အာကာသဝတ်စုံ

ဝီကီပီးဒီးယား မှ
Apollo A7L space suit worn by astronaut en:Buzz Aldrin on Apollo 11

အာကာသဝတ်စုံသည် ကမ္ဘာ့အပြင်ဘက်၊ သို့မဟုတ် အာကာသထဲတွင် လေဟာနယ်နှင့် အစွန်းရောက်အပူချိန်များကြားမှ လူသားတစ်ယောက်အသက်ရှင်နိုင်ရန် အထောက်အပံ့အလို့ငှာ ဝတ်ဆင်ရသော အထူးစီမံထားသည့် ဝတ်စုံဖြစ်သည်။ အာကာသယာဉ်ကို စီးနင်းသွားသည့် အာကာသသူရဲသည် အာကာသယာဉ်မှ ခွာပြီး အာကာသတွင်းမှာ အလုပ်လုပ်ရသည့်အခါတွင် အာကာသဝတ်စုံကို ဝတ်ဆင်ရသည်။