အလယ်တစ်ဝက်သရ

ဝီကီပီးဒီးယား မှ
(Mid-central vowel မှ ပြန်ညွှန်းထားသည်)
Mid central vowel
ə
IPA Number322
Encoding
Entity (decimal)ə
Unicode (hex)U+0259
X-SAMPA@
Braille⠢ (braille pattern dots-26)

အလယ်တစ်ဝက်သရ (အင်္ဂလိပ်: mid central vowel) သည် အပြောဘာသာစကားအချို့တို့တွင် အသုံးပြုသည့် သရသံအမျိုးအစားတစ်ခုဖြစ်ဖြစ်၍ နိုင်ငံတကာသဒ္ဒဗေဒအက္ခရာတွင် ဤသရသံကို ⟨ə⟩ ဟူ၍ ဖော်ပြထားကာ ရွှား (schwa) ဟုလူသိများသည်။ အက္ခရာ e ကို အထက်အောက်လှည့်ထားသည့်ပုံစံဖြစ်သည်။

နိုင်ငံတကာသဒ္ဒဗေဒအဖွဲ့အစည်း လက်စွဲစာအုပ်တွင် [ə] ၏ ဝိုင်းခြင်း၊ ပြန့်ခြင်းသဘောကို သတ်မှတ်ဖွင့်ဆိုထားခြင်းမရှိသော်လည်း[၁] အဝိုင်းသရထက် အပြန့်သရ ပို၍ဖြစ်သည်။ သဒ္ဒဗေဒပညာရှင် ဂျိန်း ဆက်တာ (Jane Setter) က ဤသရအသံထွက်နှင့်ပတ်သက်၍ အောက်ပါအတိုင်းဖော်ပြသည်။ "[ə] သည် ခံတွင်းတွင် စကားသံထုတ်လုပ်သည့်အင်္ဂါများကို သက်တောင့်သက်သာထား၍ အသံထုတ်ခြင်းဖြစ်သည်"[၂] အဝိုင်းသရမူကွဲအဖြစ်အသံထုတ်ရာတွင်တော့ နှုတ်ခမ်းကို ဝိုင်းရမည်ဖြစ်သည်။

မြန်မာဘာသာစကားတွင် ဤသရသံသည် အများအပြား​ရှိကြသည်။ (အ-) မတြာဝက်သရ (သို့) သရတိုဟု ခေါ်ဆိုသည်။ ဖေ၊ တိုင်းတာ များမှ သံဖြစ်၍ လူအ၊ အကုသိုလ် တို့တွင် ထွက်ရှိသော အာ့ သံမဟုတ်ပေ။[၃]

အာဖရိကဘာသာစကားများတွင် အလယ်တစ်ဝက်သရများအား အဝိုင်း၊ အပြန့်ပုံစံ ခွဲခြား၍ထားပြီး အဝိုင်းပုံစံကို ⟨œ⟩ ဟူ၍ ဖလှယ်ရေးသားသည်။ ကွဲပြားမှုသည် ခိုင်ခိုင်မာမာတော့မရှိလှပေ။ စကားပြောသူ အများစုသည်ကား အဝိုင်း/အပြန့် သဘော နှစ်ခုစလုံးတွင်ပင် အပြန့်ပုံစံကိုသုံစွဲကြ၏ ။[၄]

ဤသင်္ကေတ၏ တိကျသော အရည်အသွေးနှင့် ဆက်စပ်မှုမရှိဘဲ များသောအားဖြင့် "ထင်ရှားခြင်းမရှိသော ဖော့သံပြု သရသံ"များအတွက် ⟨ə⟩ ကိုသုံးစွဲကြသည်။ ဥပမာ ⟨ə⟩ ဟု ဖလှယ်ရေးသားထားသော အင်္ဂလိပ်သရသံသည် အလယ်အပြန့်သရဖြစ်သည်။ ပတ်ဝန်းကျင်အနေအထားပေါ်မူတည်၍ တစ်ဝက်ပိတ် [ɘ] ၊ တစ်ဝက် [ə] ၊ တစ်ဝက်ဖွင့် [ɜ] တို့လည်းဖြစ်နိုင်သည်။[၅]

အလယ်တစ်ဝက်အပြန့်သရ[ပြင်ဆင်ရန်]

အလယ်တစ်ဝက်အပြန့်သရကို ရံခါအားဖြင့် [ə] ဟုသာ ရေးသားကြ၏ ။ တိကျသေချာမှုအလိုရှိပါက အလယ်တစ်ဝက်ပိတ်အပြန့်သရအတွက် အနိမ့် ဖြည့်စွက်အက္ခရာသုံး၍ [ɘ̞] ဟုဖော်ပြနိုင်သည်။ ဖြစ်နိုင်ခြေအခြားတစ်ခုမှာ အလယ်တစ်ဝက်ဖွင့်အပြန့်သရအတွက် အမြင့် ဖြည့်စွက်အက္ခရာသုံး၍ [ɜ̝] ဟုဖော်ပြနိုင်ပေသည်။

အင်္ဂါရပ်များ[ပြင်ဆင်ရန်]

  • သရ၏ အမြင့်မှာ တစ်ဝက်ပိတ်သရနှင့် တစ်ဝက်ဖွင့်သရကြား တစ်ဝက်နေရာတွင်ရှိသည်။
  • သရ၏ ရှေ့နောက်သဘောအရ အလယ်သရအမျိုးအစားဖြစ်ရာ လျှာ၏တည်နေရာသည် အရှေ့သရနှင့် အနောက်သရကြားအလယ်တွင် ရှိသည်။
  • အပြန့်သရများကို ထွက်ရှိရာတွင် နှုတ်ခမ်းကို ဖြန့်၍ ထွက်ရှိကြသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. International Phonetic Association (1999), p. 167.
  2. A World of Englishes: Is /ə/ "real"? (19 June 2013)။ 8 March 2016 တွင် ပြန်စစ်ပြီး။
  3. ထွန်းမြင့် (M.Phil, London) (မတ် ၂၀၀၇)။ သဒ္ဒဗေဒ။ ရာပြည့်စာအုပ်တိုက်။ p. ၁၂၃။
  4. Wissing (2016), section "The rounded and unrounded mid-central vowels".
  5. Wells (2008), p. XXV.