အရှေ့တစ်ဝက်ဖွင့်အဝိုင်းသရ
ပုံပန်းသွင်ပြင်
(Open-mid front rounded vowel မှ ပြန်ညွှန်းထားသည်)
| open-mid front rounded vowel | |||
|---|---|---|---|
| œ | |||
| IPA Number | 311 | ||
| Encoding | |||
| Entity (decimal) | œ | ||
| Unicode (hex) | U+0153 | ||
| X-SAMPA | 9 | ||
| Braille | |||
| |||
| IPA: Vowels | ||||||||||||||||||||||||||||||||
|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|
| ||||||||||||||||||||||||||||||||
|
အမည်းစက်၏ဘေးမှ သရများသည်: နှုတ်ခမ်း ဖြန့်ခြင်း • ဝိုင်းခြင်း ဖြစ်သည်။ |
အရှေ့တစ်ဝက်ဖွင့်အဝိုင်းသရ (အင်္ဂလိပ်: open-mid front rounded vowel) သည် အပြောဘာသာစကားအချို့တွင် အသုံးပြုသော သရသံ အမျိုးအစားများထဲက ပုံစံတစ်ခုဖြစ်၍ နိုင်ငံတကာသဒ္ဒဗေဒအက္ခရာတွင် လက်တင်အက္ခရာ o နှင့် e ကို ပေါင်းစပ်ထားသည့် သင်္ကေတ œ ဖြင့်ပြဆိုထား၍ လက်တင်အက္ခရာ ⟨Œ⟩ ၏ အသေးစကားလုံးဖြစ်သည်။[၁]
ဤသရသံသည် မြန်မာဘာသာစကား၌ အသုံးပြုသော သရသံများထဲ၌မပါဝင်ပေ။
အင်္ဂါရပ်များ
[ပြင်ဆင်ရန်]- အရှေ့သရဟုဆိုရာ၌ လျှာသည် ခံတွင်း၏ အရှေ့ပိုင်း၌ တည်ရှိသည်။
- တစ်ဝက်ဖွင့်သရ ဆိုသည်မှာ လျှာ၏ နိမ့်မြင့်အနေအထားသည် အဖွင့်သရနှင့် တစ်ဝက်သရ၏ကြား တစ်ဝက်နေရာတွင်တည်ရှိသည်။
- အပြန့်သရများကို ထွက်ရှိရာတွင် နှုတ်ခမ်းကို ဖြန့်၍ ထွက်ရှိကြသည်။
- အဝိုင်းသရဟူ၍ ခေါ်ဆိုရာ၌ နှုတ်ခမ်းကို ဝိုင်း၍ ချပ်ကာ (compressed) ထွက်ရှိသည်။ နှုတ်လမ်းသားအစွန်းများသည် တင်းတင်းရင်းရင်းဖြင့် ဆွဲယူ၍ ချပ်ချပ်ကပ်ကပ်ပုံစံဖြစ်ကာ နှုတ်ခမ်း၏ အတွင်းသားများ မပေါ်လွင်စေရပါ။
ကိုးကား
[ပြင်ဆင်ရန်]- ↑ IPA Braille (An Updated Tactile Representation of the International Phonetic Alphabet) (PDF)။ p. 15။ 9 July 2021 တွင် မူရင်း (PDF) အား မော်ကွန်းတင်ပြီး။ 5 July 2021 တွင် ပြန်စစ်ပြီး။
