မာတိကာသို့ ခုန်သွားရန်

အလယ်တစ်ဝက်ဖွင့်အပြန့်သရ

ဝီကီပီးဒီးယား မှ
(Open-mid central unrounded vowel မှ ပြန်ညွှန်းထားသည်)
open-mid central unrounded vowel
ɜ
IPA Number326
Encoding
Entity (decimal)ɜ
Unicode (hex)U+025C
X-SAMPA3
Braille⠲ (braille pattern dots-256) ⠜ (braille pattern dots-345)

အလယ်တစ်ဝက်ဖွင့်အပြန့်သရ (အင်္ဂလိပ်: open-mid central unrounded vowel) သည် အပြောဘာသာစကားအချို့တို့တွင် အသုံးပြုသည့် သရသံအမျိုးအစားတစ်ခုဖြစ်ဖြစ်၍ နိုင်ငံတကာသဒ္ဒဗေဒအက္ခရာတွင် ဤသရသံကို ɜ (ယခင်အသုံး ) အဖြစ် ဖော်ပြသည်။ ဤအက္ခရာသည် အင်္ဂလိပ် ဂဏန်း 3 (သို့) စစ်ရစ်လစ် အက္ခရာ ဇီ (Ze) ၏ အသေးစာလုံး (з) မဟုတ်ပေ။ လက်တင်အက္ခရာ အပ်စီလွန်၏ အက္ခရာပုံအသေး ɛ ကို ရှေ့နောက်ပြောင်းထားခြင်း ဖြစ်သည်။[] ɛ ကို ၁၉၉၃ မှသာ သတ်မှတ်အသုံးပြုခဲ့ကြ၍ ယခင်ကာလများ၌ ɛ̈ ကို အသုံးပြုခဲ့ကြသည်။

ɜ ကို အမြင့်[မှတ်စု ၁] ဖြည့်စွက်အက္ခရာနှင့်တွဲ၍ ɜ̝ အဖြစ် အလယ်တစ်ဝက်အပြန့်သရ ကိုရည်ညွှန်းရန် သုံးစွဲနိုင်သည်။ ထို့အတူ အနိမ့် ဖြည့်စွက်အက္ခရာနှင့်တွဲ၍ ɜ̞ အဖြစ် အလယ်အဖွင့်နီးပါးအပြန့်သရ ကိုရည်ညွှန်းနိုင်ပေသည်။

ပြောင်းပြန်အားဖြင့် အလယ်တစ်ဝက်သရ၏ သင်္ကေတဖြစ်သည့် ə ကို အနိမ့် ဖြည့်စွက်အက္ခရာနှင့်တွဲပြီး ə̞ အဖြစ် အလယ်တစ်ဝက်ဖွင့်အပြန့်သရကို ရည်ညွှန်းနိုင်သည်။ သို့သော် ပို၍တိတိကျကျရေးရမည်ဆိုလျှင် အပြန့်သဘော ထပ်တိုးအက္ခရာကိုသုံးပြီး ə̞͑ ဟူ၍ ဖော်ပြနိုင်သည်။ (သဒ္ဒဗေဒကျမ်းရင်းများတွင် ə ကို ပြန့်ခြင်း၊ ဝိုင်းခြင်း ဖော်ပြထားမှုမရှိပေ။)

အင်္ဂါရပ်များ

[ပြင်ဆင်ရန်]
  • တစ်ဝက်ဖွင့်သရ ဆိုသည်မှာ လျှာ၏ နိမ့်မြင့်အနေအထားသည် အဖွင့်သရနှင့် တစ်ဝက်သရ၏ကြား တစ်ဝက်နေရာတွင်တည်ရှိသည်။
  • သရ၏ ရှေ့နောက်သဘောအရ အလယ်သရအမျိုးအစားဖြစ်ရာ လျှာ၏တည်နေရာသည် အရှေ့သရနှင့် အနောက်သရကြားအလယ်တွင် ရှိသည်။
  • အပြန့်သရများကို ထွက်ရှိရာတွင် နှုတ်ခမ်းကို ဖြန့်၍ ထွက်ရှိကြသည်။

မှတ်စု

[ပြင်ဆင်ရန်]
  1. အမြင့် (raising/raised) နှင့် အနိမ့် (lowering/lowered) ဆိုသည်မှာ လျှာ၊ နှုတ်ခမ်းတို့သည် ရည်ညွှန်းနေရာထက် အထက် (သို့) အောက်သို့ ပိုရောက်ရှိနေခြင်းဖြစ်သည်။

ကိုးကား

[ပြင်ဆင်ရန်]
  1. Handbook of the international Phonetic Association, Cambridge University Press, p- 173