အာကာသပျံသန်းရေး

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်
လူန ၁သည် ၁၉၅၉ ခုနှစ်တွင် လွှတ်တင်ခဲ့သည့် ကမ္ဘာမြေမှ လွတ်မြောက်အလျင်ကို အောင်မြင်ခဲ့သော ပထမဆုံးလူလုပ်အရာဝတ္ထုဖြစ်သည်။[၁] (replica pictured)

အာကာသပျံသန်းရေး သည် အာကာသယာဉ်မှူးများ အပြင်ဘက်အာကာသတွင်းသို့ အာကာသယာဉ်အား ပျံသန်းခြင်းဖြစ်သည်။ ယင်းတွင် လူသားများလိုက်ပါသော အာကာသပျံသန်းရေး သို့မဟုတ် လူသားမဲ့အာကာသယာဉ်ပျံသန်းရေး (မောင်းသူမဲ့) တစ်ခုမဟုတ်တစ်ခု ဖြစ်နိုင်သည်။ အာကာသပျံသန်းရေးအများစုသည် မောင်းသူမဲ့ဖြစ်ကြပြီး ကမ္ဘာပတ်လမ်းကြောင်းထဲရှိ ဂြိုဟ်တုများ၊ ကမ္ဘာပတ်လမ်းကြောင်းထက်ကျော်လွန်၍ ခရီးသွားသော အာကာသယာဉ်များ ဖြစ်ကြသည်။ ယင်းအာကာသယာဉ်များကို စက်ရုပ်လက်မောင်းတံများ သို့မဟုတ် အလိုအလျောက်ထိန်းချုပ်စနစ်ဖြင့် မောင်းနှင်ကြသည်။ လူသားတို့သည် လကမ္ဘာသို့ ခြေချပြီးသောအခါ ပိုမိုရှုပ်ထွေးသော အာကာသပျံသန်းရေးများကို လုပ်ဆောင်လာခဲ့သည်။ လူသားများ အာကာသပျံသန်းရေး စီမံကိန်းတွင် ဆိုယုဇ် စီမံကိန်း၊ အပိုလို စီမံကိန်းနှင့် အာကာသလွန်းပျံယာဉ် စီမံကိန်းတို့ဖြစ်ကြပြီး လက်ရှိတွင် နိုင်ငံတကာ အာကာသ စခန်းသို့ အဓိကအားဖြင့် ပျံသန်းသွားလာလျက်ရှိကြသည်။

အာကာသပျံသန်းရေးသည် ဆက်သွယ်ရေးဂြိုဟ်တုများ၊ ကမ္ဘာမြေလေ့လာရေးဂြိုဟ်တုများကို ကမ္ဘာပတ်လမ်းကြောင်းထဲတွင် အရောက်ပို့ရာ၌ အသုံးချသည်သာမက အာကာသလေ့လာစူးစမ်းရေးနှင့် အာကာသလေ့လာရေးမျော်စင်များ၊ အာကာသခရီးသွားလုပ်ငန်းများထိလည်း အသုံးချကြသည်။ အာကာသပျံသန်းရေးသည် အာကာသယာဉ်လွှတ်တင်ရေးစနစ်များဖြင့် ကမ္ဘာမြေ၏ဆွဲအားကို ကျော်လွန်ရန် ဒုံးပျံများကို အသုံးပြု၍ လိုရာပန်းတိုင်သို့ ရောက်ရှိကြသည်။

အချို့သော အာကာသယာဉ်များသည် နှစ်ကြာညောင်းပြီး အသုံးပြုမရဖြစ်သွားသော်လည်း အာကာသထဲတွင် ဆက်လက်တည်ရှိနေကြပြီး အာကာသညစ်ညမ်းမှုကိုဖြစ်စေသည်။ များသောအားဖြင့် အာကာသယာဉ်များ လေထုထဲသို့ဝင်ရောက်သောအခါ မီးလောင်ပျက်စီးတတ်ကြသော်လည်း ကျန်ရှိနေသော ယင်းအာကာသအစိတ်အပိုင်းများသည် အာကာသပျံသန်းရေးအတွက် အန္တရာယ်ကျရောက်စေသဖြင့် မြေပြင်ထိန်းချုပ်ရေးစခန်းမှ သတ်မှတ်နေရာသို့ အာကာသယာဉ်အား ဆက်းသက်ပျက်စီးစေပြီး အန္တရာယ်ကင်းအောင် ဆောင်ရွက်ကြသည်။ သက်တမ်းကုန်သွားသော အာကာသယာဉ်များကို သမုဒ္ဒရာထဲတွင် မကြာခဏဆိုသလို လွှင့်ပစ်တတ်ကြသည်။

ကိုးကား[ပြင်ဆင်ရန်]