အလယ်အဖွင့်နီးပါးသရ
near-open central vowel | |||
---|---|---|---|
ɐ | |||
IPA Number | 324 | ||
Encoding | |||
Entity (decimal) | ɐ | ||
Unicode (hex) | U+0250 | ||
X-SAMPA | 6 | ||
Braille | |||
|
IPA: Vowels | ||||||||||||||||||||||||||||||||
---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|
| ||||||||||||||||||||||||||||||||
အမည်းစက်၏ဘေးမှ သရများသည်: နှုတ်ခမ်း ဖြန့်ခြင်း • ဝိုင်းခြင်း ဖြစ်သည်။ |
အလယ်အဖွင့်နီးပါးသရ (အင်္ဂလိပ်: near-open central vowel) သည် အပြောဘာသာစကားအချို့တို့တွင် အသုံးပြုသည့် သရသံအမျိုးအစားတစ်ခုဖြစ်ဖြစ်၍ နိုင်ငံတကာသဒ္ဒဗေဒအက္ခရာတွင် ဤသရသံကို အက္ခရာအသေး အေ (a) အား အထက်အောက်လှန်ထားသည့်ပုံစံ [⟨ɐ⟩] ဖြစ်သည်။
အင်္ဂလိပ်စကား၌ ဤသရကို ⟨ʌ⟩ အဖြစ် အက္ခရာဖလှယ်မှု အများဆုံးဖြစ်သည်။ ဆိုလိုသည်မှာ ဤသရသည် အနောက်တစ်ဝက်ဖွင့်သရ အမျိုးအစားဖြစ်သည့်အလား (မှတ်ယူ)ဖလှယ်ကြသည်။ အချို့ဒေသယိစကားများတွင် ဤ ⟨ʌ⟩ အသံထွက်ကို တွေ့ရှိရသော်လည်း ပြောဆိုသူအများစုသည် အလယ်သရပုံစံ [ɐ] (သို့) အလယ်တစ်ဝက်ဖွင့်အပြန့်သရ [ɜ] ကို သုံးစွဲလေ့ရှိကြသည်။
မတြာဝက်သရ (schwa-ရွှား) ⟨ə⟩ ကဲ့သို့ ⟨ɐ⟩ သည် သရဝိုင်းခြင်းဖြစ် မဖြစ် အတွက်[၁] အဓိပ္ပာယ်သတ်မှတ်ထားခြင်းမရှိသော စွယ်စုံသုံးသရ အမျိုးအစားတစ်ခုဖြစ်သည်။ ဤသရကို အလယ်အဖွင့်နီးပါးသရ၊[၂] အရှေ့နီးပါးအဖွင့်နီးပါး၊[၃] အနောက်နီးပါးအဖွင့်နီးပါးသရ၊[၄] အလယ်တစ်ဝက်ဖွင့်သရ၊[၅] အလယ်အဖွင့်သရ၊[၆] စသည်တို့အတွက် သုံးစွဲနိုင်သည့်အပြင် ယေဘုယျသဘော ထိုနေရာတစ်ဝိုက်တွင် ထုတ်လုပ်/ဖြစ်ပေါ်သော သရသံပုံစံတို့အတွက်လည်း သုံးစွဲနိုင်ပေသည်။[၇]
အင်္ဂါရပ်များ
[ပြင်ဆင်ရန်]- ဤသရ၏နိမ့်မြင့်သဘောမှာ အဖွင့်နီးပါးဖြစ်၍ လျှာ၏အနိမ့်အမြင့်(အနေအထား)သည် သည် အဖွင့်သရနှင့် နီးကပ်စွာဆင်တူသည်။ သို့ရာ၌ လျှာသည် အဖွင့်သရလောက်ထိ မရောက်ရှိပေ။ ဆိုလိုသည်မှာ လျှာ၏နိမ့်မြင့်သည် အဖွင့်သရကဲ့သို့ အောင်ဆုံး၌တည်ရှိသည်မဟုတ်ပါ။
- သရ၏ ရှေ့နောက်သဘောအရ အလယ်သရအမျိုးအစားဖြစ်ရာ လျှာ၏တည်နေရာသည် အရှေ့သရနှင့် အနောက်သရကြားအလယ်တွင် ရှိသည်။
- သရဝိုင်းခြင်းအတွက် သီးသတ်သတ်မှတ်မထားသောကြောင့် နှုတ်ခမ်းကိုဝိုင်း၍ (သို့) ဖြန့်၍ ထွက်ဆိုနိုင်သည်ဟု ဆိုလိုသည်။ လက်တွေ့အားဖြင့်မူ အပြန့်(နှုတ်ခမ်းဖြန့်)သဘောမှာ ပို၍အဖြစ်များသည်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ International Phonetic Association (1999), p. 166.
- ↑ Roca & Johnson (1999), p. 186.
- ↑ Anonby (2011), p. 378.
- ↑ Gilles & Trouvain (2013), pp. 68, 70.
- ↑ Ternes & Vladimirova-Buhtz (1999), p. 56.
- ↑ Cox & Fletcher (2017), pp. 64–65.
- ↑ Krech et al. (2009), p. 86.