Laniakea Supercluster

ဝီကီပီးဒီးယား မှ
လာနီယာကီးယား မဟာဂလက်ဆီအုပ်စု
Laniakea Supercluster
အနီးအနားစကြဝဠာမှ ဂယ်လက်ဆီများ၏မြေပုံ၊ Laniakea သည် စက်ဝိုင်းအပိုင်းဖြစ်သည်၊ ရုရှားဘာသာဖြင့် မြှားပြထားသည်မှာ သင်နေထိုင်သည့် နဂါးငွေ့တန်း ဖြစ်သည်။
လေ့လာရေး ဒေတာ (Epoch J2000)
ကြယ်စုတန်းထရိုင်ဂူလယ် ဩစထရေး နှင့် နော်မာ
ညာဘက် တိမ်းစောင့်မှု10° 32′
နိမ့်ဆင့်မှု−46° 00′
(Great Attractor)
အတောက်ပဆုံး အဖွဲ့ဝင်နဂါးငွေ့တန်း (mag -5.0)
Cluster အရေအတွက်၃၀၀ – ၅၀၀
ပင်မ ဝင်ရိုး၅၂၀×၁၀^ ly (၁၅၉ Mpc) h−1
0.6780 ± 0.077

(Hubble constant based on Planck data)
အနီရောင်အရွေ့၀.၀၇၀၈ (အလယ်)
အကွာအဝေး
(ပူးပေါင်းရွေ့လျားအကွာအဝေး)
၂၅၀×၁၀^ ly (၇၇ Mpc) h−1
0.6780 ± 0.077
(centre)
(Hubble constant based on Planck data)
ဒြပ်ဆွဲအား ပေါင်းစပ်စွမ်းအင်1×10၁၇[၁] M
အခြား ဂုဏ်သတ္တိများ
Local Supercluster, Laniakea, Laniakea Supercluster, Laniakea Complex
အခြားကြည့်ရန်: ဂယ်လက်ဆီ အဖွဲ့ဂယ်လက်ဆီ clusterSupercluster စာရင်း

Laniakea Supercluster (Local Supercluster သို့မဟုတ် Local SCl) ဆိုသည်မှာ ဂယ်လက်ဆီ မဟာအုပ်စုဖြစ်ပြီး မိမိတို့၏မိခင် နဂါးငွေ့တန်း ဂယ်လက်ဆီနှင့် အနီးအနားမှ အခြားဂယ်လက်ဆီပေါင်း ၁၀၀,၀၀၀ ပါဝင်သည်။[၂] ယခင် Local Supercluster ၏သတ်မှတ်ချက်အား ယခုအခါ Virgo Supercluster အဖြစ် အဆိုပြုခံထားရသည်။[၃][၄][၅][၆]

ဝိသေသ လက္ခဏာများ[ပြင်ဆင်ရန်]

Laniakea Supercluster သည် ဂယ်လက်ဆီ စုစုပေါင်း ၁၀၀,၀၀၀ ပါဝင်ကာ အကွာအဝေးအားဖြင့် ၁၆၀ Megaparsecs (အလင်းနှစ်သိန်းပေါင်း ၅၂၀) အထိ ကျယ်ပြောလှသည်။ ယင်းသည် ခန်းမှန်းခြေ နေထုထည်ပေါင်း ၁၀၁၇ ထိရှိကာ မိမိတို့ဂယ်လက်ဆီ နဂါးငွေ့တန်းထက် အဆပေါင်း ရာထောင်ချီကာ ပိုမိုကြီးမားလှပေသည်။ ယင်းသည် Horologium Supercluster နှင့်အရွယ်အစား အတူတူလောက်ရှိသည်။ ယင်းတွင် Supercluster အခွဲကလေးများလည်း ရှိသေးသည်။

Laniakea ၏ အကြီးမားဆုံး ဂယ်လက်ဆီ cluster များမှာ VirgoHydraCentaurusAbell 3565Abell 3574Abell 3521FornaxEridanus နှင့် Norma တို့ဖြစ်ကြသည်။ Supercluster တစ်ခွင်လုံးတွင် ဂယ်လက်ဆီ cluster နှင့် ဂယ်လက်ဆီအုပ်စုများ စုစုပေါင်း ၃၀၀ မှ ၅၀၀ အထိ သိရှိထားသည်။ အမှန်တကယ် အရေအတွက်မှာ ပိုမိုများပြားနိုင်သည်။ အဘယ့်ကြောင့်ဟူမူ ယင်းတို့၏အချို့သော ဂယ်လက်ဆီများကို ခြေရာမခံနိုင်သော့ကြောင်ပေတည်း။

Supercluster များဆိုသည်မှာ စကြဝဠာ၏ အကြီးမားဆုံးသော ဖွဲ့စည်းပုံအချို့ဖြစ်ပြီး နယ်နမိတ်များအား အထူးသဖြင့် အတွင်းမှဆိုပါက သတ်မှတ်ရန်မှာ ခက်ခဲလှသည်။ ပညာရှင်များသည် ရေဒီယို တယ်လီစကုပ်များဖြင့် local ဂယ်လက်ဆီတို့၏ ရွေ့လျားမှုအား မြေပုံဖော်ရန် ကြိုးပမ်းကြလေသည်။ Supercluster နယ်နမိတ်အတွင်းမှ ဂယ်လက်ဆီအများစုသည် အလယ်ဗဟိုကျသည့်နေရာဆီသို့ အတွင်းဘက် တိုက်ရိုက်ရွေ့လျားကြသည်။ Laniakea အတွက်မူကား ဗဟိုကျသော ဒြပ်ဆွဲငင်အားဆုံမှတ်သည် Great Attractor ဖြစ်သည်။ ယင်းသည် မိမိတို့ Local Group ရွေ့လျားမှုအား လွှမ်းမိုးထားသည်။ Local Group တွင် မိမိတို့ နဂါးငွေ့တန်း ဂယ်လက်ဆီ ပါဝင်သည်။

ရှာဖွေ့တွေ့ရှိမှု[ပြင်ဆင်ရန်]

တောင်အဖရိကန် နက္ခတ္တပညာရှင် Tony Fairall သည် ၁၉၈၈ ခုနှစ်တွင် Virgo နှင့် Hydra-Centaurus Supercluster တို့၏ အနီရောင်အရွေ့သည် ဆက်သွယ်နိုင်သည့်ဟု အကြံပေးခဲ့သည်။[၇]

တည်နေရာ[ပြင်ဆင်ရန်]

Laniakea ၏ အိမ်နီးနားချင်းများမှာ Shapley Supercluster၊ Hercules Supercluster၊ Coma Supercluster၊ Perseus-Pisces Supercluster တို့ဖြစ်ကြသည်။ Laniakea ၏ သတ်မှတ်ချက်အား ဖော်ပြသည့် ထိုအချိန်တုန်းက ယင်းတို့အား ကောင်းမွန်စွာ မသိရှိခဲ့ကြပေ။

အမည်နာမ[ပြင်ဆင်ရန်]

laniakea ဟူသော အမည်သည် ဟာဝိုင်အီလူမျိုးတို့ဘာသာဖြင့် မတိုင်းတာနိုင်သော ကောင်းကင်ဘုံဟု အဓိပ္ပာယ်ရသည်။ ယင်းအား Kapiolani Community College ကောလိပ်မှ လက်ထောက်ပါမောက္ခ နိုဝါ နပိုလီယံမှ အကြံပေးခဲ့သည်။ နာမည်အား ပစိဖိတ် သမုဒ္ဒရာတွင် လမ်းပြလုပ်ပေးသည့် ပိုလီနီရှန်းလူမျိုး လမ်းပြအား ဂုဏ်ပြုသောအားဖြင့် မှည့်ခေါ်ခြင်းဖြစ်သည်။[၃][၈]

ကျမ်းကိုး[ပြင်ဆင်ရန်]

  1. The Milky Way's 'City' Just Got a New Name။ The Atlantic#CityLab (3 September 2014)။ 9 September 2014 တွင် ပြန်စစ်ပြီး။
  2. "The road map to the Universe"၊ DailyMail UK၊ 14 March 2015။ 14 March 2015 တွင် ပြန်စစ်ပြီး 
  3. ၃.၀ ၃.၁ "Newly identified galactic supercluster is home to the Milky Way"၊ National Radio Astronomy Observatory၊ ScienceDaily၊ 3 September 2014။ 
  4. Irene Klotz (3 September 2014)။ New map shows Milky Way lives in Laniakea galaxy complexReuters။ ScienceDaily။ 13 September 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 15 November 2015 တွင် ပြန်စစ်ပြီး။
  5. Elizabeth Gibney။ "Earth's new address: 'Solar System, Milky Way, Laniakea'"၊ Nature၊ 3 September 2014။ 
  6. Quenqua၊ Douglas။ "Astronomers Give Name to Network of Galaxies"၊ New York Times၊ 3 September 2014။ 4 September 2014 တွင် ပြန်စစ်ပြီး 
  7. Fairall, Anthony Patrick (1988). "A redshift map of the Triangulum Australe-Ara region – Further indication that Centaurus and Pavo are one and the same supercluster". Monthly Notices of the Royal Astronomical Society 230 (1): 69-77. doi:10.1093/mnras/230.1.69. Bibcode1988MNRAS.230...69F. 
  8. Camille M. Carlisle။ "Laniakea: Our Home Supercluster"၊ Sky and Telescope၊ 3 September 2014။ 

နောက်ထပ် ဖတ်ရန်[ပြင်ဆင်ရန်]

ပြင်ပလင့်[ပြင်ဆင်ရန်]