ်းအစဉ်အလာကို ချိုးဖောက်ပြီး ပြုမူနေပါက အမှတ်တမဲ့ လုပ်ဆောင်ခြင်းအဖြစ် မှတ်ယူပါ။ အမှားများကို ညင်သာစွာ ထောက်ပြပြီး သက်ဆိုင်ရာ မူဝါဒ/လမ်းညွှန်ချက်/အကူအညီ စာမျက်နှာများကို ညွှန်းပြခြင်းသည် ကောင်းမွန်သော ချဉ်းကပ်မှုပင် ဖြစ်သည်။
  • အရေးမကြီးသော ပြောင်းလဲမှုကိုသာလျှင် အရေးမကြီးသော ပြင်ဆင်မှုအမှတ်အသားပြပါ: စာလုံးပေါင်း ပြင်ဆင်ခြင်း၊ ပုံစံပြင်ခြင်း၊ စာသားများ ပြန်လည်စီစဉ်ခြင်း စသော အကြောင်းအရာကို ပြောင်းလဲမှု မရှိစေသော တည်းဖြတ်မှုများကို အရေးမကြီးသည့် ပြင်ဆင်မှုအဖြစ် အမှတ်အသားပြနိုင်ပါသည်။ ဆွေးနွေးချက်စာမျက်နှာများကို စာသားများ ပေါင်းထည့်ခြင်းအား အရေးမကြီးသည့် ပြင်ဆင်မှုအဖြစ် အမှတ်အသားမပြုသင့်ပါ။
  • ဆွေးနွေးချက် စာမျက်နှာများတွင် အကြောင်းအရာတူများကို လိုက်လံရေးသားခြင်း ရှောင်ကြဉ်ပါ: ဆွေးနွေးချက်ကို နေရာတစ်နေရာတွင်သာ စတင်ပါ။ လိုအပ်လျှင် အခြားနေရာတွင် ဆွေးနွေးချက်၏ လင့်ခ်ကိုသာ ရေးသားရန် အကြံပြုပါသည်။ ကွဲပြားလျက်ရှိသော ဆွေးနွေးချက်များကို တွေ့ရှိပါက တစ်နေရာတည်းသို့ စုစည်းပေးနိုင်ပြီး လင့်ခ်ညွှန်နိုင်ပါသည်။ တည်းဖြတ်ခြင်း အကျဉ်းချုပ်နှင့် ဆွေးနွေးချက်စာမျက်နှာများတွင် သင့်တည်းဖြတ်မှုကို ရှင်းလင်းစွာ ဖော်ပြပေးပါ။

လက်သင့်မခံသော အပြုအမူများ

ပိရမစ်၏ ထိပ်ဆုံးသုံးပိုင်းတွင်သာ နေပါ။

အောက်ပါတို့မှ အချို့သည် ဝီကီပီးဒီးယားမူဝါဒ အတွက် အရေးပါသော အစိတ်အပိုင်းများ ဖြစ်သည်။ ချိုးဖောက်ခြင်း (အထူးသဖြင့် ထပ်တလဲလဲ ချိုးဖောက်ခြင်း)သည် ဝီကီပီးဒီးယားကို တည်းဖြတ်ခြင်းမှ ပိတ်ပင်ခြင်း ခံရနိုင်သည်။

  • ပုဂ္ဂိုလ်ရေးတိုက်ခိုက်အပုပ်ချခြင်း မပြုရ: ပုဂ္ဂိုလ်ရေးရာ တိုက်ခိုက်မှုဆိုသည်မှာ အခြားပုဂ္ဂိုလ်တစ်ဦးအကြောင်း အနှုတ်သဘောဆောင်ကာ ပြောဆိုရေးသားခြင်း ဖြစ်သည်။ ထိုထဲတွင် အောက်ပါတို့ ပါဝင်သည်။
    • မစော်ကားရ: တစ်စုံတစ်ဦးအား idiot (လူအ၊ လူန)၊ သို့မဟုတ် ဖက်ဆစ် ဟု ခေါ်ဝေါ်ခြင်းကဲ့သို့သော စော်ကားမော်ကား ပြောဆိုခြင်း မလုပ်ရ။ ယင်းအစား တည်းဖြတ်ခြင်းတွင် မှားယွင်းနေမှုကို ပြောပြကာ မည်သို့ ပြင်ဆင်ရမည်ကို ရှင်းလင်းပြသပါ။
    • မခြိမ်းခြောက်ပါနှင့်: နမူနာအားဖြင့် အခြားသူများအား "သင်သိသော အက်ဒမင်များ"ဖြင့် ခြိမ်းခြောက်ခြင်း သို့မဟုတ် သင့်နှင့် သဘောထားကွဲလွဲခြင်းကြောင့် သူတို့အား ပိတ်ပင်ခြင်းတို့ ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ လက်သရမ်းစွာ တည်းဖြတ်ခြင်းသည် ပိတ်ပင်ခြင်းခံရနိုင်ကြောင်း စသဖြင့် ဝီကီပီးဒီးယား မူဝါဒများကို ချိုးဖောက်ခြင်း၏ အကျိုးဆက်များကို ရှင်းလင်းပြောဆိုပါ။
    • ဥပဒေကြောင်းအရ ခြိမ်းခြောက်ခြင်း မပြုလုပ်ရ: အမှုအခင်းဖြင့် ခြိမ်းခြောက်ခြင်းသည် ဝီကီပီးဒီးယားကို ပြင်းပြင်းထန်ထန် အနှောက်အယှက် ဖြစ်စေပါသည်။
    • ပုဂ္ဂိုလ်ရေးအချက်အလက် အသေးစိတ်ကို လုံးဝမတင်ရ: အခြားအသုံးပြုသူများ၏ ကိုယ်ရေးကိုယ်တာ အချက်အလက် အသေးစိတ်များကို ခွင့်ပြုချက်မရှိပဲ ရေးသားတင်သည့် အသုံးပြုသူများသည် အချိန်အကန့်အသတ်မရှိ ပိတ်ပင်ခြင်း ခံရနိုင်သည်။
  • Do not misrepresent other people: The record should accurately show significant exchanges that took place, and in the right context. This usually means:
    • အခြားသူများကို အတိအကျ ကိုးကားခြင်း။
    • အခြားသူများ၏ ဆောင်ရွက်ချက်များ သို့မဟုတ် တည်းဖြတ်မှုများကို ဖော်ပြရာတွင် ကွဲပြားမှုများကို အသုံးပြုပါ။ သုံးသပ်ချက်တစ်ခုတွင် ကွဲပြားမှုများကို ဖော်ပြခြင်း၏ အကျိုးကျေးဇူးမှာ ဆွေးနွေးချက်စာမျက်နှာများကို မော်ကွန်းတင်ခြင်း သို့မဟုတ် သုံးသပ်ချက်ကို ပြောင်းလဲခြင်း ပြုလုပ်ခဲ့လျင်တောင်မှ နဂိုအတိုင်း ကျန်ရှိနေခြင်း ဖြစ်သည်။
    • ယေဘုယျအားဖြင့် အခြားသူများ၏ လက်မှတ်များ အပါအဝင် သုံးသပ်ချက်များကို မပြင်ပါနှင့်။ ခြွင်းချက်များကို နောက် အပိုင်းတွင် ဖော်ပြထားပါသည်။
  • အခြားတစ်ယောက်၏ ကိုယ်ရေးအချက်အလက်များကို မမေးပါနှင့်
  • အခြား တည်းဖြတ်သူများကို အယောင်ဆောင်ခြင်း မပြုလုပ်ပါနှင့်
  • အက်ဒမင်ဖြစ်ကြောင်း အခိုင်အလုံပြောဆိုခြင်း သို့မဟုတ် သင့်တွင် မရှိသော အသုံးပြုသူ အခွင့်အရေး ရှိကြောင်း အခိုင်အမာပြောဆိုခြင်း မလုပ်ပါနှင့်။ အသုံးပြုသူ အခွင့်အရေးများကို မည်သူမဆို Special:ListUsers တွင် စစ်ဆေးနိုင်ပါသည်။
  • ဆွေးနွေးချက်စာမျက်နှာအား forum အဖြစ် အသုံးပြုခြင်း သို့မဟုတ် ကြုံရာကျပန်း ဆွေးနွေးခြင်းများ မပြုလုပ်ပါနှင့်။ ဆွေးနွေးချက် စာမျက်နှာသည် ဆောင်းပါးအား မည်သို့တိုးတက်ကောင်းမွန်လာစေရန် ဆွေးနွေးသည့် နေရာဖြစ်သည်။

သုံးသပ်ချက်များကို တည်းဖြတ်ခြင်း

အခြားသူများ၏ သုံးသပ်ချက်များ

ဆွေးနွေးချက်စာမျက်နှာများကို ထုတ်ဝေခြင်းပြုရန် မလိုအပ်သည့်အတွက် စာလုံးပေါင်း ပြင်ဆင်ခြင်း၊ သဒ္ဒါပြင်ဆင်ခြင်းများ စသည်တို့ကို ပြုလုပ်ရန် မလိုအပ်ပေ။ ထိုသို့ပြုလုပ်ခြင်းသည် သင်ပြင်ဆင်လိုက်သည့် သုံးသပ်ချက်ပိုင်ရှင်အား သည်းမခံနိုင်ခြင်း ဖြစ်စေနိုင်ပါသည်။ အခြေခံဥပဒေသမှာ—အောက်တွင် ပြထားသည့် ခြွင်းချက်များ အချို့မှ လွဲ၍—သင်သည် အခြားတည်းဖြတ်သူများ၏ သုံးသပ်ချက်များအား သူတို့၏ ခွင့်ပြုချက်မရပဲနှင့် တည်းဖြတ်ခြင်း သို့မဟုတ် ဖျက်ပစ်ခြင်း မပြုလုပ်သင့်ပါ

သင့်ကိုယ်ပိုင် ဆွေးနွေးချက် စာမျက်နှာပေါ်တွင် ဖြစ်နေလျှင်တောင်မှ တစ်စုံတစ်ယောက်၏ သုံးသပ်ချက်ကို အဓိပ္ပာယ်လွဲမှားစေရန် ပြင်ဆင်ခြင်း ရွေ့ပြောင်းခြင်းအား မည်သည့်အခါတွင်မျှ မပြုလုပ်ရ။

စာသားကို မျဉ်းဖြတ်ဆွဲခြင်းသည် အဓိပ္ပာယ်တစ်မျိုး ဖြစ်စေသည့်အတွက် စာသားကို ရေးသားသူသာလျှင် သို့မဟုတ် ရှင်းလင်းစွာ တောင်းဆိုထားခြင်းအတွက် တာဝန်ရှိသူသည်သာ ဆောင်ရွက်သင့်သည်။

အခြားတည်းဖြတ်သူများ၏ သုံးသပ်ချက်များကို သတိထား၍ ပြင်ဆင်ခြင်း၊ ဖယ်ရှားခြင်းကို တစ်ခါတစ်ရံတွင် ခွင့်ပြုထားသော်လည်း ယေဘုယျအားဖြင့် ကန့်ကွက်ချက်များ ရှိလာပါက ရပ်ဆိုင်းရမည် ဖြစ်သည်။ အကယ်၍ အသေးစား ပြင်ဆင်မှုမကသော ပြင်ဆင်ခြင်းကို သင့်အနေဖြင့် ဆောင်ရွက်ခဲ့ပါက "[possible libel removed by ~~~~]" ကဲ့သို့သော ရှင်းလင်းချက် အတိုချန်ထားခြင်းသည် ကောင်းမွန်သော အပြုအမူဖြစ်သည်။ အခြားသူများ၏ သုံးသပ်ချက်များအား သင့်လျော်စွာ ပြင်ဆင်သည့် ဥပမာ အချို့မှာ -

  • လမ်းလွဲနေသော စာစုများ: လမ်းလွဲနေသော (မသက်ဆိုင်သော) စာစုများအပေါ် သင်၏ အမြင်နှင့် အခြားသူတို့၏ အမြင်များ ကွဲပြားနိုင်ပါသည်။ သို့အတွက် သတိပြုကာ မလွဲမှားစေရန် ကိုင်တွယ်ပါ။
စု၍ ဝှက်လိုက်ခြင်း။ ဆွေးနွေးချက်တစ်ခုသည် လမ်းလွဲသွားပါက (အပေါ်တွင် ဖော်ပြထားသော § ဆောင်းပါးဆွေးနွေးချက် စာမျက်နှာများကို မည်သို့ အသုံးပြုမည်နည်း အရ)၊ တည်းဖြတ်သူများအနေဖြင့် ယင်းအား {{Collapse top}}/{{Collapse bottom}} သို့မဟုတ် အလားတူ တမ်းပလိတ်များ သုံးကာ ဝှက်ထားနိုင်ပါသည်။ ယင်းသည် စာဖတ်သူများအတွက် လမ်းလွဲနေသော ဆွေးနွေးချက်အား "ပြ" ကို နှိပ်ကာ ဖတ်ရှုနိုင်စေရန် ပြုလုပ်ပေးသည်။ ပါဝင်ဆွေးနွေးနေသူများအနေဖြင့် အခြားသော တည်းဖြတ်သူများ၏ ကန့်ကွက်ချက်အား ပြီးဆုံးစေရန်အတွက် ဤတမ်းပလိတ်များအား အသုံးမပြုရပါ။
ရွှေ့ပြောင်းခြင်း။ လမ်းလွဲနေသော စာစုများအား ပိုမိုဆီလျော်ရာ ဆွေးနွေးချက် စာမျက်နှာများသို့ ရွှေ့ပြောင်းပေးနိုင်ပါသည်။ မူရင်းနေရာအား ညွှန်းပြနိုင်ရန်အတွက် {{subst:Rf}} တမ်းပလိတ်ကို သုံးနိုင်ပါသည်။
ဖျက်ပစ်ခြင်း။ အမှိုက်သဖွယ်ဖြစ်နေသော၊ စမ်းသပ်တည်းဖြတ်မှုများ၊ နစ်နာစေသော သို့မဟုတ် တားမြစ်ထားသော အကြောင်းအရာများ (အထက်တွင် ဖော်ပြထားပြီး) ကို သာမန်အားဖြင့် ဖျက်ပစ်နိုင်ပြီး ဆောင်းပါးပါ အကြောင်းအရာအား သီးခြား ဆွေးနွေးနိုင်စေရန် ဆောင်ရွက်နိုင်သည်။
  • ပိတ်သိမ်းထားသော ဆွေးနွေးချက်များသို့ ရွှေ့ပြောင်းခြင်း။ A discussion which has been closed with the {{subst:Archive}} တမ်းပလိတ် သို့မဟုတ် အလားတူ တမ်းပလိတ်များဖြင့် ပိတ်သိမ်းထားသော ဆွေးနွေးချက်များသည် ထိုအတိုင်းသာ ထိန်းသိမ်းထားရှိရန် ရည်ရွယ်ပြီး ထပ်မံတည်းဖြတ်ခြင်း မပြုလုပ်သင့်ပေ။ မော်ကွန်းတင်ပြီးသော အတွင်းရှိ အသစ်တည်းဖြတ်မှုများအား ဤရည်ရွယ်ချက်ဖြင့် ဖယ်ရှားခြင်းကို မပြုလုပ်သင့်သော်လည်း ယင်းအား ပိတ်သိမ်းပြီးသော ဆွေးနွေးချက်၏ အောက်ဖက်သို့ ရွှေ့ပြောင်းပေးနိုင်ပါသည်။
  • လက်မှတ်မထိုးထားသော သုံးသပ်ချက်များအား ကိုင်တွယ်ခြင်း။ လက်မှတ်မထိုးထားသော သုံးသပ်ချက်တစ်ခုအား သင်တွေ့ရှိပါက စာမျက်နှာ ရာဇဝင်တွင် စာစုကို ရေးသားသူကို တွေ့ရှိနိုင်ပြီး {{subst:Unsigned}}: {{subst:unsigned|အသုံးပြုသူ အမည် သို့မဟုတ် အိုင်ပီလိပ်စာ|နေ့ရက်နှင့် အချိန်}} ကို အသုံးပြုကာ ကိုယ်စားလက်မှတ်ထိုးခြင်း ဆောင်ရွက်နိုင်သည်။ နေ့ရက်နှင့် အချိန် သည် မထည့်သွင်းသော်လည်း ရသည်။
  • လက်မှတ် သန့်စင်ခြင်း။ လက်မှတ်တစ်ခုသည် လက်မှတ်များအတွက် လမ်းညွှန်ချက်နှင့် မညီညွတ်ပါက၊ သို့မဟုတ် လက်မှတ်အတုထိုးရန် ကြိုးစားခြင်း ဖြစ်ပါက —{{subst:User|အသုံးပြုသူအမည်}} တည်းဖြတ်မှု အချိန် (UTC) ပုံစံဖြင့် မှန်ကန်သောအချက်အလက်ဖြစ်စေရန် သင့်အနေဖြင့် ပြင်ဆင်ပေးနိုင်သည်။ အခြားသူများ၏ စာစုများရှိ လက်မှတ်များအား အကြောင်းမဲ့ ပြင်ဆင်ခြင်း မပြုလုပ်ရ။ အသုံးပြုသူတစ်ဦး၏ လက်မှတ်တွင် ကုဒ်အမှားများ ပါဝင်နေပါက အဆိုပါ အသုံးပြုသူအား သူတို့၏ ရွေးချယ်စရာများ အပြင်အဆင်တွင် ကုဒ်အား ပြင်ဆင်နိုင်ရန် ပြောဆိုနိုင်ပါသည် ("ပုံစံချခြင်း အမှားအား ပြင်ဆင်ခြင်း"တွင်လည်း ကြည့်ပါ)။
  • ပုံစံအမှားအား ပြင်ဆင်ခြင်း သည် ဖတ်ရှုရန် ခက်ခဲသည်များကို ပြင်ဆင်ပေးခြင်း ဖြစ်သည်။ ဤနေရာတွင် ပုံစံချခြင်းအတွက် တည်းဖြတ်မှုကိုသာလျှင် ခွင့်ပြုထားပြီး အကြောင်းအရာအား တတ်နိုင်သမျှ ထိန်းသိမ်းထားရန် လိုအပ်သည်။ နမူနာများတွင် စာကြောင်းအဆင့်များ ပြင်ဆင်ခြင်း၊ ဆန္ဒခံယူခြင်း မဲများ သို့မဟုတ် သုံးသပ်ချက် တောင်းခံခြင်းများ (RfC) မဟုတ်သော ဆွေးနွေးချက်များမှ ဘူးလက်ပွိုင့်ထိုးထားခြင်းအား ဖယ်ရှားခြင်း၊ စာဖတ်သူများအတွက် အနှောက်အယှက်ဖြစ်စေနိုင်သော စာရင်းစာစုများ ပြင်ဆင်ခြင်းနှင့် အခြားသော နည်းပညာဆိုင်ရာ ပြင်ဆင်ခြင်းများနှင့် ပိုမိုလမ်းညွှန်နိုင်ရန် ဝီကီလင့်ခ်များ ထည့်သွင်းခြင်းတို့ ပါဝင်သည်။ အသုံးဝင်သော တမ်းပလိတ်မှာ {{Reflist-talk}}, ဖြစ်ပြီး <ref>...</ref> အမျိုးအစားများကို စာမျက်နှာအောက်ဆုံးသို့ ပို့ဆောင်ပေးသည်။
  • ပုံစံချခြင်း အမှားအား ပြင်ဆင်ခြင်း: ဤနေရာတွင် သုံးသပ်ချက်အသစ်တစ်ခုအား စာမျက်နှာ ထိပ်ဆုံးမှ အောက်ဆုံးသို့ ရွှေ့ပြောင်းခြင်း၊ ခေါင်းစဉ်မပါသော သုံးသပ်ချက်အား ခေါင်းစဉ်တပ်ပေးခြင်း၊ တစ်စုံတစ်ဦး၏ သုံးသပ်ချက်အား မတော်တဆထိခြင်းအား ပြန်လည်ပြင်ဆင်ပေးခြင်း၊ စာမျက်နှာတစ်ခုလုံး၏ ပုံစံချခြင်းအား ပျက်ယွင်းစေနိုင်သော markup tag အပိတ်များ ပြင်ဆင်ခြင်း၊ HTML ဇယားကုဒ်များအား ဝီကီကုဒ်များဖြင့် အစားထိုးခြင်း စသည်တို့ ပါဝင်သည်။
  • အပိုင်းခွဲခြင်း: ဆွေးနွေးချက်သည် အကြောင်းအရာသစ်များဆီ ဦးတည်နေပါက ဆွေးနွေးချက်အား ဆီလျော်သော သီးခြားခေါင်းစဉ်များဖြင့် အပိုင်းခွဲခြင်းများ ဆောင်ရွက်နိုင်သည်။ ခေါင်းစဉ်တစ်ခုဆွေးနွေးချက်မှ ခေါင်းစဉ်နှစ်ခုအဖြစ် ခွဲထုတ်ခဲ့ပါက ခေါင်းစဉ်သစ်နှင့် မူလခေါင်းစဉ်တို့ကို အပြန်အလှန် လင့်ခ်ချိတ်ဆက်ခြင်းကို ပြုလုပ်ပေးပါ။ ယေဘုယျအားဖြင့် ခေါင်းစဉ်သစ်နှင့် မူလခေါင်းစဉ်တို့အောက်တွင် မှတ်စုတိုဖြင့် ဖော်ပြပေးခြင်း ဖြစ်သည်။ ဥပမာ :<small>ဤဆွေးနွေးချက်အား အပေါ်ရှိ [[#FOOBAR]] မှ ခွဲထုတ်ထားသည်။</small> ခွဲထုတ်လိုက်ရာတွင် မည်သည့် သုံးသပ်ချက်ကိုမှ မူရင်းဆိုလိုရင်းကို မပျောက်ပျက်စေရန် ဆောင်ရွက်ရန် ဖြစ်သည်။ ရှည်လျားသော ဆွေးနွေးချက်များကို အပိုင်းငယ်များခွဲခြင်းကို ဆောင်ရွက်နိုင်သည်။
  • အပိုင်းခွဲ ခေါင်းစဉ်များ: ဆွေးနွေးချက်များကို တည်းဖြတ်သူများစွာက မျှဝေခဲ့ခြင်းကြောင့် ဆွေးနွေးချက်စာမျက်နှာရှိ ဆွေးနွေးချက် တစ်ခု သို့မဟုတ် ယင်း၏ ခေါင်းစဉ်ကို မည်သူကမှ မပိုင်ပေ။ ပိုမိုကောင်းမွန်သော ခေါင်းစဉ်ကို ပြောင်းလဲရန်အတွက် ယေဘုယျအားဖြင့် လက်ခံသည်။ ပြောင်းလဲမှုသည် ဒွိဟဖြစ်စေပါက အငြင်းပွားဖွယ်ရာများ မဖြစ်စေနိုင်ရန်အတွက် ခေါင်းစဉ်ပြောင်းလဲရန် ဖြစ်နိုင်ပါက မူလ စတင်သူနှင့် ဆွေးနွေးသင့်သည်။ ရံဖန်ရံခါတွင် အပိုင်းငယ်များကို ခေါင်းစဉ်တစ်ခုတည်းအောက်တွင် ပေါင်းစပ်ရန် သင့်လျော်နေနိုင်သည်။
    ယခင်ခေါင်းစဉ်အမည်နှင့် ဆက်လက်ချိတ်ဆက်ပေးနိုင်ရန် (စောင့်ကြည့်စာရင်းနှင့် ရာဇဝင်တို့တွင် အလိုအလျောက်ထုတ်ပေးသော လင့်ခ်များအပါအဝင်) {{Formerly}}, {{Visible anchor}}, {{Anchor}} စသော တမ်းပလိတ်များဖြင့် ယခင်ခေါင်းစဉ်ဟောင်းအား ချိတ်ပေးရန် အသုံးပြုနိုင်သည်။
  • ထပ်နေသော အပိုင်းခွဲများ ဖယ်ရှားခြင်း: တည်းဖြတ်သူတစ်ဦးက မရည်ရွယ်ဘဲ ထပ်တူညီသော အပိုင်းခွဲအသစ် သို့မဟုတ် သုံးသပ်ချက်ကို နှစ်ကြိမ်သိမ်းဆည်းလိုက်ခြင်း ဖြစ်ပေါ်ပါက ပြင်ဆင်ပေးနိုင်သည်။
  • လင့်ခ်များ ပြင်ဆင်ခြင်း: ချိတ်ဆက်ထားသော စာမျက်နှာအား ရွှေ့ပြောင်းခဲ့ပါက၊ ဆွေးနွေးချက်စာမျက်နှာ အပိုင်းအား မော်ကွန်းတင်လိုက်ပါက၊ စာလုံးပေါင်းအမှားကြောင့် လင့်ခ်ပျက်သွားခြင်း သို့မဟုတ် မရည်ရွယ်ဘဲ သံတူကြောင်းကွဲ စာမျက်နှာဆီသို့ ရည်ညွှန်းထားခြင်း စသည်တို့ ဖြစ်သည်။ တပါးသူ၏ စာစုများရှိ လင့်ခ်များကို ခြားနားသော စာမျက်နှာများဆီသို့ ရောက်ရှိစေရန် ပြင်ဆင်ခြင်းအား မပြုလုပ်ရ။ သံသယရှိပါက သူတို့၏ စာစုအား ပြင်ဆင်ရန် တည်းဖြတ်သူအား မေးမြန်းပါ၊ သို့မဟုတ် မူကွဲလင့်ခ်အား ပြသ၍ နောက်ဆက်တွဲ သုံးသပ်ချက်ရေးကာ အကြံပြုပါ။
  • ပုံများ ဝှက်ခြင်း သို့မဟုတ် အရွယ်ညှိခြင်း: ယင်း၏ ဆွေးနွေးချက်သည် ပြီးဆုံးပြီ ဖြစ်ပါက ပုံများကို ဝှက်လိုက ဝှက်နိုင်သည် (ဥပမာ [[File:Foo.jpg|...details...]] အား [[:File:Foo.jpg|...details...]] သို့ ကော်လံသင်္ကေတ ထည့်ကာ ပြောင်းလဲနိုင်သည်)။ ပုံများသည် ဆွေးနွေးချက် စာမျက်နှာပေါ်တွင် နေရာများစွာ ယူနေပါက ယင်းပုံ၏ အရွယ်အစားအား ချိန်ညှိခြင်းကို လုပ်ဆောင်နိုင်ပါသည်။
  • အခမဲ့မဟုတ်သော ပုံများ: အခမဲ့လွတ်လပ်လိုင်စင် မဟုတ်သော ပုံများကို ဆွေးနွေးချက် စာမျက်နှာတွင် ပြသခြင်း မပြုရ။ ယင်းတို့အား ဆွေးနွေးနေခြင်း ဖြစ်ပါက အပေါ်ရှိ "ပုံများ ဝှက်ခြင်း သို့မဟုတ် အရွယ်ညှိခြင်း" တွင် ဖော်ပြထားသကဲ့သို့ ကော်လံသင်္ကေတသုံး၍ ပုံကို ဝှက်ထားရမည် ဖြစ်သည်။ ယင်းတို့ကို အလှဆင်ရန် ရည်ရွယ်ချက်ဖြင့် အသုံးပြုထားပါက ဖယ်ရှားရမည် ဖြစ်သည်။
  • တမ်းပလိတ်၊ ကဏ္ဍနှင့် ဘာသာစကားလင့်ခ်များ ပိတ်ထားခြင်း: တမ်းပလိတ်အသုံးပြုခြင်းအစား တမ်းပလိတ်အကြောင်းကို ဆွေးနွေးခြင်း ဖြစ်ပါက တမ်းပလိတ်များအား ထည့်သွင်းပြသပေးခြင်းအား ကာကွယ်ခြင်းကို ပြုလုပ်နိုင်ပါသည်။ (ဥပမာ {{Template name}} အစား {{tl|Template name}} သို့ ပြောင်းလဲခြင်း)။ အလားတူ ဆွေးနွေးချက် စာမျက်နှာအား ကဏ္ဍတွင်းသို့ မရည်ရွယ်ဘဲ ထည့်သွင်းလိုက်ခြင်း မဖြစ်စေရန် ကဏ္ဍလင့်ခ်များကိုလည်း ပိတ်ပင်နိုင်ပါသည်။ (ဥပမာ [[Category:Foobar]] အား [[:Category:Foobar]] သို့ ကော်လံသင်္ကေတ ထည့်ကာ ပြောင်းလဲခြင်း)။ ဘာသာစကားလင့်ခ်များကို (ဥပမာ [[it:Foobar]] အား [[:it:Foobar]] ကော်လံသင်္ကေတ ထည့်ကာ ပြောင်းလဲခြင်း) စာကြောင်းအနေဖြင့်သာ ပေါ်စေရန်အတွက် ပြောင်းလဲနိုင်ပါသည်။