ဝီကီပီးဒီးယား:လက်ဖက်ရည်ဆိုင် (အထွေထွေ)
ဝေါဟာရ | နည်းပညာ | အဆိုပြုချက်များ | အိုင်ဒီယာ | အထွေထွေ |
လက်ဖက်ရည်ဆိုင်၏ အထွေထွေ ဆွေးနွေးခန်းသည် အခြားသော ဆွေးနွေးခန်းကဏ္ဍများနှင့် မကိုက်ညီသည့် ဆွေးနွေးချက်များ ရေးသားဆွေးနွေးရန် ဖြစ်သည်။ အကယ်၍ ဤနေရာထက်စာလျှင် ပိုမိုသင့်လျော်မှုရှိပါက မူဝါဒ၊ နည်းပညာ၊ သို့မဟုတ် အဆိုပြုချက်များ စာမျက်နှာများတွင်၊ သို့မဟုတ် – အထောက်အကူအတွက် – အကူအညီ စားပွဲ တို့တွင် ကျေးဇူးပြု၍ ဆွေးနွေးပါ။ အထွေထွေ ဗဟုသုတဆိုင်ရာ မေးခွန်းများအတွက် အမေးအမြန်း စားပွဲကို အသုံးပြုပါ။
|
« ဆွေးနွေးချက် အဟောင်းများ၊ ၁, ၂, ၃ |
ရဟန်းဝစ္စကုဋီအိမ်သာသုံးစွဲပုံဆောင်းပါးရေးသာလိုမှုဆွေးနွေးချက်[ပြင်ဆင်ရန်]
Note: this message had originally been posted at အသုံးပြုသူ ဆွေးနွေးချက်:ရဟန်း''ဝစ္စကုဋီ''အိမ်သာသုံးစွဲပုံဆောင်းပါးရေးသာလိုမှုဆွေးနွေးချက် by 咽頭べさ ( ၁၁:၁၂၊ ၁၃ ဇန်နဝါရီ ၂၀၂၁ (UTC)) and was moved here by Ninja✮Strikers «☎» ၀၄:၄၇၊ ၁၃ ဇန်နဝါရီ ၂၀၂၁ (UTC)
မင်္ဂလာပါကျွန်ပ်--咽頭べさ (ဆွေးနွေး) ၀၄:၄၂၊ ၁၃ ဇန်နဝါရီ ၂၀၂၁ (UTC)Intobesaဖြစ်ပါတယ် ဗုဒ္ဓဘာသာယဥ်ကျေးမှုဆိုင်ရာများစွာမှ ရဟန်းအိမ်သာအသုံးပြုခြင်း ယဥ်ကျေးမှုဆိုင်ရာများဟာ ဘာသာခြာများအတွက် အရေးမကြီးပေမဲ့ အနာဂတ်မျိုးဆက်သစ် ဗုဒ္ဓဘာသာများအတွက် အလွန်းအမင်အရေးကြီးပါတယ် သိထားသင့်သောဆောင်းပါးတပုဒ်ဟု ပြောဆိုပါကမှားလိမ့်မည်မဟုတ် ထိုကြောင့်မရေးသားခင်ဆွေးနွေးမှု အရင်ပြုလုပ်လိုပါတယ် ရေးသားပြီးမှ အဖျက်ခံရတာမျိုးတော့ မလိုလားပါဘူး ဒီဆောင်းပါးတပုဒ်အတွက် အလွန်းအမင်ခက်ခဲ ပင်ပန်းလိမ့်မည်ဖြစ်သောကြောင့်ပါ အဘယ်ကြောင့်ဆိုသော် ဝိနည်းတော်ပိဋကတ်မှ ကူးယူဘာသာပြန်ရမှာမို့လို့ပါ ကျွန်ပ်သည် ယနေ့ခေတ် မြန်မာစာသက်ပုံ သင်ယူဖူးမှုမရှိသေးသဖြင့် ယနေ့ခေတ်မြန်မာစာသက်ပုံနှင့် လွဲမှားချင် လွဲမှားနိင်တယ် တဂယ်လို့အမှားရှိပါက
- ပြုပြင်မည်လော
- ဖျက်ပြစ်မည်လော
ကျွန်ပ်ဤအဖြေရရှိလိုပါတယ်သို့မဟုတ်ရဟန်းဝစ္စကုဋီအိမ်သာသုံးစွဲပုံဆောင်းပါးရေးသားခြင်း
- ခွင့်မပြုပါ
- ခွင်ပြုပါသည်
ကျွန်ပ်ဤအဖြေအက်မင်များထံမှရရှိလိုပါတယ် နောက်တချက်ကတော့ဆောင်းပါးခေါင်စဥ်အမည်
- ရဟန်း(ဝစ္စကုဋီ)အိမ်သာသုံးစွဲပုံ
- ရဟန်းဝစ္စကုဋီအိမ်သာသုံးစွဲခြင်း
မည်သိုအမည်ပေးခြင်းသင့်တော်သနည်းသိရှိလိုပါ၏ ကျွန်ပ်အကောင့်နှင့်ပက်သက်ပြီး အက်မင်များသိထားဖို့ကတော့ သုံးစွဲသူ ကျွန်ပ်တစ်ဦးတည်းမဟုတ်ကြောင်း ပြောကြားသတိပေးလိုပါတယ် ပြဿနာတစုံတရာရှိခဲ့ပါက vinonjat2014@gmail.com သို့ကျွန်ပ်ကို တိုက်ရိုက်အသိပေးနိင်ပါတယ် ကျွန်ပ်သင်ယူခဲ့ဖူးသောမြန်မာသက်ပုံအရေးသားဤ http://www.psywarrior.com/BurmaOWILeafs.html လင့်မှာကြည့်ရှုးပါ ဒါယနေ့ခေတ်လူတွေအမြင်မှာတော့ မြန်မာစာသက်ပုံမမှန်ဘူးဟု ယူစကြပါတယ်Oky Thank
- @咽頭べさ: ဝီကီပီးဒီးယားဟာ စွယ်စုံကျမ်းဖြစ်ပါတယ်။ ဆောင်းပါးတစ်ပုဒ်ကို တစ်စုံတစ်ဦး/တစ်စုံတစ်ဖွဲ့အတွက် အရေးကြီးတဲ့ အကြောင်းအရာမို့ ဝီကီပီးဒီးယားမှာ ဆောင်းပါးရေးသင့်တယ်ဆိုတာမျိုးနဲ့ မဆုံးဖြတ်ပါဘူး။ ဝီကီပီးဒီးယားမှာ ဘယ်လိုဆောင်းပါးတွေ ရေးသင့် မရေးသင့်ဆိုတာကို သိနိုင်ဖို့ ဝီကီပီးဒီးယား:ဝီကီပီးဒီးယားက ဘာမဟုတ်ဘူးလဲဆိုတာကို ဖတ်ရှုပေးပါ။ စွယ်စုံကျမ်းမဆန်တဲ့ ဆောင်းပါးအကြောင်းအရာများ၊ ဝီကီပီးဒီးယားရဲ့ မူဝါဒလမ်းညွှန်ချက်များနဲ့ မကိုက်ညီတဲ့ အကြောင်းအရာမှန်သမျှ ဖယ်ရှားခြင်းခံရမှာဖြစ်ပါတယ်။ နောက်တစ်ခုက ဝီကီပီးဒီးယားမှာ အကောင့်တစ်ခုတည်းကို တစ်ဦးထက်ပို၍ မျှဝေသုံးစွဲခြင်းကို တင်းကြပ်စွာ တားမြစ်ထားပြီး ပိတ်ပင်ခြင်း ခံရမှာဖြစ်တယ်ဆိုတာ ပြန်လည် သတိပေးလိုပါတယ်။ ကျေးဇူးတင်ပါတယ်။ Ninja✮Strikers «☎» ၀၅:၀၁၊ ၁၃ ဇန်နဝါရီ ၂၀၂၁ (UTC)
- အဖွဲ့အစည်းတစ်ခုရဲ့ စည်းမျဉ်းစည်းကမ်းသာ ဖြစ်တဲ့အတွက် ဆောင်းပါးအနေနဲ့ မသင့်တော်ဘူးလို့ ထင်ပါတယ်။ခင်မောင်မောင်လွင် (ဆွေးနွေး) ၀၈:၂၁၊ ၁၃ ဇန်နဝါရီ ၂၀၂၁ (UTC)
IP block exemptions[ပြင်ဆင်ရန်]
မြန်မာဝီကီအသုံးပြုသူများ ခင်ဗျာ။
အခုရက်ပိုင်းမှာ ဝီကီအသုံးပြုသူတွေအနေနဲ့ ဝီကီပီးဒီးယား အပါအဝင် ညီအစ်မ ပရောဂျက်တွေကို ဝင်ရောက်မရတာ၊ ပြင်ဆင်လို့မရတာစတဲ့ အခက်အခဲတွေ ကြုံတွေ့နေရပါလိမ့်မယ်။ ဝီကီဆိုဒ်တွေကို ရိုးရိုးတန်းတန်း ဝင်မရတဲ့ အခါမှာ VPN သို့မဟုတ် Proxy server တစ်မျိုးမျိုးကို အသုံးပြုပြီး ဝင်ရောက်ကြည့်ရှုလို့ ရပေမယ့် ပြင်ဆင်လို့ မရတာကို တွေ့ရမှာပါ။ ဝီကီမီဒီယာရဲ့ No open proxies မူဝါဒအရ VPN နဲ့ proxy server တွေ အသုံးပြုပြီး ပြင်ဆင်ခြင်းကို ခွင့်မပြုထားပါဘူး။ သို့သော်လည်း ယခုလို တစ်နိုင်ငံလုံး သက်ရောက်မှုရှိတဲ့ အခြေအနေမှာ VPN/proxy အသုံးပြုပြီး ဝင်ရောက်ပြင်ဆင်လိုသူများအနေနဲ့ အိုင်ပီ ပိတ်ပင်မှုမှ ကင်းလွတ်ခွင့် (IP Block Exemption) ကို တောင်းဆိုနိုင်ပါတယ်။ IPBE ကို ဒေသတွင်းနဲ့ ဂလိုဘယ်ဆိုပြီး နှစ်မျိုးတောင်းဆိုနိုင်ပါတယ်။ လက်ရှိအခြေအနေဟာ VPN/Proxy အိုင်ပီတွေကို ပိတ်ပင်ထားတာဖြစ်တဲ့အတွက် Global IPBE တောင်းဆိုမှ ဝီကီပရောဂျက်များ အားလုံးမှာ အဆင်ပြေစွာ တည်းဖြတ်ပြင်ဆင်နိုင်မှာ ဖြစ်ပါတယ်။ Global IPBE ကို တောင်းဆိုနိုင်ဖို့အတွက်
- Steward_requests/Global_permissions တွင် တောင်းဆိုခြင်း (SRIPBE)
- stewards
wikimedia.org သို့ အီးမေးလ်ဖြင့် ပေးပို့တောင်းဆိုခြင်း (သို့) ဖောင်ဖြင့် တောင်းဆိုခြင်း တို့ကို ပြုလုပ်နိုင်ပါတယ်။
တောင်းဆိုခြင်းများ မပြုလုပ်မီ No open proxiesမူဝါဒ နှင့် Global IP block exemptions တို့ကို ဦးစွာ ဖတ်ရှုပေးဖို့ အကြံပြုလိုပါတယ်။
အခက်အခဲများရှိပါက မြန်မာဝီကီပီးဒီးယား ဖေ့စ်ဘွတ်ခ် စာမျက်နှာ (သို့) ဖေ့စ်ဘွတ်ခ်ဂရု တို့မှာ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။ ကျေးဇူးတင်ပါတယ်။ Ninja✮Strikers «☎» ၁၄:၄၄၊ ၁၉ ဖေဖော်ဝါရီ ၂၀၂၁ (UTC)
- သာမန် ဝီကီပီးဒီးယားကို ဖတ်ရှုလိုသူများအနေနဲ့ ယခုဖော်ပြထားတဲ့ IPBE ကို တောင်းဆိုစရာမလိုဘဲ VPN အသုံးပြုပြီး ပုံမှန်အတိုင်း ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ Ninja✮Strikers «☎» ၁၆:၀၀၊ ၁၉ ဖေဖော်ဝါရီ ၂၀၂၁ (UTC)
- မြန်မာဝီကီပီးဒီးယားတွင်သာ ပြင်ဆင်လိုတဲ့ တည်းဖြတ်သူတွေအနေနဲ့ အိုင်ပီပိတ်ပင်မှု ကြုံတွေ့နေရပြီး သတ်မှတ်ချက်များဖြင့် ကိုက်ညီပါက WP:IPBE တွင်ဖော်ပြထားသော နည်းလမ်းများအတိုင်း ကင်းလွတ်ခွင့်ကို တောင်းဆိုရယူနိုင်ပါတယ်။ Ninja✮Strikers «☎» ၀၉:၁၂၊ ၂၀ ဖေဖော်ဝါရီ ၂၀၂၁ (UTC)
တရားဝင်ပြည်ထောင်စုဝန်ကြီး[ပြင်ဆင်ရန်]
ဝန်ကြီးဌာနတွေမှာ အာဏာသိမ်း စစ်အစိုးရက ခန့်ထားတဲ့ ဝန်ကြီးတွေနဲ့ CRPHက ခန့်ထားတဲ့ ဝန်ကြီးတွေ ဘယ်သူ့ကို ထည့်သွင်း ဖော်ပြကြမလဲဗျ။ဒါမှမဟုတ် ၂ယောက်လုံးကို ဖော်ပြကြမလား။Kantabon ၁၃:၂၃၊၂ မတ် ၂၀၂၁ (UTC)
- လတ်တလောမှာတော့ ဝန်ကြီးဌာနတွေကို အမှန်တကယ် အုပ်စိုးနိုင်တဲ့သူတွေက စစ်အစိုးရဖက်က လူတွေဖြစ်နေဆဲပါပဲ။ လူပုဂ္ဂိုလ်ဆောင်းပါးတွေမှာတော့ ယာယီဝန်ကြီးအနေနဲ့ ထည့်ထားလို့ရပေမယ့် ဝန်ကြီးဌာနဆောင်းပါးမှာတော့ လောလောဆယ် စစ်အစိုးရဝန်ကြီးတွေကိုပဲ ထည့်ထားရဦးမယ်ထင်ပါတယ်။ Ninja✮Strikers «☎» ၀၈:၁၅၊ ၃ မတ် ၂၀၂၁ (UTC)
- ဟုတ်ကဲ့ပါ။Kantabon ၁၃:၀၀၊၃ မတ် ၂၀၂၁ (UTC)
- ကျွန်တော်လည်း အပေါ်အတိုင်းသဘောတူပါတယ်။ လက်ရှိ state holder များက ခန့်အပ်သူတွေဖြစ်တဲ့ ministry holder တွေကို (အထူးသဖြင့် infobox တွေမှာ) ဖော်ပြသင့်တယ်ထင်ပါတယ် (အသိမှတ်ပြု/မပြု နဲ့မဆိုင်ပါ၊ အာဏာကိုင်ထားသူများက ဒီလူတွေကို ဒီဝန်ကြီးခန့်အပ်ထားတယ်ဆိုတဲ့သဘောပါ)။ CRPH ခန့်အပ်သော ဝန်ကြီးများကို ဖော်ပြမယ်ဆိုရင် ခေါင်းစဉ်ခွဲဖွင့်ပြီး ရေးသားလို့ရပါတယ်၊ ဥပမာ "အာဏာသိမ်းဖြစ်စဉ် ဝန်ကြီးခန့်အပ်မှု" စသဖြင့် ဖွင့်ပြီး ယခင်ကတော့ဘယ်သူ... အာဏာသိမ်းပြီး စစ်ကောင်စီကဘယ်သူ့ကိုဖြုတ်ပြီး ဘယ်သူကိုခန့် .... နောက် ကိုယ်စားပြုလွှတ်တော်က ... အစိုးရဖွဲ့စည်းဖြစ်စဉ်မှာ ဘယ်သူ့ကိုခန့် ဘာလို့ခန့် စသဖြင့် ထည့်သွင်းနိုင်ပါတယ်။ (ရေးချင်သူများအတွက်ပါ) (မှတ်ချက် common sense ရှိတဲ့မည်သူမဆိုတော့ ဒီဖြစ်စဉ်ကို ဘယ်သူမှလက်မခံပါ သို့သော် ဒီမှာရေးရင်တော့ သူ့မူကို လိုက်နာတာအကောင်းဆုံးပါ။ personal emotion ကင်းစွာရေးကြရန်လည်း တောင်းဆိုပါတယ်။) Aungookingofcelestials (ဆွေးနွေး) ၁၃:၀၅၊ ၃ မတ် ၂၀၂၁ (UTC)
- enwiki ဖက်မှာတော့ en:Cabinet of Committee Representing Pyidaungsu Hluttaw ဆောင်းပါးရှိနေပါပြီ။ Ninja✮Strikers «☎» ၀၃:၃၁၊ ၄ မတ် ၂၀၂၁ (UTC)
- နှစ်ကြောင်းလောက် lead မှာ ဖြည့်စွက်လိုက်ပြီးမှ အူကြောင်ကြားဖြစ်လာလို့၊ အစိုးရအသစ်မဟုတ်ဘဲ ယခင်အစိုးရရဲ့ တာဝန်များကို ခေတ္တထမ်းဆောင်ရန် တာဝန်ပေးခြင်းဖြစ်လို့ စာမျက်နှာအသစ်စည်းကမ်းနဲ့ ညီပါ့မလားလို့? ဦးဝင်းမြင့်အစိုးရထဲမှာပဲ ထည့်ရမလားမသိဘူး။ ဒါ့ကြောင့် လောလောဆယ် ဟိုဘက်မှာ တတ်သလောက်မှတ်သလောက်တော့ ပြန်ရေးထားပါတယ်။ အဲဘက်က စစ်ဆေးသူတွေ အတည်ပြပြင်ဆင်ပြီးရင်တော့ ဒီဘက်မှာ အခြားလူမရေးသေးရင်ရေးပေးပါ့မယ်။ Aungookingofcelestials (ဆွေးနွေး) ၀၈:၀၀၊ ၄ မတ် ၂၀၂၁ (UTC)
ကဗျာဆိုင်ရာဆွေးနွေးချက်[ပြင်ဆင်ရန်]
မုဒုံဆိုင်ရာကဗျာလေတစ်ပုဒ်လောက်ရေးချင်တယ် ဘယ်လိုပုံစံရေးရလဲသိချင်ပါတယ် နမူနာကဗျာဆောင်းပါးရှိရင်Linkလေပေးပါ နမူနာကြည့်ချင်လို့ပါ thanks--咽頭べさ (ဆွေးနွေး) ၁၂:၁၆၊ ၃ မတ် ၂၀၂၁ (UTC)
- အနုပညာလက်ရာတစ်ခုကိုရေးဖို့ ဥပမာ ကဗျာတစ်ပုဒ်ဆိုရင် အထင်ကရ စာပေတွေ၊ ဂျာနယ် မဂ္ဂဇင်း စသဖြင့်မှာ ဖော်ပြထားဖို့တော့လိုပါတယ်။ မြန်မာကဗျာဆောင်းပါးအချို့ကြည့်ကြည့်တာတော့ format မကျသေးပါဘူး၊ ဆောင်းပါးမဟုတ်ဘဲ textbook သဘောရေးထားတာမျိုးမို့ နမူနာယူချင်ရင် en wikipedia မှာ ယူနိုင်ပါတယ်။ ဥပမာ en:The Passionate Shepherd to His Love Aungookingofcelestials (ဆွေးနွေး) ၁၃:၁၀၊ ၃ မတ် ၂၀၂၁ (UTC)
ဆောင်းပါးများ၏ ရာဇဝင်တွင် လထပ်နေခြင်း[ပြင်ဆင်ရန်]
ဆောင်းပါးတွေရဲ့ ရာဇဝင်ကို ကြည့်ရင် လနှစ်ခုထပ်နေပါတယ်။ ဇန်နဝါရီ ဆိုတာက တစ်နေရာကနေ လာညိနေပုံပေါက်တယ်။ သတင်းပေးခြင်း။ Aungookingofcelestials (ဆွေးနွေး) ၁၈:၁၀၊ ၅ ဇွန် ၂၀၂၁ (UTC)
- အထူး:ရွေးချယ်စရာများ#mw-prefsection-rendering အောက်က နေ့စွဲပုံစံမှာ တခြားတစ်ခုခုကို ရွေးလိုက်ပါဗျ။ ("မရွေးချယ်" ဆိုတာကို ရွေးရင်လဲ ရတယ်။) အဲဒီလအမည် အပိုပါနေတာကို တွေ့တာကြာနေပြီ။ ကျနော်လဲ ပြင်ဖို့လိုက်ရှာနေတာ မတွေ့ဘူးဖြစ်နေတယ်။ translatewiki.net မှာလည်း လိုက်တော့ရှာကြည့်သေးတယ်။ အဲဒီမှာရှာပြင်ရမှာလား၊ site configuration မှာပြင်ရမှာလား သေချာမသိသေးလို့။ site configuration မှာပြင်ရမှာဆိုရင်တော့ ကျနော်တို့လုပ်လို့မရဘူး။ Ninja✮Strikers «☎» ၀၃:၃၀၊ ၆ ဇွန် ၂၀၂၁ (UTC)
များပြားနေသော ဘုရင်မများ[ပြင်ဆင်ရန်]
Category တွေမှာ ဘုရင်မ၊ ဘုရင်မများ၊ ဘုရင်မများစာရင်း ဆိုပြီး ရှိနေပါတယ်. ဘယ်လိုခွဲလဲ သိချင်ပါတယ်. နောက်ပြီး အလားတူတွေ ရှိပါသေးတယ်. အမျိုးသားသရုပ်ဆောင်၊ အမျိုးသားသရုပ်ဆောင်များ စသဖြင့်. Category ဘယ်အခြေအနေမှာ လုပ်ရမယ်ဆိုတာမျိုး ဘမာဘက်မှာ ရှိလားဗျာ. မျက်နှာဖြူတွေကတော့ s တွေ ထဲ့ကြတယ်. NuDeity (ဆွေးနွေး) ၁၄:၀၅၊ ၉ ဩဂုတ် ၂၀၂၁ (UTC)
- ဘုရင်မများစာရင်း က စာရင်းတွေစုထားတဲ့ ကဏ္ဍဖြစ်ပြီးတော့၊ ဘုရင်မများဆိုတာက ကဏ္ဍခွဲတွေပဲပါတဲ့ ထိပ်ဆုံးကဏ္ဍပုံစံဖြစ်ပါတယ်။ သူ့အောက်မှာ စာရင်းကဏ္ဍ၊ နိုင်ငံတစ်ခုခြင်းစီရဲ့ ဘုရင်မတွေကဏ္ဍ စသဖြင့်ရှိပါတယ်။ ဘုရင်မ ကဏ္ဍကတော့ မကြာသေးခင်က လုပ်သွားတာပါ။ ဘုရင်မများ ကဏ္ဍထဲကို ပေါင်းရမှာပါ။ ဆောင်းပါးတွေကို စုထားတဲ့ ကဏ္ဍတွေဖြစ်တာမို့ များ ထည့်ပြီးလုပ်သင့်ပါတယ်။ လက်ရှိမြန်မာဝီကီက အင်္ဂလိပ်ဝီကီဖက်က ဆောင်းပါးတွေကို ဘာသာပြန်ရေးတာများတော့ အဲဒီဖက်က ကဏ္ဍခွဲတဲ့ပုံစံအတိုင်းယူကြတာများပါတယ်။ လမ်းညွှန်အနေနဲ့ မြန်မာလိုတော့ မရှိသေးပါဘူး။ လောလောဆယ် ဝီကီပီးဒီးယား:ကဏ္ဍခွဲခြင်း ဆောင်ရန် ရှောင်ရန်များပဲ ရေးထားရပါသေးတယ်။ Ninja✮Strikers «☎» ၁၅:၀၁၊ ၉ ဩဂုတ် ၂၀၂၁ (UTC)
Hello. enwiki မှာ မြန်မာ သတင်း site တချို့ကို RS အနေနဲ့ သုံးနိုင်အောင်လို့ အဆိုပြုချက်တစ်ခုရှိပါတယ်။ စိတ်ဝင်စားရင် en:Wikipedia talk:WikiProject Myanmar/Reliable sources#Nomination 1 မှာ လာရောက်ဆွေးနွေးနိုင်ကြပါတယ်။ နောက်ထပ်လဲ ထပ်ဖြည့်စရာတွေ ရှိသေးတာမို့ အဆင်ပြေရင် watchlist ထဲ ထည့်ထားစေလိုပါတယ်ခင်ဗျာ။ (လက်ဖက်ရည်ဆိုင် ကဏ္ဍမှားသွားရင် ဆောရီးပါ။) ကျေးဇူးပါ။ Htanaungg (ဆွေးနွေး) ၀၄:၀၇၊ ၁၆ ဩဂုတ် ၂၀၂၁ (UTC)
- Noted and thank you. Ninja✮Strikers «☎» ၀၃:၅၁၊ ၁၉ ဩဂုတ် ၂၀၂၁ (UTC)
ရက်စွဲဆောင်းပါးတွေ ဗလာမဖြစ်အောင်[ပြင်ဆင်ရန်]
မြန်မာဝီကီမှာရှိနေတဲ့ ရက်စွဲ၊ လ၊ နှစ် ဆောင်းပါးတွေက များသောအားဖြင့် တမ်းပလိတ်ပဲရှိတဲ့ ဗလာဆောင်းပါးသာသာတွေပဲ များပါတယ်။ အဲဒါတွေကို ကြုံရင်ကြုံသလိုတော့ ဖြည့်နေတာပဲ။ ဒါပေမယ့် အများကြီးဖြစ်နေတော့ သိပ်မထူးဘူးဖြစ်နေတယ်။ အဲဒါကြောင့် မြန်မာဝီကီဝိုင်းတော်သားတွေကို အကြံပြုချင်တာက ဖြစ်ရပ်၊ အတ္ထုပ္ပတ္တိဆောင်းပါးတွေ ရေးရင်း/ပြင်ဆင်ရင်းနဲ့ သူတို့နဲ့ဆိုင်တဲ့ ရက်စွဲဆောင်းပါးတွေမှာ မွေးဖွား၊ ကွယ်လွန်၊ ဖြစ်ရပ်စတာလေးတွေကို တပါတည်း ဖြည့်ပေးမယ်ဆိုရင် ဆောင်းပါးအတွက် incoming link လဲရသလို ဗလာတွေလဲ တဖြည်းဖြည်းနဲ့ နည်းသွားနိုင်မယ်လို့ ထင်ပါတယ်။ ကူညီပေးကြပါဦး။ Ninja✮Strikers «☎» ၀၃:၅၈၊ ၁၉ ဩဂုတ် ၂၀၂၁ (UTC)
- Okay.ခင်မောင်မောင်လွင် (ဆွေးနွေး)
- သဘောမပေါက်ပါ. နမူနာတခုလောက် လင့်ချပေးပါ. P0rnytail (ဆွေးနွေး) ၀၆:၂၆၊ ၁၉ ဩဂုတ် ၂၀၂၁ (UTC)
- ၁၉၆၇ စစ်တွေ ဆန်ပြဿနာ ဆောင်းပါးရေးရင်းနဲ့ အဲဒီဖြစ်ရပ်ဖြစ်ခဲ့တဲ့ ၁၃ ဩဂုတ်#ဖြစ်ရပ်များ မှာ တခါတည်း အတိုချုပ်ထည့်တာမျိုး။ စာရေးဆရာ ညီစေမင်း ဆောင်းပါးပြင်နေရင်းနဲ့ သူရဲ့မွေးရက် ၄ ဇန်နဝါရီနဲ့ ကွယ်လွန်ရက် ၉ ဩဂုတ် တို့က မွေးဖွားသူများနဲ့ ကွယ်လွန်သူများ အပိုင်းအောက်မှာစာရင်းသွင်းလိုက်တာမျိုးပါ။ Ninja✮Strikers «☎» ၀၈:၁၅၊ ၁၉ ဩဂုတ် ၂၀၂၁ (UTC)
ဘန်းစတား[ပြင်ဆင်ရန်]
ဘယ်အချိန် ဘန်းစတား ပေးတာလဲ :) P0rnytail (ဆွေးနွေး) ၁၅:၃၃၊ ၁၉ ဩဂုတ် ၂၀၂၁ (UTC)
- P0rnytail, pls see en:WP:BARNSTAR. Htanaungg (ဆွေးနွေး) ၁၅:၅၆၊ ၁၉ ဩဂုတ် ၂၀၂၁ (UTC)
အင်း အိုင် ကန်[ပြင်ဆင်ရန်]
သဘာဝအလျောက်စုဝေးနေတာကို အိုင်၊ မြစ်ချောင်းကိုပိတ်ပြီး ဒါမှမဟုတ် အပိတ်ခံရပြီး ရေအရင်းအမြစ်ဖြစ်လာရင် အင်း၊ လူအားဖြင့် တူးဆယ်ထားသောအိုင်ကို ကန် ဆိုပြီး wikitionary မှာ ပြောထားတယ်. ကျနော်သိတဲ့ ကနဦးအသိလဲ ဒီအတိုင်းဘဲ. မျက်နှာဖြူတွေဘက်ကို ရေနဲ့နီးတော့ ပိုပြီး ဝေါဟာရများတယ်. လောလောဆယ် ကိုယ့်ကိစ္စ ကိုယ်အရင်ပြောပါမယ်. ဒီမှာ တချို့က ရေစုစုမြင်ရင် ကန်ဆိုပြီး လိုက်ပြောင်းနေတယ်. အဲဒါ အက်ဒမိန်တယောက်ယောက် ရှင်းပေးပါ. ၂ ခါရှိပြီး ကြုံနေတာ. P0rnytail (ဆွေးနွေး) ၁၆:၂၈၊ ၂၁ ဩဂုတ် ၂၀၂၁ (UTC)
ဘုရားလက်ထက်က ဘုန်းကြီးများအကြောင်း[ပြင်ဆင်ရန်]
Random ခေါက်လိုက်ရင် ရွာတွေအကြောင်းနဲ့တူတူ အပေါ်များတာက ဘုရားစာတွေ. ဘယ်သူတွေ ရေးထားလဲတော့ မသိဘူး. ဒါပေမဲ့ ပုဂ္ဂိုလ်တယောက်ဆီတိုင်း topic တခုရှိရမယ်လို့ မျက်နှာဖြူဘက်က မဆိုဘူး. (en:WP:GNG) တက်သစ်စ အင်ဖလူရန်ဇာတွေ အဆိုတော်ပေါက်တွေဆို notability မရှိလို့ဆိုပြီး ဖျက်ဖျက်နေတာ တွေ့ရတယ်. ဒါပေမဲ့ ဗုဒ္ဓဝင်တွေထဲက ဘုန်းကြီးတွေအကြောင်းဟာ ref:ဗုဒ္ဓဝင် ဆိုတာတပ်ပြီး အများကြီးရှိနေတာ တွေ့တယ်. (ပြောချင်တာက ဒီ source ကလွဲပြီး ဘာမှမရှိဘူး.) ဗုဒ္ဓဘာသာအကြောင်းပြောရင် မဟာယာနကဘုန်းကြီးတွေအကြောင်း တပိုဒ်သုံးကြောင်းနဲ့ topic ဖွင့်ပြီး ref:ဗုဒ္ဓဝင် လုပ်ရင်ကော လက်ခံမလား သိချင်တယ်. P0rnytail (ဆွေးနွေး) ၁၆:၂၂၊ ၂၇ ဩဂုတ် ၂၀၂၁ (UTC)
- အစက်. Bhone d(^o^)b¸¸♬·¯·♩¸¸♪·¯·♫¸BM «☎» ၀၈:၀၉၊ ၂၈ ဩဂုတ် ၂၀၂၁ (UTC)
လက်ရှိ ကဏ္ဍ:တပ်မတော် ဆောင်းပါးတိုများထဲမှာ စာမျက်နှာပေါင်း ၁၅၀ ကျော်ရှိပါတယ်။ အဲဒီထဲက အများစုက စာတစ်ကြောင်းနဲ့ အောက်ခြေတမ်းပလိတ်ပဲပါတဲ့ စာမျက်နှာတွေ များပါတယ်။ ဆောင်းပါးတိုလို့ အမှတ်အသားလုပ်ထားပေမယ့် ၂၀၀၉ ခုနှစ်လောက်ကတည်းက အခုအထိ စာတစ်ကြောင်းနဲ့ပဲ ရှိနေတုန်းပါပဲ။ တချို့ဆောင်းပါးတွေ (တပ်ရင်း) ဆိုရင်လည်း ချဲ့ကားရေးလို့မရတဲ့အနေအထားဆိုတော့ တူရာတူရာ ဆောင်းပါးတိုတွေကိုစုပြီး စာရင်းဆောင်းပါး အနေနဲ့ လုပ်ရင်ပိုကောင်းမယ်လို့ မြင်မိလို့ပါ။ ဥပမာ ခမရ(..) တွေကို တပ်မတော် ခြေမြန်တပ်ရင်းများ စာရင်း ဆောင်းပါးအောက်၊ ခလရ(..) ဆောင်းပါးတွေကို တပ်မတော် ခြေလျင်တပ်ရင်းများ စာရင်းအောက်မှာ အခြေစိုက်ဒေသ၊ ကွပ်ကဲဌာန၊ တိုင်းစစ်ဌာနချုပ် စတဲ့ဇယားပုံစံနဲ့ထားမယ်ဆိုရင် စာတစ်ကြောင်းဆောင်းပါးတွေအစား စာရင်းဆောင်းပါးအနေနဲ့ တစ်စုတစ်စည်းထဲဖြစ်သွားမှာပါ။ (အလားတူ ထောက်ပို့တပ်ရင်း၊ အမြောက်တပ်ရင်း စသည်) ခြေမြန်တပ်မဌာနချုပ်၊ ဒကစ စတဲ့ ထိပ်ပိုင်းကျတဲ့ စစ်ဌာနချုပ် ဆောင်းပါးတွေကျ သူ့အောက်မှာရှိတဲ့ တပ်ရင်းစာရင်းထည့်ရေးမယ်ဆိုရင်တောင် စာနှစ်ပိုဒ်သုံးပိုဒ်လောက်တော့ အနည်းဆုံးရနိုင်တော့ သူတို့တွေကိုတော့ သီးခြားဆောင်းပါးထားလို့ အဆင်ပြေတယ်။ ဆွေးနွေးကြပေးပါဦး။ Ninja✮Strikers «☎» ၁၅:၃၃၊ ၃၁ ဩဂုတ် ၂၀၂၁ (UTC)
- Pinging @Pho Sai:.
Ninja✮Strikers «☎» ၁၅:၃၃၊ ၃၁ ဩဂုတ် ၂၀၂၁ (UTC)
- ကောင်းပါတယ် ဘရို @Ninjastrikers
- ခြေလျင်/ခြေမြန် တပ်ရင်း အဆင့်က အရမ်း ချဲ့ရေးစရာ မရှိလောက်ပါဘူး။ တချို့ သမိုင်းဝင် တပ်တွေလောက်ပဲ ထည့်စရာရှိမှာ။ Pho Sai (ဆွေးနွေး) ၁၆:၀၂၊ ၃၁ ဩဂုတ် ၂၀၂၁ (UTC)
- တလက်စတည်း ဒီမှာပဲ ဆွေးနွေးလိုက်ပါ့မယ်။ တပ်မတော်ဆောင်းပါးမှာ ကြည်း,ရေ,လေ (ပထမအဆင့်) အဲဒါပြီးတော့ နောက်တဆင့် လောက်ပဲ ထပ်ခွဲရင် ပိုကောင်းမယ်ထင်ပါတယ်။ ငယ်တဲ့ အဆင့် ၃,၄,၅ .. ထပ်မံခွဲခြင်း စတာတွေကို သက်ဆိုင်ရာဆောင်းပါးတွေမှာ အသေးစိတ်ရေးရင်ပိုကောင်းပါမယ်။ လက်ရှိဆို မာတိကကြည့်ရတာနဲ့ အတော်လေးနေပြီ။ အကြံပြုတာပါ။ Aungookingofcelestials (ဆွေးနွေး) ၁၇:၁၄၊ ၃၁ ဩဂုတ် ၂၀၂၁ (UTC)
- ကောင်းပါတယ် ဘရို @Aungookingofcelestials
- ဖတ်ရတာ ပိုရှင်းအောင် တတ်နိုင်သလောက်တော့ လုပ်ကြည့်နေတာပါပဲ။ ဒါပေမယ့် တချို့အချက်အလက်တွေကြတော့ စိတ်ထဲထင်ရာ မထည့်ချင်လို့ သေချာအောင်လေး လေ့လာပြီးမှ တည်းဖြတ်နေရတာ မို့ပါ 😅။ အကြံပေးလို့ ကျေးဇူးပါ။ တဖြည်းဖြည်းတော့ ပုံစံကျသွားမယ် မျှော်လင့်ပါတယ်။ Pho Sai (ဆွေးနွေး) ၁၇:၄၄၊ ၃၁ ဩဂုတ် ၂၀၂၁ (UTC)
- @Ninjastrikers၊ ဘရို ကျွန်တော် ရန်ကုန်တိုင်းစစ်ဌာနချုပ် ကို နည်းနည်း frame ချကြည့်ထားတယ်ဗျ။ အဲ့လိုမျိုးနဲ့ တပ်ရင်းတွေက ထည့်သွားလိုက်ရင် ပိုကောင်းမယ်လို့ ထင်ပါတယ်။ အကြံပြုပေးပါအုံး။ ဆရာ @Aungookingofcelestials ရော အကြံပြုပေးပါအုံး ဗျ။ Pho Sai (ဆွေးနွေး) ၁၇:၅၃၊ ၃၁ ဩဂုတ် ၂၀၂၁ (UTC)
- ပုံစံကောင်းပါတယ်၊ သမိုင်းကြောင်းရေးနိုင်ရင်တော့ ပိုပြည့်စုံနိုင်၊ (အခုမဟုတ်တောင် နောင်တစ်ချိန်ချိန်ပေါ့) ၊ infobox သုံးချင်ရင် military unit ကိုလည်း သုံးနိုင်ပါတယ်။ Aungookingofcelestials (ဆွေးနွေး) ၁၄:၁၃၊ ၁ စက်တင်ဘာ ၂၀၂၁ (UTC)
- @Ninjastrikers။ ဒီနေ့ ဒီကဏ္ဍကိုတော်တော်တော့ မွှေထားပါတယ် ခင်ဗျာ၊ ခေါင်းတွေလည်း တော်တော်ကိုက်သွားပါတယ် 😅၊ တော်တော်လေးတော့ သပ်သပ်ရပ်ရပ်ဖြစ်အောင် စုစည်းကြည့်ထားပါတယ်။ တချို့ဆောင်းပါးတွေက ကဏ္ဍထပ်ပြီးခွဲပေးရအုံးမှာ၊ ဖွဲ့စည်းပုံက - အမျိုးအစား/ အရွယ်အစား/ အထူးပြု/ မိခင်တပ်ဖွဲ့ အဲ့လောက်လောက်ခွဲမှ structure & formation ချပြီး တခြားဝီကီတွေနဲ့ central မှာ ချိတ်လို့ အဆင်ပြေမှာလို့ထင်တယ်။ အဆင်မပြေတာတွေ ဝိုင်းပြင်ပေးကြပါအုံး။ ခေါင်းကတော့ တကယ်ကိုက်နေတာ… 😵💫။ Pho Sai (ဆွေးနွေး) ၁၉:၃၀၊ ၂၂ စက်တင်ဘာ ၂၀၂၁ (UTC)
- ကျေးဇူးပါဗျို့။ အရင်တုန်းက ရှိရှိသမျှ ကဏ္ဍ:တပ်မတော်အောက် ပေါင်းထည့်ထားရာကနေ ခုတော့ သီးခြားစီဖြစ်သွားတော့ ကြည့်ရရှာရတာ အဆင်ပြေသွားတာပေါ့။ Ninja✮Strikers «☎» ၀၂:၀၂၊ ၂၃ စက်တင်ဘာ ၂၀၂၁ (UTC)
နာမည်ထဲက "တလ" တွေ[ပြင်ဆင်ရန်]
ကျောက်ဖျာမင်းဆက်ကိုကြည့်ရင်းနဲ့ တွေ့လာတာပါ. တလမေသီရိ တလာရှင်စောပု တလမေဒေါ ဆိုပြီး တွေ့ပါတယ်. မေဟာ မေဉ် မည် တွေနဲ့ ညီကြောင်း မွန်ရာဇဝင်ဟောင်းအရ သိထားပါတယ်. ဒီတော့ မေ ကို မွန်တွေရဲ့ မိန်းမနာမည်အစလို့ ယူနိုင်စရာ ရှိတယ်.
ပြောစရာက "တလ" ပါ. ရှေးပုံနှိပ်မူဟောင်းတွေမှာ နန်းသုံးစကားလုံးတွေမှာ သံပြင်းသံပျော့ ပြောင်းရေးတာကြောင့် "ဒလ" ကို "တလ" လို့ ရေးပါတယ်. ဒီအလိုအရဆို
- တလမေသီရိ - ဒလ မေသီရိ
- တလရှင်စောပု - ဒလ ရှင်စောပု (ရှင်စောပုသည် ဘွဲ့အမည်ဖြစ်နိုင်. ၃ ယောက် တွေ့ထား)
- တလမေဒေါ - ဒလ မေဒေါ (မယ်တော် ?)
တွေဟာ ဒလစား မင်းဆွေမင်းမျိုးတွေ ဖြစ်နိုင်မလား. ရှေးတုံးက အစားရတဲ့မြို့တွေကို ဒီအတိုင်း ရှေ့မှာတပ်ပြီး ရေးတဲ့အလေ့ ရှိတာကြောင့် ဒီလို အထင်ပေါ်တာပါ. ဝိုင်းစဉ်းစားပေးကြပါ. P0rnytail (ဆွေးနွေး)
အရပ်ကို ဘယ်မှာထားရမလဲ[ပြင်ဆင်ရန်]
အင်္ဂလန်က မြို့အကြောင်းရေးတုံးက အင်္ဂလန်ကို အပိုင်းတွေခွဲပြီး အုပ်ချုပ်တာကို တွေ့လိုက်ရပါတယ်. မြန်မာမှာဆို ရန်ကုန်က အရှေ့ပိုင်းခရိုင် အနောက်ပိုင်းခရိုင် ခွဲသလိုမျိုး. ဒါပေမဲ့ သူတို့က North England, West England ရေးတဲ့အတွက် မြန်မာလိုပြန်ရေးတဲ့အခါ
- မြောက်အင်္ဂလန် အနောက်အင်္ဂလန်
- အင်္ဂလန်(မြောက်ပိုင်း) အင်္ဂလန်(အနောက်ပိုင်း)
ဆိုပြီး ရေးရမည့်နည်း ၂ မျိုး ဖြစ်လာပါတယ်. ပထမနည်းက ရိုးရှင်းပေမဲ့ မြန်မာမှာတော့ စကားပြောမှာပဲသုံးတာ တွေ့ရတယ်. ရွာတွေမှာတောင် သက်ကယ်ကျင်း(တောင်)ရွာ သက်ကယ်ကျင်း(မြောက်)ရွာ လို့ အရပ်မျက်နှာကို နောက်က ထဲ့တတ်သလို ဒဂုံမြို့သစ် (တောင်ပိုင်း) ဒဂုံမြို့သစ် (မြောက်ပိုင်း) ဆိုပြီး အပိုင်းပါထဲ့ရေးတာလည်း မြင်ရပြန်တယ်. မူသေရေးထုံးရှိမရှိ ကောင်းကျိုးဆိုးပြစ် သိချင်ပါတယ်. P0rnytail (ဆွေးနွေး) ၂၁:၂၃၊ ၉ စက်တင်ဘာ ၂၀၂၁ (UTC)
တပ်ရင်း[ပြင်ဆင်ရန်]
စစ်တပ် ရဲ့ တပ်ရင်းတွေကို အားရင်အားတဲ့အချိန်မှာ ရေးခွင့်ကြုံရင်ကြုံသလို ရေးပေးချင်လို့ဗျ။ ကျနော့်အိမ်က ရဲစခန်းနဲ့ နီးတယ်လေ အဲ့တော့ ဒီကောင်တွေက မူးရူးပြီး သောင်းကျန်းရင် အဲ့တာတွေပါပြောပြီး တွေ့သမျှ လူကို ရမ်းတာ။ ဉပမာ။ ။ "ငါက တပ်ရင်း ? က ဗိုလ်ကြီး ? ကွ။ ငါ့တပ်ရင်းက ဘယ်လို လက်သံပြောင်တာ. မင်းတို့ ဇ ရှိရင်ထွက်ခဲ့" စသဖြင့်ပေါ့ဗျာ။ (အမြဲတမ်းကြီးတော့မဆဲပါဘူး။ တအား မူးရူးနေရင်ပေါ့ဗျာ။) source က တော့ ဘယ်ကနေယူးရမလဲ မသိသေးဘူး။
မေးချင်တာက wikipedia ပေါ်လစီ တွေ A7 , A1 စသဖြင့်နဲ့ ငြိစွန်းနိုင်လားဗျ။ မငြိဘူးဆိုရင် နည်းနည်းပါးပါး ရေးချင်လို့။
Editor in Myanmar (ဆွေးနွေး) ၁၅:၀၇၊ ၂၈ ဇန်နဝါရီ ၂၀၂၂ (UTC)
- ထားပါတော့။ မူးပြီးရမ်းတဲ့ကောင်ဆွေဆီကတော့ source ယူလို့ရမယ် မထင်ပါဘူး။
- Editor in Myanmar (ဆွေးနွေး) ၁၄:၄၇၊ ၂ ဖေဖော်ဝါရီ ၂၀၂၂ (UTC)
မြန်မာဝီကီရင်းမြစ်[ပြင်ဆင်ရန်]
မြန်မာဘာသာစကား ဝီကီရင်းမြစ် ကို လက်ရှိ ဘာသာစကားစုံဝီကီရင်းမြစ် ကနေ သီးခြား ကိုယ်ပိုင်ဒိုမိန်းနဲ့ ဝီကီရင်းမြစ် (my.wikisource.org) အနေနဲ့ ဖြစ်လာဖို့ ကြိုးစားချင်ပါတယ်။ လက်ရှိမှာ ရှေးခေတ် ကဗျာ၊ လင်္ကာတွေ အများဆုံးရှိနေပြီး ယခင်ခေတ်ဟောင်းက ဥပဒေ၊ ကြေညာချက်၊ ပြန်တမ်းတွေအပြင် မူပိုင်ခွင့် ကုန်ဆုံးပြီးဖြစ်တဲ့ စာပေလက်ရာတွေကို ထည့်သွင်းဖို့ စီစဉ်နေပါတယ်။ မြန်မာဝီကီဝိုင်းတော်သားတွေအနေနဲ့လဲ အချိန်အနည်းငယ်ပေးပြီး ကူညီပေးကြဖို့ မေတ္တာရပ်ခံပါတယ်။ အသုံးပြုသူတစ်ယောက်ကို တစ်လ တည်းဖြတ်ကြိမ်အနည်းဆုံး ၁၀ ကြိမ်စီလောက်နဲ့ သုံးလေးယောက်လောက် ကူပေးရင် ဖြစ်ပါတယ်။ @Pho Sai, @Kantabon, @Htanaungg, @Phyoekyaw၊ @Aungookingofcelestials, @နေနီဝန်း, @Albert Poliakoff တို့၊ တစ်လကို တစ်ရက်လောက် အနည်းဆုံး ဝင်ရေးတာ၊ စာပိုဒ်ဝင်ပြင်တာပဲ ဖြစ်ဖြစ် လုပ်ပေးကြဖို့ အကူအညီတောင်းပါတယ်။ ကျေးဇူးတင်ပါတယ်။ Ninja✮Strikers «☎» ၀၉:၃၁၊ ၄ ဇွန် ၂၀၂၂ (UTC)
Sure! 🌐 Pho Sai®️ (ဆွေးနွေး) ၁၀:၁၀၊ ၄ ဇွန် ၂၀၂၂ (UTC)
- @Ninjastrikers, ကျနော်လုပ်ထားတာ မှန်လားဗျ။ ~ ထနောင်း (🔔 • 📝) ၁၃:၅၀၊ ၄ ဇွန် ၂၀၂၂ (UTC)
- @Htanaungg ဟုတ်ကဲ့။ အဆင်ပြေပါတယ်။ Ninja✮Strikers «☎» ၁၃:၅၅၊ ၄ ဇွန် ၂၀၂၂ (UTC)
- @Ninjastrikers, ကျနော်လုပ်ထားတာ မှန်လားဗျ။ ~ ထနောင်း (🔔 • 📝) ၁၃:၅၀၊ ၄ ဇွန် ၂၀၂၂ (UTC)
- ဟုတ်ကဲ့ပါ။ကန္တပုံ (ဆွေးနွေး) ၁:၅၆၊ ၅ ဇွန် ၂၀၂၂ (UTC)
- အားလုံးကျေးဇူးပါ။ activity အခြေအနေကို ဒီနေရာမှာ ကြည့်နိုင်ပါတယ်။ Ninja✮Strikers «☎» ၀၅:၁၅၊ ၅ ဇွန် ၂၀၂၂ (UTC)
- @Ninjastrikers၊ ကျွန်တော် လက်ဝဲသုန္ဒရ ရဲ့ နန္ဒီသေနပျို့ ကို တင်ချင်ပါတယ်။ PDF တင်ရင် အဆင်ပြေမလား၊ ဒါမှမဟုတ် စာရိုက်ထည့်မှ အဆင်ပြေမှာလား မသိဘူး။ 🌐 Pho Sai®️ (ဆွေးနွေး) ၀၈:၀၃၊ ၈ ဇွန် ၂၀၂၂ (UTC)
- @Pho Sai PDF က မူရင်းစာအုပ် မဟုတ်ရင် စာရိုက်တင်ပေးတာက ပိုကောင်းတယ်ဗျ။ မူရင်းစာအုပ် scanned PDF ဆိုရင် ဒီလိုမျိုးတင်ပေးလို့ရပါတယ်။ (အတွင်းက စာတွေ အကုန်ပြန်ရိုက်ဖို့လိုပါတယ်။) Ninja✮Strikers «☎» ၁၁:၄၃၊ ၈ ဇွန် ၂၀၂၂ (UTC)
- PDF က ကြည်ကြည်လင်လင်ဖြစ်ရင် WikimediaOCR သုံးပြီး စာရိုက်စရာမလိုဘဲစာတွေ ပြန်ကူးလို့တော့ရပါတယ်။ စာလုံးပေါင်းအနည်းငယ်မှားတာကလွဲပြီး အတော်အဆင်ပြေပါတယ်။ Ninja✮Strikers «☎» ၁၂:၁၂၊ ၈ ဇွန် ၂၀၂၂ (UTC)
- @Ninjastrikers, ဆြာ ကျွန်တော် စမ်းကြည့်လိုက်တော့ WikimediaOCR က Wiki ပေါ် upload တင်ထားတဲ့ image မှ လုပ်လို့ရမှာနဲ့ တူတယ်။ Google Drive က (.pdf) ဖိုင်ကတော့ လုပ်မရဘူးဖြစ်နေလို့။ အရင်ဆုံး Scan version .pdf file ကို WS ပေါ် တင်လို့ရလောက်လားဗျာ။ 🌐 Pho Sai®️ (ဆွေးနွေး) ၀၆:၅၉၊ ၂၇ ဇွန် ၂၀၂၂ (UTC)
- ဟုတ်တယ်ဗျ။ Wikimedia Server ပေါ်မှာရှိတဲ့ ဖိုင်ကိုပဲ OCR လုပ်လို့ရမှာ။ Commons ပေါ်ကို တင်ချင်ရင်တော့ မူပိုင်ခွင့်ကုန်ဆုံးနေတဲ့ စာအုပ်မျိုးမှ အဆင်ပြေမယ်။ Ninja✮Strikers «☎» ၁၈:၁၇၊ ၂၇ ဇွန် ၂၀၂၂ (UTC)
- မူပိုင်ခွင့်က ကုန်ပြီဆရာ၊ ပြန်ပြုစုပြီး ထုတ်ဝေခဲ့တဲ့ သုတ၊ မောင် (ဗိုလ်မှူးဘသောင်း) က ၁၉၆၈ တုန်းက ကွယ်လွန်ခဲ့တာဆိုတော့။ 🌐 Pho Sai®️ (ဆွေးနွေး) ၂၃:၂၀၊ ၂၇ ဇွန် ၂၀၂၂ (UTC)
- မူပိုင်ခွင့် ကုန်ပြီးသားဆို PD-Myanmar လိုင်စင်နဲ့ တင်လို့ရပါတယ်။ Ninja✮Strikers «☎» ၀၉:၂၂၊ ၂၈ ဇွန် ၂၀၂၂ (UTC)
- @Pho Sai PDF ဖိုင်တင်ထားပြီးရင် Index:စာအုပ်နာမည် နဲ့ စာမျက်နှာအရင်လုပ်၊ ပြီးရင် တစ်မျက်နှာခြင်း စာရိုက်ပြီးမှ၊ ပြန်ဆက်လို့ရပါတယ်။ ဥပမာ c:File:ရွှေမန်းတင်မောင်.pdf ကို oldwikisource:Index:ရွှေမန်းတင်မောင် စာမျက်နှာလုပ်လိုက်တယ်။ ပြီးရင် oldwikisource:Page:ရွှေမန်းတင်မောင်.pdf/1 ကနေ oldwikisource:Page:ရွှေမန်းတင်မောင်.pdf/66 အထိ တစ်မျက်နှာခြင်း စာစီ၊ ပြီးတော့မှ oldwikisource:ရွှေမန်းတင်မောင် ကို ပြန်လုပ်ပါတယ်။ PDF/djvu စတဲ့ စာအုပ်ဖိုင်တွေ တင်ရင် အဲလိုပုံစံလဲ ရေးကြပါတယ်။ မူရင်းစာအုပ်စာမျက်နှာအတိုင်း ဖတ်တဲ့ပုံစံဖြစ်အောင် လုပ်တဲ့သဘောပါပဲ။ Ninja✮Strikers «☎» ၀၂:၄၃၊ ၃၀ ဇွန် ၂၀၂၂ (UTC)
- @Ninjastrikers, ကျွန်တော် အစ/ အဆုံး ရိုက်ပြီးတင်လိုက်ပြီ။ 🌐 Pho Sai®️ (ဆွေးနွေး) ၀၆:၄၂၊ ၃၀ ဇွန် ၂၀၂၂ (UTC)
- @Ninjastrikers, အကုန်လုံး ပြီးသွားပါပြီ, (Index:နန္ဒီသေနပျို့.pdf)ဆက်လုပ်ပေးပါအုံး၊ ဆရာ။ မလုပ်တတ်တော့လို့။ 😁 ။ 🌐 Pho Sai®️ (ဆွေးနွေး) ၀၂:၅၂၊ ၁၂ ဇူလိုင် ၂၀၂၂ (UTC)
- oldwikisource:နန္ဒီသေနပျို့ မှာ ပြန်ထည့်ပေးဖို့ ပြောတာလားလို့။ ၁၂:၄၁၊ ၁၂ ဇူလိုင် ၂၀၂၂ (UTC)
- @Pho Sai PDF ဖိုင်တင်ထားပြီးရင် Index:စာအုပ်နာမည် နဲ့ စာမျက်နှာအရင်လုပ်၊ ပြီးရင် တစ်မျက်နှာခြင်း စာရိုက်ပြီးမှ၊ ပြန်ဆက်လို့ရပါတယ်။ ဥပမာ c:File:ရွှေမန်းတင်မောင်.pdf ကို oldwikisource:Index:ရွှေမန်းတင်မောင် စာမျက်နှာလုပ်လိုက်တယ်။ ပြီးရင် oldwikisource:Page:ရွှေမန်းတင်မောင်.pdf/1 ကနေ oldwikisource:Page:ရွှေမန်းတင်မောင်.pdf/66 အထိ တစ်မျက်နှာခြင်း စာစီ၊ ပြီးတော့မှ oldwikisource:ရွှေမန်းတင်မောင် ကို ပြန်လုပ်ပါတယ်။ PDF/djvu စတဲ့ စာအုပ်ဖိုင်တွေ တင်ရင် အဲလိုပုံစံလဲ ရေးကြပါတယ်။ မူရင်းစာအုပ်စာမျက်နှာအတိုင်း ဖတ်တဲ့ပုံစံဖြစ်အောင် လုပ်တဲ့သဘောပါပဲ။ Ninja✮Strikers «☎» ၀၂:၄၃၊ ၃၀ ဇွန် ၂၀၂၂ (UTC)
- မူပိုင်ခွင့် ကုန်ပြီးသားဆို PD-Myanmar လိုင်စင်နဲ့ တင်လို့ရပါတယ်။ Ninja✮Strikers «☎» ၀၉:၂၂၊ ၂၈ ဇွန် ၂၀၂၂ (UTC)
- မူပိုင်ခွင့်က ကုန်ပြီဆရာ၊ ပြန်ပြုစုပြီး ထုတ်ဝေခဲ့တဲ့ သုတ၊ မောင် (ဗိုလ်မှူးဘသောင်း) က ၁၉၆၈ တုန်းက ကွယ်လွန်ခဲ့တာဆိုတော့။ 🌐 Pho Sai®️ (ဆွေးနွေး) ၂၃:၂၀၊ ၂၇ ဇွန် ၂၀၂၂ (UTC)
- ဟုတ်တယ်ဗျ။ Wikimedia Server ပေါ်မှာရှိတဲ့ ဖိုင်ကိုပဲ OCR လုပ်လို့ရမှာ။ Commons ပေါ်ကို တင်ချင်ရင်တော့ မူပိုင်ခွင့်ကုန်ဆုံးနေတဲ့ စာအုပ်မျိုးမှ အဆင်ပြေမယ်။ Ninja✮Strikers «☎» ၁၈:၁၇၊ ၂၇ ဇွန် ၂၀၂၂ (UTC)
- @Ninjastrikers, ဆြာ ကျွန်တော် စမ်းကြည့်လိုက်တော့ WikimediaOCR က Wiki ပေါ် upload တင်ထားတဲ့ image မှ လုပ်လို့ရမှာနဲ့ တူတယ်။ Google Drive က (.pdf) ဖိုင်ကတော့ လုပ်မရဘူးဖြစ်နေလို့။ အရင်ဆုံး Scan version .pdf file ကို WS ပေါ် တင်လို့ရလောက်လားဗျာ။ 🌐 Pho Sai®️ (ဆွေးနွေး) ၀၆:၅၉၊ ၂၇ ဇွန် ၂၀၂၂ (UTC)
- PDF က ကြည်ကြည်လင်လင်ဖြစ်ရင် WikimediaOCR သုံးပြီး စာရိုက်စရာမလိုဘဲစာတွေ ပြန်ကူးလို့တော့ရပါတယ်။ စာလုံးပေါင်းအနည်းငယ်မှားတာကလွဲပြီး အတော်အဆင်ပြေပါတယ်။ Ninja✮Strikers «☎» ၁၂:၁၂၊ ၈ ဇွန် ၂၀၂၂ (UTC)
- @Pho Sai PDF က မူရင်းစာအုပ် မဟုတ်ရင် စာရိုက်တင်ပေးတာက ပိုကောင်းတယ်ဗျ။ မူရင်းစာအုပ် scanned PDF ဆိုရင် ဒီလိုမျိုးတင်ပေးလို့ရပါတယ်။ (အတွင်းက စာတွေ အကုန်ပြန်ရိုက်ဖို့လိုပါတယ်။) Ninja✮Strikers «☎» ၁၁:၄၃၊ ၈ ဇွန် ၂၀၂၂ (UTC)