အလယ်တစ်ဝက်ပိတ်အပြန့်သရ

ဝီကီပီးဒီးယား မှ
close-mid central unrounded vowel
ɘ
IPA Number397
Encoding
Entity (decimal)ɘ
Unicode (hex)U+0258
X-SAMPA@\
Braille⠲ (braille pattern dots-256)⠑ (braille pattern dots-15)

အလယ်တစ်ဝက်ပိတ်အပြန့်သရ (အင်္ဂလိပ်: close-mid central unrounded vowel) သည် အပြောဘာသာစကားအချို့တို့တွင် အသုံးပြုသည့် သရသံအမျိုးအစားတစ်ခုဖြစ်ဖြစ်၍ နိုင်ငံတကာသဒ္ဒဗေဒအက္ခရာတွင် ဤသရသံကို ⟨ɘ⟩ ဟုတင်ဆက်ထားသည်။ ဤအက္ခရာသည် e ကို မှန်တွင်မြင်ရသည့်ပုံစံဖြစ်၍ ရွှားə⟩ နှင့် မရောထွေးရန်လိုအပ်သည်။[၁] ဤသင်္ကေတကို ၁၉၉၃ တွင် ထည့်သွင်းသတ်မှတ်ခဲ့ပြီး ယခင်က ဤသရသံကို လက်တင်စာလုံး e ကို အပေါ်ကအစက်နှစ်စက်ဖြင့် ရေးသားခဲ့ကြဖူးသည်။ အချို့သော ရှေးကျသည့်ရင်းမြစ်များ၌[၂]ɤ̈⟩ ဟူ၍ ဖလှယ်ရေးသားခဲ့ကြသည်။

အလယ်တစ်ဝက်အပြန့်သရကို ရည်ညွှန်းရန် ဤအက္ခရာကို အနိမ့် ဖြည့်စွက်အက္ခရာသုံး၍ ⟨ɘ̞⟩ ဟု ရေးသားနိုင်သည်။

ဆန့်ကျင်ဘက်သဘောအားဖြင့် အမြင့် ဖြည့်စွက်အက္ခရာသုံး၍ ⟨ə̝⟩ အဖြစ် ဖော်ပြနိုင်ကာ အလယ်တစ်ဝက်ပိတ်အပြန့်သရကို ရည်ညွှန်း၏ ။ တိတိကျကျရေးသားရမည်ဆိုလျှင် အပြန့်သဘောကိုညွှန်းဆိုသည့် ထပ်တိုးသင်္ကေတတင်၍ ⟨ə̝͑⟩ ဟုရေးသားနိုင်သည်။

အင်္ဂါရပ်များ[ပြင်ဆင်ရန်]

  • တစ်ဝက်ပိတ်သရ ဆိုသည်မှာ လျှာ၏ နိမ့်မြင့်အနေအထာအရး တစ်ဝက်သရထက် အပေါ်သို့ရောက်ရှိကာ အပိတ်နီးပါးသရ၏ အောက်ဘက်၌တည်ရှိသည်။
  • သရ၏ ရှေ့နောက်သဘောအရ အလယ်သရအမျိုးအစားဖြစ်ရာ လျှာ၏တည်နေရာသည် အရှေ့သရနှင့် အနောက်သရကြားအလယ်တွင် ရှိသည်။
  • အပြန့်သရများကို ထွက်ရှိရာတွင် နှုတ်ခမ်းကို ဖြန့်၍ ထွက်ရှိကြသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. Handbook of the international Phonetic Association, Cambridge University Press, p- 167
  2. For example Collins & Mees (1990).