အ.ထ.က(၁၆)မန္တလေး

ဝီကီပီးဒီးယား မှ
B.E.H.S No. 16 Mandalay
အ.ထ.က (၁၆) မန္တလေး
လိပ်စာ
၂၈ လမ်းနှင့် ၆၈ လမ်းထောင့်၊ ချမ်းအေးသာဇံမြို့နယ်
မန္တလေးမြို့, မန္တလေးတိုင်းဒေသကြီး
မြန်မာနိုင်ငံ
သတင်းအချက်အလက်
အမျိုးအစားအများဆိုင်
တည်ထောင်၁၉၆၅
ကျောင်းအမှတ်၁၆
အတန်းများGrade 1–Grade 11
ကျောင်းသား/သူဦးရေ၄၁၅၅ (၂၀၁၉–၂၀၂၀)
ဝဘ်ဆိုဒ်

အထက (၁၆) မန္တလေး (အင်္ဂလိပ်: Basic Education High School No. 16 Mandalay) သည် မြန်မာနိုင်ငံ၊ မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့တွင် တည်ရှိပြီး မန္တလေး နန်းတော်၏ တောင်ပိုင်းတွင် တည်ရှိသည်။ ကိုလိုနီခေတ် ၁၉၀၀ အစောပိုင်းတွင် စတင်တည်ထောင်ခဲ့သည်။ Wesley High School (ဝက်စလီကျောင်း) ဟူ၍ အမည်တွင်ခဲ့သည်။ ၁၉၆၅ခုနှစ်တွင် ပြည်သူပိုင်ကျောင်းအဖြစ် အသိမ်းခံရသည်။ ကျောင်း၏ အကျယ်အဝန်းမှာ ၄.၃ ဧရိယာကျယ်ဝန်းပြီး ကျောင်းဆောင် ၁၈ ဆောင် ရှိသည်။[၁]

အမှတ်(၁၆)အခြေခံပညာအထက်တန်းကျောင်းတွင် စာသင်ဆောင်ပေါင်း(၁၈)ဆောင်၊ စာသင်ခန်း အရေအတွက်(၇၈)ခန်းရှိပြီးကျာင်းစာကြည့်တိုက်အပါအဝင် မီဒီယာလက်တွေ့ခန်း များနှင့်  ကျောင်းကျန်းမာရေးဆေးပေးခန်း၊ သိပ္ပံလက်တွေ့ခန်း၊ဘင်ခရာခန်း၊   ကျောင်းအုပ်ကြီး ရုံးခန်းနှင့် ဧည့်ခန်းဆောင်တို့ သီခြားတည်ရှိသည်။

ကျောင်းအုပ်ကြီးများ[ပြင်ဆင်ရန်]

  • ဦးကျန် (၁၉၆၆-၁၉၆၉)
  • ဦးမြတ်စံ (၁၉၆၉-၁၉၇၂)
  • ဦးကျော်ညွန့် (၁၉၇၂-၁၉၇၆)
  • ဒေါ်မြင့်မြင့်သန်း (၁၉၇၆-၁၉၈၁)
  • ဒေါ်စောကြင်အုန်း (၁၉၈၁-၁၉၉၆)
  • ဒေါ်မြမြ (၁၉၉၆-၂၀၀၁)
  • ဦးဌေးအောင် (၂၀၀၁-၂၀၀၂)
  • ဒေါ်ထွေးထွေးသန်း (၂၀၀၂-၂၀၁၂)
  • ဒေါ်သန်းသန်းနွဲ့ (​အောက်တိုဘာ ၂၀၁၂ -​ ​မေ ၂၀၁၆)
  • ​ဒေါက်တာတင်တင်​အေး (၂၀၁၆-​မေ ၂၀၁၉)[၂]
  • ဦးသိန်းနိုင် (ယာယီ) (ဇွန် ၂၀၁၉-၂၇.၁၁.၂၀၁၉)
  • ​ဒေါက်တာသန်းထိုက်စိုး[၃](၂၇.၁၁.၂၀၁၉-လက်ရှိ)

ကိုးကား[ပြင်ဆင်ရန်]

  1. ကျောင်းအကြောင်းမှ
  2. ကျောင်းအုပ်ကြီးများ။ 17 February 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 17 February 2015 တွင် ပြန်စစ်ပြီး။
  3. "လူငယ်နှင့် စာပေပွဲတော်တွင် ပြခန်းပေါင်း ၄၀ ကျော် ပါဝင်ပြသသွားမည်"။ 1 February 2022 တွင် ပြန်စစ်ပြီး။ Archived from the original on 1 February 2022။ 

ပြင်ပလင့်ခ်များ[ပြင်ဆင်ရန်]