အက်ဖ်အမ်အိုင် လေကြောင်းလိုင်း

ဝီကီပီးဒီးယား မှ
အက်ဖ်အမ်အိုင် လေကြောင်းလိုင်း
IATA ICAO Callsign
ND FMI Gecko
တည်ထောင်၂၀၁၂
ရပ်နားဩဂုတ် ၂၀၁၈[၁]
အခြေစိုက် ဌာနရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်
ပြေးဆွဲသည့် မြို့များနေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်
ဖောက်သည်အစီအစဉ်2016
အနားယူနေရာNYT, RGN
လေယာဉ်ပေါင်း
ပျံသန်းဌာနေပေါင်း
ဌာနချုပ်ရန်ကုန်မြို့မြန်မာနိုင်ငံ
ဝက်ဘ်ဆိုဒ်fmiair.com

အက်ဖ်အမ်အိုင် လေကြောင်းလိုင်း (အင်္ဂလိပ်: FMI Air) သည် မြန်မာနိုင်ငံရန်ကုန်မြို့တွင် အခြေစိုက်ခဲ့သော လေကြာင်းလိုင်းတစ်ခု ဖြစ်သည်။ မြို့တော် နေပြည်တော်သို့ တစ်ပတ်လျှင် ခရီးစဉ် (၁၉) ခု ခန့်ဖြင့် ပျံသန်းနေပြီး စင်းလုံးငှားလေယာဉ် ဝန်ဆောင်မှုပေးကာ မြို့ပေါင်း (၂၀) ကို ပျံသန်းပေးခဲ့သည်။ အဓိက အခြေစိုက်ရာနေရာမှာ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် ဖြစ်သည်။

သမိုင်း

၂၀၁၂ ခုနှစ် စက်တင်ဘာလတွင် အေတီအာ ၄၂ လေယာဉ်သည် ရန်ကုန်လေဆိပ်မှ စတင်ထွက်ခွာခဲ့သည်။ အဆိုပါ လေယာဉ်ထွက်ခွာမှုသည် အက်ဖ်အမ်အိုင် လေကြောင်းလိုင်း၏ ပထမဆုံး လေယာဉ်ထွက်ခွာမှုဖြစ်ပြီး  မြန်မာ့လေကြောင်းလောကအတွက် စာမျက်နှာအသစ် ဖြစ်ခဲ့သည်။

အက်ဖ်အမ်အိုင် လေကြောင်းလိုင်းသည် ရန်ကုန် နှင့် နေပြည်တော် အကြား တစ်ပတ်လျှင် ခရီးစဉ် (၁၉) ခု ပျံသန်းခဲ့သည်။

အက်ဖ်အမ်အိုင် လေကြောင်းလိုင်းသည် လေယာဉ် စင်းလုံးငှားခြင်းကိုလည်း ဝန်ဆောင်မှုပေးလျက်ရှိပြီး ပြည်တွင်း လေဆိပ် (၂၀) ကျော်သို့ ငှားရမ်း ပျံသန်းနိုင်ခဲ့သည်။[၂]

စီးနင်းသူ နည်းပါးမှုကြောင့် ၂၀၁၈ ဩဂုတ်တွင် လေကြောင်းလိုင်းကို ရပ်နားခဲ့သည်။[၁]

ပျံသန်းရာမြို့များ

အက်ဖ်အမ်အိုင် လေကြောင်းလိုင်းသည် အောက်ဖော်ပြပါ မြို့များသို့ ပျံသန်းခဲ့သည်။ 

လေယာဉ်

၂၀၁၅ ခုနှစ် အောက်တိုဘာ ၂၃ ရက်နေ့အထိ အက်ဖ်အမ်အိုင် လေကြောင်းလိုင်းသည် အောက်ဖော်ပြပါ လေယာဉ်များဖြင့် ပျံသန်းခဲ့သည်။ [၃]

အက်ဖ်အမ်အိုင် လေကြောင်းလိုင်း၏ လေယာဉ်စာရင်း
အမျိုးအစား
လက်ရှိ အမှာစာ မှတ်ချက်
Bombardier challenger 800SE
Bombardier CRJ200
ATR 72-600
စုစုပေါင်း
0

ကိုးကား