အာကာသ စူးစမ်းရှာဖွေခြင်း

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်

အာကာသအတွင်းခရီး သွားလာရေးသည် လူတို့၏ အကြီးဆုံးသော စွန့်စား မှုတစ်ရပ် ဖြစ်၍ ထိုသို့ ကမ္ဘာ့အပြင်ဘက်ရှိ အာကာသအတွင်းသို့ သွားရောက် စူးစမ်းနိုင်ခြင်းမှာ ကြီးမားသော ဒုံးပျံတို့၏ တွန်ကန်အား၏ ကျေးဇူးကြောင့်ပင် ဖြစ်လေသည်။


အာကာသအတွင်း ခရီးသွားလာရေးကို လူတို့သည်လွန်ခဲ့ သော နှစ်ပေါင်း ၃ဝဝ ကျော်လောက်ကပင် စတင်၍ လေ့လာ ကြံ စည်ခဲ့ကြသည်။ ခရစ် ၁၆ဝ၁ ခု၊ ၁၆ဝ၂ ခုနှစ်လောက်က ဂျာမန်လူမျိုး သိပ္ပံပညာရှင် တစ်ဦးဖြစ်သူ ယောဟန်ကပ်ပလာ သည် အာကာသအတွင်း၌ ဂြိုဟ်များ သွားလာနေကြသော လမ်းများကို သတ်မှတ်သည့် စည်းများကို ကြံစည်ရုံမက အာကာသယာဉ်များ ပျံသန်းနိုင်မည့် နည်းလမ်းများကိုပင ဠကံ စည်ခဲ့လေသည်။


၁၆၈၇ ခုနှစ်တွင် ဆာအိုင်ဇပ်နျူတန်က ရွှေ့ရှားမှုစည်းများ ကို ထုတ်ပြန်ခဲ့သည်။ ထိုစည်းများသည်လည်း ကက်ပလာ၏ စည်းများကဲ့သို့ပင် အာကာသအတွင်းသို့ ပျံသန်းသွားလာ နိုင်ရေးအတွက် အခြေခံအချက်များ ဖြစ်လာခဲ့လေသည်။ ထင်ရှားစေရန် ပုံစံပြရလျှင် နျူတန်၏ ရွှေ့ရှားမှုစည်းများ အနက် တတိယစည်းက လှုပ်ရှားမှု မှန်သရွေ့တွင် တူညီပြီး လျှင် ဆန့်ကျင်သော တုံ့ပြန်ချက် ရှိသည်ဟု ဆိုထားရာ ထိုစည်းက ဒုံးပျံတစ်ခု အဘယ်ကြောင့် ပျံတက်နိုင်ကြောင်းကို ဖော်ပြလျက် ရှိပေသည်။

၁၉ဝ၃ ခုနှစ်တွင် ရုရှ သိပ္ပံပညာရှင် တစ်ဦးဖြစ်သော ကွန်စတန်တင်း အီ ဆီယိုကော့ဗစကီး (၁၈၅၇- ၁၉၃၅)က အာကာသယာဉ်များ ပျံသန်းနိုင်ရေးအတွက် ဒုံးပျံများအသုံး ပြုနိုင်ပုံကို ဖော်ပြထားသော စာရွက် စာတမ်းကို ထုတ်ဝေခဲ့ လေသည်။ အမေရိကန်ပြည်ထောင်စုမှ ရောဗတ် အိပ်၊ ဂေါ့ဒပ် နှင့် ဂျာမနီနိုင်ငံမှ ဟာမန်းအိုဗတ် တို့ကလည်း ဒုံးပျံ များနှင့် အာကာသအတွင်း သွားလာနိုင်ရေးများအတွက် သီးခြားစီကြိုး ပမ်းခဲ့ကြလေသည်။ ၁၉၁၉ ခုနှစ်တွင် ဂေါ့ဒပ်က ဒုံးပျံအတွင်း၌ အသုံးပြုမည့် လောင်စာရည်ကို ပထမစတင်၍ တီထွင်နိုင်ခဲ့ ပြီးလျှင် လသို့ ဒုံးပျံလွှတ်နိုင်မည့် အကြောင်းနှင့် အမြင့်သို့ ပျံသန်းသည့် ဒုံးပျံများအကြောင်း ဆွေးနွေး ထားသော အခြေခံစည်းများကို ထုတ်ပြန်ခဲ့လေသည်။ ၁၉၅၇ ခုနှစ် အောက်တိုဘာလ ၄ ရက်နေ့သည်ကား အာကာသခေတ် စတင်သောနေ့ပင် ဖြစ်၍ ထိုနေ့မှ နောက်ပိုင်းတွင် အာကာသအတွင်း စူးစမ်းရှာဖွေရေးသည် တဟုန်ထိုး တိုးတက်ခဲ့လေသည်။ ထိုနေ့ တွင် ရုရှသိပ္ပံ ပညာရှင်များက စပွတ်နစ်-၁ ခေါ် ပထမ အာကာသယာဉ် ဖြစ်သည့် ဂြိုဟ်တုတလုံးကို စတင်၍ လွှတ်တင်နိုင်ခဲ့ကြလေ သည်။ ထိုဂြိုဟ်တုသည် ကမ္ဘာ့မျက်နှာပြင်မှ အထက်မိုင်ပေါင်း ၅၅၈ မိုင်အမြင့်နေ၍ ရေဒီယို အချက်ပြများဖြင့် သတင်းပေးပို့ နိုင်ခဲ့ပေသည်။ ထိုနောက်တွင် ဂြိုဟ်တုအတွင်း၌ သိပ္ပံကိရိယာ များ အပြင် တိရစ္ဆာန်များနှင့် အပင်များကို ထည့်၍ အာကာသ အတွင်းသို့ လွှတ်တင်ကြပြန်သည်။ ဂြိုဟ်တုတလုံး အတွင်း၌ လိုက်ကာအမည်ရှိ ခွေးတစ်ကောင်နှင့် အပင်များကို ထည့်၍ အာကာသအတွင်းသို့ လွှတ်ကြည့်ရာ တပ်ဆင်ပေးလိုက်သော ကိရိယာများက လိုက်ကာ၏ သွေးတိုးမှု၊ အသက်ရှူမှုနှင့် သွေဖိအားများကို တိုင်းတာ၍ ရေဒီယိုဖြင့် သတင်းပို့ပေးခဲ့ကြ လေသည်။ အမေရိကန် သိပ္ပံပညာရှင်များကလည်း ကြွက်ဝမ်းဖြူများ၏ ခန္ဓာကိုယ် ပြုမှုဆောင်ရွက်ချက်များကို သိရှိ နားလည်ထားပြီး ဖြစ်ကြသည့်အလျောက် ကြွက်ဝမ်းဖြူတစ်ကောင်ကိုသေခချာကျ နစွာ ချိန်တွယ်ပြီးလျှင် ဂြိဟ်တု အတွင်း၌ ထည့်၍ လွှတ်တင်ခဲ့ ကြသည်။ စပွတ်နစ် ၁ ကို လွှတ်ကြည့်ပြီး၍ လေးနှစ်မျှ မကြာမီပင် လူတို့၏ စူးစမ်းရှာဖွေသမိုင်း၌ အကြီးဆုံးသော အောင်မြင်မှု မှတ်တိုင်တစ်ခုကို စိုက်ထူနိုင်ခဲ့ပေသည်။ ထိုအောင်မြင်မှုကား အာကာသအတွင်းသို့ လူသား တစ်ယောက်က ပထမအကြိမ် ခရီးသွားနိုင်ခဲ့ခြင်းပင်တည်း။ ၁၉၆၁ ခုနှစ် ဧပြီလ ၁၂ ရက်နေ့ တွင် ရုရှလေတပ် ဗိုလ်ကလေးတစ်ဦးဖြစ်သည်သူ ယူရီအလက်စီယီဗစ်ဂါဂါရင်သည် ဂြိုဟ်တု တစ်ခုဖြင့် လိုက်ပါ ကာ ကမ္ဘာကို အမြင့်မိုင်ပေါင်း ၁၁ဝ နှင့် ၂ဝ၃ မိုင်အကြားမှ နေ၍ ၁ဝ၈ မိနစ်ဖြင့် တစ်ပတ် ပတ်ခဲ့ လေသည်။ ထိုနောက် တစ်လမျှ မကြာမီ အတွင်း၌ ထိုးဖောက် ပျံတက်ခဲ့ပြန်သည်။ ၁၉၆၁ ခုနှစ် ဇွန် ၅ ရက်နေ့တွင် အမေရိကန်ရေတပ်မှလေသူ ရဲဖြစ်သူ အလန် ဗီ၊ ရှက်ပတ် (အငယ်)သည် အာကာသယာဉ် တစ်ခု အတွင်းမှနေ၍ ကမ္ဘာ့မျက်နှာပြင်မှ အထက်မိုင်ပေါင်း ၁၁၇ မိုင် အမြင့်သို့ ပျံတက်ခဲ့လေသည်။ ထိုသို့ ပျံတက်စဉ် အာကာသယာဉ်၏ အနေအထားကို ပြောင်းလဲပေးသည့်ခလုတ် များကို ထိန်းသိမ်းသွားသဖြင့် ရှက်ပတ်သည် အာကာသ ယာဉ်ဖြင့် ပျံနေစဉ်အတွင်း ထိုယာဉ်ကို ပထမဦးစွာထိန်းသိမ်း နိုင်သူ ဖြစ်ခဲ့ လေသည်။ ထိုနှစ် ဇူလိုက်လ ၂၁ ရက်နေ့တွင် အမေရိကန် လေတပ်မှ ဗာဂျီ ဂရစ်ဆမ်က တစ်ဖန် ရှက်ပတ် နည်းတူ ထပ်မံ၍ ပြုလုပ်ခဲ့ပြန်သည်။ ထိုနောက် ထိုနှစ် ဠ သဂုတ်လ ၆ ရက်နေ့တွင် ရုရှလေသူရဲ တစ်ဦးဖြစ်သဂါမန် အက်(စ)တီးတော့သည် ဒုံးပျံ၏ ပို့ဆောင်ချက်ဖြင့် ကမ္ဘာပတ် လမ်းကြောင်းအတွင်းသို့ ရောက်ရှိသွားကာ ကမ္ဘာကို ၁၇ပတ် ပတ်ခဲ့ရာ ၂၅ နာရီ ကြာခဲ့လေသည်။ ၁၉၆၁ ခုနှစ်တွင် အာကာသအတွင်း ခရီးသွားနိုင်ခြင်းကို အောင်မြင်စွာ ပြုပြီးသည့်နောက်ပိုင်းကာလတွင် အာကာသစူး စမ်းရှာဖွေရေးသည် တစ်ဟုန်ထိုး ထူးကဲစွာ တိုးတက်အောင် မြင်ခဲ့သည်။ အာကာသအတွင်း အကြာရှည်ဆုံးနေနိုင် ရုံမျှမက အာကာသယာဉ်များ အများအပြား ပစ်လွှတ်ကာ တစ်စင်းနှင့်တစ်စင်း ချိတ်ဆက်မိလျက် တစ်စင်းမှ တစ်စင်းသို့ ဆက်သွယ်ကူးသန်း သွားလာမှု ပြုနိုင်ခဲ့သည်။ ထိုပြင် အာကာ သအတွင်းသို့ ထွက်၍ လမ်းလျှောက်နိုင်ခဲ့သည့်အပြင် ကမ္ဘာကို အမြဲတမ်း လှည့်ပတ်သွားလာနေမည့် အာကာသစခန်းကိုလည်း စမ်းသပ်အောင်မြင်ခဲ့သည်။ ၁၉၆၉ ခုနှစ် ဇူလိုင်လ ၂ဝရက် နေ့တွင်မူကား လူသားတို့အဖို့ အာကာစူးစမ်းရှာဖွေ ရေးတွင် မူကား အထူးခြားဆုံး အောင်မြင်မှုကို ရရှိခဲ့သည်။ ထိုနေ့တွင် လမျက်နှာပြင်ပေါ်သို့ လူသားတို့ အောင်မြင်စွာ ပထမဆုံး ခြေချနိုင်ခဲ့လေသည်။ အာကာသအတွင်း ခရီးသွားလာရေးဖြင့် ရရှိမည့် အရေးကြီး သော အကျိုးကျေးဇူးအားလုံးကို မည်သူမျှ ကြိုတင်၍ မမြင်နိုင် ချေ။ သို့ရာတွင် သိပ္ပံပညာရှင်နှင့် အင်ဂျင်နီယာများတွင်မူ ဂြိုဟ်တုများကို အသုံးပြုခြင်း အားဖြင့် ကမ္ဘာ့ဆက်သွယ်ရေး မိုးလေဝသ ခန့်မှန်းရေးနှင့် ကူးသန်းသွားလာရေးများကိုပိုမို တိုးတက် ကောင်းမွန်စေမည့် အကြံအစည်များ ရှိပေသည်။ လူအများအဖို့ အာကာသကို အောင်နိုင်မှုကြောင့် ရရှိမည့်ကြီး စွာသော မိမိတို့ အမျိုးသား ဂုဏ်တက်မှုအတွက် အာကာသ အတွင်း ခရီးသွားလာရေးသည် အရေးကြီး သည်။ စစ်ဘက်မှ ပုဂ္ဂိုလ်များအဖို့ဆိုလျှင် အာကာသကို အောင်နိုင်ခြင်းသည် လက်နက်သစ်များနှင့် ရရှိခြင်း ပင် ဖြစ်သည်။ သို့ရာတွင် အရေးအကြီးဆုံးအချက်ကား အာကာသ စူးစမ်းရှာဖွေခြင်းမှ ရရှိမည့် နေစကြာ ဝဠာနှင့် အာကာသအကြောင်းဆိုင်ရာ အသိသစ်ပင်ဖြစ်ကောင်း ဖြစ်ပေလိမ့်မည်။ အသိသစ်သည် ယခုအခါ ကျွန်ုပ်တို့က မျှော်မှန်းနိုင်လောက်သောအကျိုး ကျေးဇူးများကို ပေးစွမ်းကောင်း ပေးစွမ်းနိုင်ပေလိမ့်မည်။ အာကာသဆိုသည်မှာ အာကာသဆိုသည်မှာ အရပ်မျက်နှာ အဘက်ဘက်သို့ အကန့်အသတ်မရှိ ကျယ်ပြန့်လျက်ရှိသော ဟင်းလင်းပြင်ကြီး ကို ခေါ်သည်။ သို့ရာတွင် အာကာသ၏ အဓိပ္ပါယ် ဖော်ပြချက် နှင့် စပ်လျဉ်း၍ လည်းကောင်း၊ အာကာသဆိုင်ရာ အသုံးအနှုန်း ဝေါဟာရများနှင့် စပ်လျဉ်း၍လည်းကောင်း သိပ္ပံပညာရှင်များ အချင်းချင်းပင် တစ်ခါတစ်ရံ သဘောကွဲလွဲလျက် ရှိပေသည်။ ကမ္ဘာကို လေထုဖုံးလွှမ်းလျက်ရှိကာ ကမ္ဘာ့မျက်နှာပြင်မှ ဝေးလေလေ လေထုသည် ပါးလေလေ ဖြစ်သည်။ ဝတ္ထုပစ္စည်း များ လေထုအတွင်း၌ ဖြတ်သန်းသွားသောအခါ မည်သို့မျှ အဟန့်အတား မရှိသောနေရာမှစ၍ အာကာသ စတင်သည်ဟု ယူဆကြသည်။ ၉၉ ရာခိုင်နှုန်းမျှသော လေထုလည် ကမ္ဘာ့ မျက်နှာပြင်မှ မိုင် ၂ဝ အမြင့်အောက်တွင်သာ ရှိသည်။ သို့သော် ကမ္ဘာ့မျက်နှာပြင်အထက် ၇၅ မိုင်မြင့်သောဒေသ ၌ပင် လေထု၏ ပွတ်တိုက်မှုကြောင့် ကြယ်များသည် မီးလောင် နိုင်ကြပေသေးသည်။ ကမ္ဘာ့မျက်နှာပြင်အထက် မိုင် ၁ဝဝ မြင့် သောဒေသ၌ပင်လည်း လေသည် လုံလောက်စွာ ရှိနေသေး သဖြင့် ကမ္ဘာနှင့် ထိုမျှ နီးကပ်ရာသို့ရောက် လာသောဂြိုဟ်တု တစ်ခုသည် ယင်း၏လမ်းအတွင်း၌ ကြာရှည်စွာ မနေနိုင်ချေ။ အဘယ်ကြောင့်ဆိုသော် ဂြိုဟ်တုသည် လေထ၏ ပွတ်တိုက်မှု ကြောင့် အသွားနှေးသွားပြီးလျှင် ပို၍ သိပ်သည်းသောအောက် ဘက်ရှိ လေထုအတွင်းသို့ ကျရောက်ကာ မီးလောင်သွားနိုင် ပေသည်။ မည်သို့ပင်ဖြစ်စေ လက်တွေ့ကိစ္စများအတွက် ကား အာကာသသည် ကမ္ဘာ့မျက်နှာပြင်မှ မိုင် ၁ဝဝ အထက်မြင့် သော နေရာမှအစပြုသည်ဟု ဆိုနိုင်ပေ သည်။ ကမ္ဘာ့အာကာသဟု အချို့က ခေါ်ဝေါ်ကြသော ရပ်ဝန်းသည် ကမ္ဘာ့ မျက်နှာပြင်မှစ၍ မိုင်ပေါင်း ၄,ဝဝဝ ခန့်အထိ ကျယ်ပြန့်သည်။ ထိုရပ်ဝန်းအတွင်း၌ ကမ္ဘာ၏ သံလိုက်နှင့် လျှပ်စစ်တန်ခိုးအာနိသင်မျာသည် အကြီးမားဆုံးဖြစ်သည်။ ကမ္ဘာ၏ လေထုအပြင်ဘက်တွင်မူ အာကာသသည် ဘာမျှမရှိ သော ဗလာနယ်နီးပါး လောက်ပင် ဖြစ်သည်။ ထိုဘာမျှ မရှိသလောက် ဖြစ်နေသော ဒေသတွင် ကစဉ့်ကရဲ ဖြစ်နေကြ သည့် ကြယ် ပုံများ၊ ဖြာထွက်မှုရှိသည့် မြူမှုန်များနှင့် ပလာစမာ၊ သို့မဟုတ် အိုင်ယွန်ဖြစ်နေသော ဓာတ်ငွေ့များသာ ရှိကြ သည်။ ထိုဓာတ်ငွေ့များသည် များသောအားဖြင့် ဟိုက်ဒိုဂျင် ဖြစ်ပြီးလျှင် ယင်းသည်နေရာတွင်ရှိသောဓာတ်ငွေ့ ထု၏ အပြင်ဘက် အစိတ်အပိုင်းဖြစ်ကောင်း ဖြစ်မည်ဟု သိပ္ပံပညာရှင်များက ယုံကြည်ကြသည်။ လနှင့် ကမ္ဘာအကြားရှိ အာကာသ အစိတ်အပိုင်းကိုတစ်ခါ တစ်ရံ စစ္စလူနာစပေ့ဟု ခေါ်ကြသည်။ စစ္စ ဆိုသည်မှာဤမှာ ဘက်၊ လူနာဆိုသည်မှာ လ၏ဟု အဓိပ္ပါယ်ရသည်။ ထိုကြောင့် လ၏ ဤမှာဘက်ရှိသော အာကာသ၊ တစ်နည်းလနှင့် ကမ္ဘာအ ကြားရှိ အာကာသဟု အဓိပ္ပါယ်ရသည်။ ထိုအစိတ်အပိုင်း အတွင်း၌ လဘက်ကို ချဉ်းကပ်သွားလေလေ ကမ္ဘာ့ဆွဲအားသည် တဖြည်းဖြည်း လျော့ပါးသွားပြီးလျှင် လ၏ဆွဲအားက ပို၍ အားကောင်းလေလေ ဖြစ်သည်။ လသည် ကမ္ဘာနှင့် အနီးဆုံးနေရာသို့ရောက်သောအခါ မိုင်ပေါင်း ၂၂ဝ,ဝဝဝ ကျော်မျှ ဝေးသဖြင့် လသို့ သွားသော ဒုံးပျံသည် ထိုခရီးကို သွားရပေလိမ့်မည်။ ကမ္ဘာနှင့် လ နှစ်ခုပေါင်းတို့၏ ဆွဲအားသည် ကမ္ဘာမှ မိုင်ပေါင်း တစ်သန်းခန့် ဝေးကွာသော ဒေသ အတွင်း၌သာ သက်ရောက်သည်။ ထိုကြောင့် ကမ္ဘာ၏ အရံဂြိုဟ်တစ်ခုသည် ထိုထက် ဝေးကွာသောနေရာ၌ မတည်ရှိနိုင်ချေ။ အဘယ်ကြောင့် ဆိုသော် ကမ္ဘာနှင့် လနှစ်ခုပေါင်းတို့၏ ဆွဲအားက ယင်းကို ယင်း၏ လမ်းအတွင်း၌ တည်ရှိနေစေရန် ဆွဲထားနိုင်မည် မဟုတ်ကြောင့် ဖြစ်ပေသည်။ ဂြိုဟ်များ ပျံ့နှံ့တည်ရှိရာ အာကာသအတွင်း၌ နေ၏ဆွဲအားက လွှမ်းမိုးလျက် ရှိသည်။ ထိုဒေသသည် နေ၏ဆွဲအားက ကမ္ဘာ၏ဆွဲအား ထက်ပို၍ အားကောင်းသောနေရာမှ အစပြုသည်။ ထိုဂြိုဟ်များ ပျံ့နှံ့တည် ရာ အာကာသအတွင်း၌ ဂြိုဟ်နှင့် လတို့၏ ကိုယ်ပိုင်ဆွဲအား နယ်များ ရှိကြသည်။ ဂြိုဟ်များ ပျံ့နှံ့တည်ရှိရာ အာကာသအတွင်း၌ ရွှေ့ရှားသွား လာလျက်ရှိကြသော ဂြိုဟ်များသည် တစ်ခုနှင့် တစ်ခုလွန်စွာ ဝေးကွာကြသည်။ ကမ္ဘာမှ မိုင်ပေါင်း ၉၃,ဝဝဝ,ဝဝဝ ခန့်ဝေး ကွာသည်။ ကမ္ဘာနှင့် အနီးဆုံး ဂြိုဟ်ဖြစ်သော သောကြာဂြိုဟ် သည် ကမ္ဘာနှင့် အနီးဆုံးနေရာသို့ ရောက်ရှိချိန်၌ မိုင်ပေါင်း ၂၅,ဝဝဝ,ဝဝဝ ခန့် ဝေးကွာသည်။ ဂြိုဟ်များ ပျံ့နှံ့တည်ရှိရာ အာကာသသည် အလွန်ဝေးကွာသော ပလူတိုဂြိုဟ်၏ လမ်းထက်ပင် များစွာ လွန်မြောက်၍ သွားသည်။ နေ၏ဆွဲအား ကုန်ဆုံးသော နေရာတွင်မှ ထိုအာကာသ၏နယ် ကုန်ဆုံးရာ ထိုနေရာသည် ကမ္ဘာမှမိုင်ပေါင်း ၅ဝ,ဝဝဝ,ဝဝဝ,ဝဝဝ မျှ ဝေးကောင်းဝေးပေလိမ့်မည်။ ထိုနေရာ၌ ကြယ်များ ပျံ့နှံ့တည် ရှိရာ အာကာသ၊ တစ်နည်းဆိုသော် ကြယ်များအကြားရှိ အာကာသ အစပြုလေသည်။ ကျွန်ုပ်တို့၏ နဂါးငွေ့၊၊ သို့မဟုတ် ကြယ်စကြာဝဠာသည် ကမ္ဘာမှ မတွေးတော နိုင်လောက်အောင် ဝေးကွာ သော နေရာ၌ အဆုံးသတ်သည်။ ထိုနေရာ၌ နဂါးငွေ့များ အကြားရှိ အာကာသ အစပြုပြီးလျှင် ထိုအာကာ သသည် မည်သည့်အခါမျှ အဆုံးမသတ်တော့ချေ။

ဂြိုဟ်တုများ[ပြင်ဆင်ရန်]

လသည် ရူပဗေဒဆိုင်ရာ စည်းများအရ ကမ္ဘာပတ်လမ်း အတွင်း သွားလာသကဲ့သို့ အရံဂြိုဟ်တု တစ်ခုသည်လည်း ထိုစည်းများအတိုင်းပင် ရွေ့လျားသည်။ ဂြိုဟ်တုတို့သည် ပေါင်ချိန်အနည်းငယ်မှ တန်ချိန်အနည်းငယ် အထိ လေး၍ ယင်းတို့၌ ပုံသဏ္ဌာန် အမျိုးမျိုး ရှိနိုင်လေသည်။ ဗင်းဂတ် ၁ ခေါ် အမေရိကန်တို့၏ ဂြိုဟ်တု၊ စပွတ်နစ် ၁ ခေါ် ရုရှတို့၏ ဂြိုဟ်တုတို့သည် အလုံးပုံများ ဖြစ်ကြသည်။ အမေရိကန်တို့၏ အိပ်စပလိုရာခေါ် ဂြိုဟ်တုအများနှင့် ရုရှတို့၏ စပွတ်နစ် ၂ ဂြိုဟ်တုတို့သည် ဆလင်ဒါများ ဖြစ်ကြသည်။ အမေရိကန်တို့၏ အိပ်စလိုရာ ၇ ဂြိုဟ်မှာ ကျင်(ဂျင်)ပုံ ဖြစ်လေသည်။ ဂြိုဟ်တုတို့သည် အာကာသကို စူးစမ်းရန်အတွက် အရေး ကြီးသော ကိရိယာများ ဖြစ်ကြသညင်။ ယင်းတို့ သည် အလင်းရေဒီယိုလှိုင်းများ၊ ဂမ္မာရောင်ခြည်များနှင့် အိပ်စရေး ရောင်ခြည်များနှင့်တကွ အာကာသအတွင်းရှိ လျှပ်စစ်သံလိုက်၏ စွမ်းအင်ကို မှတ်သားနိုင်သည်။ ထိုစွမ်းအင်များတွင် ကော့စမစ် ရောင်ခြည်များနှင့် လွန်စွာ သေးငယ်သော ဥက္ကာခဲကလေးများ နှင့်တကွ အာကာသအတွင်းရှိ မြူမှုန်များ၏ အရေအတွက်ကို ဖော်ပြနိုင် သည်။ သံလိုက်နှင့် ဆွဲအားနယ်များကိုလည်းတိုင်း တာသည်။ ဂြိုဟ်တုများသည် ဤကမ္ဘာကိုပင်လျှင် စူးစမ်းစစ်ဆေး၍ တိုင်းတာနိုင်ပေသည်။ အမေရိကန်တို့၏ တိုင်းရော့ ၁ ကဲ့သို့ သော အထူး ရာသီဥတုတိုင်းတာရေး ဂြိုဟ်တုများသည် ကမ္ဘာ၏ တိမ်အနေအထားကို လေ့လာပြီးလျှင် ရာသီဥတုကို ဠ ကိ တင်ခန့်မှန်းရေးတွင် အကူအညီပေးနိုင်ကြသည်။ ဂျီအိုဒက် တစ် ဂြိုဟ်တုများကို အသုံးပြုခြင်းဖြင့် ကမ္ဘာမြေကြီး၏ ပိုမို တိကျမှန်ကန်သော မြေပုံများကို ဆွဲနိုင်သည်။ ဂြိုဟ်တုများ သည် ဆက်သွယ်ရေး လုပ်ငန်းများတွင်လည်း အထောက်အကူ ပေးနိုင်သည်။ တယ်လီဗစ်ရှင်းခေါ် ရုပ်မြင်သံကြားစက်များနှင့် ရေဒီယိုများသည် ခရီးနီးသို့သာ အရုပ်နှင့် အသံကို လွှင့်နိုင်ကြ သည်။ ထိုသို့ ဖြစ်ရသည်မှာ ယင်းတို့၏ လှိုင်းများသည်ကမ္ဘာ ကို ကွေ့ကောက်လှည့်ပတ်၍ မသွားနိုင်ခြင်းကြောင့် ဖြစ်သည်။ ထိုကဲ့သို့သော လှိုင်းများကို ဂြိုဟ်တုတစ်ခုဆီသို့ ရောက်စေနိုင် ကြပြီးလျှင် ထိုမှတစ်ဆင့် ကမ္ဘာသို့ ကျယ်ပြန့်စွာ တစ်ဖန်ပြန်၍ ပို့ပေးနိုင်လေသည်။ ဂြိုဟ်တုကို ဒုံးပျံဖြင့် ပစ်လွှတ်ရသည်။ ထိုဒုံးပျံ၌ အဆင့်နှစ် ဆင့်မှ ငါးဆင့်အထိ ရှိနိုင်သည်။ ဒုံးပျံ သည် ဂြိုဟ်တုကိုသင့် လျော်သည့်အမြင့်သို့ ရောက်စေပြီးလျှင် မှန်ကန်သည့်ထောင့် ကို ချိန်ရွယ်လျက် သင့်လျော်သည့် အမြန်သို့ရောက် အောင် အရှိန်ပေးရသည်။ ဂြိုဟ်တုကို ဒုံးပျံ၏ နောက်ဆုံး အဆင့်၌ တပ်ဆင်ထားနိုင်သည်။ သို့မဟုတ်လျှင်လည်း ဂြိုဟ်တုနှင့် ဒုံးပျံကို ကမ္ဘာပတ်လမ်းအတွင်းသို့ ရောက်သွား သောအခါကျမှ ခွဲထွက်သွားစေနိုင်သည်။ ဒုံးပျံ၏ နောက်ဆုံးအဆင့်နှင့် ဂြိုဟ်တုတို့ ခွဲထွက်သွားသောအခါ ဒုံးပျံ၏ နောက်ဆုံးအဆင့် သည်လည်း ကမ္ဘာကိုပတ်၍ သွားနေလေသည်။ ဒုံးပျံကိုစ၍ ပစ်လွှတ်စဉ် တည့်တည့်မတ်မတ်နီးပါး တက်သွားသည်။ အဆင့်ဆင့် ပေါက်ကွဲပြီးသော အခါတွင် ဒုံးပျံ၏ထိပ်သည် ဂြိုဟ်တုနှင့် ဒုံးပျံ၏ နောက်ဆုံးအဆင့်တို့ ကမ္ဘာမြေကြီး၏ မျက်နှာပြင်နှင့် မျဉ်းပြိုင်နီးပါးမျှ ဖြစ်လာသည် အထိ အောက်ဘက်သို့ နိမ့်ကျလာသည်။ ထိုအခါတွင် ဒုံးပျံ၏ နောက်ဆုံး အဆင့်က ဂြိုဟ်တုကို သင့်လျော်သည့် အလျင်သို့ ရောက်အောင် တွန်းထုတ်လိုက်လေသည်။ ဒုံးပျံတစ်ခုသည်လည်းကောင်း၊ ဂြိုဟ်တုတစ်ခုသည်လည်း ကောင်း လွတ်ထွက်အလျင်သို့ မရောက်ရှိပဲနှင့် ကမ္ဘာပတ်လမ်း တစ်ခုအတွင်းမှနေ၍ ကမ္ဘာကို လှည့်ပတ်၍ နေနိုင်လေသည်။ ထိုသို့ လမ်းအတွင်း၌ ရှိနေစေရန် လေထုအပါးလွှာဆုံးအပိုင်း မှလွဲ၍ လေထုတစ်ခုလုံးကို ရှောင်ရှားရပေမည်။ လေထုကို မရှောင်ရှားပါက လေ၏ ခုခံမှုကြောင့် ဒုံးပျံ၊ သို့မဟုတ် ဂြိုဟ်တု ရွေ့ရှားမှုကို နှေးကွေးစေပြီးလျှင် အောက်သို့နိမ့်ကျ သွားစေလိမ့်မည်။ နောက်ဆုံးတွင် ကမ္ဘာမြေကြီးနှင့်နီးရာသို့ လေထု၏ ပွတ်တိုက်မှုကြောင့် ထိုဒုံးပျံ၊ သို့မဟုတ်ဂြိုဟ်တု သည် မီးလောင်သွားပေလိမ့်မည်။ ဒုံးပျံ၊ သို့မဟုတ် ဂြိုဟ်တု များသည် ကမ္ဘာပတ်လမ်းအတွင်း၌ လှည့်ပတ်သွားနေနိုင်ရန် အတွက် ယင်းတို့၌ လှည့်ပတ်အလျင်လည်းရှိဖို့ လိုပေသည်။ ထိုလှည့်ပတ်အလျင်က ကမ္ဘာ၏ ဆွဲအားကို မျှတစေသည့် ဗဟိုခွာအားကို ဖြစ်ပေါ်စေလေသည်။


ဂြိုဟ်တုတစ်ခုသည် ကမ္ဘာကိုလှည့်ပတ်ရာ၌ ပို၍မြင့်လေလေ ယင်း၏ လှည့်ပတ်အလျင်မှာလည်း ပို၍ နည်းရလေလေ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ကမ္ဘာမှ ဝေးလေလေ ကမ္ဘာ၏ ဆွဲအားမှာလည်း နည်းလေလေ ဖြစ်ခြင်းကြောင့် ဖြစ်သည်။ ကမ္ဘာနှင့် နီးကပ်ရာရှိ ဂြိုဟ်တုတစ်ခု၏ အမြန်မှာ အနည်းဆုံး တစ်နာရီလျှင် မိုင် ၁၈,ဝဝဝ ရှိရပေမည်။ သို့ရာ တွင် လသည် ကမ္ဘာမှ ဝေးကွာမှုကြောင့် တစ်နာရီလျှင် မိုင် ၂,ဝဝဝ သာသာနှုန်းဖြင့်သာ ရွေ့ရှားလျက် ရှိပေသည်။ ကမ္ဘာပတ်လမ်းအတွင်း၌ လှည့်ပတ်လျက်ရှိသော ဂြိုဟ်တုတစ်ခု၏ အလျင်သည် ပြောင်းလဲလျက် ရှိသည်။ ကမ္ဘာနှင့် နီးကပ်ရာသို့ ရွေ့ရှားလာရာတွင် ကမ္ဘာ၏ ဆွဲအား ကြောင့် ဂြိုဟ်တု၏ အမြန်သည် အမြင့်ဆုံးအခြေ သို့ရောက် ရှိလာလေသည်။ ကမ္ဘာနှင့် အဝေးကွာဆုံး နေရာသို့ ရွေ့ရှား သွာသောအခါ ကမ္ဘာ့ဆွဲအားက ယင်းကို နှေးသွားစေသည်။ ဂြိုဟ်တုများတွင် ကိရိယာများသာ တပ်ဆင်ထားသော ဂြိုဟ်တုနှင့် လူနှင့် တိရစ္ဆာန်များကို ဂြိုဟ်သွား လမ်းအတွင်းသို့ သယ်ဆောင်သွားမည့် ဂြိုဟ်တုဟူ၍ အခြေခံအားဖြင့် ဂြိုဟ်တု နှစ်မျိုးရှိသည်။


ကိရိယာများ တပ်ဆင်ထားသော ဂြိုဟ်တုများတွင်အစဉ် သဖြင့် ကမ္ဘာသို့ သတင်းပို့ပေးမည့် ရေဒီယို အသံလွှင့်စက်များ ပါရှိသည်။ အချို့တွင် ကမ္ဘာမှ ပို့လိုက်သော အချက်ပြများကို ဖမ်းယူပြီးလျှင် အထူး ကိရိယာများကို ဖွင့်ပေးနိုင်သည့် ကိရိယာများ ပါရှိသည်။ ထိုပြင် ကော့စမစ်ရောင်ခြည်၊ သို့မဟုတ် အခြား ဖြာထွက်မှုများကို ရေတွက်သော ကိရိယာ များ၊ ဂြိုဟ်တုနှင့် တိုက်မိသော ကြယ်ပျံများ၊ သို့မဟုတ် လွန်စွာ သေးငယ်သော ဥက္ကာခဲကလေးများကို မှတ်သားရေ တွက်သည့် ကိရိယာများနှင့် တကွ အပူချိန်များ၊ ဆွဲအား၊ သို့မဟုတ် သံလိုက်နယ်များ၊ နေမှ ဖြာထွက်မှုများ၊ သို့မဟုတ် ကြယ်များမှ ရေဒီယိုလှိုင်းများ စသည်တို့ကို တိုင်းတာသည့် ကိရိယာများလည်း ပါရှိမြဲ ဖြစ်သည်။


တိရစ္ဆာန်၊ သို့မဟုတ် လူများကို အာကာသအတွင်းသို့ သယ်ဆောင်သွားရန် တည်ဆောက်ထားသော ဂြိုဟ်တုများသည် များသောအားဖြင့် ကိရိယာများသာ တပ်ဆင်ထားသည့် ဂြိုဟ်တုများထက်ပို၍ ကြီးကြ ပြီးလျှင် ပို၍လည်း ရှုပ်ထွေးကြ သည်။ ယင်းတို့တွင် အောက်ဆီဂျင် ထုတ်ပေးသည့် ကိရိယာ များနှင့် အပူချိန် များကို ထိန်းသိမ်းပေးသည့် ကိရိယာများ ပါရှိစေရသည်။ အကယ်၍ ဂြိုဟ်တုအတွင်း၌ တိရစ္ဆာန် တကောင် ကောင်ကို သယ်ဆောင်သွာပါက ဂြိုဟ်တုအတွင်းပါ ရှိသော ကိရိယာများက ထိုတိရစ္ဆာန်၏ နှလုံးခုန်မှု၊ အရေပြား ၊ အပူချိန်၊ အသက်ရှူနှုန်း၊ ရေငွေ့နှင့် သိပ္ပံပညာရှင်များအဖို့ စိတ်ဝင်စားဘွယ်ဖြစ်သော အခြားအချက်များ ကို မှတ်သားပေး ကြသည်။


လူကို သယ်ဆောင်သော ဂြိုဟ်တုများတွင် အထက်ပါ တိုင်းတာသော ကိရိယာမျိုးများလည်း ပါရှိရသည်။ အာကာသ သူရဲကို အသက်ရှင်လျက် ကမ္ဘာသို့ ပြန်ရောက်စေ မည့် နည်းလမ်းများလည်းရှိရန် လိုပေသည်။ ထိုအတွက် အာကာသ သူရဲ စီးနင်းလိုက်ပါသော ဒုံးပျံထိပ်ဖူး၌ ဂြိုဟ်တုသွားရာလမ်း နှင့် ဆန့်ကျင်ဘက် အရပ်သို့ သွားစေမည့် နောက်ပြန်ကန် ဒုံးများ ပါရှိရပေသည်။ နောက်ပြန်ကန်ဒုံးများသည် ဂြိုဟ်တုကို အသွားနှေးစေ သဖြင့် ဂြိုဟ်တုသည် ကမ္ဘာပေါ်သို့ ပြန်ကျလာ သည်။ ထိုပြင် လူပါသော ထိပ်ဖူးကို ကမ္ဘာမြေကြီးပေါ်သို့ တဖြည်းဖြည်း သက်ဆင်းစေမည့် လေထီးများလည်း ပါရှိရန် လိုပေသည်။

စူးစမ်းရေးဒုံးပျံများ[ပြင်ဆင်ရန်]

စူးစမ်းရေးဒုံးပျံများသည် လူမပါပဲ ကိရိယာများသာပါ ရှိပြီးလျှင် အာကာသအတွင်းသို့ နက်ရှိုင်းစွာ ထိုးဖောက်သွား ရောက်၍ စူးစမ်းလေ့လာသော ဒုံးပျံများ ဖြစ်သည်။ ယင်းတို့ သည် အာကာသအတွင်း ခရီးသွား လာရေးအတွက် ရှေ့ပြေး များပင် ဖြစ်တော့သည်။ လူနစ် ၂၊ သို့မဟုတ် ကော့စမော့ ဒုံးပျံ ၂ ခေါ် ရုရှတို့၏ စူးစမ်းရေး ဒုံးပျံသည် ကမ္ဘာမှ လသို့ ပထမဦးစွာရောက်သွားသော ဒုံးပျံဖြစ်သည်။ ထိုဒုံးပျံသည် ၁၉၅၉ ခုနှစ် စက်တင်ဘာလ ၁၄ ရက်နေ့တွင် လပေါ်သို့ ရောက်ရှိသွားသည။ အခြား စူးစမ်းရေးဒုံးပျံများဖြစ်သော အမေရိကန်တို့၏ ပိုင်အိုနီယာ ၄ နှင့် ရုရှတို့၏ ယူနစ် ၁ တို့သည် လကိုလွန်၍သွားပြီးနောက် နေ၏ ဂြိုဟ်တုများ ဖြစ်သွားကြလေသည်။ လူတို့ ပြုလုပ်သည့် စူးစမ်းရေး ဒုံးပျံများသည် မား (အင်္ဂါဂြိုဟ်)၊ ဗီးနပ် (သောကြာဂြိုဟ်)နှင့် အခြားဂြိုဟ်များသို့လည်း ရောက်ရှိသွားကြပေပြီ။ ရုရှတို့၏ ဗီးနပ် ၄ နှင့် အမေရိကန် တို့၏ မရီးနား ၅ ဒုံးပျံတို့သည် ဗီးနပ် (သောကြာဂြိုဟ်)ပေါ်သို့ ၁၉၆၆ ခုနှစ်တွင် အသီးအသီး ရောက်ရှိ သွားခဲ့ကြသည်။ အမေရိကန်တို့၏ မရီးနား ၉ ဒုံးပျံသည် ကမ္ဘာမှ ၂၄၇,ဝဝဝ,ဝဝဝ မိုင်ခန့် ငါးလခွဲကျော် ခရီးသွားပြီးနောက် ၁၉၇၁ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့တွင် မား (အင်္ဂါဂြိုဟ်)ကို ပထမဆုံးအကြိမ် ပတ်ခဲ့သည်။ အရံဂြိုဟ်များအနက် အကြီးဆုံးနှင့် အလှဆုံးဖြစ်သော ဂျူပီတာ(ကြာသပတေးဂြိုဟ်)ဆီသို့ အမေရိကန် တို့က ပိုင်အိုနီယာ ၁ဝ ဒုံးယာဉ်ကို ၁၉၇၂ ခုနှစ် မတ်လ ၂ ရက်တွင် ပစ်လွှတ်ခဲ့သည်။


စူးစမ်းရေးဒုံးပျံများတွင် ပါရှိသွားကြသော ကိရိယာများက ကမ္ဘာသို့ အဖိုးတန်သည့် သိပ္ပံပညာဆိုင်ရာ အချက်အလက် များကို ရေဒီယိုဖြင့် ပေးပို့ကြသည်။ သာဓကပြရလျှင် ပိုင်အိုနီယာ ၄ သည် ဗန်အယ်လင် ဖြာ ထွက်မှုရပ်ဝန်းများကို ထိုးဖောက်ပြီးလျှင် သိပ္ပံပညာရှင်များအား ထိုဖြာထွက်မှုအလွှာ များ၏ ထုထည်နှင့် စပ်လျဉ်း၍ မှန်ကန်သော တိုင်းတာချက် များကို ပထမဦးစွာ တိုင်းတာပေးလေသည်။ စူးစမ်းရေးဒုံးပျံသည် လသို့လည်းကောင်း၊ ဂြိုဟ်တုတလုံးလုံး သို့လည်းကောင်း ရောက်ရှိသွားခြင်းထက် လ၊ သို့မဟုတ် ထိုဂြိုဟ်အနီးသို့ ရောက်သွားခြင်းက ပိုမိုအကျိုးရှိ၍ လ၊ သို့မဟုတ် ထိုဂြိုဟ်ကို ပတ်၍ သွားခြင်းကသာ၍ အကျိုးများ ပေသည်။ သာဓကပြရလျှင် ရုရှတို့၏ လူနစ် ၃ သည် လနှင့် နီးကပ်စွာ ရောက်သွားပြီးနောက် ကျွန်ုပ်တို့ မမြင်ရသော လ၏ အခြားတစ်ဖက်ကို ဓာတ်ပုံများ ရိုက်ယူနိုင်ခဲ့လေသည်။ အမေရိကန်တို့၏ မရီးနား ၄ ကလည်း ဤကမ္ဘာမှ မိုင် ၁၃၄ သန်း ဝေးကွာသော အင်္ဂါဂြိုဟ်အနီးမှ ဖြတ်သန်းကာ အင်္ဂါဂြိုဟ်၏ အနီးကပ် ဓာတ်ပုံများကို ရိုက်ယူပြီးလျှင် ရေဒီယိုဖြင့် ဤကမ္ဘာသို့ ပေးပို့ခဲ့ လေသည်။

အာကာသစခန်းများ[ပြင်ဆင်ရန်]

အာကာသစခန်းများသည် ကမ္ဘာကို အမြဲတမ်းလှည့်ပတ် သွားနေစေရန် လူတို့ ဖန်တီးပြုလုပ်ထားသော ဂြိုဟ်တုများ ဖြစ်ကြပေမည်။ စခန်းများတွင် လူတို့ နေထိုင်၍ အလုပ် လုပ်နေနိုင်ကြမည်ဖြစ်ရာ ထိုစခန်းများသည် လက်တွေ့စမ်း ခန်းများ အဖြစ်သော်လည်းကောင်း၊ နက္ခတ်မျှော်စင်များအဖြစ် သော်လည်းကောင်း၊ ရပ်နားရန်စခန်းများ အဖြစ်သော်လည်း ကောင်း၊ သို့မဟုတ် အာကာသပျံသန်းရေးအတွက် ဒုံးပျံများ ပစ်လွှတ် ရန် စခန်းများအဖြစ်သော်လည်းကောင်း ဆောင်ရွက် ကြပေလိမ့်မည်။


သိပ္ပံပညာရှင်များက ထိုစခန်းအတွက် ပုံစံအမျိုးမျိုးကိုအ ကြံပေးခဲ့ကြသည်။ ဒုံးပျံ သိပ္ပံပညာရှင်တစ်ဦး ဖြစ်သူ ဂျာမန် အမေရိကန်လူမျိုးဖြစ်သည့် ဗါနာဖွန်ဗရောင်းဆိုသူက ကြီးမား သော ဘီးပုံသဏ္ဌာန်ရှိသည့် ပုံစံ တစ်ခုကို ရေးဆွဲပြခဲ့သည်။ ထိုဘီးကြီး၏ ဘီးထောက်များနှင့် ဘီးနှုတ်ခမ်း၏ အတွင်း၌ လူများ နေထိုင်ရန်နှင့် အလုပ်လုပ်ရန် အခန်းများ ပါရှိကြမည်။ ဘီးကြီးတွင် ဆွဲအားရှိသည့်သဘောဖြစ်စေရန်အတွက် ဗဟိုဆွဲ အား ရှိစေရန် ဘီးကြီးကို အမြဲတစေ လည်နေစေရန်ဖန်တီး ထားမည်။ ထိုအာကာသစခန်းကိုသာ ကမ္ဘာမှ မိုင် ၁,ဝ၇၅ အကွာ၌ တစ်နာရီလျှင် မိုင်ပေါင်း ၁၅,၈ဝဝ ခန့်ရှိသော အလျင်ဖြင့် ကမ္ဘာကို လှည့်ပတ်နေမည် ဆိုပါက စခန်းသည် ကမ္ဘာကို နှစ်နာရီလျှင် တစ်ကြိမ်ကျပတ်၍ နေပေလိမ့်မည်။ ၁၉၆၆ ခုနှစ် မေလ ၁၆-၁၇ ရက်နေ့တွင် နေးအမ္မစထ ရောင်းနှင့် ဒေးဗစ်စကော့(အမေရိကန်)တို့သည် ဂျင်မီနီ ၈ အာကာသယာဉ်ဖြင့် အာကာသအတွင်း လှည့်ပတ်နေသော အဂျီးနားဒုံးပျံနှင့် အောင်မြင်စွာ ချိတ် ဆက်မိသည်။ ထိုအောင်မြင်မှုမှစ၍ အာကာသသိပ္ပံပညာရှင်တို့သည် အာကာသ စခန်း တည်ဆောက်ရေးကို တိုးတက် ကြိုးပမ်းခဲ့ကြရာ ၁၉၇၃ ခုနှစ်၊ မေလ ၁၄ ရက်နေ့တွင် အာကာသအတွင်း အာကာသ စခန်းကို ပထမဆုံး ပစ်လွှတ်နိုင်ခဲ့သည်။ ထိုနေ့တွင် ချားကွန်ရဒ်၊ ဂျိုးမ္ဘက်ကာဝင်နှင့် ပေါဝိတ်(အမေရိကန်)တို့သည် စကိုင်းလက် ၁ အာကာသစခန်းယာဉ်ဖြင့် ကမ္ဘာကို ၃၉၅ ပတ်၊ ပတ်ကာ ၂၈ ရက်ကျော် အာကာသတွင် ပတ်လျက်နေပြီး ယာဉ်၏ အပြင်ဘက် အာကာသအတွင်းသို့ထွက်၍ အာကာသ စခန်းယာဉ်၏ ချို့ယွင်းမှု များကို ပြင်ဆင်ခြင်း ပြုခဲ့ကြသည်။

လသို့ သွားလာရေး[ပြင်ဆင်ရန်]

ယခုအခါ အာကာသသိပ္ပံပညာရှင်များသည် လသို့လူသား များ သွားရောက် အခြေစိုက်နိုင်မည့် အကြံ အစည်ကိုအပြိုင် အဆိုင် ကြိုးစားလျက်ရှိရာ မည်သည့်နိုင်ငံက လက်ဦး အောင်မြင်မည်ကို ကျွန်ုပ်တို့ စောင့် ကြည့်ရန် ရှိပေသည်။ လသို့ သွားရောက်သည့်ကိစ္စ အောင်မြင်ပြီးသောအခါ သိပ္ပံပညာ ရှင်များသည် အင်္ဂါ ဂြိုဟ်သို့လည်းကောင်း၊ သောကြာဂြိုဟ်တို့ လည်းကောင်း၊ ထိုနောက် အခြားသော ဂြိုဟ်များသို့လည်း ကောင်း သွားရောက် အခြေစိုက်နိုင်ရန် ဆင့်ကဲဆင့်ကဲကြိုး စားကြပေဦးမည်။


ကမ္ဘာမှ လသို့ သွားရောက်ရန်အတွက် အလွန်ကြီးမား၍ အားကောင်းသော ဒုံးပျံရှိဖို့ လိုပေသည်။ ထိုဒုံးပျံ၏ ပုံသဏ္ဌာန် မှာ လက်ရှိဂြိုဟ်များကို ပစ်လွှတ်ရာတွင် အသုံးပြုလျက်ရှိသော ဒုံးပျံများကဲ့သို့ပင် ရှိပေမည်။ သို့သော် အကယ်၍ အာကာသ စခန်းတစ်ခုမှ တစ်ဆင့် သွားရောက်မည်ဆိုပါက ထိုဒုံးပျံ၏ ပုံသဏ္ဌာန်သည် လုံးဝ ကွဲပြားစရာ အကြောင်းရှိပေသည်။ လေထု၏ အပြင်ဘက်ရှိ နေရာမှ စတင် ထွက်ခွာပျံသန်း ရမည် ဖြစ်ခြင်းကြောင့် ဒုံးပျံ၏ ကိုယ်ထည်သည် စင်းလုံးချော ဖြစ်ရန် မလိုပေ။ စတင်ထွက်ခွာ ပျံသန်းချိန်၌ အလွန်မြင့်မား သော မြန်ရှိန်၏ဒဏ်ကို ခံစရာမလိုသည့်အတွက် ဒုံးပျံကို အလွန်ခိုင်ခံ့စွာ တည်ဆောက်ထားရန်လည်း မလိုပေ။ သို့ရာ တွင် လသို့ ပထမဆုံးအကြိမ် သွားရောက်ရာ၌ ကမ္ဘာမှပင် တိုက်ရိုက် ထွက်ခွာစရာ အကြောင်းရှိပေသည်။ ထိုုဒုံးပျံသည် လပေါ်သို့ ဆင်းသက်ရန် ထိုဒုံးပျံမှ တစ်ဆင့် အာကာသယာဉ် ကို အသုံးပြုမည် ဖြစ်ပေသည်။ လပေါ်သို့ ဆင်းသက်မည့် အာကာသယာဉ်သည် လ၏ မျက်နှာပြင်ပေါ်သို့ ညင်သာစွာ ဆင်းသက်နိုင်ရပေမည်။ ထိုနောက်လမှနေ၍ ကမ္ဘာသို့ ပြန်လည် ပျံသန်း နိုင်မည့် အစီအမံများလည်းရှိရန် လိုပေသည်။ အာကာသသိပ္ပံပညာရှင်တို့သည် အာကာသစူးစမ်း လေ့လာမှု အဆင့်ဆင့်မှ ရရှိအပ်သော အချက်အလက် အတွေ့အကြုံတို့ အပေါ် အခြေပြုလျက် လသို့သွားရောက်ရေးကို ကြိုးပမ်းဆောင် ရွက်လာခဲ့ရာ ၁၉၆၉ ခုနှစ်တွင် အောင်မြင်မှုကြီးကို ရရှိခဲ့လေ သည်။ ၁၉၆၉ ခုနှစ် ဇူလိုင်လ ၂ဝ ရက်နေ့တွင် လမျက်နှာ ပြင်ပေါ်သို့ လူသားတို့ အောင်မြင်စွာ ပထမဆုံးခြေချနိုင်ခဲ့ သည်။ အာကာသသူရဲကောင်း နေးအမ္မစထရောင်းနှင့် အက်ဒွင် အောလဒရင် (အမေရိကန်)တို့သည် အပိုလို ၁၁ အာကာသ ယာဉ်ဖြင့် လမျက်နှာပြင်ပေါ်သို့ ဆင်းသက် ခြေချ ရုံမက သိပ္ပံသုတေသနကိုပါ ဆောင်ရွက်ခဲ့ကြလေသည်။ အာကာသအတွင်း လူသားများ ပျံသန်းခဲ့သမျှ ယနေ့အထိ အာကာသအတွင်း၌ လူသားများ အောင်မြင်စွာ ပျံသန်းခဲ့သည်မှာ အောက်ပါအတိုင်း ဖြစသည်။


၁၉၆၁ ခု၊ ဧပြီလ ၁၂ ရက်။ ။ယူရီ ဂါဂါရင် (ရုရှ)သည် ဗေါ့စတော့ ၁ ခေါ် ကမ္ဘာပတ်ဂြိုဟ်တုဖြင့် ပထမဆုံး အာကာသအတွင်း ပျံသန်းမှုကို ပြုလုပ်၍ ကမ္ဘာကို တစ်ပတ် ပတ်ခဲ့ရာ တစ်နာရီ ၄၈ မိနစ်ကြာခဲ့သည်။


၁၉၆၁ ခု၊ မေလ ၅ ရက်။ ။အလန် ရှက်ပတ်(အမေရိကန်) သည် ဖရီးဒမ်း ၇ ခေါ် အာကာသထိပ်ဖူးဖြင့် ကမ္ဘာပတ်လမ်း ကြောင်းအောက်မှ အာကာသအတွင်း ပျံသန်းမှုကို ပြုလုပ်ခဲ့ရာ ၁၅ မိနစ်ကြာခဲ့သည်။


၁၉၆၁ ခု၊ ဇူလိုင်လ ၂၁ ရက်။ ။ဗါဂျီးဂရစ်ဆမ် (အမေရိကန် )သည် လစ်ဗါတီ ဗဲ ၇ အာကာသထိပ်ဖူးဖြင့် ကမ္ဘာပတ်လမ်း ကြောင်းအောက်မှ အာကာသအတွင်း ပျံသန်းမှုကို ထပ်မံပြုလုပ် ခဲ့သည်။


၁၉၆၁ ခု၊ ဩဂုတ်လ ၆ ရက်။ ။ဂါမန် တီတော့(ရုရှ)သည် ဗေါစတော့ ၂ ခေါ် အာကာသယာဉ် (ကမ္ဘာ ပတ် ဂြိုဟ်တု) ဖြင့် အာကာသအတွင်း ၂၅ နာရီ ၁၈ မိနစ်နေခဲ့၍ ကမ္ဘာကို ၁၇ ပတ် ပတ်ခဲ့သည်။


၁၉၆၂ ခု၊ ဖေဖော်ဝါရီလ ၂ဝ ရက်။ ။ဂျွန်ဂလင်း (အမေရိကန်)သည် ဖရင်းရှစ် ၇ ခေါ် အာကာသယာဉ်ဖြင့် ကမ္ဘာကို သုံးပတ် ပတ်ခဲ့ရာ လေးနာရီ ၅၅ မိနစ်ကြာခဲ့သည်။


၁၉၆၂ ခု၊ မေလ ၂၄ ရက်။ ။စကော့ကာပင်တာ (အမေရိကန်)သည် ဩရိုရာ ၇ ခေါ် အာကာသယာဉ်ဖြင့် ကမ္ဘာ ကို သုံးပတ် ပတ်ခဲ့ရာ လေးနာရီ ၅၆ မိနစ် ကြာခဲ့သည်။


၁၉၆၂ ခု၊ ဩဂုတ်လ ၁၁-၁၄ ရက်။ ။အက်ဒရီယန် နီကိုလာယက်နှင့် ပေဗယ် ပိုပိုဗစ်(ရုရှ)တို့သည် ဗေါ့ စတော့ ၃ နှင့် ဗေါစတော့ ၄ ခေါ် သီးခြား အာကာသယာဉ်တစင်းစီဖြင့် ပထမအကြိမ် နီကိုလာယက်က ၉၄ နာရီ ၂၂ မိနစ်ဖြင့် ကမ္ဘာ ကို ၆၄ ပတ်၊ ပိုပိုဗစ်က ၇ဝ နာရီ ၅၇ မိနစ်ဖြင့် ၄၈ ပတ် အသီးသီး ပတ်ခဲ့ ကြသည်။


၁၉၆၂ ခု၊ အောက်တိုဘာလ ၃ ရက်။ ။ဝေါ်လတာ ရှီးရား (အမေရိကန်)သည် ဆစ်ဂမာ ၇ အာကာသ ယာဉ်ဖြင့် ကမ္ဘာကို ခြောက်ပတ် ပတ်ခဲ့ရာ ကိုးနာရီ ၁၃ မိနစ် ကြာခဲ့သည်။


၁၉၆၃ ခု၊ မေလ ၁၅-၁၆ ရက်။ ။လီရွိုင်းဂေါ်ဒွန်ကူးပါး (အမေရိကန်)သည် ဖေ့(သ) ၇ အာကာသယာဉ် ဖြင့် ကမ္ဘာကို ၂၂ ပတ် ပတ်ခဲ့ရာ ၃၄ နာရီ ၂၃ မိနစ် (တစ်ရက် ၁ဝ နာရီ ၂၃ မိနစ်)ကြာခဲ့သည်။


၁၉၆၃ ခု၊ ဇွန်လ ၁၄-၁၉ ရက်။ ။ဗယ်လာရီယန် ဗိုင်ကော့စကီ(ရုရှ)သည် ဗေါ့စတော့ ၅ အာကာသယာဉ် ဖြင့် ကမ္ဘာကို ၈၂ ပတ် ပတ်ခဲ့ရာ ၁၁၉ နာရီ ခြောက်မိနစ် (၄ ရက် ၂၃ နာရီ ခြောက်မိနစ်) ကြာခဲ့သည်။


၁၉၆၃ ခု၊ ဇွန်လ ၁၆-၁၉ ရက်။ ။ဗိုင်ကော့စကီ အာကာသ အတွင်း ပျံသန်းလျက်ရှိစဉ် ဗလင်တီနာ တစ်ရက်ရှကိုဗာ(ရုရှ) သည် ဗေါ့စတော့ ၆ အာကာသယာဉ်ဖြင့် လိုက်ပါကာ ပထမ ဆုံး အမျိုးသမီး အာကာသ သူရဲအနေဖြင့် ကမ္ဘာကို ၄၈ ပတ် ပတ်ခဲ့ရာ ၇ဝ နာရီ ၅ဝ မိနစ် (နှစ်ရက် ၂၂ နာရီ ၅ဝ မိနစ်) ကြာခဲ့သည်။


၁၉၆၄ ခု၊ အောက်တိုဘာလ ၁၂ ရက်။ ။ဗလာဒီမာကိုမာရော့၊ ကွန်စတန်တင်း ဖီယော့တစ်စတော့နှင့် ဗိုးရစ်ယီဂိုရော့ (ရုရှ)တို့ သုံးဦးသည် ဗေါ့စခေါ့ ၁ အာကာသ ယာဉ်ဖြင့် အတူလိုက်ပါကာ ကမ္ဘာကို ၁၆ ပတ် ပတ်ခဲ့ရာ ၂၄ နာရီ ၁၇ မိနစ် ကြာခဲ့သည်။


၁၉၆၅ ခု၊ မတ်လ ၁၈ ရက်။ ။အလက်ဆီ လီယိုနော့နှင့် ပေဗယ်ဗယ်လျာယက်(ရုရှ)တို့သည် ဗေါ့စခေါ့ ၂ အာကာသ ယာဉ်ဖြင့် ကမ္ဘာကို ပတ်လျက်ရှိစဉ် လီယိုနော့သည် ပထမဆုံး အနေဖြင့် အာကာသအတွင်းသို့ ထွက်၍ လမ်းလျှောက်ခဲ့သည်။ လီယိုနော့သည် အာကာသအတွင်း၌ မိနစ် ၂ဝ နေခဲ့၍ လုံးဝ အမှီသဟဲ မပြုဘဲ ဆယ်မိနစ် ပျံဝဲခဲ့သည်။ သူတို့သည် ကမ္ဘာ ကို ၁၈ ပတ် ပတ်ခဲ့ရာ ၂၆ နာရီ နှစ်မိနစ် ကြာခဲ့သည်။


၁၉၆၅ ခု၊ မတ်လ ၂၃ ရက်။ ။ဗါဂျီး ဂရစ်ဆမ်နှင့် ဂျွန်ယန်း (အမေရိကန်)တို့သည် ဂျင်မီနီ ၃ အာကာသ ယာဉ်ဖြင့် ကမ္ဘာ ကို ပတ်လျက်ရှိစဉ် ပထမဆုံးအနေဖြင့် ကမ္ဘာပတ်လမ်းကြောင်း ကို ပြောင်းလဲ၍ ပျံသန်းခဲ့ သည်။ သူတို့သည် ကမ္ဘာကို သုံးပတ် ပတ်ခဲ့ရာ လေးနာရီ ၅၄ မိနစ် ကြာခဲ့သည်။


၁၉၆၅ ခု၊ ဇွန်လ ၃-၇ ရက်။ ။ဂျိမ်း မက်ဒီဗစ်နှင့် အက်ဒွပ်ဝှိုက်(အမေရိကန်)တို့သည် ဂျင်မီနီ ၄ အာကာသ ယာဉ်ဖြင့် ကမ္ဘာကိုပတ်လျက်ရှိစဉ် ဝှိုက်သည် အာကာသ အတွင်းသို့ထွက်၍ မိနစ် ၂ဝ ကြာ လမ်းလျှောက်ခဲ့သည်။ သူတို့သည် ကမ္ဘာကို ၆၂ ပတ် ပတ်ခဲ့ရာ ၉၇ နာရီ ၅၉ မိနစ် ကြာခဲ့သည်။


၁၉၆၅ ခု၊ ဩဂုတ်လ ၂၁-၂၉ ရက်။ ။ဂေါ်ဒွန် ကူးပါးနှင့် ချားကွန်ရက် (အမေရိကန်)တို့သည် ဂျင်မီနီ ၅ အာကာသ ယာဉ်ဖြင့် ကမ္ဘာကို အပတ်ပေါင်း ၁၂ဝ ပတ်ခဲ့ရာ ၁၉ဝ နာရီ ၅၆ မိနစ် (ခုနစ်ရက် ၂၂ နာရီ ၅၆ မိနစ်) ကြာခဲ့သည်။


၁၉၆၅ ခု၊ ဒီဇင်ဘာလ ၄-၁၈ ရက်။ ။ဖရန့်ဗိုမင်နှင့် ဂျိမ်းလိုဗယ်(အမေရိကန်)တို့သည် ဂျင်မီနီ ၇ အာကာသ ယာဉ်ဖြင့် ကမ္ဘာကို ၂ဝ၆ ပတ် ပတ်ခဲ့ရာ ၃၃ဝ နာရီ ၃၅ မိနစ်ကြာခဲ့၍ ပထမအကြိမ် အကြာဆုံး စံချိန်တင်ခဲ့သည်။


၁၉၆၅ ခု၊ ဒီဇင်ဘာလ ၁၅-၁၆ ရက်။ ။ဝေါလတာရှီးရားနှင့် တောမတ်စတက်ဖို့(အမေရိကန်)တို့သည် ဂျင်မီနီ ၆ အာကာသ ယာဉ်ဖြင့် အာကာသအတွင်း ဂျင်မီနီ ၇ နှင့် ပေါင်းဆုံမိရန် ကမ္ဘာကို ၁၆ ပတ် ပတ် ခဲ့ရာ ၂၅ နာရီ ၅၂ မိနစ်ကြာခဲ့သည်။


၁၉၆၆ ခု၊ ဇွန်လ ၃-၆- ရက်။ ။တောမတ်စတက်ဖို့နှင့် ယူဂျင်းဆာနန်(အမေရိကန်)တို့သည် ဂျင်မီနီ ၉ အာကာသ ယာဉ်ဖြင့် ကမ္ဘာကို ၄၄ ပတ် ပတ်ခဲ့ရာ ၇၂ နာရီ ၂၁ မိနစ် ဠကာခဲ့သည်။


၁၉၆၆ ခု၊ မတ်လ ၁၆-၁၇ ရက်။ ။နေးအမ္မစထရောင်းနှင့် ဒေးဗစ်စကော့(အမေရိကန်)တို့သည် ဂျင်မီနီ ၈ အာကာသ ယာဉ်ဖြင့် ကမ္ဘာကို ခြောက်ပတ်ခွဲပတ်ကာ ဆယ်နာရီ ၄၂ မိနစ်ကြာခဲ့ပြီး အာကာသအတွင်း လှည့် ပတ်နေသော အဂျီးနား ဒုံးပျံနှင့် ပေါင်းဆုံချိတ်ဆက်မိသည်။


၁၉၆၆ ခု၊ ဇူလိုင် ၁၈-၂၁ ရက်။ ။ဂျွန်ယန်းနှင့် မိုက်ကယ် ကောလင်း(အမေရိကန်)တို့သည် ဂျင်မီနီ ၁ဝ အာကာသယာဉ် ဖြင့် ကမ္ဘာကို ၄၃ ပတ် ပတ်ခဲ့ရာ ၇ဝ နာရီ ၄၇ မိနစ် ဠကာ ခဲ့သည်။


၁၉၆၆ ခု၊ စက်တင်ဘာလ ၁၂-၁၅ ရက်။ ။ချားကွန်ရဒ်နှင့် ရစ်ချတ်ဂေါ်ဒွန်(အမေရိကန်)တို့သည် ဂျင်မီနီ ၁၁ အာကာသ ယာဉ်ဖြင့် ကမ္ဘာကို ၄၄ ပတ် ပတ်ခဲ့ရာ ၇၁ နာရီ ၁၇ မိနစ် ကြာခဲ့သည်။


၁၉၆၆ ခု၊ နိုဝင်ဘာလ ၁၁-၁၅ ရက်။ ။ဂျိမ်းလိုဗယ်နှင့် အက်ဒွင် အောလဒရင်(အမေရိကန်)တို့သည် ဂျင်မီ မီ ၁၂ အာကာသယာဉ်ဖြင့် ကမ္ဘာကို ၅၉ ပတ် ပတ်ခဲ့ရာ ၉၄ နာရီ ၃၃ မိနစ် ကြာခဲ့သည်။


၁၉၆၆ ခု၊ ဇူလိုင်လ ၁၈ ရက်မှ နိုဝင်ဘာလ ၁၅ ရက် အထိ ကမ္ဘာကို ပတ်ခဲ့သော ဂျင်မီနီ ၁ဝ-၁၁ နှင့် ၁၂ အာကာသယာဉ်တို့သည် အာကာသအတွင်း လှည့်ပတ်နေသော အဂျီးနားတုံပျံနှင့် ချိတ်ဆက်မိပြီးနောက် ကမ္ဘာသို့ အသီးအသီး ပြန်လည်ရောက်ရှိခဲ့ကြသည်။


၁၉၆၇ ခု၊ ဧပြီလ ၂၃ ရက်။ ။ဗလာဒီမာ ကိုမာရော့(ရုရှ) သည် ဆိုယု ၁ အာကာသယာဉ်ဖြင့် ကမ္ဘာကို ၁၇ ကြိမ်ပတ် ခဲ့ရာ ၂၄ နာရီ ၃ဝ မိနစ်ကြာခဲ့သည်။ ထိုအာကာသယာဉ်သည် အာကာသစခန်းအဖြစ် ပထမဆုံး အကြိမ် အာကာသအတွင်း စမ်းသပ်ပစ်လွှတ်ခြင်း ဖြစ်သည်။ အာကာသယာဉ်မှူး ကိုမာရော့ သည် ကမ္ဘာသို့ ပြန်လာရာတွင် ယာဉ်ထိခိုက်ပျက်စီး၍ သေဆုံး သွားခဲ့သည်။


၁၉၆၈ ခု၊ အောက်တိုဘာ ၁၁-၁၂ ရက်။ ။ဝေါလတာရှီးရား၊ ဒွန်အက်ဆယ်နှင့် ဝေါလတာ ကန်နင်းဟမ်း (အမေရိကန်) တို့သည် အပိုလို ၇ အာကာသယာဉ်ဖြင့် ကမ္ဘာကို ၁၆၃ ဠကိမ် ပတ်ခဲ့ရာ ၂၆ဝ နာရီ ကိုးမိနစ် ကြာခဲ့ပြီး ကမ္ဘာပတ်လမ်း ကြောင်းမှ ရုပ်မြင်သံကြား သတင်းကို ပထမဆုံးအကြိမ် ရိုက်ကူးသတင်းပို့ခဲ့သည်။


၁၉၆၈ ခု၊ အောက်တိုဘာလ ၂၆-၃ဝ ရက်။ ။ဂျော်ဂျီဗယ်ရီဂိုဗွိုင်(ရုရှ)သည် ဆိုယု ၃ အာကာသယာဉ်ဖြင့် ကမ္ဘာကို ၆၄ ကြိမ် ပတ်ခဲ့ရာ ၉၅ နာရီ ကြာခဲ့သည်။ ၁၉၆၈ ခု၊ ဒီဇင်ဘာလ ၂၁-၂၇ ရက်။ ။ဖရန့်ဗိုမင်၊ ဂျိမ်းလိုဗယ်နှင့် ဝီလျံအန်းဒါး(အမေရိကန်)တို့သည် အပိုလို ၈ အာကာသစခန်းယာဉ်ဖြင့် လကိုဆယ်ပတ် ပတ်ခဲ့ရာ ၁၄၇ နာရီကြာခဲ့သည်။


၁၉၆၉ ခု၊ ဇန္နဝါရီလ ၁၄-၁၇ ရက်။ ။ဗလာဒါမာရှက်တာလော့(ရုရှ)သည် ဆိုယု ၄ အာကာသ စခန်းယာဉ် ဖြင့် ကမ္ဘာကို ၄၈ ပတ် ပတ်ခဲ့ရာ ၇၁ နာရီ ၁၄ မိနစ် ကြာခဲ့သည်။


၁၉၆၉ ခု၊ ဇန္နဝါရီလ ၁၅-၁၈ ရက်။ ။ဗောရစ်ဗော်လီနော့၊ လယ်လက်ဆေအီ ရက်လီဆီယက်နှင့် ယက်ဗာ ဂျီနီ ခရုနော့(ရုရှ)တို့သည် ဆိုယု ၅ အာကာသစခန်းယာဉ်ဖြင့် ကမ္ဘာကို ၄၉ ပတ် ပတ်ခဲ့ရာ ၇၂ နာရီ ၄၆ မိနစ် ဠကာ ခဲ့သည်။


၁၉၆၉ ခု၊ ဇန္နဝါရီလ ၁၄-၁၈ ရက်အတွင်း အာကာသ အတွင်း ပစ်လွှတ်ခဲ့သော အာကာသစခန်းယာဉ် ဆိုယု ၄ နှင့် ၅ တို့သည် လှည့်လည် ပေါင်းဆုံကြပြီးနောက်တွင် ချိတ်ဆက် မိကြသည။


၁၉၆၉ ခု၊ မတ်လ ၃-၁၃ ရက်။ ။ဂျိမ်း မက်ဒီဗစ်၊ ဒေးဗစ်စကော့နှင့် ရပ်ဆဲ ရှဝိတ်ကတ်(အမေရိကန်) တို့သည် အပိုလို ၉ အာကာသယာဉ်ဖြင့် ကမ္ဘာကို ၁၅၁ ပတ် ပတ်ခဲ့ရာ ၂၄၁ နာရီ တစ်မိနစ် ကြာခဲ့သည်။ ထို အပိုလို ၉ အာကာသ ယာဉ်သည် ပထမဆုံး ပစ်လွှတ်သော လဆင်းယာဉ်ဖြစ်သည်။


၁၉၆၉ ခု၊ မေလ ၁၈-၂၆။ ။တောမတ်စတက်ဖို့၊ ယူဂျင်းဆာ နန်နှင့် ဂျွန်ယန်း (အမေရိကန်)တို့သည် အပိုလို ၁ဝ အာကာသယာဉ်ဖြင့် လမျက်နှာပြင်အနီး ကိုးမိုင်အထိ ဆင်းသက်ခဲ့ရာ ၁၉၂ နာရီ သုံးမိနစ် ကြာခဲ့သည်။


၁၉၆၉ ခု၊ ဇူလိုင်လ ၁၆-၂၄ ရက်။ ။နေးအမ္မစထရောင်း၊ အက်ဒွင်အောလဒရင်နှင့် မိုက်ကယ်ကောလင်း (အမေရိကန်) တို့သည် အပိုလို ၁၁ အာကာသယာဉ်ဖြင့် လမျက်နှာပြင်ပေါ် သို့ ပထမဆုံးအကြိမ် အောင်မြင်စွာ ဆင်းသက်ခြေချခဲ့ရုံမက သိပ္ပံသုတေသနများကိုပါ ဆောင်ရွက်ခဲ့ကြရာ ၁၉၅ နာရီ ၁၉ မိနစ် ကြာခဲ့သည်။


၁၉၇၃ ခု၊ မေလ ၁၄ ဇွန်လ ၂၂ ရက်။ ။ချားကွန်ရဒ်၊ ဂျိုမ္ဘက်ကာဝင်နှင့် ပေါဝိတ်ဇ(အမေရိကန်)တို့သည် စကိုင်းလက် ၁ အာကာသစခန်းယာဉ်ဖြင့် ကမ္ဘာကို ၃၉၅ ပတ် ပတ်ခဲ့ရာ ၂၈ ရက် ၄ဝ မိနစ် ကြာခဲ့သည်။ စကိုင်းလက် ၁ သည် အမေရိကန်တို့က အာကာသအတွင်း ပစ်လွှတ်သော ပထမဆုံး အောင်မြင်သော အာကာသစခန်းယာဉ် ဖြစ်သည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)