အနောက်တစ်ဝက်ဖွင့်အပြန့်သရ
ပုံပန်းသွင်ပြင်
(Open-mid back unrounded vowel မှ ပြန်ညွှန်းထားသည်)
| open-mid back unrounded vowel | |||
|---|---|---|---|
| ʌ | |||
| IPA Number | 314 | ||
| Encoding | |||
| Entity (decimal) | ʌ | ||
| Unicode (hex) | U+028C | ||
| X-SAMPA | V | ||
| |||
| IPA: Vowels | ||||||||||||||||||||||||||||||||
|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|
| ||||||||||||||||||||||||||||||||
|
အမည်းစက်၏ဘေးမှ သရများသည်: နှုတ်ခမ်း ဖြန့်ခြင်း • ဝိုင်းခြင်း ဖြစ်သည်။ |
အနောက်တစ်ဝက်ဖွင့်အပြန့်သရ (အင်္ဂလိပ်: open-mid back unrounded vowel) သည် အပြောဘာသာစကားအချို့တို့တွင် အသုံးပြုသည့် သရသံအမျိုးအစားတစ်ခုဖြစ်၍ နိုင်ငံတကာသဒ္ဒဗေဒအက္ခရာတွင် ဤသရသံကို အက္ခရာ ဗီ (v) ၏ ပြောင်းပြန်လှန်ပုံစံ (သို့ရာတွင် အက္ခရာ ⟨ᴀ⟩ ကို အလယ်မှဖြတ်သည့်မျဉ်းတိုမပါရှိသည့်ပုံစံအနေဖြင့် တည်ဆောက်ထားခြင်းဖြစ်သည်။) ⟨ʌ⟩ ဟုကိုယ်စားပြုဖော်ပြထားသည်။[၁] ဤသရသင်္ကေတရော အသံကိုပါ ပုံမှန်အားဖြင့် သပ်ပုံစံ၊ ကာရာ့အမှတ် (caret) ၊ ဦးထုပ် အဖြစ်ညွှန်းဆိုခေါ်ဝေါ်ကြသည်။ အင်္ဂလိပ်ဘာသာစကားတွင် အလယ်အဖွင့်နီးပါးအပြန့်သရအတွက် ဤသင်္ကေတကို အက္ခရာဖလှယ်၍ အသုံးပြုကြသည်။[မှတ်စု ၁] ဒိန်းမတ်ဘာသာစကားတွင် ဤသင်္ကေတကို အနောက်အဖွင့်အဝိုင်းသရ အတွက် အက္ခရာဖလှယ်အသုံးပြုကြသည်။
အင်္ဂါရပ်များ
[ပြင်ဆင်ရန်]- တစ်ဝက်ဖွင့်သရ ဆိုသည်မှာ လျှာ၏ နိမ့်မြင့်အနေအထားသည် အဖွင့်သရနှင့် တစ်ဝက်သရ၏ကြား တစ်ဝက်နေရာတွင်တည်ရှိသည်။
- သရ၏ ရှေ့နောက်သဘောအရ အနောက်သရအမျိုးအစားဖြစ်ရာ လျှာသည် ပါးစပ်၏ အနောက်တွင်တည်ရှိကာ ပိတ်ဆို့၍ ဗျည်းသံထွက်သည်အထိမဟုတ်ပေ။ အနောက်အပြန့်သရများသည် အလယ်သရဖက်သို့ တိမ်းတတ်၏ ။ ဆိုလိုသည်မှာ များမကြာခဏဆိုသလို ၎င်းတို့ကို အနောက်နီးပါးသရဟု ပြောလိုရင်းဖြစ်သည်။
- အပြန့်သရများကို ထွက်ရှိရာတွင် နှုတ်ခမ်းကို ဖြန့်၍ ထွက်ရှိကြသည်။
မှတ်စု
[ပြင်ဆင်ရန်]- ↑ အင်္ဂလိပ်စကားတွင် သုံးလေ့ရှိသော သဒ္ဒဗေဒအက္ခရာများနှင့် နိုင်ငံတကာသဒ္ဒဗေဒအက္ခရာတို့သည် အချို့သောနေရာများ၌ သုံးစွဲပုံမတူကြသည်ကို သတိပြုရန်။
