လင်းသက်
လင်းသက် | |
---|---|
![]() | |
ထိုင်းနိုင်ငံ၊ ခါအိုယိုင် အမျိုးသားဥယျာဉ်မှ လင်းသက် တစ်ကောင် | |
မျိုးရိုးခွဲခြားခြင်း ![]() | |
လောက: | Animalia |
မျိုးပေါင်းစု: | Chordata |
မျိုးပေါင်း: | Mammalia |
မျိုးစဉ်: | Rodentia |
မျိုးရင်း: | Sciuridae |
မျိုးရင်းသေး: | Ratufinae |
မျိုးစု: | Ratufa |
မျိုးစိတ်: | R. bicolor
|
ဒွိနာမ | |
Ratufa bicolor (Sparrman, 1778)
| |
မျိုးစိတ်ခွဲများ | |
မျိုးစိတ်ခွဲများစာရင်း
| |
![]() | |
လင်းသက်များ နေထိုင်ကျက်စားရာ ဒေသများ | |
Synonyms | |
Tennentii, source: Layard, in Blyth, 1849 |
![]() |
ဝစ်ရှင်နရီ၊ အခမဲ့အဘိဓာန်တွင် လင်းသက် ကို ရှာဖွေကြည့်ရှုပါ။ |
![]() |
ဝီကီမီဒီယာ ကွန်မွန်းစ်တွင် လင်းသက် နှင့် ပတ်သက်သော မီဒီယာ ရှိသည်။ |
လင်းသက်သည် ကြီးမားသော ရှဉ့် တစ်မျိုးဖြစ်ပြီး ပါဏဗေဒအလိုအရ “ရတ္တူဖာ(Ratufa)” ဟုခေါ်သော မျိုးစုမှ ဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြောက်ပိုင်း၊ အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း၊ နီပေါနိုင်ငံ အရှေ့ပိုင်း၊ ဘူတန်နိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ တောင်ပိုင်း၊ မြန်မာနိုင်ငံ၊ လာအိုနိုင်ငံ၊ ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ ဗီယက်နမ်နိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံ၏ အနောက်ဘက်ဒေသများ(ဂျာဗားကျွန်း၊ ဆူမတြာကျွန်း၊ ဘာလီကျွန်းနှင့် ၎င်းတို့အနီးတဝိုက်ရှိ ကျွန်းငယ်များ) စသည့် အရပ်ဒေသများရှိ သစ်တောများ၌ လင်းသက် များကို တွေ့ရှိရသည်။[၁]
သွင်ပြင်ပုံသဏ္ဌာန်[ပြင်ဆင်ရန်]

လင်းသက်သည် ကမ္ဘာ့အကြီးဆုံး ရှဉ့် မျိုးစိတ်များထဲမှ တစ်မျိုးဖြစ်သည်။ ပျမ်းမျှအားဖြင့် အရွယ်ရောက်ပြီး ရှဉ့်ကြီးတစ်ကောင်၏ အလေးချိန်သည် ၂.၃ မှ ၂.၈ ပေါင် (၁.၀ မှ ၁.၃ ကီလိုဂရမ်) ဝန်းကျင်ရှိ၏။ ဦးခေါင်းအပါအဝင် ခန္ဓာကိုယ်၏ အရှည်မှာ ၁၃ မှ ၁၅ လက်မ (၃၃ မှ ၃၈ စင်တီမီတာ) ရှိပြီး၊ အမြီးမှာ ၁၆ မှ ၁၇ လက်မ (၄၁ မှ ၄၃ စင်တီမီတာ) အရှည်ထိ ရှိတတ်ကြသည်။[၃]
လင်းသက်များ၏ ခန္ဓာကိုယ်အရောင်အသွေးမှာ ၂ ရောင်စပ်ဖြစ်ပြီး၊ အပေါ်ပိုင်းသည် အနက်ရောင်ဖြစ်ပြီး အောက်ပိုင်းမှာ အဝါ (သို့) နီညိုရောင် ခပ်ဖျော့ဖျော့ ဖြစ်သည်။ နောက်ကျော၊ ဦးခေါင်းထိပ်၊ နားရွက်နှင့် အဖုတ်လိုက်ဖြစ်နေသော အမြီးများရှိ အမွှေးများ၏ အရောင်သည် အညိုရောင် (သို့) အနက်ရောင်ဖြစ်ပြီး ၎င်းတို့၏ အောက်ပိုင်းတွင် အရောင်ဖျော့သွားကြသည်။[၃]
မြန်မာနိုင်ငံနှင့် မလက္ကာရေလက်ကြားရှိ ကျွန်းငယ်များတွင် တွေ့ရှိရသော လင်းသက်များ၏ ခန္ဓာကိုယ်အောက်ပိုင်းမှာ နီညိုရောင်ရှိကြသည်။[၃]
နေထိုင်ပြုမူပုံများ[ပြင်ဆင်ရန်]

လင်းသက်များသည် နေ့ အချိန်၌ သွားလာကျက်စားသော အပင်ပေါ်နေသည့် တိရစ္ဆာန်မျိုးဖြစ်သည်။ သို့သော် တစ်ခါတစ်ရံ အပင်ထိပ်မှ မြေပြင်ပေါ်သို့ဆင်း၍လည်း အစာရှာဖွေတတ်ကြ၏။ ရှဉ့်နက်ကြီးများသည် တောရိုင်း သဘာဝပတ်ဝန်းကျင်၌ နေထိုင်ခြင်းကိုသာ နှစ်သက်ကြသဖြင့် လူသားများ အခြေချနေထိုင်ရာ အရပ်ဒေသများနှင့် စိုက်ခင်းများ အနီး၌ နေထိုင်ကြခြင်းမှာ မတွေ့ရသလောက်ပင် ရှားပါးသည်။[၁]
လင်းသက် အများစုသည် တစ်ကောင်ချင်းစီသာ ထီးတည်းနေထိုင်လေ့ရှိကြပြီး၊ သားပေါက်ထားသော ရှဉ့်အမများတွင် အရွယ်မရောက်သေးသည့် ရှဉ့်ငယ် ၁ ကောင် (သို့) ၂ ကောင် အတူရှိနေတတ်သည်။ ၎င်းရှဉ့်အမများသည် သားသမီးများကို သစ်ပင် အခေါင်းပေါက် (သို့) အသိုက်ပြုလုပ်ထားသော နေရာအတွင်း၌သာ ပြုစုပျိုးထောင်လေ့ရှိသည်။[၁]
တွေ့ရှိရာဒေသ[ပြင်ဆင်ရန်]
လင်သက်များဧ။် range သည် ပင်လယ်ရေမျက်နှာပြင်အထက် အနည်းဆုံး ၄၆၀၀ ပေ အမြင့်အထိ တွေ့ကြရပြီး တချိုံနေရာမျာဆိုပါက ကမ္ဘာပေါ်တွင် အကြမ်းတမ်းဆုံး ဒေသ များပင် ပါဝင်ကြသည်။ လင်သက်များဧ။် နေထိုင်ရာနေရာများကို လူသားများ ကျူးကျော် အခြေချလာမှုတိုးလာခြင်း၊ သစ်ခုတ်ခြင်းများ၊ စိုက်ပျိုးမြေတိုးချဲ့လာခြင်း နှင့် လူသားတို့ဧ။် အလွန်အမင်း အမဲလိုက်ခြင်းများတို့ကြောင့် လွန်ခဲ့သည့် ၁၀ နှစ်ကထက် အကောင်ရေ ၃၀ ရာခိုင်နှုန်း ကျဆင်းသွားသည်ကို တွေ့ရသည်။ သို့သော်လည်း တချိ့သောနေရာများတွင်မူ ယင်းမျိုးစိတ်များအား အမဲလိုက်ခြင်းကို ဥပဒေဖြင့် အကာအကွယ်ပေးထားသည်ဟု သိကြ ရသည်။
လင်သက်များကို အာရှတောင်ပိုင်းဒေသတွင် အပူပိုင်းနှင့် အပူလျော့ပိုင်း ထင်းရှုးတောများ နှင့် ဆောင်းရွက်ကြွေတောများတွင် နေထိုင်ကြသည်ကို တွေ့ရသည်။
အရှေ့တောင်အာရှတွင် အပူပိုင်းရွက်ကြွေအမြဲစိမ်းတောများ နှင့် အပူပိုင်းစွတ်စို ရွက်ကြွေ တောများတွင် တွေ့ကြရပြီး ထင်းရှုးတောများတွင် တွေ့ရခဲကြသည်။
မလေးကျွန်းဆွယ် နှင့် အင်ဒိုနီးရှားတို့ရှိ အပူပိုင်း မိုးသစ်တောများတွင် တွေ့ကြရသော် လည်း အခြားနေရာများကဲ့သို့ အမြောက်အမြားတွေ့ရှိကြရခြင်းမရှိပေ။ ဖြစ်နိုင်သည်မှာ အခြားသော သစ်ပင်နေတိရိစ္ဆာန်များ (ဥပမာ ပရိုင်းမိတ်များ) နှင့် ရွက်အုပ်များထက်တွင် အစာအတွက် ပြိုင်ဆိုင်ရခြင်းကြောင့် ဖြစ်နိုင်သည်ဟု ယူဆကြသည်။ လင်သက်များ အတွက် အိန္ဒိယနိုင်ငံ အာသံနယ် ကာဇီရန်ဂါ အမျိုးသားဥယျာဉ်သည် နေထိုင်ရန် အဆင်ပြေသော နေရာတစ်နေရာဖြစ်သည်ဟု သိကြရသည်။
ကိုးကား[ပြင်ဆင်ရန်]
- ↑ ၁.၀ ၁.၁ ၁.၂ ၁.၃ Duckworth, J.W. (2016). "Ratufa bicolor". IUCN Red List of Threatened Species 2016. IUCN. doi: .
- ↑ Appendices | CITES။ 2022-01-14 တွင် ပြန်စစ်ပြီး။
- ↑ ၃.၀ ၃.၁ ၃.၂ Thorington, Jr., R.W.; J.L. Koprowski; M.A. Steele; J.F. Whatton (2012)။ Squirrels of the World။ Baltimore: Johns Hopkins University Press။ pp. 25–26။ ISBN 978-1-4214-0469-1။CS1 maint: multiple names: authors list (link)
- CS1 maint: multiple names: authors list
- IUCN အနီရောင်စာရင်းရှိ မျိုးသုဉ်းရန်အန္တရာယ်ကျရောက်လုနီးပါး မျိုးစိတ်
- Taxonbars with automatically added original combinations
- ရှဉ့်များ
- မြန်မာနိုင်ငံတွင် တွေ့ရသော နို့တိုက်သတ္တဝါများ
- မလေးရှားနိုင်ငံတွင် တွေ့ရသော နို့တိုက်သတ္တဝါများ
- အင်ဒိုနီးရှားနိုင်ငံတွင် တွေ့ရသော နို့တိုက်သတ္တဝါများ
- ဗီယက်နမ်နိုင်ငံတွင် တွေ့ရသော နို့တိုက်သတ္တဝါများ
- ကမ္ဘောဒီးယားနိုင်ငံတွင် တွေ့ရသော နို့တိုက်သတ္တဝါများ
- ထိုင်းနိုင်ငံတွင် တွေ့ရသော နို့တိုက်သတ္တဝါများ
- လာအိုနိုင်ငံတွင် တွေ့ရသော နို့တိုက်သတ္တဝါများ
- တရုတ်နိုင်ငံတွင် တွေ့ရသော နို့တိုက်သတ္တဝါများ
- ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် တွေ့ရသော နို့တိုက်သတ္တဝါများ
- အိန္ဒိယနိုင်ငံတွင် တွေ့ရသော နို့တိုက်သတ္တဝါများ
- နီပေါနိုင်ငံတွင် တွေ့ရသော နို့တိုက်သတ္တဝါများ
- ဘူတန်နိုင်ငံတွင် တွေ့ရသော နို့တိုက်သတ္တဝါများ