အရှေ့တစ်ဝက်ဖွင့်အပြန့်သရ

ဝီကီပီးဒီးယား မှ
(Open-mid front unrounded vowel မှ ပြန်ညွှန်းထားသည်)
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်
open-mid front unrounded vowel
ɛ
IPA Number303
Encoding
Entity (decimal)ɛ
Unicode (hex)U+025B
X-SAMPAE
Braille⠜ (braille pattern dots-345)

အရှေ့တစ်ဝက်ဖွင့်အပြန့်သရ (အင်္ဂလိပ်: open-mid front unrounded vowel) သည် အပြောဘာသာစကားများစွာတွင် အသုံးပြုသော သရသံ အမျိုးအစားများထဲက ပုံစံတစ်ခုဖြစ်၍ နိုင်ငံတကာသဒ္ဒဗေဒအက္ခရာတွင် ဂရိအက္ခရာ အပ်စီလောန်အသေး (epsilon) ⟨ɛ⟩ ဖြင့်ပြဆိုသည်။

မြန်မာဘာသာဖြင့် ဤ ⟨ɛ⟩ ကို အယ် သရဟု ခေါ်ဆို၍ မြန်မာတို့၏ အယ်သရကို ထွက်ရှိရာ၌ အခြေခံသရ ⟨ɛ⟩ ထက် လျှာသည် အောက်သို့အနည်းငယ်​ရောက်သည်။[၁]

အင်္ဂါရပ်[ပြင်ဆင်ရန်]

  • အရှေ့သရဟုဆိုရာ၌ လျှာသည် ခံတွင်း၏ အရှေ့ပိုင်း၌ တည်ရှိသည်။
  • တစ်ဝက်ဖွင့်သရ ဆိုသည်မှာ လျှာ၏ နိမ့်မြင့်အနေအထားသည် အဖွင့်သရနှင့် တစ်ဝက်သရ၏ကြား တစ်ဝက်နေရာတွင်တည်ရှိသည်။
  • အပြန့်သရများကို ထွက်ရှိရာတွင် နှုတ်ခမ်းကို ဖြန့်၍ ထွက်ရှိကြသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. ထွန်းမြင့် (M.Phil, London) (မတ် ၂၀၀၇)။ သဒ္ဒဗေဒ။ ရာပြည့်စာအုပ်တိုက်။ p. ၁၂၇။