အာကာသလွန်းပျံ

ဝီကီပီးဒီးယား မှ

အာကာသလွန်းပျံ သည် ကမ္ဘာပတ်လမ်းအနိမ့်သို့သွားရောက်ရန် အမေရိကန်ပြည်ထောင်စု အမျိုးသား အာကာသနှင့် လေကြောင်း ဦးစီးဌာန (နာဆာ)က အသုံးပြုသော တစ်စိတ်တပိုင်း ပြန်လည်အသုံးပြုနိုင်သည့် ယာဉ်ဖြစ်သည်။

အဓိကတာဝန်များမှာ မရေမတွက်နိုင်သောဂြိုဟ်တုများ ကမ္ဘာပတ်လမ်းကြောင်းပေါ်သို့ပို့လွှတ်ခြင်း၊ ဂြိုဟ်သွားယာဉ်များလွှတ်ခြင်း၊ ဟပ်ဘယ် အာကာသ တယ်လီစကုပ်လွှတ်တင်ခြင်း၊ အာကာသသိပ္ပံစမ်းသပ်မှုများပြုလုပ်ခြင်း၊ နိုင်ငံတကာ အာကာသ စခန်းဆောက်လုပ်ခြင်းနှင့်ထောက်ပံ့မှုပြုခြင်းတို့ဖြစ်သည်။ အဓိကအစိတ်အပိုင်းများမှာ ကမ္ဘာပတ်ယာဉ်၊ တွန်းအားပေးဒုံးပျံ၊ ပြင်ပလောင်စာကန်၊ ကုန်များနှင့်အထောက်အကူပြုပစ္စည်းများပါဝင်သည်။ ကမ္ဘာပတ်ယာဉ်ငါးစင်းတည်ဆောက်ခဲ့ပြီး နှစ်စင်းမှာမတော်မဆဖြစ်မှုကြောင့်ပျက်စီးခဲ့သည်။

မိတ်ဆက်[ပြင်ဆင်ရန်]

အာကာသလွန်းပျံသည် တစ်ကြိမ်ထက်ပိုပြီး ပြန်လည်အသုံးပြုနိုင်သောယာဉ်ဖြစ်သည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. Bewley၊ Elizabeth။ "SpaceX working on reusable rocket"၊ September 30, 2011။ 2011-09-30 တွင် ပြန်စစ်ပြီး။ "[many] rockets typically are used just once, although some partly reusable versions have been developed, such as the Space Shuttle."