ဝါရင် ဘတ်ဖတ်

ဝီကီပီးဒီးယား မှ
ဝါရင် ဘတ်ဖတ်
ဝါရင် ဘတ်ဖတ်
မွေးသက္ကရာဇ် ဩဂုတ် ၃၀၊ ၁၉၃၀ ခုနှစ်
အိုမာဟာ၊ နီဘရာစကာအမေရိကန်ပြည်ထောင်စု
နိုင်ငံသား အမေရိကန်
ပညာရေး ပန်ဆယ်လ်ဗေးနီးယား တက္ကသိုလ်
နီဘရာစကာ-လင်ကွန်း တက္ကသိုလ်
ကိုလံဘီယာ တက္ကသိုလ်
အလုပ်အကိုင် Berkshire Hathaway ၏ အမှုဆောင် အရာရှိချုပ်
ကြွယ်ဝမှု အမေရိကန်ဒေါ်လာ ၄၅ ဘီလျံ

ဝါရင် အက်ဒ်ဝဒ် ဘတ်ဖတ် [၁] သည် အမေရိကန် ရင်းနှီးမြုပ်နှံမှုပြုလုပ်သူ၊ စက်မှုလုပ်ငန်းရှင်နှင့် ပရဟိတလုပ်ငန်း အလှူရှင် တယောက်ဖြစ်သည်။ ကမ္ဘာ့ အအောင်မြင်ဆုံး ရင်းနှီးမြုပ်နှံသူတယောက်အဖြစ် အများက အသိအမှတ်ပြုလက်ခံထားကြသည်။ “ဒဏ္ဍာရီလာ ရင်းနှီးမြုပ်နှံသူ ဝါရင် ဘတ်ဖတ်” ဟုလဲခေါ်ကြသည်။ သူသည် ဘာ့ခ်ရှီးယား ဟက်သာဝေး လုပ်ငန်းစုကြီး၏ ရှယ်ယာအများဆုံးပိုင်ဆိုင်သူ၊ ဥက္ကဋ္ဌ နှင့် အလုပ်အမှုဆောင်တယောက်ဖြစ်သည်။ ကမ္ဘာ့အချမ်းသာဆုံးလူများစာရင်းတွင် အပြောင်းအလဲမရှိ တသမတ်တည်းပါဝင်ခဲ့သူလည်း ဖြစ်သည်။ ၂၀⁠၀၉ စာရင်းအရ ကမ္ဘာ့ ဒုတိယအချမ်းသာဆုံးဖြစ်ပြီး ၂၀၁ဝ ခုနှစ်တွင် တတိယနေရာသို့ရောက်ရှိခဲ့သည်။

ဘတ်ဖတ် ကို Oracle of Omaha ( အိုမာဟာရဲ့နတ်ဆရာ)/ Sage of Omaha ( အိုမာဟာရဲ့ပညာရှိ) လို့လဲခေါ်ကြသည်။ တစိုက်မတ်⁠မတ်နဲ့စွဲမြဲစွာ လိုက်နာ ကျင့်သုံးခဲ့သော တန်ဖိုးရှိ ရင်းနှီးမြုပ်နှံမှုသီအိုရီနှင့် အလွန့်အလွန် ချမ်းသာကြွယ်ဝသော်လည်း သူ၏ အနေအထိုင်ရိုးစင်းမှုအတွက် အသိအမှတ်ပြုခြင်း ခံရသည်။ ဘတ်ဖတ် သည် သူပိုင်ဆိုင်သည့် စည်းစိမ်ဥစ္စာများ၏ ၉၉ % ကို ပရဟိတလုပ်ငန်းများအတွက် လှူဒါန်းမည်ဖြစ်ပြီး အဓိကအားဖြင့် ဂိတ်စ်ဖောင်ဒေးရှင်းမှ တဆင့်လှူဒါန်းမည်ဟု ကတိပြုခဲ့ခြင်းကြောင့် ထူးခြားသော ပရဟိတလုပ်ငန်းအလှူရှင် တယောက်အဖြစ်လဲ အသိအမှတ်ပြုခြင်းခံရသည်။ ဂရင်းနဲလ် ကောလိပ် အုပ်ချုပ်ထိမ်းသိမ်းရေးအဖွဲ့၏ အဖွဲ့ဝင်တယောက်လဲဖြစ်သည်။

ငယ်စဉ်ဘဝ[ပြင်ဆင်ရန်]

ဘတ်ဖတ် ကို ၁၉၃ဝ ခုနှစ်တွင် ဟောင်းဝဒ် ဘတ်ဖတ် နှင့် ဇနီးသည် ဖြစ်သူ လေလာ (née Stahl)တို့မှ နက်ဘရစကားပြည်နယ် အိုမာဟာ၌ မွေးခဲ့သည်။ မွေးချင်း သုံးယောက်ရှိသည့် အနက် နှစ်ယောက်မြောက်ဖြစ်ပြီး၊ လုပ်ငန်းရှင်နှင့် နိုင်ငံရေးသမား ဖြစ်လာသည့် တစ်ဦးတည်းသော သား ဖြစ်သည်။ ဘတ်ဖတ် သည် သူ၏ ပညာရေးကို အိုမာဟာ ရှိ Rose Hill အခြေခံပညာကျောင်း တွင် စတင်ခဲ့သည်။

၁၉၄၂ တွင် အမေရိကန် ပြည်ထောင်စု၏ အမတ်အဖြစ် လေးကြိမ်မြောက်ယှဉ်ပြိုင်သည့်အနက် ပထမဆုံးအကြိမ် ရွေးချယ်ခံရသည်။ Warren အခြေခံ ကျောင်း ပြီးစီးပြီး၊ ၎င်းတို့မိသားစုသည် ဝါရှင်တန် ဒီ.စီ သို့ ပြောင်းရွှေ့သွားခဲ့ပြီးနောက် Alice Deal ပဏာမ အထက်တန်းကျောင်း ကို တက်ရောက်ခဲ့သည်။ ၁၉၄ရ ခုနှစ်တွင် ဝုဒ်ရိုး ဝီလ်ဆင် အထက်တန်းကျောင်းမှ အထက်တန်းပြီးခဲ့သည်။ သူ၏ နှစ်စဉ်ထုတ်မှတ်တမ်းစာအုပ်တွင် “သင်္ချာအတွက်အချက်ကို သဘောကျသူ ။ အနာဂတ်၏ စတော့ဈေးကွက် ကိုယ်စားလှယ် တစ်ယောက်” ဟု အဓိပ္ပာယ် ရသည့် ရုပ်ပုံ ကို ဆွဲခဲ့သည်။ ကလေးဘဝမှာပင် ပိုက်ဆံ ရှာခြင်း၊ စုဆောင်းများကို စိတ်ဝင်စားကြောင်း ပြသတတ်သည်။ သူက ပီကေများ၊ ကိုကာကိုလာ ဗူးများ နှင့် အပတ်စဉ်ထုတ် မဂ္ဂဇင်း များကို တစ်အိမ်တက်ဆင်း လိုက်လံရောင်းချခဲ့သည်။

အထက်တန်းကျောင်းတက်နေစဉ်အတွင်း အဘိုးလုပ်သူ၏ ကုန်စုံဆိုင်တွင် ဝင်ရောက်လုပ်ကိုင်ရင်း သတင်းစာပို့ခြင်းလုပ်ငန်း၊ ဂေါက်သီးလုံးများရောင်းချခြင်း လုပ်ငန်း၊ တံဆိပ်ခေါင်းများရောင်းချခြင်းလုပ်ငန်း၊ ကား ဝန်ဆောင်မှု လုပ်ငန်း များလုပ်ကိုင်ရင်း ပိုက်ဆံများ⁠များရရှိနိုင်မည့် အောင်မြင်သော နည်းလမ်းများကို တွေးခေါ် လုပ်ဆောင်နိုင်ခဲ့သည်။

၁၉၄၄ ခုနှစ်တွင် ဘတ်ဖတ်၏ ပထမဆုံး ဝင်ငွေခွန် နှင့်ပက်သက်၍ စာရင်းပြုစုကြည့်ရာ သူ၏ စက်ဘီးအသုံးပြုမှုနှင့် အခြားသော အလုပ်များအတွက် ၃၅ ဒေါ်လာ လျော့ပေါ့ငွေ ရသည်။ ၁၉၄၅ ခုနှစ် ဒုတိယနှစ်ကျောင်းသားဘဝတွင် ဘတ်ဖတ် နှင့် သူငယ်ချင်းတစ်ယောက်သည် ဘောလုံးကစားခုံစက် အဟောင်းတစ်ခုကို ၂၅ ဒေါ်လာ ပေး၍ ဝယ်ခဲ့ပြီး အနီးအနားရှိ ဆံသဆိုင် တွင် ထားခဲ့သည်။ လအနည်းငယ် အတွင်းမှာပင် သူတို့သည် အမျိုးမျိုးသော ဆံသဆိုင်များတွင် စက်အမျိုးမျိုးကို ပိုင်ဆိုင်ခဲ့ကြသည်။ ဖခင်ဖြစ်သူ၏ ပွဲစားလုပ်ငန်း ကုမ္ပဏီ ရုံးခန်းအနီးရှိ ဒေသဆိုင်ရာ စတော့ရှယ်ယာရောင်းဝယ်ရေး ပွဲစားလုပ်ငန်း ၏ ဧည့်သည်နားနေခန်း အတွင်းတွင် ဘတ်ဖတ် သွားရောက် အချိန်ကုန်နေစဉ်တွင် စတော့ဈေးကွက်နှင့် ရင်းနှီးမြှပ်နှံခြင်း လုပ်ငန်းများကို စတင်စိတ်ဝင်စားခဲ့သည်။

ဆယ်နှစ်သားအရွယ်တွင် နယူးယောက်စီးတီး သို့သွားရောက်စဉ် နယူးယောက် စတော့အိတ်ချိန်းသို့ သွားရောက်လည်ပတ်ခဲ့သည်။ အသက် ၁၁ နှစ်တွင် မြို့တော် ဝန်ဆောင်မှု လုပ်ငန်း မှ ရှယ်ယာ သုံးခုအား သူ့အတွက်နှင့် သူ့အစ်မအတွက် သုံးခု တို့ကို ဝယ်ယူခဲ့သည်။ အထက်တန်းကျောင်းတက်နေစဉ် သူ့အဖေ ၏ လုပ်ငန်းတွင် ဝင်ရောက်မြှပ်နှံပြီး လယ်အငှားနှင့် လုပ်သည့် လယ်တစ်ကွက်ကို ဝယ်ယူခဲ့သည်။

ကောလိပ်ကျောင်းပြီးသည်နှင့် တပြိုင်နက် ဘတ်ဖတ် တွင် ၂၀⁠၀၉ စုဆောင်းငွေ ဒေါ်လာ တန်ဖိုးနှင့်တွက်သော ဒေါ်လာ ၉၀,၀⁠၀ဝ ကျော် စုမိနေပြီ ဖြစ်သည်။ နီဘရာစကာ-လင်ကွန်း တက္ကသိုလ် သို့ ပြောင်းရွှေ့ပြီး နှစ် နှစ်အကြာ ၁၉၅ဝ ခုနှစ်၊ အသက် ၁၉ နှစ်တွင် ဘတ်ဖတ် သည် စီးပွားရေး သိပ္ပံ အဓိက နှင့် ဘက်ချလာ ဘွဲ့ရရှိခဲ့သည်။ ဘတ်ဖတ် သည် ငွေကြေးလုပ်ငန်းများ နှင့်ပက်သက်၍ လေ့လာသုံးသပ်ရာတွင် ထင်ရှားသူနှစ်ဦး ဖြစ်သည့် ဘန်ဂျမင် ဂရေဟမ် (ရင်းနှီးမြှပ်နှံမှု နှင့် ပက်သက်သည့် စာအုပ်များတွင် သူကြိုက်နှစ်သက်ဆုံး တစ်ခုဖြစ်သည့် “ညဏ်ပညာရှိသော ရင်းနှီးမြှပ်နှံသူ” စာအုပ် ကို ရေးသားသူ) နှင့် ဒေးဗစ်ဒေါ့ဒ် တို့ ကိုလံဘီယာ စီးပွားရေးကျောင်း တွင် သင်ကြားကြကြောင်း သိသည်နှင့် ယင်းကျောင်းသို့ တက်ရောက်ခဲ့သည်။

ကိုလံဘီယာ စီးပွားရေး မှ ၁၉၅၁ တွင် စီးပွားရေးပညာ မာစတာ ဘွဲ့ရရှိခဲ့သည်။ နယူးယောက် ငွေကြေးဆိုင်ရာ အတတ်သင်ကျောင်း ( New York Institute of Finance ) တွင်လည်း တတ်ရောက်ခဲ့သေးသည်။ ၎င်း၏ ကိုယ်ပိုင် လက်သုံးစကား မှာ “ကျွန်တော့်ရဲ့ ၁၅%က Fisher (အိုဟိုင်ယိုပြည်နယ် စီးပွားရေးကျောင်း) ကို ကိုယ်စားပြုပြီး၊ ၈၅% ကတော့ Benjamin Graham ကို ကိုယ်စားပြုတယ်" ဟူ၍ ဖြစ်သည်။

ဘန် ဂရေဟမ် ကတော့ကျွန်တော်တို့ကို ဒီလိုသင်ခဲ့တယ်။ “ရင်းနှီးမြှပ်နှံမှုရဲ့ အခြေခံ အတွေးအခေါ်တွေကတော့ စတော့ရှယ်ယာတွေကို စီးပွားရေးလုပ်ငန်းလိုမြင် ကြည့်ပြီး၊ ဈေးကွက်ရဲ့အတက်အကျ တွေကို သင်ရဲ့ အကျိုးအမြတ်တွေလို အသုံးချပြီး လုပ်ငန်း စိတ်ချရမှု အတိုင်းအတာ (margin of safety)ကို ရှာဖွေမြှင့်တင် ခြင်းပါဘဲ။” နှစ်ပေါင်း ရာချီသည့်တိုင်အောင် ဒီအတွေးအခေါ်တွေဟာ ရင်းနှီးမြှပ်နှံခြင်းရဲ့ အခြေခံအုတ်မြစ်အနေနဲ့ ရှိနေမှာပါဘဲ။

အလုပ်အကိုင်[ပြင်ဆင်ရန်]

ဝါရင် ဘတ်ဖတ် သည် အိုမာဟာရှိ ဘတ်ဖတ်-ဖော့ခ် အဲန် ကို တွင် အရင်းအနှီး ရှယ်ယာများရောင်းချသူ (Investment Salesman) အဖြစ် ၁၉၅၁ မှ ၅၄ထိ၊ နယူးယောက်ရှိ ဂရေဟမ်-နျူးမန်း ကော့ပ် တွင် အာမခံငွေကြေးရင်းနှီးမြှပ်နှံခြင်း ဆိုင်ရာသုံးသပ်လေ့လာသူ အဖြစ် ၁၉၅၄ မှ ၁၉၅၆ ထိ လုပ်ခဲ့ပြီး၊ အိုမဟာ ရှိ ဘတ်ဖတ် မိတ်ဖက်များ လိမိတက်တွင် ၁၉၅၆ မှ ၆၉ ထိ အထွေထွေ အကျိုးတူစီးပွားဖက် အဖြစ် နှင့် ၁၉၇ဝ တွင် အိုမာဟာ ရှိ Berkshire Hathaway အင်ကော်ပိုရေးရှင်းကြီး၏ ဥက္ကဋ္ဌ၊ စီအီးအို အဖြစ် ၁၉၇ဝ မှ ယနေ့ ထိ လုပ်ကိုင်နေလျက်ရှိသည်

၁၉၅ဝ တွင် အသက်နှစ်ဆယ်အရွယ် ဘတ်ဖတ် သည် လုပ်ငန်းများမှ ၉၈၀ဝ ဒေါ်လာ စုမိနေပြီ ဖြစ်သည်။ ၁၉၅၂ ဧပြီတွင် Graham သည် GEICO အာမခံလုပ်ငန်းကြီး၏ ဘုတ်အဖွဲ့ဝင်ဖြစ်ကြောင်း ဘတ်ဖတ် သိရှိသွားခဲ့သည်။ စနေနေ့တနေ့တွင် ဝါရှင်တန် ဒီစီ သို့ ရထားနှင့်သွားရောက်၍ GEICO ဌာနချုပ် ရှိတံခါးမကြီးကို တံခါးစောင့်လာ မဖွင့်မချင်း ခေါက်နေခဲ့သည်။ GEICO ၏ ဒုတိယဥက္ကဋ္ဌ ဖြစ်သူ Lorimer Davidson နှင့် တွေ့ဆုံခဲ့ပြီး၊ အာမခံလုပ်ငန်းအကြောင်းနှင့်ပက်သက်၍ နာရီအတော်ကြာ ဆွေးနွေးခဲ့ကြသည်။

နောက်ဆုံးတွင် ဒေးဗစ်ဆန်သည် ဘတ်ဖတ် ၏ ရေရှည် မိတ်ကောင်းဆွေကောင်းတစ်ယောက် ဖြစ်လာခဲ့ပြီး လွှမ်းမိုးမှု လည်းရှိခဲ့သည်။ နောက်ပိုင်းတွင် ဘတ်ဖတ် အကြောင်း သူက ပြန်ပြောပြသည်မှာ ဘတ်ဖတ် နှင့်တွေ့ပြီး ၁၅ မိနစ်အတွင်းမှာပဲ သူဟာ သာမန်ထက်ထူးခြားတဲ့သူတစ်ယောက်မှန်း သူသိရှိခဲ့သည် ဟူ၏။ ကိုလံဘီယာ မှ ကျောင်းပြီးသောအခါ ဘတ်ဖတ် သည် ဝေါစထရိ တွင် အလုပ်လုပ်ချင်ခဲ့ပြီး သူ့အဖေနှင့် Ben Graham တို့က တော့ မလုပ်စေချင်ခဲ့။

Graham အတွက် အခကြေးငွေ ပေးစရာ မလိုပဲ လုပ်ပေးနိုင်သည်ဟု ပြောသော်လည်း Graham က ငြင်းခဲ့သည်။ အိုမာဟာ သို့ ပြန်လာပြီး ဘတ်ဖတ်သည် ဒေးလ်ကာနဂ္ဂီ၏ လူထု မိန့်ခွန်းပြောနည်း ကို သင်ယူနေစဉ် စတော့ဝယ်/ရောင်း အေးဂျင့် အဖြစ်လုပ်ကိုင်ခဲ့သည့် သူသင်ခဲ့ရသည်ကိုပြန်လည် အသုံးချပြီး ရင်းနှီးမြှုပ်နှံခြင်း စည်းမျဉ်းစည်းကမ်းများ ကို နက်ဘရက်စကား-အိုမဟာ တက္ကသိုလ်ရှိ ညကျောင်းများတွင် မိမိကိုယ်ကို ယုံကြည်မှုအပြည့်ဖြင့် သင်ကြားပို့ချပေးနိုင်ခဲ့သည်။

သူ့ကျောင်းသားများ၏ ပျမ်းမျှ အသက်သည် သူ့အသက်၏ နှစ်ဆခန့်ရှိသည်။ ထိုအချိန်က ဘေးထွက် ရင်းနှီးမြှုပ်နှံမှုတစ်ခုအနေနှင့် ဆင်ကလဲတက်စ်ကို ဓာတ်ငွေ့ ဌာနတစ်ခုကို ဝယ်ယူခဲ့သေးသည်။ သို့သော်ယင်းမှ အောင်မြင်သော လုပ်ငန်းတစ်ခုတော့ မဟုတ်ခဲ့ပါ။ ၁၉၅၂ တွင် ဒန်ဒီး ပရက်စ်ဘီတဲရီးယန်း ဘုရားကျောင်းတွင် ဆူဇန်သော်မ်ဆန် နှင့်လက်ထပ်ပြီး နောက်နှစ်တွင် ပထမဆုံး ကလေး ဆူဇန်အဲလိစ် ဘတ်ဖတ် ကို မွေးသည်။ ၁၉၅၄ တွင် ဘတ်ဖတ် သည် Benjamin Graham၏ စပ်တူ စီးပွားရေးလုပ်ငန်း တွင် အလုပ်လုပ်ရန် လက်ခံလိုက်သည်။ စ⁠စချင်း ရသည့် တစ်နှစ်စာ ဝင်ငွေ မှာ ၁၂၀⁠၀ဝ ဒေါ်လာ ဖြစ်သည်။(၂၀⁠၀၈ ဒေါ်လာဈေးနှင့်တွက်လျှင် အနီးစပ်ဆုံး၉၇၀⁠၀၀) ယင်းလုပ်ငန်းတွင် သူသည် Walter Schloss နှင့် နီးကပ်စွာ လုပ်ကိုင်ခဲ့သည်။ Graham ကတော့ အလုပ်လုပ်ရတာ နဲနဲ အခက်အခဲရှိသူ ဖြစ်သည်။

ကုန်ပစ္စည်းတန်ဖိုးများတွင် အစစ်အမှန်တန်ဖိုး နဲ့ ကပ်ထားတဲ့ တန်ဖိုးကြားမှာ လျော့သွားတဲ့ တန်ဖိုးကို ချိန်ကြည့်ပြီးတော့ သူဟာ စတော့ဈေးနှုန်းဟာ လုံခြုံစိတ်ချရမှု အတိုင်းအတာ ကျယ်ပြန့်အောင် လုပ်ဆောင်ပေးနိုင်တယ် လို့ တွင်တွင်ပြောနေခဲ့သည်။ ယင်းအဆိုပြုချက်မှာ ဘတ်ဖတ် အတွက် အဓိပ္ပာယ် ရှိသော်လည်း သတ်မှတ်ချက်တွေက အရမ်း ကျပ်တည်းနေခဲ့ရင် ပိုမိုကောင်းမွန်တဲ့ အရည်အသွေး ထုတ်လုပ်နိုင်တဲ့ အောင်မြင်တဲ့ လုပ်ငန်းကြီးတွေထဲမှာ ကုမ္ပဏီကို နစ်မြုပ်သွားစေခဲ့ရင်ရော လို့ ပြန်ပြီး မေးခွန်းထုတ်ခဲ့သည်။

၁၉၅⁠၅၆ ခုနှစ် ဘတ်ဖတ် တို့ Howard Graham ဘတ်ဖတ် အမည်ရှိတဲ့ ဒုတိယမြောက် ကလေးကို ရတဲ့ နှစ်နဲ့ တစ်နှစ်တည်း မှာပဲ Benjamin Graham လည်း အငြိမ်းစားယူပြီး ၎င်းရဲ့ ပါတနာစီးပွားရေးကို ပိတ်လိုက်သည်။ ၎င်းအချိန်တွင် ဘတ်ဖတ်၏ ကိုယ်ပိုင်စုဆောင်းငွေမှာ ၁၇၄၀⁠၀ဝ ဒေါ်လာ (၂၀⁠၀၉ ခုနှစ်ရဲ့ ငွေဖောင်းပွမှုနှုန်းနှင့် ညှိုပြီး ၁.၂ မီလီယံ) ကျော်နေခဲ့ပြီး Omaha ရှိ ရင်းနှီးမြှပ်နှံမှု ပါတနာ လုပ်ငန်းဖြစ်သည့် ဘတ်ဖတ် ပါတနာရှစ်ပ် ကို စတင်ခဲ့သည်။ ၁၉၅၇ တွင် တစ်နှစ်လုံးစာ အစုရှယ်ယာ ပါတနာလုပ်ငန်း သုံးခုကို လုပ်ကိုင်နိုင်ခဲ့သည်။ လက်ရှိနေ နေဆဲဖြစ်သည့် Omaha ရှိ အိပ်ခန်း ၅ ခန်းပါ ပြင်ဆင်ပြီးအိမ် ကို ဒေါ်လာ ၃၁၅၀ဝ ပေးဝယ်ခဲ့သည်။

၁၉၅၈ တွင် သုံးယောက်မြောက် ကလေး ပီတာအန်ဒရူး ဘတ်ဖတ် ကို မွေးဖွားခဲ့သည်။ ဘတ်ဖတ်သည် တစ်နှစ်လုံးတွင် ရှယ်ယာလုပ်ငန်းပေါင်း ၅ ခုကို လုပ်ကိုင်ခဲ့သည်။ ၁၉၅၉ တွင် ကုမ္ပဏီသည် တစ်နှစ်လုံးစာ ရှယ်ယာ ၆ ခု သို့တိုးမြှင့်ခဲ့ပြီး၊ ၁၉၆ဝ တွင် ဘတ်ဖတ် သည် ဘတ်ဖတ် စပ်တူလုပ်ငန်းများ၊ ဘတ်ဖတ် ငွေကြေးလုပ်ငန်း၊ Dacee၊ Emdee၊ Glenoff၊ Mo-Buff နှင့် Underwood ဟူသော ရှယ်ယာ အကျိုးတူ ရ ခု ကို လုပ်ကိုင်နေပြီ ဖြစ်သည်။ သူက လုပ်ငန်း ပါတနာ ဖြစ်သူ ဆရာဝန် တစ်ဦး အား ၎င်း၏ လုပ်ငန်းတစ်ခုစီအတွက် ၁၀⁠၀၀ဝ ဒေါ်လာ စီ ရင်းနှီး မြှပ်နှံချင်သူ ဒေါက်တာ ဆယ်ဦးခန့် ကို ရှာဖွေဖို့ ပြောခဲ့သည်။ နောက်ဆုံးတွင် ၁၁ ယောက်မှ သဘောတူပြီး၊ ဘတ်ဖတ် က ဒေါ်လာ ၁၀ဝ အပါအဝင် သူတို့၏ ပိုက်ဆံများအားလုံးကို စုလိုက်ပြီး ကိုယ်ပိုင်ရင်းနှီးမြှပ်နှံ မှုကို စတင်ခဲ့သည်။ ၁၉၅၈ တွင် Sanborn စတော့ ရှယ်ယာဈေးမှာ ရှယ်ယာတစ်ခုလျှင် ၄၅ ဒေါ်လာ ဖြစ်ပြီး၊ Sanborn ရင်းနှီးမြှပ်နှံမှု လုပ်ငန်းစု ၏ ရှယ်ယာတန်ဖိုးမှာ ရှယ်ယာ တစ်ခုလျှင် ၆၅ ဒေါ်လာ ဖြစ်သည်။

ရှယ်ယာဝယ်သူများ အနေနှင့် Sanborn စတော့ ရှယ်ယာကို ရှယ်ယာတစ်ခုလျှင် ဒေါ်လာ ၂ဝ အနာခံပေးဝယ်နေကြပြီး တစ်ဒေါ်လာရဲ့ ၇ဝ ဆင့် ထက်ပိုပြီး ရင်းနှီးမြှပ်နှံမှု လုပ်ငန်းကို မပေးချင်ကြဘူး ဆိုတော့ ရှေ့စီးပွားရေး အလားအလာ မကောင်းတဲ့ ရင်းနှီးမြှပ်နှံမှု လုပ်ငန်း ဖြစ်နေသောကြောင့် ဟု အဓိပ္ပာယ်ရသည်။ ဤ အဖြစ်အပျက်က Sanborn အုပ်ချူပ်ရေး အဖွဲ့တွင် သူ့အား အမည်းစက် ဖြစ်စေခဲ့သည်။

မီလျံနာအဖြစ်[ပြင်ဆင်ရန်]

၁၉၆၂ တွင် ဘတ်ဖတ် သည် သူ၏ အစုရှယ်ယာပိုင်ဆိုင်မှုများကြောင့် သန်းကြွယ်သူဌေးတယောက်ဖြစ်လာခဲ့သည်။ အစုရှယ်ယာအားလုံးပေါင်း ဒေါ်လာ ၇,၁၇၈,၅၀ဝ ကျော်ဖိုးရှိသည့်အနက် ဒေါ်လာ ၁,၀၂၅,၀၀ဝ ကျော်ကို ဘတ်ဖတ် ပိုင်ဆိုင်သည်။ ဘတ်ဖတ်က သူ၏ အစုရှယ်ယာပိုင်ဆိုင်မှုများအားလုံးကို တစုတည်းအဖြစ် ပေါင်းစည်းခဲ့ပြီး အထည်အလိပ်ထုတ်လုပ်သော စီးပွားရေးလုပ်ငန်းစုဖြစ်သည် ့ Berkshire Hathaway ကို ဦးဆောင်ရင်းနှီးမြုပ်နှံခဲ့သည်။ ဘတ်(ဖ)ဖတ် ရဲ့အစုစပ်ရှယ်ယာရှင်တွေက ရှယ်ယာတစုကို ၇.၆၀ ဒေါ်လာနှုန်းနဲ ့စတင်ဝယ်ယူခဲ့သည်။ ၁၉၆၅ တွင် ဘက်ရှိုင်းယားကုမ္ပဏီရှယ်ယာ တစုကို အရင်း ၁၉ ဒေါ်လာနှုန်းရှိနေချိန်မှာ သူတိုက ၁၄.၈၆ ဒေါ်လာနှုန်းနဲစိတ်အား ထက်သန်စွာ ဝယ်ယူခဲ့ကြသည်။ ဝယ်ယူခဲ့ကြသည့် ရှယ်ယာတန်ဖိုးများထဲမှာ ရွေ့ပြောင်းမရနိုင်သည့် ပစ္စည်းများ ( စက်ရုံနှင့် စက်ပစ္စည်းများ ) ၏ တန်ဖိုးများမပါဝင်ခဲ့ပေ။ အဲဒီနောက်မှာတော့ အုပ်ချုပ်ရေးအဖွဲ့အစည်းအဝေးတွင် Berkshire Hathaway လုပ်ငန်းစုကို တရားဝင် လွဲပြောင်းရယူခဲ့ပြီး လုပ်ငန်းဥက္ကဋ္ဌအသစ် Ken Chace ကို ခန် ့အပ်တာဝန်ပေးအပ်ခဲ့သည်။

၁၉၆၆ တွင် ဘတ်ဖတ် က အကျိုးတူစီးပွားရေး လုပ်ငန်းသို့ ငွေအရင်းအနှီးအသစ်ထပ်ထည့်ခြင်းကို ရပ်နားလိုက်သည်။ ဘတ်ဖတ် ရေးထားသော စာထဲတွင် …..“လက်ရှိအခြေအနေထက် ပိုပြီးပြောင်းလဲမှု မရှိတော့ရင်..(အချို့သောအခြေအနေများတွင် အရင်းအနှီးထပ်ထည့်ခြင်းဖြင့် အကျိုးအမြတ် များ ပြောင်းနိုင်သည်) ဒါမှမဟုတ် ပါတနာအသစ်တွေအနေနဲ့ သာမန် အရင်းအနှီးတွေထက်စာရင် ပိုပြီးအသုံးတည့်မယ့် အရည်အသွေးမြင့် အရင်းအနှီးတွေ ကို မပေးနိုင်ခဲ့ဘူး ဆိုရင်တော့ ဘယ်ပါတနာအသစ်တွေကိုမှ BPL ကို ထပ်အထည့်မခံတော့ ဖို့ စိတ်ကူးထားတယ်” ဟူ၍ ပါရှိသည်။

ဒုတိယစာတစောင်တွင် သူ၏ပထမဆုံး ကိုယ်ပိုင်ရင်းနှီးမြုပ်နှံမှုလုပ်ငန်းအနေဖြင့် Hochschild, Baltimore ကုန်ပစ်စည်း အရောင်းဆိုင်ကိုပိုင်ဆိုင်သည့် Kohn and Co တို့ကိုလုပ်ကိုင်မည်ဟုကြေညာခဲ့သည်။ ၁၉၆ရ တွင် Berkshire မှ ပထမဆုံးအဖြစ် ရှယ်ယာအစုအပေါ်အမြတ် ၁ဝ ဆင့်သာပေးအပ်ခဲ့သည်။ ဘတ်ဖတ် အတွက် အအောင်မြင်ဆုံးနှစ်၏ နောက်တနှစ်ဖြစ်သော ၁၉၆၉ ခုနှစ်တွင် အစုစပ်ရှယ်ယာစီးပွားရေးလုပ်ငန်းကို ဖျက်သိမ်းခဲ့ပြီး သူတို ့၏ ပိုင်ဆိုင်မှုများကို သူ၏ အစုစပ်စီးပွားရေးလုပ်ငန်းရှင်များသို့လွဲပြောင်းပေးအပ်ခဲ့သည်။

ထိုပေးအပ်လိုက်ရသည့် ပိုင်ဆိုင်မှုများမှာ Berkshire Hathaway မှ ပိုင်ဆိုင်သည့်ရှယ်ယာများဖြစ်သည်။ Berkshire Hathaway ၏ ဦးစီးဦးဆောင်ဖြစ်သည့် ဘတ်ဖတ် က ရှယ်ယာပိုင်ရှင်များဆီသို ့ယခုအချိန် တွင် လူသိများ ထင်ရှားလျက်ရှိသော နှစ်ပတ်လည်အစီရင်ခံစာများကို ၁၉၇ဝ ခုနှစ်မှ စတင်ပြီးရေးသားခဲ့သည်။ သို့သော် သူသည် တနှစ်လုပ်ခလစာ ဒေါ်လာ ၅၀,၀၀ဝ နှင့် သူ၏ ပြင်ပရင်းနှီးမြုပ်နှံမှုများမှ ရရှိသည့် ဝင်ငွေများဖြင့်သာ နေထိုင်ခဲ့သည်။ Berkshire Company သည် ၁၉၇၉ နှစ်စတွင် ရှယ်ယာတစုကို ၇၇၅ ဒေါ်လာဖြင့်စတင်ရောင်းချခဲ့ပြီး နှစ်ဆုံးချိန်တွင် ဒေါ်လာ ၁,၃၁ဝ အထိ ရရှိခဲ့သည်။ ဘတ်ဖတ် ၏ ကြွယ်ဝ ချမ်းသာမှုသည် ဒေါ်လာသန်း ၆၂ဝ အထိရောက်ရှိခဲ့ပြီး Forbes ၏ ကမ္ဘာ့ အချမ်းသာဆုံး ပုဂ္ဂိုလ် ၄၀ဝ စာရင်းတွင် ပထမဆုံး ပါဝင်ခဲ့သည်။

ဘတ်ဖတ် သည် နာမည်ကျော်အထင်ကရ သတင်းစာထုတ်လုပ်သည့် ဝါရှင်တန်ပို့စ် ကုမ္ပဏီ ၏ အုပ်ချုပ်သူ Katharine Graham နှင့် အရင်းနှီးဆုံးသူငယ်ချင်းများ ဖြစ်လာခဲ့ပြီး ကုမ္ပဏီ၏ ဒါရိုက်တာအဖွဲ ့ဝင်တယောက်လည်း ဖြစ်လာခဲ့သည်။ ၁၉၇၄ တွင် SEC မှ အငြင်းပွားဖွယ် ရှယ်ယာပိုင်ဆိုင်မှုကြောင့် ဝါရင်ဘတ်ဖတ် နှင့် Berkshire တို ့အား WESCO ကို ရယူပိုင်ဆိုင်ခဲ့သည့်ကိစ်စနှင့်ပက်သက်ပြီး သမားရိုးကျ စုံစမ်းစစ်ဆေးမှုတခုပြုလုပ်ခဲ့သည်။ သို့သော် ကိစ္စ နှင့်ပက်သက်ပြီး တရားစွဲဆိုခံရခြင်း မရှိခဲ့ပေ။ ၁၉၇ရ တွင် ဘတ်ဖလိုးညနေပိုင်းသတင်းအစီအစဉ်ကို Berkshire မှ ဒေါ်လာ ၃၂.၅သန်းဖြင့် တဆင့်ခံ ဝယ်ယူခဲ့သည်။

ဘတ်ဖလိုးညနေပိုင်းသတင်းအစီအစဉ်၏ ပြိုင်ဖက် Buffalo Courier-Express မှ သွေးထိုးလှုံဆော်ခဲ့သဖြင့် အချင်းချင်း ပြိုင်ဆိုင်မှုကိုထိန်းရန် အကျိုးတူဖွဲ့စည်းထားသည့် အဖွဲ့ဥပဒေအရ တရားစွဲဆိုခံခဲ့ပြီး Buffalo Courier-Express နှင့် အမှုရင်ဆိုင်ခဲ့ရသည်။ ၁၉၈၂ တွင် Buffalo Courier-Express ဖျက်သိမ်းခဲ့သည့်အချိန်အထိ အမှုရင်ဆိုင်ခဲ့ရပြီး နှစ်ဖက်စလုံး ငွေကြေးအမြောက်အမြား ဆုံးရှုံးခဲ့ရသည်။ ၁၉၇၉ တွင် Beckshire သည် ABC Company တွင် ရှယ်ယာများ စတင်ရရှိခဲ့သည်။ Capital Cities သည် ထိုအချိန်က သူ ့လုပ်ငန်းထက် ၄ ဆခန့်ကြီးသည့် ABC Company ကို ၁၉၈၅ မတ် ၁၈ နေ့တွင် ဒေါ်လာ ၃.၅ ဘီလီယံဖြင့် ဝယ်ယူခဲ့ကြောင်း ကြေညာခဲ့သဖြင့် သတင်းလောကတခုလုံး အံအားသင့်ခဲ့ကြသည်။

Berkshire Hathaway ဥက္ကဋ္ဌ ဝါရင်ဘတ်ဖတ် သည် ဘဏ္ဍာရေး သဘောတူညီမှုအရ အပြန်အလှန်အားဖြင့် အဆိုပါ ပေါင်းစပ်ကုမ္ပဏီတွင် ရှယ်ယာ ၂၅% ဝင်ရောက်ကူညီခဲ့သည်။

အသစ်ပေါင်းစပ်ဖွဲ ့စည်းထားသည့် Capital Cities/ABC (သို ့မဟုတ် CapCities/ABC) ကုမ်ပဏီသည် FCC ပိုင်ဆိုင်မှု ဥပဒေအရ ဈေးလျော့ရောင်းချရန် အတင်းအကြပ်တိုက်တွန်းခံရသည်။ ထို့အပြင် ထိုကုမ္ပဏီနှစ်ခုလုံးသည် ဈေးကွက်တခုတည်းတွင် အသံလွှင့်ဌာနပေါင်းများစွာကို ပိုင်ဆိုင်သည်။ ၁၉၈၇ တွင် Berkshire Hathaway သည် Salomon Inc., တွင် ရှယ်ယာ ၁၂% ကိုဝယ်ယူခဲ့နောက် ရှယ်ယာ အများဆုံးပိုင်ဆိုင်သူဖြစ်ခဲ့ပြီး ဘတ်ဖတ် သည် ထိုလုပ်ငန်းတွင် ဒါရိုက်တာအဖြစ်တာဝန်ယူလုပ်ကိုင်ခဲ့သည်။

၁၉၉ဝ တွင် Salomon Brothers Company မှ ယခင် အလုပ်အမှုဆောင်ဟောင်း John Gutfreund ပါဝင်သော မကောင်းသတင်းတခု ပေါ်ထွက်လာခဲ့သည်။ ကောက်ကျစ်သည့် ကုန်သည်တယောက်ဖြစ်သည့် Paul Mozer က ဈေးပြိုင်တင်သွင်းရာတွင် Treasury Rules အရ ခွင့်ပြုသည့်ထက် များစွာပိုပြီးတင်သွင်းခဲ့သည်။ ထိုကိစ္စကို ဖော်ထုတ်တွေ့ရှိသောအခါ Gutfreund သည်အာရုံစိုက်ခံရပြီး သူသည် Paul Mozer ကို ချက်ချင်းရပ်တန့် အောင်မဆောင်ရွက်နိုင်ခဲ့ပေ။

၁၉၉၁ ဩဂုတ်လတွင် Gutfreund ကုမ္ပဏီမှ နုတ်ထွက်ခဲ့ပြီးနောက်တွင် ဘတ်ဖတ် သည် Salomon Company တွင် ဥက္ကဋ္ဌ ဖြစ်လာခဲ့ပြီး အကျပ်အတည်းပြီးဆုံးသည့်အချိန်အထိ တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၉၁ စက်တင်ဘာ ၄ နေ ့တွင် ဥပဒေပြုလွတ်တော်၌ သက်သေခံထွက်ဆိုခဲ့သည်။ ၁၉၈၈ တွင် ဘတ်ဖတ် သည် ကိုကာကိုလာ ကုမ္ပဏီ တွင် ရှယ်ယာများစတင် ဝယ်ယူခဲ့ပြီး ရှယ်ယာ ၇% ထက်မနည်းကို ဒေါ်လာ ၁.၀၂ ဘီလီယံဖိုးဝယ်ယူခဲ့သည်။ ထို ရင်းနှီးမြုပ်နှံမှုသည် Berkshire ၏ အကျိုးအမြတ်အများဆုံး ရင်းနှီးမြုပ်နှံမှုတခု ဖြစ်ခဲ့ပြီး ယခုတိုင် ပိုင်ဆိုင်လုပ်ကိုင် နေဆဲ ဖြစ်သည်။

ဘီလျံနာတစ်ယောက်အဖြစ်[ပြင်ဆင်ရန်]

Berkshire Hathaway မှ Class A ရှယ်ယာများကို ၁၉၉ဝ မေ ၂၉ နေ ့တွင်စတင်ရောင်းချခဲ့ပြီး တွက်ချက်မှုအရ ဘတ်ဖတ် သည် ဘီလီယံနာ တယောက်ဖြစ်ခဲ့သည်။ ထိုရှယ်ယာရောင်းချမှုပြီးဆုံးသောအခါ ရှယ်ယာတစုကို ဒေါ်လာ ၇၁၇၅ နှုန်း ရှိခဲ့သည်။ ၁၉၉၈ တွင် အလွန်ရှားပါးသော စွမ်းဆောင်မှုတခုအဖြစ် General Re ( Gen Re ) ကို ရရှိခဲ့ပြီး ၂၀၀၂ တွင် General Re ၏ အာမခံပေးမှုကြောင့် AIG မှ Maurice R. Greenberg နှင့် ပူးပေါင်းနိုင်ခဲ့သည်။

၂၀၀၅ မတ် ၁၅ နေ ့တွင် AIG ၏ အုပ်ချုပ်ရေးအဖွဲ ့က Greenberg ကို နယူးယောက်ပြည်နယ်ရှေ ့နေချုပ်ဟောင်း Eliot Spitzer လုပ်ခဲ့သောအပြစ်တွင် ပါဝင်ပက်သက်နေသောကြောင့် သူ၏ လက်ရှိ ဥက္ကဋ္ဌ နှင့် အလုပ်အမှုဆောင် ရာထူး နေရာမှ နုတ်ထွက်ရန် တိုက်တွန်းဖိအားပေးခံရသည်။

၂၀၀၆ ဖေဖော်ဝါရီ ၉ နေ့တွင် AIG နှင့် နယူးယောက်ပြည်နယ်ရှေ့နေချုပ်ရုံးတို့သည် AIG မှ ဒဏ်ငွေ ဒေါ်လာ ၁.၆ ဘီလီယံပေးပြီး ပြေငြိမ်းကြောင်းသဘောတူညီခဲ့ ကြသည်။ ၂၀၁ဝ တွင် အမေရိကန် ဗဟိုအစိုးရက ဘာ့ခ်ရှီးယားကုမ္ပဏီ ကို AIG ၏ လိမ်လည်မှုကို တရားစွဲဆိုခြင်း နှင့် ကော်ပိုရိတ် အုပ်ချူပ်ရေးအရ ပေးသော ထောက်ပံ့မှုများ ဆက်လက်ထားရှိပေးထားခြင်းတို့အတွက် အပြန်အလှန်အားဖြင့် ဒေါ်လာ ၉၂ သန်း ကို ဖြေရှင်းပေးခဲ့သည်။

၂၀၀၂ တွင် အမေရိကန်ဒေါ်လာများကို အခြားငွေကြေးစနစ်များနှင့် ချိတ်ဆက်ရန်အတွက် ဒေါ်လာ ၁၁ ဘီလီယံ တန်ဖိုးရှိ စာချုပ်များကို ကြိုတင် လက်မှတ်ရေးထိုးခဲ့သည်။ ၂၀၀၆ ဧပြီတွင် သူသည် ထိုစာချုပ်တွင် စုစုပေါင်းဒေါ်လာ ၂ ဘီလီယံကျော် အမြတ်ရရှိခဲ့သည်။ ၂၀၀၆ ဇွန်လတွင် ဘတ်ဖတ် က ၂၀၀၆ ဇူလိုင်မှစပြီး နှစ်စဉ် Berkshire ပိုင်ဆိုင်သော ရှယ်ယာ ၈၅%ကို အဖွဲ့အစည်း ၅ ခုသို့ ရှယ်ယာ လက်ဆောင်အဖြစ်ပေး အပ်မည်ဖြစ်ကြောင်းကြေညာခဲ့သည်။

Bill and Melinda Gates Foundation သို့အများဆုံးထောက်ပံကူညီမည် ဖြစ်သည်။ (၃၂) ၂၀၀ရ တွင် ရှယ်ယာပိုင်ရှင်များဆီသို့ရေးသော စာတစောင်တွင် ဘတ်ဖတ် က သူ၏စီးပွားရေး ရင်းနှီးမြုပ်နှံမှု လုပ်ငန်းများ ကို ဆက်လက်လုပ်ကိုင်မည့် ငယ်ရွယ်သူတယောက် ( သို့မဟုတ် ) ဆက်လက်လုပ်ကိုင်နိုင်မည့် ငယ်ရွယ်သူများကို ရှာဖွေ နေကြောင်း ကြေညာရေးသားခဲ့သည်။

ဘတ်ဖတ် သည် ယခင်က ထိုနေရာကို ဆက်ခံရန် Geico ရှိ ရင်းနှီးမြုပ်နှံမှုလုပ်ငန်းများကို လုပ်ကိုင်နေသူ Lou Simpson ကို ရွေးချယ်ထားခဲ့ပြီးဖြစ်သည်။ သို့သော် Simpson သည် ဘတ်ဖတ် ထက် ၆ နှစ်သာ ငယ်သည်။

2000 ပြည့်နှစ်နောက်ပိုင်း ဖြစ်ပွားခဲ့သော စီးပွားရေးရပ်ဆိုင်းမှု / စီးပွားပျက်ကပ်[ပြင်ဆင်ရန်]

၂၀ဝ ပြည့်နှစ် နောက်ပိုင်း စီးပွားပျက်ကပ် ၏ တစိတ်တပိုင်း ဖြစ်သော ၂၀၀၇-၂၀၀၈ ငွေကြေး အာမခံနိုင်မှု ပျက်ပြားခြင်း အဆိုးဆုံး အခြေအနေတွင် အကောင်းဆုံး အခြေအနေကို မမျှော်လင့်နိုင်သေးပဲ အရင်းအနှီးများကို အလွန်အမင်း စောစီးစွာ သုံးစွဲခဲ့ခြင်းကြောင့် အပြစ်တင်ဝေဖန်မှုများနှင့် ကြုံတွေ့ခဲ့ရသည်။“အမေရိကန်ကို ဝယ်ယူမယ့်သူဟာ ငါပဲ” ဟု မကြာသေးမီက နျူးယော့ခ်တိုင်းမ်မဂ္ဂဇင်းတွင် သူ၏ သဘောထားခံယူချက်ကို ထည့်သွင်းဖော်ပြခဲ့သည်။ ၂၀၀၇ စီးပွားရေးကျဆင်းမှုကို ဘတ်ဖတ် က ထိုက်တန်သည့် ပြစ်ဒဏ်တခုပဲဟု ယူဆသတ်မှတ်ခဲ့သည်။

၂၀၀၈ Q3 ကာလအတွင်း ဘတ်ဖတ်၏ ဘာ့ခ်ရှီးယားဟက်သဝေးသည် ဝင်ငွေ ၇ရ % ခန် ့ကျဆင်းခဲ့သည်။ ထို့အပြင် မကြာသေးမီက သူပြုလုပ်ခဲ့သော အရောင်းအဝယ်လုပ်ငန်းများသည် ကုမ္ပဏီ ၏ mark-to-market ကို အများကြီး ဆုံးရှုံးစေခဲ့သည်။ Berkshire Hathaway သည် Goldman Sachs (ကမ္ဘာ့ စတော့ငွေကြေးဆိုင်ရာ လုပ်ငန်းကြီး) မှ တောက်လျှောက် ဆက်လက်ထားရှိမည့် စတော့ ၁၀% ကို လိုအပ်ခဲ့ သည်။ အချို့သော ဘတ်ဖတ်၏ နှုန်းများမှာ ရွေးချယ်စရာများရှိသည် (ယူရိုပီယန် ကတော့ အဆုံးသတ်ကိုပဲ အဓိကထားသည်) ဘတ်ဖတ် သည် လက်ရှိ တွင် mark-to-market ဆုံးရှုံးမှု ကို ၆.၇၃ ဘီလီယံ ဒေါ်လာ ဝန်းကျင်တွင် ထားရှိသည်။ “ကုမ္ပဏီ ၏ အခိုင်အမာရှိမှုကို ပိုမို ဖော်ပြခြင်း” ကို Berkshire မှ ပြုလုပ်ရန် ၎င်း၏ အလားအလာ ရှိသည့် ဆုံးရှုံးမှု အတိုင်းအတာက SEC ကို တွန်းအားပေးခဲ့သည်။ ချူပ်ဆိုပြီးသား စာချူပ်များ၏ တန်ဖိုးကိုမြှင့်တင်နိုင်ရန် ဖြစ်သည်။ Dow Chemical ဓာတုပစ္စည်း ကုမ္ပဏီကြီးအား Rohm & Haas ကို လွှဲပြောင်းယူစဉ် ပေးရသည့် ၁၈.၈ ဘီလီယံ ဒေါ်လာ အတွက် ဘတ်ဖတ် က ကူညီပေးခဲ့ ဖူးသည်။ ထို့ကြောင့်သူသည် Berkshire Hathaway နှင့်အတူ ထိုကြီးမားသည့် လုပ်ငန်းအုပ်စုတွင် တစ်ဦးတည်း အများဆုံး ရှယ်ယာ ပိုင်ဆိုင်သူ ဖြစ်လာခဲ့သည်။ ၎င်းမှ ၃ ဘီလီယံ အထိ ပေးနိုင်ခဲ့သည့် အတွက် လက်ရှိ ကြုံတွေ့နေရသည့် ကြွေးမြီ နှင့် ရှယ်ယာတန်ဖိုး ဈေးကွက်အကျပ်အတည်းတွင် ဖြေရှင်းနိုင်စွမ်းရှိသော သူ၏ ကဏ္ဍကို မီးမောင်းထိုးပြလိုက်သကဲ့သို့ ဖြစ်သွားသည်။

၂၀၀၈ တွင် ကမ္ဘာ့ အချမ်းသာဆုံးနေရာမှ Bill Gates ကို ဖြုတ်ချခဲ့ပြီး ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်လာခဲ့သည်။ ထိုအချိန် တွင် Forbes စာရင်းအရ ပိုင်ဆိုင်မှုမှာ ဒေါ်လာ ၆၂ ဘီလီယံ(၄၁) ရှိပြီး Yahoo မှ ၅၈ ဘီလီယံ ပိုင်ဆိုင်ကြောင်း ကြေညာခဲ့သည်။ ဘီလ်ဂိတ်သည် Forbes ၏ ကမ္ဘာ့ အချမ်းသာဆုံးပုဂ္ဂိုလ်များစာရင်းတွင် နံပါတ် ၁ နေရာတွင် ၁၃ နှစ်တိတိ ဆက်တိုက် ပါဝင်ခဲ့သည်။ ၂၀၀၉ တွင် ဘီလ်ဂိတ်သည် Forbes စာရင်းတွင် နံပါတ် ၁ နေရာကို ပြန်လည်ရရှိပြီး ဘတ်ဖတ်က ဒုတိယနေရာကို ရရှိခဲ့သည်။ သူတို ့၏ ပိုင်ဆိုင်မှုများမှာ ဒေါ်လာ ၄ဝ ဘီလီယံ နှင့် ၃ရဘီလီယံသို့ အသီးသီးကျဆင်းခဲ့ပြီး Forbes စာရင်းအရ ဘတ်ဖတ် သည် ၂၀၀၈ ခုနှစ်မှ ၂၀၀၉ ခုနှစ်အထိ ၁၂ လအတွင်း ဒေါ်လာ၂၅ ဘီလျံခန့် လျော့ကျခဲ့ခြင်း ဖြစ်သည်။ ၂၀၀၈ အောက်တိုဘာတွင် Warren ဘတ်ဖတ် သည် General Electric (GE) မှ ရှယ်ယာများကို ရွေးချယ်ဝယ်ယူရန် သဘောတူညီပြီးဖြစ်ကြောင်း မီဒီယာများမှ ထုတ်ပြန်ကြေညာခဲ့သည်။

ထိုစီးပွားရေးလုပ်ငန်းတွင် နောက် ၅ နှစ်အတွင်း ဒေါ်လာ ၂၂.၂၅ နှုန်းဖြင့် ဒေါ်လာ ၃ ဘီလီယံဖိုးဝယ်ယူနိုင်မည့် အစီအစဉ်နှင့် ရှယ်ယာအစုအပေါ်အမြတ် ၁၀% ( ၃ နှစ်အတွင်းတောင်းဆိုရယူနိုင်သည်) ပေးမည့် အစီအစဉ် စသည့် အထူးအပိုပေးမည့် ဆွဲဆောင်ထားသောမက်လုံးများလဲပါဝင်သည်။ ၂၀၀၉ ဖေဖော်ဝါရီတွင် ဝါရင်ဘတ်ဖတ် သည် သူ့ကိုယ်ပိုင်ရင်းနှီးမြုပ်နှံမှုများမှ တစိတ်တပိုင်းဖြစ်သော Procter & Gamble Co., နှင့် Johnson & Johnson Co., မှ ရှယ်ယာအချို့ကိုရောင်းချခဲ့သည်။ အချိန်ကိုက် လုပ်ဆောင်နိုင်ခြင်းမရှိ ဟူသော မှတ်ချက်များ ရရှိခဲ့သည့် အပြင် ၁၉၉၈ ကရှယ်ယာတန်ဖိုး ၈၆ ဒေါ်လာထိ အမြင့်ဆုံး ရရှိခဲ့ သည့် ကိုကာကိုလာကုမ္ပဏီ အပါအဝင် Berkshire ၏ အဓိက လုပ်ငန်းများအား ထိန်းသိမ်းရာတွင် အသုံးချသည့် စဉ်းစားဉာဏ် နှင့် ပက်သက်၍ လည်း မေးခွန်းများ အများအပြားပေါ်ထွက်လာခဲ့သည်။

ကုမ္ပဏီ၏ ၂၀၀၄ ခုနှစ် နှစ်စဉ် အစီရင်ခံစာတွင် ဘတ်ဖတ် က ဘယ်အချိန်မှာ ရှယ်ယာတွေကို ရောင်းချရမလဲ ဆိုတာကို သိနိုင်ဖို့ ခက်ခဲကြောင်းကို ဆွေးနွေးခဲ့သည်။ အမြဲတမ်းကြည်လင်နေတဲ့ နောက်ကြည့်မှန် တစ်ခုကို ကြည့်နေရသလို မြင်နိုင်ရင် တော့ ဒီကိစ္စက လွယ်ပါတယ်” ဒါပေမယ့် ကံမကောင်းစွာနဲ့ပဲ အမှုန်အမွှားကာတဲ့ မှန်ကာအကြည်လေးကို ထိုးဖောက်မြင်ကြည့်ရမှာ ဖြစ်ပြီး မှန်ကလဲ လုံးဝ မှုန်ဝါးနေပြန်သေး တယ်” ဟု ပြောသည်။ ၂၀၀၉ မတ်လ ကေဘယ်လ် ရုပ်သံလွှင့်လိုင်းတစ်ခုရဲ့ အင်တာဗျူး မှာ ဘတ်ဖတ် က ပြောသည်မှာ “စီးပွားရေးကတော့ ချေက်ကမ်းပါးကနေ ကျသလို ကျနေခဲ့တာပါပဲ။.. စီးပွားရေးက အများကြီးနှေးကွေး သွားတာ တခုတည်း မဟုတ်ဘူး၊ လူတွေဟာလဲ သူတို့ရဲ့အကျင့်တွေကို ပြောင်းလဲလိုက်ကြတာ ကျန်တော် တစ်ခါမှ မမြင်ဖူးတဲ့ ထိ ပဲ”

အဲ့ဒါအပြင် ဘတ်ဖတ် က ကျွန်တော်တို့ ၁၉၇ဝ ဝန်းကျင်က ဖြစ်သွားခဲ့တဲ့ အရမ်းကို ဆိုးဝါးနာကျင်စရာ ကောင်းတဲ့ မပြောင်းမလဲ အကြာကြီးဖြစ်နေတဲ့ ငွေကြေးဖောင်းပွမှု“stagflation” ကို နှစ်ပေါင်းများစွာကြာတဲ့ အထိခံစား ခဲ့ရတဲ့အတွက် အဲ့လိုငွေကြေးဖောင်းပွမှုမျိုး ပို ပြန်ရောက်သွားနိုင်မှာကို စိုးရိမ်နေ သည်။ ၂၀၀၉ တွင် ဝါရင် ဘတ်ဖတ် သည် Swiss Re မှ ရှယ်ယာတန်ဖိုး မြှင့်ခြင်း၏ တစိတ်တပိုင်းအနေနှင့် ၂.၆ ဘီလီယံ ဒေါ်လာ ကို ရင်းနှီးမြှပ်နှံခဲ့သည်။ Berkshire Hathaway သည် စတော့ရှယ်ယာ ၂၀% ကျော် ထိ ပိုင်ခွင့်ရသည် တွင် ၃%ကို ပိုင်ဆိုင်ထားပြီး ဖြစ်သည်။၂၀၀၉ တွင် Warren ဘတ်ဖတ် Burlington Northern Santa Fe ကော်ပိုရေးရှင်း ကို ၃၄ ဘီလီယံ ဒေါ်လာ လက်ငင်းငွေသားနှင့် စတော့ ရှယ်ယာ တို့နှင့် လဲလှယ် ရယူခဲ့သည်။ ရှယ်ယာဈေးကွက်နှင့် အခြားဈေးကွက်များ ချိတ်ဆက်မှု အကြောင်း ကို ဖော်ပြထားသည့် “နှင်းဘောလုံး” ရေးသားသူ Alice Schroeder က ဒီလိုပေးချေဝယ်ယူတာဟာ အကြောင်းရင်းတစ်ခုရှိတယ်… Berkshire Hathaway ကို ငွေကြေးဆိုင်ရာ လုပ်ငန်းအဆောက်အအုံကြီးထဲမှာ အမျိုးအမည် အမျိုးမျိုးနဲ့ ရှိနေစေချင်လို့ပဲ လို့ ဖော်ပြခဲ့သည်။ ဈေးကွက် ချဲ့ထွင်မှု အားပေါ် မူတည် တွက်ချက်ထားသည့် Financial Times ၏ ကမ္ဘာ့ အကြီးဆုံး ကော်ပိုရေးရှင်း၅၀ဝ တွင် Berkshire Hathaway က ၂၀၀၉ ဇွန်လအတွက် နံပါတ် ၁၈ အကြီးဆုံး ကော်ပိုရေးရှင်း အဖြစ် သတ်မှတ်ခံရသည်။

၂၀၀၉ တွင် သူ၏ မအောင်မြင်သော ရင်းနှီးမြှပ်နှံမှု တစ်ခုဖြစ်သည့် ConocoPhillips လုပ်ငန်းစုတွင် ရင်းနီးမြှပ်နှံထားခြင်းကို ရုပ်သိမ်းလိုက်သည်။ “လောင်စာဆီ နဲ့ ဓာတ်ငွေ့တွေ ဈေးနှုန်း အမြင့်ဆုံးနီးပါးရှိနေတဲ့ အချိန်က ကျွန်တော် ConocoPhillips ရဲ့ စတော့ရှယ်ယာ တွေအများကြီးကို ဝယ်ခဲ့တယ် ကျွန်တော်တစ်ခါမှ မမျှော်လင့်ခဲ့ဖူးတဲ့ အဖြစ်အပျက်ဖြစ်တဲ့ စွမ်းအင်ဈေးနှုန်း တွေ ..ပြီးခဲ့တဲ့ နှစ်ဝက်မှာ အကြီးအကျယ် ပြုတ်ကျခဲ့တယ်…လောင်စာဆီ ဈေးနှုန်းတွေဟာ ကံတရားက အလေးသာပြီးတော့ အနာဂတ်မှာ လက်ရှိ ၄၀-၅ဝ ဒေါ်လာတန်ဖိုးထက် ပိုမိုမြင့်မားတဲ့ ဈေးနှုန်းနဲ့ ရောင်းရလိမ့်မယ် လို့ တော့ ယုံကြည်နေတုန်းပဲ.. ဒါပေမယ့် အခုချိန်ထိတော့ ကျွန်တော် အကြီးအကျယ်မှားနေခဲ့တယ်..လို့ ပြောခဲ့သည်။ ဈေးနှုန်းတွေမြင့်လာသင့်တယ် ဆိုရင်တောင်မှ အချိန်အခါလွဲခဲ့တဲ့ ကျွန်တော့်ရဲ့ ရှယ်ယာ ဝယ်ယူမှုကြောင့် Berkshire ရဲ့ ဘီလီယံဒေါ်လာ အတော်များများ ကတော့ ပြုတ်သွားခဲ့ရပါတယ်…

Burlington Northern Santa Fe Railway (BNSF) ရထားလမ်း လုပ်ငန်းနဲ့ ပေါင်းစပ်လုပ်ကိုင် ခြင်းကိုလဲ BNSF ရှယ်ယာ ပိုင်ဆိုင်သူ ၏ သဘောတူအတည်ပြုချက်ဖြင့် 1Q2010 တွင် ရပ်နားခဲ့သည်။ ထိုသို့ ရပ်လိုက်ခြင်းသည် ခန့်မှန်းခြေ ၃၄ ဘီလီယံ အမြတ်ထွက်စေခဲ့ပြီး အရင်ရှိပြီးသား စတော့ရှယ်ယာတွေရဲ့ ၂၂% ခန့် ပိုမြင့်သွားစေခဲ့သည်။

၂၀၁ဝ ဇွန်လတွင် ဘတ်ဖတ်က ခရစ်ဒစ် လုပ်ငန်း အေးဂျင်စီ တွေကို အမေရိကန် ငွေကြေး အကျပ်အတည်းနဲ့ပက်သက်ပြီး သူတို့ရဲ့ အခန်းကဏ္ဍကို ပြောရာမှာ .. အလွန့်အလွန် အရေအတွက်နည်းတဲ့ လူတွေကသာ ပူဖေါင်း (ငွေကြေးနှင့် တခြားသော ဈေးကွက်အမျိုးမျိုး၏ အကြမ်းမခံသော သဘောကို ဆိုလိုသည်) ကို ကောင်းမွန်တယ်လို့ အသိအမှတ်ပြုနိုင်ကြတယ်။ ဒါဟာ တကယ်တော့ ပူဖေါင်းတွေရဲ့ သဘာဝပဲ….. တကယ့်ကို အထောက်အထားပြရခက်တဲ့ ထင်ယောင်ထင်မှား ဖြစ်မှုတွေလိုပါပဲ….

ပုဂ္ဂိုလ်ရေးရာဘဝ[ပြင်ဆင်ရန်]

ဘတ်(ဖ) ဖတ်သည် ၁၉၅၂ ခုနှစ်တွင် ဆူဇန် ဘတ်ဖတ် (သို့) သွန်မဆင် နှင့်လက်ထပ်ခဲ့ပြီး စူဇီ၊ ဟောင်းဝဒ် နှင့် ပီတာ သားသမီး ၃ ယောက်ထွန်းကားခဲ့သည်။ ဘတ်(ဖ) ဖတ် ဇနီးမောင်နှံသည် ၁၉၇ရ မှစပြီး၂၀၀၄ ဂျူလိုင် Susan ဘတ်ဖတ် သေဆုံးချိန်အထိ သီးခြားစီနေထိုင်ခဲ့ကြသည်။ သူတို့၏ သမီးဖြစ်သူ ဆူဇီသည် Omaha တွင်နေထိုင်ပြီး ပရဟိတအလှူလုပ်ငန်းများကို Susan A မှတဆင့် လှူဒါန်းလုပ်ကိုင်ခဲ့သည်။ ဘက်(ဖ)ဖတ်သည် Girls, Inc ကိုတည်ထောင်ခဲ့ပြီး အမျိုးသား အုပ်ချုပ်ရေးအဖွဲ ့တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

၂၀၀၆ ခုနှစ် သူ၏ ၇၆ နှစ်မြောက်မွေးနေ့တွင် အသက် ၆ဝ အရွယ်ရှိနေပြီဖြစ်တဲ့ လက်မထပ်ပဲနှင့် အချိန်အကြာဆုံး တွဲနေခဲ့သူ Astrid Menks နှင့် လက်ထပ် ထိမ်းမြားခဲ့သည်။ သူမသည် ၁၉၇ရ ခုနှစ် သူ၏ ဇနီး San Francisco သို ့ထွက်ခွာသွားသည့် အချိန်ကတည်းက သူနှင့်အတူ နေထိုင်ခဲ့ သည်။ ဆူဇန် ဘတ်ဖတ် သည် သူ၏ အသက်မွေးဝမ်းကြောင်းလုပ်ငန်းဖြစ်သော သီချင်းဆိုသည့် အလုပ်ကို ဆက်လက်လုပ် ဆောင်ရန် အိုမာဟာ သို့မထွက်ခွာမှီ သူတို့နှစ်ဦး တွေ့ဆုံနိုင်ရန် စီစဉ်ပေးခဲ့သည်။ သူတို့၃ ယောက်သည် အလွန်ရင်းနှီးကြပြီး အားလပ်ရက် သူငယ်ချင်းများနှင့် တွေ ့ဆုံရန်အတွက် ဖိတ်ကြားသည့် ဖိတ်စာတွင် ၃ ယောက်လုံး အတူတကွ လက်မှတ်ရေးထိုးပြီး ဖိတ်ကြားခဲ့ကြသည်။ Charlie Rose မသေခင် နောက်ဆုံးပြုလုပ်ခဲ့သော ဘက်(ဖ)ဖတ်၏ ရှားရှားပါးပါး တွေ့ဆုံမေးမြန်းခန်းတွင် သူတို့ ၃ ယောက်၏ ပက်သက်မှုကို ဆူဇန် ဘတ်ဖတ် က အတိုချုပ်ရှင်းလင်းပြောပြခဲ့သည်။

၂၀၀၆ တွင် ရိုက်ကူးခဲ့သော Jamie Johnson သတင်းမှတ်တမ်းရုပ်ရှင်ကား” The One Percent “ တွင် ပါဝင်သရုပ် ဆောင်ခဲ့သော သားဖြစ်သူပီတာ၏ မွေးစားသမီး နီကိုးလ် ကို ဘတ်(ဖ)ဖတ် ကအမွေပြတ် စွန့်လွှတ်ခဲ့သည်။ ထိုကားတွင် ဘတ်(ဖ)ဖတ်၏ ပထမဇနီးက နီကိုးလ် ကို ဘတ်(ဖ)ဖတ်၏ အသဲစွဲမြေးမလေးအဖြစ် သရုပ်ဆောင်စေခဲ့သည်။ ဘတ်(ဖ)ဖတ် က “ ငါ့အနေနဲ့မင်းကို သံယောဇဉ်လဲ မရှိ တရားဥပဒေ အရလဲမြေးအဖြစ် သတ်မှတ်မှာမဟုတ်သလို ကျန်တဲ့ ငါ့မိသားစုဝင်တွေကလဲ မင်းကို တူမ ဒါမှမဟုတ် ဝမ်းကွဲ ညီမ တယောက်အဖြစ်သတ်မှတ်မှာ မဟုတ်ဘူး ” ဟု သူကိုယ်တိုင် လက်မှတ်ရေးထိုးကာ ဖော်ပြခဲ့သည်။

သူ၏ ၂၀၀၆ ခုနှစ် တနှစ်စာဝင်ငွေမှာ ဒေါ်လာ ၁၀၀,၀၀ဝ ဖြစ်ပြီး အခြားကုမ္ပဏီများတွင် အကြီးတန်းအလုပ်အမှုဆောင်တယောက် ရရှိသည့် ဝင်ငွေခန့်သာ ရှိသည်။ ၂၀၀၇ နှင့် ၂၀၀၈ နှစ်များတွင် စုစုပေါင်း နစ်နာကြေးအဖြစ်ရရှိသောငွေမှာ ဒေါ်လာ ၁၇၅,၀၀ဝ ဖြစ်ပြီး ထိုနစ်နာကြေးတွင် သူ၏ အခြေခံလစာ ဒေါ်လာ ၁၀၀,၀၀ဝ အပါအဝင် ဖြစ်သည်။ ဘက်(ဖ)ဖတ် သည် Laguna Beach, California တွင် ဒေါ်လာ ၄ သန်းတန် အိမ်ရှိသော်လည်း Central Omaha Neighbourhood ရှိ Dundee တွင် ၁၉၅၈ ခုနှစ်က ဒေါ်လာ ၃၁,၅၀ဝ ( လက်ရှိပေါက်ဈေး ဒေါ်လာ ၇၀၀,၀၀ဝ ခန့်) ပေး၍ ဝယ်ယူထားခဲ့သော အိမ်တွင် နေထိုင်လျက်ရှိသည်။

၁၉၈၉ တွင် ဘာ့ခ်ရှီးယားမှ ထားရှိသော ရန်ပုံငွေ ဒေါ်လာ ၆.ရ သန်းခန့်ကို ကိုယ်ပိုင်လေယာဉ် ဝယ်ယူရာတွင် အသုံး ပြုခဲ့ပြီးနောက် ထိုကိစ္စသည် သူ့ကိုသူ ခွင့်မလွှတ်နိုင်သော ကိစ္စဟု ပြောကြားခဲ့သည်။ ထိုကိစ္စသည် အခြားအလုပ်အမှုဆောင်များ ၏ တရားလွန် ဝယ်ယူမှုများအပေါ် သူပြစ်တင် ရူတ်ချခဲ့မှုများ နှင့် သူ၏ (ဘတ်စ်ကား စီး၊ ရထားစီးခဲ့ပြီး ) ခရီး စရိတ်ချွေတာခဲ့မှုများအပေါ်တွင် နာမည်ပျက် ဖြစ်စေခဲ့ သည်။ သူသည် Bridge ကစားနည်း ကို Sharon Osberg ထံမှသင်ယူခဲ့ပြီး Sharon Osberg, ဘီလ်ဂိတ် တို ့နှင့် အတူ ကစားလေ့ ရှိသည်။ ထိုကစားနည်းကို တပတ်လျှင် ၁၂ နာရီခန့် ကစားခဲ့သည်။ . ၂၀၀၆ ခုနှစ်တွင် ဘတ်ဖတ် ဖလား Bridge ပြိုင်ပွဲကို သူကိုယ်တိုင်ကမကထပြုလုပ်၍ ကျင်းပခဲ့သည်။ Ryder ဖလား ဂေါက်ပွဲတွင် ဝင်ရောက်ကစားပြခဲ့သည်။ ၎င်း ပွဲမတိုင်မီ တွင် ယင်းမြို့၌ပင် အမေရိကန် bridge ကစားသမား ၁၂ ယောက်အဖွဲ့က ယူရိုပီယန် ၁၂ ယောက်အဖွဲ့ကို ကောင်းကောင်းကစားနိုင်ခဲ့ကြသည်။ သူသည် နီဘရာစက ဘောလုံးအသင်းကို စွဲစွဲမြဲမြဲ ရာသက်ပန်အားပေးခဲ့သူ ဖြစ်ပြီး ပွဲတိုင်းလိုလို မလွတ်တမ်း သွားရောက် ကြည့်ရူခဲ့သည်။ သူသည် ၂၀၀ရ ခုနှစ်နောက်ပိုင်း Bo Pelini အား လက်ထောက်နည်းပြ အဖြစ်ငှားရမ်းခန့်အပ်ထားမှုကို ထောက် ခံအားပေးခဲ့ပြီး ပြိုင်ဘက်အသင်းတွေ ကြောက်စရာကောင်း လောက်တဲ့ အသင်း ဖြစ်လာတော့မည် ဟုပြောကြားခဲ့သည်။

သူသည် ၂၀၀၉ ခုနှစ်တွင် အိုကလာဟိုးမားနှင့် နက်ဘရက်စကား အသင်းတို့ယှဉ်ပြိုင်ကစားခဲ့သော ပွဲကိုကွင်းဘေးမှပင် သွား ရောက် ကြည့်ရူခဲ့ပြီး ဂုဏ်ယူစရာကောင်းတဲ့ လက်ထောက်နည်းပြဟူ၍ ချီးကျူး ပြောကြားခဲ့သည်။ ဘတ်(ဖ)ဖတ် သည် DiC Entertainment မှ Chief Andy Heyward, Christopher Webber တို ့နှင့် ကွန်ပျူတာ ဖြင့် ဖန်တီးရိုက်ကူးသော ဇာတ်လမ်းတွဲများအတွက် လုပ်ကိုင်ခဲ့ကြသည်။ နောက်ပိုင်းတွင် A Squared Entertainment တွင် လုပ်ကိုင်ခဲ့သည်။ ကလေးငယ်များအား ဘဝအတွက် ပြည့်စုံကောင်းမွန်သော ဘဏ္ဍာရေးအလေ့အကျင့်များ ရရှိစေရန် သင်ကြားပေးသော အစီအစဉ်တွင် ဘတ်ဖတ် နှင့် Munger တို့ပါဝင်ခဲ့ကြသည်။ ခရစ်ယာန်ဘာသာကို ပိုမိုသက်ဝင်ယုံကြည်ခဲ့သော်လဲ ဘာသာတရားယုံကြည်မှုနှင့်ပက်သက်လာလျှင် ဘုရားရှိမူကို သံသယရှိ သူအဖြစ် တယောက်အဖြစ်သာ ဖော်ပြခဲ့သည်။ ၂၀၀၆ ဒီဇင်ဘာတွင် ဘက်(ဖ)ဖတ်သည် လက်ကိုင်ဖုန်းမကိုင်၊ သူ ့ရုံးခန်းတွင် ကွန်ပျူတာ မတပ်ဆင်ထားကြောင်းနှင့် ကိုယ်ပိုင် Cadillac DTS ကား ကိုစီးကြောင်း ကြေညာခဲ့သည်။ အရင်က Ermenegildo Zegna တံဆိပ် အဝတ်အစားများကို ဝတ်ဆင်ခဲ့သော်လည်း နောက်ပိုင်းတွင် တရုတ် Trands အမှတ်တံဆိပ် ကိုယ်တိုင်းချုပ်ထားသည့် ဝတ်စုံများကို ဝတ်ဆင်ခဲ့သည်။

မျိုးရိုးဗီဇ[ပြင်ဆင်ရန်]

ဘတ်(ဖ)ဖတ် ၏ DNA စစ်ချက်အရ သူ ၏ အဖေဘက်ကမျိုးရိုးမှာ စကင်ဒီနေးဗီးယား မြောက်ပိုင်း မှဖြစ်ပြီး အမေ ၏ မျိုးရိုးမှာ Iberia (သို ့မဟုတ်) အက်စတိုးရီးယား မှ ဖြစ်ကြောင်းသိခဲ့ရသည်။

အသိမှတ်ပြုခံရမှု[ပြင်ဆင်ရန်]

Peter Lynch နှင့် John Templeton တို့ဦးဆောင်ပါဝင်သော Carson Group ၏ ၁၉၉၉ ခုနှစ် လေ့လာ ဆန်းစစ်ချက်တွင် “ ဘတ်ဖတ် သည် ၂ဝ ရာစုတွင် ထိပ်ဆုံးရှိငွေကြေးမန်နေဂျာ တယောက်ဖြစ်သည်” ဟု ဖော်ပြခဲ့သည်။ ၂၀၀ရ တိုင်းမ်မဂ္ဂဇင်း ၏ ကမ္ဘာ့အလွှမ်းမိုးနိုင်ဆုံးပုဂ္ဂိုလ် အယောက် ၁၀ဝ စာရင်းတွင်ပါဝင်ခဲ့ပြီး ၂၀၁ဝ ခုနှစ်တွင် အမေရိကန် သမ္မတ ဘားရက်အိုဘားမားက ဘတ်(ဖ)ဖတ်အား Presidential Medal of Freedom ဆုတံဆိပ်ချီးမြှင့်မည်ဟု အိမ်ဖြူတော်ကကြေညာချက် ထုတ်ပြန်ခဲ့သည်။ မကြာသေးမီက ထွက်ပေါ်ခဲ့သော ၂၀၁ဝ အစီအရင်ခံစာတွင် ဘီလ်ဂိတ် နှင့် ဘတ်ဖတ် အား နိုင်ငံခြားရေးရာကဏ္ဍ၌ အလွှမ်းမိုးနိုင်ဆုံး ကမ္ဘာလုံးဆိုင်ရာ အတွေးအခေါ်ပညာရှင်များအဖြစ်ပူးတွဲ သတ်မှတ်ခဲ့သည်။

နိုင်ငံရေး[ပြင်ဆင်ရန်]

နိုင်ငံရေး ဆိုင်ရာဆောင်ရွက်မှုများကို နှစ်ပေါင်းများစွာ လုပ်ဆောင်ခဲ့သည့်အပြင် ဘားရက်အိုဘားမား ၏ သမ္မတဖြစ် မြောက်ရေး အဖွဲ ့ကိုထောက်ခံပြီး စည်းရုံးလှုံဆော်ရာတွင် ပါဝင်လုပ်ဆောင်ခဲ့သည်။ အိုဘားမား ၏ အမျိုးသား ဘဏ္ဍာရေးအဖွဲ့ သဘာပတိဖြစ်သူ Penny Pritzker နှင့် သူမ၏ခင်ပွန်း၊ ဘားရက်အိုဘားမား၏ အကြံပေးအရာရှိ ဖြစ်သူ Valerie Jarrett တို့ကြီးမှူးကျင်းပသော ဘားရက်အိုဘားမား ၏ စည်းရုံးလှုံဆော် ဟောပြောပွဲသို ့ဒေါ်လာ ၂၈၅ ဝဝ တန် per plate fundraiser တစ်ယောက် အဖြစ် တက်ရောက်ခဲ့သည်။ ဘတ်(ဖ)ဖတ်သည် ဘားရက်အိုဘားမားအား သမ္မတဖြစ်ရန် ထောက်ခံအားပေးခဲ့ပြီး ဂျွန်မက္ကိန်းဟာ သူ့ရဲ့ ထောက်ခံအားပေးမှုကို ပြောင်းလဲရရှိချင်ရင်တော့ ဦးနှောက်ပိုင်းဆိုင်ရာ ခွဲစိတ်မှုတစ်ခုတော့ လိုလိမ့်မယ် ဟု ၎င်းနှင့် လူမှုရေးအရတရားမျှတခြင်း“social justice”ဆိုင်ရာ အမြင်များနှင့်ပက်သက်၍ လုံးဝ ကွဲပြားခြားနားလျက်ရှိသည့် အပေါ်တွင် မူတည်၍ ခြယ်လှယ်ပြောဆိုလိုက်သည်။

ဒုတိယအကြိမ်ပြုလုပ်သော အမေရိကန် အမတ်လောင်း ဂျွန်မက္ကိန်း နှင့် ဘားရက်အိုဘားမား တို့၏ စကားစစ်ထိုးပွဲတွင် ကြားဝင်စေ့စပ်အကဲဖြတ်သူ Tom Brokaw ကမေးမြန်းပြီးသည့်နောက် အမတ်လောင်း နှစ်ယောက် လုံးက” ဘတ်ဖတ် သည် ဘဏ္ဍာရေးအဖွဲ့ဝင်ဝန်ကြီး အဖြစ်နိုင်ဆုံးလူတယောက် “ ဟု ဖြေကြားခဲ့သည်။ တတိယနှင့် နောက်ဆုံးအကြိမ် စကားစစ်ထိုးပွဲများတွင် ဘားရက်အိုဘားမားက ဘတ်(ဖ)ဖတ်အား အစွမ်းအစရှိသော စီးပွားရေး အကြံပေးတယောက်အဖြစ် ပြောကြားခဲ့သည်။ ကယ်လီဖိုးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူး Arnold Schwarzenegger ၏ ၂၀၀၃ ခုနှစ် ရွေးကောက်ပွဲအတွက် စည်းရုံးရေး လုပ်စဉ်က ထိုစည်းရုံးရေးအဖွဲ့တွင် ဘဏ္ဍာရေးဆိုင်ရာ အကြံပေးအဖြစ်လဲ လုပ်ကိုင်ခဲ့သေးသည်။

ဘတ်ဖတ် ရေးသားခဲ့သော စာစုများ[ပြင်ဆင်ရန်]

ဝါရင်းဘတ်(ဖ)ဖတ်သည် သူ၏ ထင်ရှားသော နှစ်ပတ်လည် အစီရင်ခံစာများနှင့် အခြား ဆောင်းပါးများစွာကို ရေးသားခဲ့ သည်။ သူသည် အဟောအပြောကောင်းသူ၊ အကြောင်းအရာတခုကို ဖွဲ ့နွဲ ့ပြောဆိုနိုင်သူ တယောက်အနေဖြင့် ရှယ်ယာပိုင်ရှင် များဆီသို ့သူရေးခဲ့သော နှစ်ပတ်လည် အစီရင်ခံစာများက သက်သေခံလျက်ရှိသည်။ သူသည် ငွေကြေးဖောင်းပွခြင်း၏ အပြစ်များကို သတိပေးပြောဆိုခဲ့သည်။ —ဘတ်ဖတ်, Fortune (1977) ငွေကြေးဖောင်းပွမှုဟာ အရာအားလုံးထက် ပိုပြီးကြောက်စရာကောင်းတဲ့ အခွန်အခ တစ်မျိုးပဲ၊ ကျွန်တောတို့ ဘယ်လိုမှလဲ ဥပဒေပြဋ္ဌာန်းပြီးပယ်ဖျက်လို့ မရနိုင်ပြန်ဘူး၊ ငွေကြေးဖောင်းပွမှု အခွန်အခ မှာ အရင်းအနှီးတွေကို ဝါးမြိုနိုင်တဲ့ အံ့ဩစရာ အစွမ်းသတ္တိ တစ်မျိုးရှိတယ်.. ငွေကြေးဖောင်းပွမှုနှုန်း “သုည” ဆိုတဲ့အချိန်မှာ ဘဏ်တိုးနှုန်း ၅ %နဲ့စုဆောင်းပြီး ၁၀၀% ဝင်ငွေခွန်ပေးနေရတာနဲ့ ..ငွေကြေးဖောင်းပွမှု ၅%ရှိနေတဲ့ ၅နှစ်အတွင်း ဝင်ငွေခွန် လုံးဝ မပေးရတာ ဟာ မုဆိုးမတစ်ယောက်အတွက် ဘာမှ ထူးထူးခြားခြား ပြောင်းလဲမှုမရှိဘူး။

—၁၉၇ရ ခုနှစ် Fortune မဂ္ဂဇင်းမှ ဘတ်ဖတ် ၏ သတင်းဆောင်းပါးအား ကောက်နုတ်ချက် သူ၏ ထိပ်တန်းရင်းနှီးမြုပ်နှံသူ Graham-and-Doddsville ဆောင်းပါးတွင် ဘတ်ဖတ် သည် S&P 500 ကို အခွင့်အရေး သက်သက်သာ ဖြစ်ကြောင်း ပုတ်ခက် ခဲ့သည့် ပညာရပ်ဆိုင်ရာ “ထိရောက်သည့် ဈေးကွက်စီးပွားရေး” အယူအဆ ကို ချေပသည့်အနေနှင့် နာမည်ကျော်Graham နှင့် Doddတို့၏ တပည့်ကျောင်းသား အများစုရဲ့ ရင်းနှီးမြုပ်နှံမှု အတွေးအခေါ်အား တန်ဖိုးထားတဲ့အကြောင်းကို အသားပေးရေးထားခဲ့သည်။ ဘတ်(ဖ)ဖတ်သည် သူ၏အကြောင်းကို ရေးသားရာတွင် Walter J.Schloss, Tom Knapp, Ed Anderson ( Tweedy, Brown Inc ), Bill Ruane ( Sequoia Fund, Inc ), Charles Munger ( Berkshire မှ ဘတ်ဖတ် ၏ ကိုယ်ပိုင် စီးပွားရေးလုပ်ငန်းမှ လုပ်ဖော်ကိုင်ဖက် ), Rick Guerin ( Pacific Partners, Ltd ) နှင့် Stan Perlmeter ( Perlmeter ရင်းနှီးမြုပ်နှံမှုလုပ်ငန်းစု ) တို့၏အကြောင်းများကိုပါ ထည့်သွင်းရေးသားခဲ့သည်။ ၁၉၉၉ နိုဝင်ဘာ ထုတ် Fortune မဂ္ဂဇင်း၏ ဆောင်းပါးတခုတွင် ရင်းနှီးမြုပ်နှံသူတို့၏ ယုတ္တိမရှိသော မျှော်လင့်ချက်များ အကြောင်းကို သတိပေး ရေးသားခဲ့သည်။ —ဘတ်ဖတ်, Fortune (1999) ကျွန်တော်ပြောနေခဲ့တဲ့ စတော့ ရှယ်ယာ ဈေးကွက် အကြောင်းကို အနှစ်ချူပ်အနေနဲ့ ပြန်လည် ဖော်ပြရရင် …. ဒီ ရှယ်ယာတန်ဖိုးတွေဟာ လွန်ခဲ့တဲ့ ၁ရ နှစ်တုန်းက အကျိုးပြုခဲ့သလိုမျိုး နောင် ၁ရ နှစ်မှာလည်း အကျိုးပြုနေမယ် လို့ စွဲဆောင် ရောင်းချဖို့ ခက်ခဲတဲ့ ကိစ်စ ဖြစ်နေတယ်လို့ ကျွန်တော်ထင်တယ်… မြင့်တက်လာတဲ့ ရှယ်ယာတန်ဖိုးနဲ့ အမြတ်ငွေတွေ စုစုပေါင်းပြီးရမယ့် အဖြစ်နိုင်ဆုံး ပြန်ရမယ့် အမြတ်ကို ထုတ်ယူရမယ်ဆိုရင် အစုလိုက်အပြုံလိုက်သော ရင်းနှီးမြှပ်နှံတဲ့သူများဟာ ပြန်ပြီး ရင်းနှီးမြှပ်နှံကြမှာပဲ။ ဒီအစုအဝေးကြီး ဟာ ကမ္ဘာကြီးမှာ တည်ငြိမ် တဲ့ အတိုးနှုန်း ကို ဖြစ်ပေါ်စေနိုင်လိမ့်မယ်၊ ငွေကြေးဖောင်းပွမှုနှုန်း ၂% ထဲနဲ့ပေါ့။ အလွန့်အလွန် ဆိုးဝါးတဲ့ ဈေးကွက်ပွတ်တိုက်မှုတွေ ကြောင့်ဖြစ်ရတဲ့ ကုန်ကျစရိတ်တွေကို ထည့်တွက်ရင်တောင် ၆% လောက်ထိပဲ ရှိလိမ့်မယ်။ —၁၉၉၉ ခုနှစ် Fortune မဂ္ဂဇင်းမှ ဘတ်ဖတ် ၏ သတင်းဆောင်းပါးအား ကောက်နုတ်ချက်

ကြွယ်ဝမှု[ပြင်ဆင်ရန်]

၂၀၀၈ တွင် Forbes Magazine မှ ဘတ်(ဖ)ဖတ်အား ခန့်မှန်း အသားတင် အမေရိကန်ဒေါ်လာ ၆၂ ဘီလီယံနီးပါး ပိုင်ဆိုင်သည့် ကမ္ဘာ့ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ဖော်ပြခဲ့သည်။ ၂၀၀၉ တွင် ဒေါ်လာ ဘီလျံပေါင်း များစွာကို ပရဟိတ လုပ်ငန်းများသို့လှူဒါန်းအပြီးတွင် အသားတင် အမေရိကန် ဒေါ်လာ ၃ရ ဘီလီယံပိုင်ဆိုင်ပြီး အမေရိကန် နိုင်ငံတွင် Bill Gates နောက်တွင်ကပ်လျက် ဒုတိယအချမ်းသာဆုံး ဖြစ်ခဲ့သည်။ သူ၏ အသားတင် ပိုင်ဆိုင်မှုမှာ လွန်ခဲ့သော ၁၂ လအတွင်း ဒေါ်လာ ၄ရ ဘီလီယံ ထိမြင့်တက်ခဲ့သည်။

ပရဟိတလှူဒါန်းမှုများ[ပြင်ဆင်ရန်]

အောက်ဖော်ပြချက်သည် ၁၉၈၈ တွင် သူ၏ ကြွယ်ဝမှုကို သူကိုယ်တိုင် ပြန်လည်သုံးသပ်ထားခြင်းနှင့် ပြန်လည် လှူဒါန်းရန် စီစဉ်ထားသော သူ၏အစီအစဉ်ကို အသားပေးဖော်ပြထားခြင်း ဖြစ်သည်။

“ငါ့မှာ ပိုက်ဆံနဲ့ပက်သက်ပြီး အပြစ်ရှိတယ် လို့ မရှိဘူး။ ငါမြင်တာကတော့ ငါ့ပိုက်ဆံတွေက လူ့အဖွဲ့အစည်းအပေါ်မှာ အရေအတွက် များပြားလှတဲ့ ချက်လတ်မှတ်တွေအနေနဲ့ ကိုယ်စားပြုတယ်။ ငါ့မှာရှိတဲ့ ဒီစာရွက် အသေးစားလေးတွေကို စားသုံး/အသုံးပြုလိုက်ခြင်း  အဖြစ် ငါ ပြောင်းလဲပစ်လိုက်နိုင်တယ်။ ငါလုပ်ချင်တယ်ဆိုရင် လူအယောက် တစ်သောင်းလောက်ကို တခြားဘာမှ မလုပ်ခိုင်းပဲ ငါ့အတွက်ကျန်တဲ့သက်တမ်း တလျှောက်လုံးမှာ ငါ့ပုံ ပန်းချီကားကို နေ ့တိုင်းဆွဲပေးရုံသက်သက် ခန် ့ထားလို ့ရတယ်။ တစ်နိုင်ငံလုံးအသားတင်ထုတ်ကုန် (GDP) ကတော့တက် သွားမယ်။ ဒါပေမယ့် ထွက်ကုန် အနေနဲ့ ဘာမှ မရှိဘူး။ နောက်ပြီး ဒီ လူ အယောက် တစ်သောင်း ကို အေအိုင်ဒီအက်စ် သုတေသန လုပ်ငန်းတွေ၊ ဒါမှမဟုတ် ပညာရေးလုပ်ငန်းတွေ၊ ဒါမှမဟုတ် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းတွေမှာ လည်းခန့်ထားလို့ရတယ်။ ဒီလိုလည်း ကျွန်တော် မလုပ်သေးဘူး။ ဒီ ချက်လတ်မှတ်တွေကို ကျွန်တော် အများကြီးသုံးမှာမဟုတ်ဘူး။ ကျွန်တော့် အနေနဲ့ ငန်းငန်းတက်လိုချင်နေတဲ့ ပစ်စည်းလည်း မရှိဘူး။ ပြီးတော့ ကျွန်တော်နဲ့ ကျွန်တော့် အမျိုးသမီး တို့ ကွယ်လွန်သွားပြီးတဲ့နောက်ပိုင်းမှာ ဒီချက်လတ်မှတ်တွေ အားလုံးနီးပါးကို ပရဟိတ လုပ်ဖို့ ပေးခဲ့မယ်…(လူဝီ ၁၉၉၇၊ ၁၆၅-၁၆၆)”

နယူးယောက် တိုင်းမ်သတင်းစာ၏ ဆောင်းပါးတစ်ခုတွင် “ဆွေစဉ်မျိုးဆက် ချမ်းသာကြွယ်ဝမှုဆိုတာကို အယုံအကြည်မရှိပါဘူး”… ချမ်းသာကြွယ်ဝတဲ့ပတ်ဝန်းကျင်အသိုင်းအဝိုင်းမှာ မွေးဖွားကြီးပြင်းလာကြတဲ့ ကံကောင်းတဲ့ မျိုးရိုးအဆင့်အတန်း ထဲကသူတွေကို ခေါ်တာမျိုးလေ” ဟု Warren ဘတ်ဖတ် ပြောခဲ့သည်။ ဘတ်ဖတ် က ဈေးကွက်စီးပွားရေးနဲ့ ပက်သက်၍ သူ၏ ယုံကြည်မှုဖြစ်သည့် ချမ်းသာတဲ့သူတွေဟာ သူတို့ရဲ့ အစွမ်းအစတွေအတွက် အပိုထပ်ဆောင်းတဲ့ အကျိုးအမြတ်တွေ ရရှိတယ် ဆိုတဲ့ ယုံကြည်မှုကို အကြိမ်ကြိမ်ရေးသားခဲ့သည်။

“ဈေးကွက်စီးပွားရေး ဟာ ပါဝင်ပက်သူတွေကို တချို့သော တစ်ဖက်စောင်းနင်း အကျိုးအမြတ်တွေကိုလဲ ဖန်တီးပေးတတ်တယ်…အသံကြိုး၊ ကိုယ်ခန်ဓာ တည်ဆောက်ပုံ၊ ရုပ်ပိုင်းဆိုင်ရာ ခွန်အားရှိမှု၊ ဒါမှမဟုတ် စိတ်ပိုင်းဆိုင်ရာ စွမ်းအားတွေကို  မှန်ကန်စွာနဲ့ အစွမ်းအစရှိရှိ အသုံးချနိုင်မယ်ဆိုရင် မြောက်မြားလှစွာသော ငွေကြေးပိုင်ဆိုင်မှုတွေ (စတော့ရှယ်ယာ၊ ဘွန်း(ငွေကြေးစာချူပ်)တွေ၊ နဲ့ အခြားပုံစံနဲ့ အရင်းအနှီးတွေ) ကို အထပ်လိုက် ရရှိ နိုင်တယ်။ ကြွယ်ဝချမ်းသာနေတဲ့ ဘိုးဘေးဘီဘင် တွေကို ရွေးချယ်နိုင် ခဲ့တယ် ဆိုရင်တော့ ဘဝတစ်လျှောက်လုံး ဒီအထောက်အပံ့တွေလိုမျိုး မွေးလာတာနဲ့ ရလာနိုင်တယ်..တကယ်လို့ အမှန်တကယ် ရင်းနှီးမြှပ်နှံမှု ဘာမှမရှိပဲ ကြီးမားတဲ့ ထွက်ကုန်တွေကို ဒီလိုမျိုး ချမ်းသာတဲ့ လူတွေဆီကနေ ပုံအောပြီးလောင်းကြေးထပ် ကစားတတ်တဲ့ ညဏ်မရှိပဲ အလုပ်ကိုသဲကြီးမဲကြီး ကြိုးစားတတ်တဲ့ လူတွေဆီကို ခွဲဖြာပြီး အညီအမျှ ချမ်းသာအောင်လုပ်နိုင်ခဲ့ရင်.. နတ်ဘုရားတွေရဲ့  အရေးယူမှုခံရမယ့် အန္တရာယ်ရှိလို့  ညီမျှတဲ့ ကမာ်ဘကြီး လုပ်လို့ မဖြစ်နိုင်ဘူးဆိုတဲ့ ပြောကြားချက်တွေ ရပ်သွားနိုင်တယ်….

သားသမီးများကို သူချမ်းသာကြွယ်ဝသမျှ ပိုင်ဆိုင်မှုအတော်များများကို ပေးခဲ့မည် မဟုတ်ပေ။ စည်းစိမ်ချမ်းသာတွေကို မျိုးဆက်တစ်ခုပြီး တစ်ခု လွှဲပြောင်းခြင်းကို ဆန့်ကျင်တဲ့ သဘောကို ရည်ညွှန်းခဲ့တဲ့ အတိတ်က ပြောခဲ့သမျှ နဲ့ထပ်တူကျအောင် ဤကဲ့သို့ လုပ်ခြင်း ဖြစ်သည်။ “ကျွန်တော့်ရဲ့ သားသမီးတွေကို လုံလောက်ရုံလောက်ပဲ အမွေပေးခဲ့မယ်၊ သူတို့အနေနဲ့ စိတ်ကြိုက် ဘာမဆို လုပ်လို့ရတယ်လို့ ခံစားရတဲ့ အထိပေးခဲ့မယ်၊ ဒါပေမယ့် ဘာမှ လုပ်စရာ မလိုတော့ဘူးလို့ ခံစားရတဲ့အထိတော့ မများစေရဘူး..” လို့ ဘတ်ဖတ် က တစ်ခါပြောဖူးသည်။ ၂၀၀၆ ဇွန်လတွင် သူ့ပိုင်ဆိုင်တဲ့ပစ္စည်းဥစ္စာတွေကို ပရဟိတလုပ်ငန်းတွေ ကို လှူဒါန်းမယ်လို ့ကြေညာခဲ့တယ် ၈၃% ကိုတော့ Bill Gates ရဲ ့ Bills & Melinda Gates Foundation ကိုလှူဒါန်းမှာဖြစ်တယ်။ Berkshire Hathaway ၏ ၁ဝ မီလီယံ ဒေါ်လာ ခန့် တန်ကြေးရှိ “ဘီ” အဆင့်အတန်းရှိ အာမခံရှယ်ယာ ကို Bill & Melinda Gates Foundation သို့ ပေး ခဲ့ရာ ( ၂၀၀၆ ဇွန် ၂၃ တွင် ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၃၀.ရ ဘီလီယံ တန် နေပြီး ဖြစ်သည့်အတွက် ) ကမ္ဘာ့အကြီးဆုံး ပရဟိတ လှုဒါန်းသည့် အဖွဲ့အစည်း အဖြစ် သမိုင်းတွင်စေခဲ့သည်။ ဘတ်ဖတ် လည်း ပရဟိတပြုလုပ်သူ အရင်းရှင် လုပ်ငန်းရှင် အဖြစ် သမိုင်းဝင်သွားခဲ့သည်။ ၂၀၀၆ မှစ၍ နှစ်စဉ် ဇူလိုင်လတိုင်း၌ တစ်နှစ်ပတ်လုံး စုစုပေါင်း အလှူငွေ၏ ၅% ကို ဖောင်ဒေးရှင်းအနေနှင့် ရရှိနေမည် ဖြစ်သည်။ (သိသာထင်ရှားသည်မှာ ထို အာမခံရှယ်ယာသည် ဖောင်ဒေးရှင်း၏ တစ်နှစ်စာ လှူဒါန်းခြင်း အခြေအနေ အရ ဖြစ်သော်လည်း ၂၀၀၉ အစပိုင်းတွင် ဘတ်ဖတ် ၏ ယင်းလက်ဆောင်ရှယ်ယာသည် ဖောင်ဒေးရှင်း၏ အသားတင် အရင်းအနှီးရဲ့ ၅% ကို ရရှိတဲ့ အပြင် ယင်းငွေကြေးပမာဏသည် ပြီးခဲ့သည့်တစ်နှစ်လုံးစာ လှူဒါန်းခဲ့သည့်တန်ဖိုးနှင့် အနည်းဆုံး ညီမျှသည်။

ဖောင်ဒေးရှင်းနှင့်ပက်သက်၍ ရင်းနှီးမြှပ်နှံမှုများနှင့် ပက်သက်ပြီး တက်ကြွစွာပါဝင်ဆောင်ရွက်ရန် စီစဉ်မထားခဲ့သော်လည်း ဘတ်ဖတ် သည် ဂိတ်စ်ဖောင်ဒေးရှင်း၏ အုပ်ချူပ်ရေးအဖွဲ့ဝင် အဖြစ်လည်း ဝင်ခဲ့သည်။ ၎င်းအဖြစ်အပျက်သည် ၎င်းချမ်းသာကြွယ်ဝသမျှကို သူ၏ ဘတ်ဖတ် ဖောင်ဒေးရှင်း၌ပင်ထားခဲ့မည် ဟူသော ယခင်က ပြောခဲ့သည်များနှင့် သိသိသာသာ ပြောင်းလဲသွားခြင်းပင်ဖြစ်သည်။ သူ့ဇနီး၏ ဒေါ်လာ ၂.၆ ဘီလီယံတန်ဖိုးရှိ များပြားလှတဲ့ အိမ်ရာခြံမြေတွေကို ၂၀၀၄ ခုနှစ် သူမသေဆုံးတဲ့ အချိန်မှာ ထိုအဖွဲ့အစည်းကို လှူဒါန်းခဲ့သည်။

၂၀၀၂ ခုနှစ်ကတည်းက အကြံပေးအရာရှိ အဖြစ်လုပ်ကိုင်ခဲ့သည့်နေရာ ဝါရှင်တန်ရှိ နျူကလီယား လက်နက် တိုက်ဖျက်ရေးအစီအစဉ် အတွက် မတည်ငွေ ဒေါ်လာသန်း ၅ဝ ကတိပြု လှူဒါန်းခဲ့သည်။ Girls Inc အဖွဲ့ ရန်ပုံငွေမြင့်တင်ရန်အတွက် သူ၏ ဇိမ်ခံကားတစီးဖြစ်သော 2001 Lincoln Town Car ကို eBay မှ တဆင့် လေလံတင်ရောင်းချခဲ့သည်။(၁၁၀) ၂၀၀ရ တွင် သူနှင့်အတူနေ့လယ်စာစားခွင့်ကို လေလံတင်ခဲ့ရာ နောက်ဆုံးဈေး ဒေါ်လာ ၆၅၀,၁၀ဝ ရရှိခဲ့ပြီး ပရဟိတအဖွဲ ့အစည်းတခုအတွက် ရန်ပုံငွေ မြင့်တင်နိုင်ခဲ့သည်။

၂၀၀၈ ဇွန် ၂၇ တွင် Pure Heart China Growth Investment Fund အဖွဲ့မှ General Manager Zhao Danyang သည် ၅ရက် တိုင်တိုင် အင်တာနက်တွင် ပြုလုပ်သော “ Power Lunch with Warren ဘတ်ဖတ်” ပရဟိတ လေလံပွဲတွင် နောက်ဆုံးဈေး ဒေါ်လာ ၂,၁၁၀,၁၀ဝ ဖြင့် အနိုင်ရရှိခဲ့သည်။ လေလံပွဲမှ ရရှိသော အမြတ်အစွန်းကို San Francisco Glide Foundation သို့အကျိုးပြုလှူဒါန်းခဲ့သည်။

နောက်တနှစ်တွင် Toronto အခြေစိုက် Salida Capital မှ အလုပ်အမှုဆောင်အရာရှိသည် ဘတ်ဖတ် နှင့် ညစာစားခွင့် အတွက် အမေရိကန် ဒေါ်လာ ၁.၆၈ သန်း ပေးခဲ့သည်။ ၂၀၁ဝ တွင် Fortune မဂ်ဂဇင်း ဝက်ဘ်ဆိုက်သို့ပေးပို့သည့် စာတွင် ဘတ်ဖတ် က ငါကျင်လည်နေတဲ့ ဈေးကွက်စီးပွားရေးစနစ် ကြောင့် ငါ့ရဲ့ ကံဇာတာက အရှိုန်တက်လာခဲ့တယ် … တခါတလေ ငါ့အတွက်အဆုံးအရှုံးရလဒ် ရှိပေမယ့်လို့ အဲ့ဒါဟာ တနိုင်ငံလုံးအတွက်တော့ အကျိုးရှိစေတယ်…ဒီစီးပွားရေးစနစ်ဟာ စစ်မြေပြင်မှာ တိုက်ခိုက်နေတဲ့အချိန် အခြားသူတွေရဲ့ဘဝကို ကယ်တင်ပေးတယ် ဆိုရင် ဆုတံဆိပ် ပြန်ပေးတယ်.. မိဘတွေရဲ့ ကျေးဇူးတင်စာ တွေကို ဆုလာဘ်အဖြစ် စာသင်တော်တဲ့ ဆရာ တွေကို ပေးတယ်…ဒါပေမယ့် အာမခံ ပစ်စည်းတွေနဲ့ပက်သက်လို့ တန်ဖိုးမှားယွင်းသတ်မှတ်တာကို ထောက်လှမ်းနိုင်တဲ့ သူတွေကိုလည်း ပေါင်းခြင်းစုစုပေါင်းတန်ဖိုး ဘီလီယံ များစွာလောက်ထိ ရောက်သွားစေတဲ့အနေနဲ့ ဆုလဒ်ပေးတယ်.. အတိုပြောရရင်..ကောက်ရိုးမျှင်ရှည်တွေကို လှမ်းရတဲ့အခါမှာ ကံတရားရဲ့ မျှဝေပေးထားချက်က ဆိုးဆိုးဝါးဝါး ကို ပြောင်းလဲလွယ်ပြီး မတည်တံ့တဲ့ သဘောရှိတယ်…. “ပြောင်းလဲလွယ်တဲ့သဘောရှိတဲ့” စီးပွားရေးဟာ ဒါနလိုအပ်တယ် ..ဟု ဘတ်ဖတ် ကပြောခဲ့သည်။ ဘီလ်ဂိတ်စ်နှင့် ပူးပေါင်း ၍ အခြားသော ချမ်းသာကြွယ်ဝသည့် ပုဂ္ဂိုလ်များအား ၎င်းတို့၏ ချမ်းသာမှုအချို့ကို လှူဒါန်းရန် ရည်ရွယ်ချက်ဖြင့် စုထားကြရန် အဆိုပြုချက်တင်သည့်အခါက ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။ ၂၀၁ဝ ဩဂုတ်လတွင် ဘတ်ဖတ် နှင့် Gates တို့သည် “ဒါန အာမခံ” ကို ဦးဆောင်ခဲ့ကြရာ လူချမ်းသာများအား သူတို့ ပိုင်ဆိုင်မှု၏ ၅၀% နှင့် ထို့ထက်ပိုသည့် ပမာဏကို ဒါနအတွက် ထားရှိရန် ဖိတ်ခေါ် နိုင်ခဲ့ကြသည်။

လူထုတွင်းရေပန်းစားမှု[ပြင်ဆင်ရန်]

ဘတ်ဖတ်’s ရဲ့မိန့်ခွန်းတွေဟာ စီးပွားရေးဆိုင်ရာ အကြံပေးချက်တွေနဲ ့ ဟာသကို ရောနှောထားလို ့လူသိများထင်ရှား သည်။ Berkshire Hathaway ၏ နှစ်ပတ်လည်ရှယ်ယာရှင်များအစည်းအဝေးကို နှစ်စဉ် နှစ်တိုင်း Nebraska, Omaha ရှိ Qwest Center တွင် ဘတ်ဖတ် မှ ဦးဆောင်ပြီး ကျင်းပလေ့ရှိသည်။ အမေရိကန်နှင့် နိုင်ငံတကာမှ တက်ရောက်သူ ၂၀,၀၀ဝ ကျော်ရှိပြီး ထိုအစည်းအဝေးပွဲကို Woodstock of Capitalism ဟု နာမည်ပြောင်ဖြင့် ခေါ်ဝေါ်ကြသည်။ Berkshire ၏ နှစ်ပတ်လည်အစီရင်ခံစာများ၊ ရှယ်ယာရှင်များသို့ပေးသောစာများကို ဘတ်ဖတ် ကိုယ်တိုင်စီစဉ်ရေးသားပြီး ဘဏ္ဍာရေးသတင်းများတွင် မကြာခဏဆိုသလို ပါဝင်လေ့ရှိသည်။ ဘတ်ဖတ် ရေးသောစာများတွင် ရယ်မောစရာဟာသများ၊ ကိုးကားချက်များ၊ ဆိုရိုးစကားများပါဝင်ပြီး ထို်ကိုးကားချက် များမှာ သမာကျမ်းစာမှစပြီး အမေရိကန် ပြည်ထောင်စု အလယ်ပိုင်းမှ အကြံပေးစာများအထိ စာအုပ်များမှ ထုတ်နုတ်ရေးသားထားခြင်းဖြစ်သည်။

ဘတ်ဖတ် နှင့် ဆေးရွက်ကြီး[ပြင်ဆင်ရန်]

၁၉၈ရ RJR Nabisco, Inc မှ ခေါင်းဆောင်လွှဲပြောင်းရယူရေး အတွက် အပြင်းအထန် တိုက်ပွဲ အတွင်း တွင် ဘတ်ဖတ် က John Gutfreund ကို ပြောခဲ့သည်မှာ… စီးကရက်ထုတ်လုပ်တဲ့လုပ်ငန်းကို ဘာလို့ ငါကြိုက်လဲ ဆိုတာ ငါမင်းကို ပြောပြမယ်….သူ့ရဲ့ ထုတ်လုပ်ကုန်ကျစရိတ်က တစ်ပဲနိလောက်ပဲကုန်တယ်။ ရောင်းတဲ့ အခါမှာတော့ တစ်ဒေါ်လာရတယ်။ စီးကရက်က စွဲလဲစွဲတယ်။ ပြီးတော့ တံဆိပ်စွဲတဲ့အကျင့်လဲ ရှိတယ်။

—Barbarians at the Gate: The Fall of RJR Nabisco စာအုပ်တွင် ဘတ်ဖတ် ၏ ပြောကြားချက်ကို ကောက်နုတ်ဖော်ပြထားသည်။ Berkshire Hathaway အင်ကော်ပိုရေးရှင်း ၏ ၁၉၉၄ ခုနှစ် နှစ်ပတ်လည် အစည်းအဝေးတွင် ပြောကြားရာတွင် ဘတ်ဖတ် က ဆေးရွက်ကြီးလုပ်ငန်းတွေမှာ ရင်းနှီးမြှပ်နှံတာဟာ လူ့အဖွဲ့အစည်းရဲ့ အကျင့်စရိုက်များ နဲ့ပက်သက်ပြီး မေးစရာတွေ အများကြီးကို ပြန်လည်တိုက်ခိုက်ချေပ ဖို့လိုသလို လက်ရှိအာဏာရ အုပ်ချူပ်သူ အဖွဲ့အစည်းများနှင့် လည်း ပြောစရာတွေ ရှိလာနိုင်တယ်။ ကျွန်တော့်ရဲ့ အသားတင်ရင်းနှီးမြှပ်နှံမှုတွေရဲ့ % အတော်များများကို ဆေးရွက်ကြီး လုပ်ငန်းတွေမှာ မထားချင် ပါဘူး။ စီးပွားရေးအရတော့ တွက်ချေကိုက်ပါတယ်.. ဒါပေမယ့် အလားအလာကောင်းတဲ့ လုပ်ငန်းရင်းနှီးမြှပ်နှံမှုတော့ မဟုတ်ဘူး..။ —Berkshire Hathaway အင်ကော်ပိုရေးရှင်း ၏ ၁၉၉၄ ခုနှစ် နှစ်ပတ်လည် အစည်းအဝေးမှ ပြောကြားချက်။

ဘတ်ဖတ် နှင့် ကျောက်မီးသွေး[ပြင်ဆင်ရန်]

၂၀၀ရ သူ၏ MidAmerican စွမ်းအင် ကုမ္ပဏီအား အထောက်အပံ့ပေးနေသော ဘတ်ဖတ် ၏ ပစိဖိတ် ကော်ပိုရေးရှင်း မှ ကျောက်မီးသွေးလောင်စာစွမ်းအင်သုံး စက်ရုံ ၆ ရုံ တည်ဆောက်မည့် အစီအစဉ်ကို ငြင်းပယ်ခဲ့သည်။ ၎င်းတို့မှာ ယူတာပြည်နယ်၏ တောင်ကြား စွမ်းအင် ပရောဂျက် အမှတ် ၃၊ Jim Bridger အမှတ် ၅၊ နှင့် ကျန်လေးခုမှာ ပစိဖိတ် ကော်ပိုရေးရှင်း မှ ဦးဆောင်လုပ်ကိုင်နေသည့် သဘာဝအရင်းအမြစ် အစီအစဉ်များ ဖြစ်သည်။ ထိုသို့ငြင်းပယ်လိုက်ပြီးနောက် Salt Lake City ကော်မာရှယ် အိမ်ခြံမြေ အကျိုးဆောင် Alexander Lofft မှ ဘတ်ဖတ် ထံသို့ တိုက်ရိုက် ရည်ညွှန်း၍ အသနားခံလွှာရေးခြင်းများ ပေါင်းပြီး ဥပဒေ ကျွမ်းကျင်သူများနှင့် နိုင်ငံသားအုပ်စုများအား လှုပ်နှိုးလိုက်သကဲ့သို့ ဖြစ်သွားခဲ့သည်။ ဘတ်ဖတ် ထံသို့ ၁၆၀ဝ သော အသနားခံစာများတွင် သူတို့ကို သူတို့ “Utah ရဲ့ မိတ်ဆွေအပေါင်းအသင်းများနဲ့ ဖောက်သည် အသစ်များဖြစ်ကြတဲ့…. နိုင်ငံသားအစုအဝေး၊ လုပ်ငန်းပိုင်ရှင်များနှင့် မန်နေဂျာများ၊ ကျွမ်းကျင် အတတ်ပညာရှင်ဝန်ထမ်းများ၊ အစိုးရဝန်ထမ်းများ နှင့် အဖွဲ့အစည်းများ၏ ကိုယ်စားလှယ်များဟာ ဒီမှာ ရောက်နေကြပါပြီ။” သူတို့၏ အမြင်တွင် Utah ၏ ကျောက်မီးသွေး ထုတ်လုပ်မှု ကို ဘယ်လောက်ကလေးပဲ ထပ်ပြီးချဲ့ချဲ့ “ငါတို့ရဲ့ကျန်းမာရေးကို အပေးအယူအနေနဲ့ ပေးလိုက်ရတော့မယ်၊ ငါတို့ရဲ့ သဘာဝမြင်ကွင်းတွေကို ပိတ်လိုက်တော့မယ်၊ သေက်ရေသုံးရေ အရင်းအမြစ်တွေကို နည်းပါးသွားစေပြီး ညစ်ညမ်းစေအုံးမယ်၊ ပြီးတော့ ငါတို့ အချစ်ရဆုံး စနိုးကွင်းပြင်တွေကို ပါးလွှာစေတော့မယ်၊ အချူပ်ပြောရရင်တော့ “နေထိုင်ဖို့အတွက်ရော၊ အလုပ်လုပ်ဖို့အတွက်ရော စွဲဆောင်မှုရှိတဲ့ ငါတို့ရဲ့ ဒီနေရာလေးဟာအခုတော့ အန်တရာယ်ရှိနေပြီ၊ အဲ့ဒီတော့ အဓိက မြေအောက်ဧရိယာ ဖြစ်တဲ့အတွက် စီးပွားရေးအရ ယှဉ်ပြိုင်နိုင်စွမ်းရှိတဲ့ နေရာတစ်ခု၊ ပြည်နယ်တစ်ခု ဖြစ်တဲ့အတွက် ငါတို့ရဲ့လက်ရှိ အကျိုးအမြတ်ဝင်ငွေတွေနဲ့ အဖိုးတန်သဘာဝ အနှစ်သာရ တန်ဖိုးတွေကို လဲလိုက်ရတော့မယ်” ဟူ၍ ရှင်းပြထားသည်။

ကာလမမြစ်[ပြင်ဆင်ရန်]

အမေရိကန်-အိန္ဒိယ လူမျိုးစုတွေနဲ့ ဆော်လမွန် ငါးဖမ်းသမားတွေ ကတော့ ကာလမ မြစ်မှာ ဆောက်လုပ်မဲ့ ဟိုက်ဒရို အီလက်ထရစ် ဆည် ကြီးလေးခု ကို ဖယ်ရှားဖို့ အဆိုပြုချက်တင်ရန် ဝါရင် ဘတ်ဖတ် ဆီက ထောက်ခံမှုရရှိခဲ့ကြ သည်။

ကုန်သွယ်မှု လိုငွေပြမှု[ပြင်ဆင်ရန်]

ကုန်သွယ်မှု လိုငွေပြမှုကို တိုးတိုးလာစေတာဟာ အမေရိကန်ပြည်ထောင်စုရဲ့ အမေရိကန်ဒေါ်လာ နဲ့ တခြားအမေရိကန် ရင်းနှီးမြှပ်နှံစရာ ပစ္စည်းတွေကို တမင်တန်ဖိုးချဖို့ အလားအလာ ဖြစ်ရမယ် လို့ ဘတ်ဖတ် က မြင်သည်။ အမေရိကန် ရင်းနှီးမြှပ်နှံစရာပစ္စည်းတွေရဲ့ ပိုင်ဆိုင်မှုအတော်များများကို နိုင်ငံခြားသားတွေရဲ့ လက်ထဲမှာ ထား ထားခြင်းရဲ့ နောက်ဆုံးရလဒ် အဖြစ် အမေရိကန်ဒေါ်လာ တန်ဖိုးဟာ ရေရှည်မှာ ကျလာလိမ့်မယ် လို့ သူက ယုံကြည်သည်။ ၂၀၀၅ မတ်လ ရှယ်ယာပိုင်ဆိုင်သူများထံသို့ ပေးစာတွင် Warren ဘတ်ဖတ် က ခန့်မှန်းထားသည်မှာ နောက်ဆယ်နှစ်ကြာပြီးရင် အမေရိကန်ရဲ့ အသားတင် ပိုင်ဆိုင်မှု မှာ အပြင်ကလူများအနေနဲ့က ၁၁ ထရီလီယံ ဒေါ်လာထိ ရှိနေလိမ့်မယ် ဟူ၍ ဖြစ်သည်။

အမေရိကန်များ……ဟာ နိုင်ငံခြားက ကြွေးရှင်တွေ၊ ပိုင်ရှင်တွေ ကို အမြဲမပြတ် ချီးကျူးထောပနာ ပြုနေရတဲ့ အနေအထားကို ကြာရင် စိတ်ပျက် ညည်းငွေ့လာကြလိမ့်မယ်။ “လုပ်ငန်းပိုင်ဆိုင်သူများ လူ့အဖွဲ့အစည်း” ကို ပြင်းပြတဲ့ ဆန္ဒရှိတဲ့ တိုင်းပြည်ဟာ ပျော်စရာဆိုတာကို ရှာလို့တွေ့တော့မှာ မဟုတ်ပါဘူး.. အဲ့ဒါကို ကျွန်တော်က သေချာ ထောက်ပြချင်တဲ့ ရည်ရွယ်ချက်နဲ့ ချဲ့ကားသုံးနှုန်းပြီး “ရှယ်ယာလုပ်ကိုင်သူများ လူ့အဖွဲ့အစည်း” မှာ လို့ သုံးပါမယ် လို့ သူက ရေးသားခဲ့သည်။ စာရေးဆရာ Ann Pettifor က သူ့ရဲ့ ဆိုလိုရင်းကို သူမရဲ့ ဝတ္ထုတွေမှာ ယူသုံးပြီး “သူမှန်တယ်။ အခုချိန်မှာကျွန်မတို့ အနေနဲ့ အကြောက်ရဆုံး ဖြစ်နေရ မယ့် အရာက ဘဏ်တွေနဲ့ ရင်းနှီးမြှပ်နှံမှု အဖွဲ့အစည်းတွေ ပြိုလဲခြင်းကိစ်စရပ်လောက် မဟုတ်သလို နိုင်ငံတကာ ငွေကြေး အဆောက်အအုံကြီး ပြိုလဲသွားမယ့်ကိစ်စလဲ မဟုတ်ပါဘူး ဒါပေမယ့် “ရှယ်ယာ လုပ်ကိုင်သူများ လူ့အဖွဲ့အစည်း” ကြီး ရဲ့ ကျဆုံးခြင်းမှာတော့ ဒေါသ အကြီးအကျယ်ထွက်ရတော့မယ်။

ဒေါ်လာဈေးနှင့် ရွှေဈေး ဒေါ်လာဈေးနှင့် ရွှေဈေး ကြောင့် ၂၀၀၂ တွင် ပထမဆုံးအကြိမ်အဖြစ် နိုင်ငံခြားငွေကြေး ဈေးကွက်သို့ ဝင်ရောက်ဖြစ်ခဲ့ခြင်းဖြစ်သည်။

သို့သော် အတိုးနှုန်းများ ပြောင်းလဲမှုကြောင့် လက်ရှိငွေကြေးစာချူပ်များ၏ တန်ဖိုးများ မြင့်တက်သွားသောကြောင့် ၂၀၀၅ တွင် သူ၏ ရှယ်ယာတန်ဖိုးကို အများအပြား လျော့ချခဲ့သည်။ 

ဘတ်ဖတ် က ဒေါ်လာဈေးကို ဆက်လက်ကျရိပ်ရှိနေစေချင်သည်။ အမေရိကန်ပြည်ထောင်စု ရဲ့ ပြင်ပကနေ အမြတ်ငွေအများအပြားရရှိနိုင်မယ့် ကုမ္ပဏီတွေကို တည်ထောင်စေချင်တယ် ဟု သူက ပြောသည်။ ၁၉၉၈ ခုနှစ် ဟားဗတ် တွင် ဘတ်ဖတ် အမေရိကန်ဒေါ်လာ နှင့်ပက်သက်၍ “ရွှေအဆင့်ဒေါ်လာအား အသုံးဝင်မှု မရှိသော ရှုထောင့်မှကြည့်ခြင်း” ကို အားစိုက်လေ့လာခဲ့သည်။ အာဖရိက သို့မဟုတ် အခြားသော ရွှေများ တူးဆွရမည်။ နောက် ရလာတဲ့ ရွှေကို အရည်ဖျော်ပြီး နောက်တစ်တွင်း ထပ်တူး၊ ပြီးရင်ပြန်မြှပ် ပြန်ရော၊ တစ်ခါ တွင်းနားမှာ လူတွေကို ပိုက်ဆံပေးပြီးစောင့်ခိုင်း ကြတယ်။ အဲ့ဒါတွေ ဘာမှ အသုံးမကျဘူး၊ အင်္ဂါဂြိုဟ်ပေါ်ကနေ တစ်ယောက်ယောက်ကများ ကြည့်နေခဲ့ရင် သူတို့နားမလည်နိုင်ပဲ ခေါင်းကုတ်နေကြလိမ့်မယ်။ ၁၉၇ရ တွင် ဘတ်ဖတ် က စတော့ဈေးကွက်ရွှေဈေးကွက်မြေဈေးကွက်၊ နှင့် အတိုးနှုန်း တို့နှင့်ပက်သက်၍ ပြောသည်မှာ- ငွေကြေးဖောင်းပွမှု ခေတ်မှာ ရှိတဲ့ အားလုံးသော အရည်အသွေးညံ့တဲ့ ရွေးချယ်စရာတွေထဲမှာ စတော့ဈေးကွက်တွေဟာ အကောင်းဆုံး တော့ ဖြစ်နေသေးတယ်- အနဲဆုံးတော့ သင့်တော်တဲ့ ဈေးနှုန်းနဲ့ ဝယ်နိုင်ခဲ့ရင် တန်သွားပြီ။

အခွန်ငွေများ ဗဟိုအစိုးရဆိုင်ရာ အခွန်များအားလုံးအတွက် သူ့ဝင်ငွေ၏ ၁၉% သာပေးခဲ့ကြောင်း တရားဝင်ထုတ်ဖော်ပြောကြားခဲ့သည်။ ( သူတို ့၏ ရှယ်ယာအစုအပေါ်အမြတ်နှင့် ရှယ်ယာပိုင်ဆိုင်မှုကို ရောင်းချ၍ ရသောအကျိုးအမြတ်များကြောင့် ) သူ၏ အလုပ်သမားများမှာတော့.. ပိုပြီးနည်းတဲ့ဝင်ငွေရသော်လည်းပဲ သူတို့ဝင်ငွေအပေါ် ၃၃ % အခွန်ပေးခဲ့ရတယ်။ တခြားတဖက်တွင်လည်း ၂၀၀၈ တွင် ဗဟိုအစိုးရဆိုင်ရာ ကော်ပိုရိတ်ဝင်ငွေခွန် ဒေါ်လာ ၇.၅ ဘီလီယံတွင် Berkshire Hathaway မှဒေါ်လာ ၁.၉ ဘီလီယံပေးခဲ့ရသည်။ (ဗဟိုအစိုးရဆိုင်ရာ အခွန်တမျိုးထဲမှာပင် ၂၆ % ကျော်သည် )

သူပေးရတဲ့ အခွန်အနည်းအကျဉ်းကိုပင် သူအလုပ်သမားများပေးရသည့် အခွန်နှင့်နှိုင်းယှဉ်ပြီးတော့ ဒီကိစ်စက ဘယ်လိုလုပ်တရားမျှတနိုင်မလဲ .. ဟု ဘတ်ဖတ် ကမေးခွန်းထုတ်ခဲ့သည်။ “ဒီကိစ်စက ဘယ်လိုလုပ်အမှန်တရား ဖြစ်နိုင်မလဲ”  ဟု သူကထပ်မံမေးလိုက်သေးသည်။
 

ပစ္စည်းမဲ့လူတန်းစားနဲ ့ အရင်းရှင်သူဌေးတို ့ကြားမှာ တိုက်ပွဆိုတာရှိတယ်.. ကောင်းပြီ .. ဒါပေမဲ့ .. ငါ့အဆင့်အတန်းဖြစ်တဲ့ ချမ်းသာတဲ့လူတန်းစားက စစ်ပွဲတခုပြုလုပ်ခဲ့တယ် .. ပြီးတော့ အဲဒီပွဲမှာ ငါတို ့အနိုင်ရနေတုန်းပဲ….. ဘတ်ဖတ် က အမွေဆက်ခံသူကို အခွန်စည်းကြပ်မှုမျိုးကိုထောက်ခံအားပေးသည်။ အဲဒီဥပဒေကို ရုပ်သိမ်းတာနှင့် ပက်သက်ပြီးတော့ ပြောရမယ်ဆိုရင် .. “၂၀၀ဝ အိုလံပစ်ပြိုင်ပွဲမှာ ရွှေတံဆိပ်ရသူများ၏ အကြီးဆုံးသားများကို ၂၀၂ဝ အိုလံပစ်ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို ့ အတွက် ရွေးချယ်ခဲ့သလိုပဲ ဖြစ်လိမ့်မယ်။ “ လို ့ပြောခဲ့တယ်။ ၂၀၀ရ တွင် ဘတ်ဖတ် သည် အထက်ဥပဒေပြုလွတ်တော်တွင် ဓနရှင်အစိုးရကို ရှောင်ရှားရန်အလို ့ငှာ မြေခွန်ပေးဖို ့အတွက်ကို လေးနက်စွာပြောဆို ငြင်းဆန်ခဲ့သည်။ အချို့သော ဝေဖန်သူများက ဘတ်ဖတ်သည် (Berkshire Hathawayမှတဆင့်) မြေယာခွန်များ နှင့်ပက်သက်၍ ဆက်လက်လုပ်ဆောင်ရာတွင် ပုဂ္ဂိုလ်ရေး အကျိုးစီးပွားရှိကြောင်း ပြောကြသည်။ Berkshire Hathawayသည် ပြီးခဲ့သည့် လုပ်ငန်းများတွင် မြေယာခွန်များမှ အကျိုးများစွာရရှိခဲ့ခြင်း၊ ပိုမိုတိုးချဲ့လုပ်ဆောင်လာနိုင်ခဲ့ပြီး၊ နောက်ပိုင်းမှာ မြေယာခွန် များမပေးရစေရန် အတွက် အာမခံ ဆိုင်ရာမူဝါဒ များနဲ့ပက်သက်၍ မူဝါဒချမှတ်သူများကို သွားရောက်ဈေးညှိုခဲ့ခြင်းတို့ကြောင့် ဖြစ်သည်။ အစိုးရအနေဖြင့် လောင်းကစားလုပ်ငန်း (သို ့မဟုတ်) တရားဝင် ကာစီနိုကစားခြင်းများတွင် ပါဝင်ပက်သက်ခြင်းမျိုး မရှိသင့်ပဲ ထိုအခွန်မျိုးကို လျစ်လျူရှုထားသည့် အခွန်အဖြစ်သတ်မှတ်ရမည့်ဟု ယုံကြည်သည်။

စတော့ရှယ်ယာ အမျိုးမျိုးအား တန်ဖိုး လျှောချခြင်း သူသည် ဝင်ငွေခွန်နဲ့ပက်သက်ပြီး စတော့ တန်ဖိုးလျှော့ချခြင်းကို အခိုင်အမာ ထောက်ခံသူ ဖြစ်သည်။ ၂၀၀၄ ခုနှစ် နှစ်ပတ်လည်အစည်းအဝေးတွင် ဘတ်ဖတ် သည် အမေရိကန် ဥပဒေပြုလွှတ်တော်တွင် ဥပဒေမူကြမ်းတခုကို အကြီးအကျယ်ရှုံ့ချကန့်ကွက်ခဲ့သည်။ ယင်းဥပဒေမူကြမ်းမှာ ကုမ္ပဏီကသတ်မှတ်ထားသည့် အချို့သော စတော့ရှယ်ယာများအား ကုန်ကျစရိတ် များနှင့် အစားထိုးနိုင်မည့် ဥပဒေဖြစ်သည်။ တစ်ဦးတည်းအကျိုးရှိရန် ရည်ရွယ်သည့် ယင်းဥပဒေမူကြမ်းအား အင်ဒီးယားနားပြည်နယ် အောက်လွှတ်တော်အမတ်ထံမှ အတည်ပြုခါနီးဆဲဆဲတွင် Pi တန်ဖိုးကို ၃.၁၄၁၅၉ မှ ၃.၂ သို ့ပြောင်းလဲသတ်မှတ်ရန် ဥပဒေပြုရေး အမိန့်ပြန်တမ်းမှတဆင့် ကန့်ကွက်ခဲ့သည်။ ကုမ္ပဏီတစ်ခုမှ သူ၏အလုပ်သမားများအား သူတို့၏ ဆောင်ရွက်မှုများအတွက် တန်ဖိုးရှိသည့် တစုံတခုကို ပေးသောအခါ ထိုအရာသည် ရှယ်ယာတန်ဖိုးနှင့် အစားထိုးပေးသော ကုန်ကျစရိတ် ဖြစ်သည်မှာ ထင်ရှားသည်။ အကယ်၍ အစားထိုးပေးသော ကုန်ကျစရိတ်သည် ဝင်ငွေစာရင်းရှင်းတမ်းတွင် မသက်ဆိုင်လျှင် ထိုကုန်ကျစရိတ်သည် ကမ္ဘာ့မည်သည့် နေရာနှင့် သက်ဆိုင်၍ အစားထိုးထားခြင်းနည်း။ တရုတ်ပြည်တွင် ရင်းနှီး မြှပ်နှံခြင်း ဘတ်ဖတ် သည် PetroChina Company Limited တွင် ရင်းနှီးမြုပ်နှံခဲ့ပြီး မကြုံစဖူး ဆောင်ရွက်မှုတခုအနေဖြင့် လှုပ်ရှားပြောင်းလဲရေးပြုလုပ်သူများထံမှ ကုမ္ပဏီအား ရပ်ဆိုင်းရန် ပြောဆိုဆက်သွယ်မှုများရှိသော်ငြားလည်း ဘာကြောင့်ရပ်ဆိုင်းမှုမပြုလုပ်သည့် အကြောင်းကို တိုက်ရိုက်ထုတ်လွှင့် အစီရင်ခံချက်တခုအနေဖြင့် Berkshire Hathaway ပိုင် Website တွင် ဖော်ပြထားခဲ့သည်။ ၂၀၀၅ တွင် ဆူဒန်ပြည်တွင်းစစ်နှင့် ပက်သက်ပြီး ထိုကဲ့သို ့သော ဆက်သွယ်ချက်များကြောင့် Harvard အား ကုမ္ပဏီ အဖြစ်မှ ရပ်ဆိုင်းစေခဲ့သည်။ သို ့သော် သူသည် ကုမ္ပဏီရှိသူ၏ ရင်းနှီးမြုပ်နှံမှုများကို သိပ်မကြာခင်မှာပင် ထုတ်ရောင်းခဲ့ပြီးနောက် ၂၀၀၈ နွေရာသီ အစောပိုင်း တွင် ရေနံဈေးထိုးကျသည့်အခြေအနေတွင် ရောက်ခဲ့သောကြောင့် သူ၏ ထိုကုမ္ပဏီတွင် ပိုင်ဆိုင်သည့် ဘီလီယံဒေါ်လာပေါင်းမြောက်မြားစွာ ဆုံးရူံးရမည့်အရေးမှ လွတ်ကင်းခဲ့ရသည်။ ၂၀၀၈ အောက်တိုဘာတွင် လျှပ်စစ် မော်တော်ကားများထုတ်လုပ်သည့် BYD Auto ကုမ္ပဏီ၏ လုပ်ငန်းခွဲတခုဖြစ်သော စွမ်းအင်အသစ်သုံး မော်တော်ကားထုတ်လုပ်မှုလုပ်ငန်း လုပ်ကိုင်သည့် BYD Company တွင် ရှယ်ယာ ၁၀% အတွက် ဒေါ်လာသန်း ၂၃ဝ ဖိုးရင်းနှီးမြုပ်နှံခဲ့သည်။ တနှစ်မပြည့်ခင်မှာပင် ထိုရင်းနှီးမြုပ်နှံမှုလုပ်ငန်းမှ အမြတ် ၅၀၀% ပြန်လည် ခံစားခွင့်ရခဲ့သည်။

ဘတ်ဖတ် အကြောင်းရေးသားထားသော စာအုပ်များ Warren ဘတ်ဖတ် ၏ အကြောင်းနှင့် သူ၏ ရင်းနှီးမြုပ်နှံမှု နည်းဗျူဟာများအကြောင်းကို စာအုပ်ပေါင်းမြောက်မြားစွာရေးသားခဲ့ သည်။ ၂၀၀၈ အောက်တိုဘာတွင် USA Today မှ “ Warren ဘတ်ဖတ် ၏ နာမည်ဖြင့် စာအုပ်အနည်းဆုံး ၄ရ အုပ်ခန် ့ထုတ်ဝေပြီး ပြီဖြစ်ကြောင်း ” ထုတ်ပြန်ကြေညာခဲ့သည်။ ထိုစာအုပ်တွင် Borders Books မှ CEO George Jones က “ထိုကဲ့သို ့ကျော်ကြားပြီး ရှင်သန်လျက်ရှိသော ပုဂ္ဂိုလ်များအကြောင်း စာအုပ်ပေါင်းများစွာ ရိုက်နှိပ်ထုတ်ဝေခဲ့ရာတွင် အမေရိကန် သမ္မတများ၊ ကမ္ဘာ့ပေါ်ရှိ နိုင်ငံရေးနှင့် သက်ဆိုင်သည့် အဓိကပုဂ္ဂိုလ်လ်များနှင့် တိဘက်မှဘုန်းတော်ကြီး ဒလိုင်လားမား တို ့အကြောင်းများပါဝင်သည်” ဟုအကိုးအကားဖြင့် ရေးသားထားခဲ့သည်။ သူ၏ ကိုယ်ပိုင် အကြိုက်အနှစ်သက်ဆုံး ကိုယ်ရေး အတ္ထုပတ္တိစာအုပ်မှာ သူ၏ စာတမ်းတိုများကို စုစည်းထုတ်ဝေသော ဝါရင်ဘတ်ဖတ်၏ အက်ဆေးများ (၁၃၈) ဟူသော စာအုပ်ဖြစ်ပြီး ထိုစာအုပ်တွင် ဝါရင်ဘတ်ဖတ်၏ နှစ်ပတ်လည်အစီရင်ခံစာများမှ ထုတ်နုတ်ထားသော အတွေးအခေါ်များကို လွယ်ကူရှင်းလင်းသော အစီအစဉ်ဖြင့် Larry Cunningham မှ ပြင်ဆင်တည်းဖြတ် ရေးသားထားသည်ဟု ဖော်ပြထားသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. https://mizzimaburmese.com/article/71439