မာတိကာသို့ ခုန်သွားရန်

ပစိဖိတ် သမုဒ္ဒရာ

ဝီကီပီးဒီးယား မှ
Pacific Ocean
Map of the Pacific Ocean
ကိုဩဒိနိတ်0°N 160°W / 0°N 160°W / 0; -160ကိုဩဒိနိတ်: 0°N 160°W / 0°N 160°W / 0; -160
မျက်နှာပြင် ဧရိယာ၁၆၅,၂၅၀,၀၀၀ km2 (၆၃,၈၀၀,၀၀၀ sq mi)
ပျမ်းမျှအနက်၄,၂၈၀ m (၁၄,၀၄၀ ft)
အနက်ဆုံး အနက်အရှိုင်း၁၀,၉၁၁ m (၃၅,၇၉၇ ft)
ရေထုထည်၇၁၀,၀၀၀,၀၀၀ km3 (၁၇၀,၀၀၀,၀၀၀ cu mi)
ကျွန်းများကျွန်းများစာရင်း

ပစိဖိတ်သမုဒ္ဒရာသည် ကမ္ဘာပေါ်တွင် အကြီးမားဆုံး သမုဒ္ဒရာဖြစ်သည်။ ၎င်း၏အမည်မှာ လက်တင်ဘာသာ Mare Pacificum မှဆင်းသက်လာပြီး "ဆိတ်ငြိမ်သောပင်လယ်"ဟု အဓိပ္ပာယ်ရသည်။ ပစိဖိတ်သမုဒ္ဒရာသည် မြောက်ဘက် အာတိတ်စက်ဝိုင်းမှ တောင်ဘက် အန္တာတိကတိုက်အထိ ကျယ်ဝန်းသည်။ အနောက်ဘက်တွင် အာရှတိုက်နှင့် ဩစတြေးလျတိုက်၊ အရှေ့ဘက်တွင် အမေရိကတိုက်တို့ တည်ရှိသည်။

ပစိဖိတ်သမုဒ္ဒရာသည် စတုရန်း ကီလိုမီတာ ၁၆၉.၂ သန်း (စတုရန်းမိုင် ၆၅.၃ သန်း) ကျယ်ဝန်းပြီး ကမ္ဘာ့သမုဒ္ဒရာကြီးများအနက် အကြီးမားဆုံး ဖြစ်သည်။ ကမ္ဘာ့ရေမျက်နှာပြင်၏ ၄၆ % ရှိကာ ကမ္ဘာ့မျက်နှာပြင် တခုလုံး၏ ၃၂ % ရှိသည်။ ကမ္ဘာပေါ်ရှိ ကုန်းမြေအားလုံး စုစုပေါင်းထက် ပိုမိုကျယ်ဝန်းသည်။ []

အီကွေတာသည် ၎င်းအား မြောက်ပစိဖိတ်သမုဒ္ဒရာ နှင့် တောင်ပစိဖိတ်သမုဒ္ဒရာ အဖြစ် နှစ်ပိုင်းခွဲထားသည်။ [] မြောက်ပစိဖိတ်သမုဒ္ဒရာ၏ အနောက်ပိုင်းတွင် တည်ရှိသည့် မာရီယာနာချောက် (Mariana Trench) သည် ၁၀၉၁၁ မီတာ (၃၅၇၉၈ ပေ) နက်ရှိုင်းပြီး ပစိဖိတ်သမုဒ္ဒရာတွင် လည်းကောင်း ကမ္ဘာပေါ်တွင် လည်းကောင်း အနက်ရှိုင်းဆုံး ချောက်တခုဖြစ်သည်။ []

ပစိဖိတ်သမုဒ္ဒရာ ပတ်လည်ရှိ နိုင်ငံနှင့် ဒေသများ

[ပြင်ဆင်ရန်]

ကျမ်းကိုး

[ပြင်ဆင်ရန်]
  1. "Pacific Ocean 19 December 2007 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး .". Encyclopædia Britannica 2006. Chicago: Encyclopædia Britannica, Inc.
  2. International Hydrographic Organization (IHO) Special Publication 23, Limits of Oceans and Seas 7 October 2009 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး ., 3rd edition (1953)
  3. Japan Atlas: Japan Marine Science and Technology Center။ 2007-07-04 တွင် ပြန်စစ်ပြီး။