ရေကန်

ဝီကီပီးဒီးယား မှ
အာဂျင်တီးနားနိုင်ငံ ဘာရီလိုချီ ရှိ ရေကန်)
ပြင်သစ်နိုင်ငံမှ ရေကန်တစ်ခု
အန်းဒပ်စ်တောင်တန်းများမှ ရေကန်တစ်ခု

ရေကန်ဆိုသည်မှာ ကုန်းမြေထုအတွင်းတွင် ကြီးမားသည့်ရေထုရှိသည့်နေရာအားခေါ်ဆိုခြင်းဖြစ်သည်။ သမုဒ္ဒရာများမှ သီးခြားဆီ ရှိနေပြီး ပင်လယ်လည်း မဟုတ်ချေ။ အချို့သော ရေကန်များသည် အလွန်ကြီးမားကြပြီး ရှေးလူများက မသိကြသဖြင့် ပင်လယ်ဟူ၍ပင် ခေါ်ဝေါ်ကြသည်။ ရေကန်များသည် မြစ်များကဲ့သို့ ရေမစီးနေသော်လည်း မြစ်များသည် ထိုရေကန်များအတွင်းသို့ စီးဝင် စီးထွက်နေတတ်ကြသည်။

ကမ္ဘာ့မြေမျက်နှာပြင်ပေါ်ရှိ ရေကန်အများစုသည် ရေချိုဖြစ်ကြပြီး ထိုရေကန်များအား ကမ္ဘာ့မြောက်ဘက်ခြမ်းတွင်များဆုံးတွေ့ရသည်။ ကမ္ဘာ့ရေကန်အားလုံး၏ ၆၀ ရာခိုင်နှုန်းသည် ကနေဒါနိုင်ငံတွင်တည်ရှိနေသည်။ ဖင်လန်နိုင်ငံအား ရေကန်ပေါင်းသောင်းချီသည့်မြေဟုလည်း ခေါ်ဆိုကြသည့်အတိုင်း ထိုနိုင်ငံတွင် ရေကန်ပေါင်း ၁၈၇,၈၈၈ ကန်ရှိပြီး ၆၀၀၀၀မှာ ရေကန်ကြီးများဖြစ်ကြသည်။[၁]

ရေကန်အချို့ကို လူတို့မှ ပြုလုပ်ကြသည့် အများစုမှာ ရေလှောင်တံမံများဖြစ်ကြကာ လျှပ်စစ်နှင့် အပန်းဖြေရန်အတွက် သို့မဟုတ် စိုက်ပျိုးရေး၊ လူနေအိမ်များနှင့် စက်မှုလုပ်ငန်းများတွင် အသုံးပြုရန်အတွက်ဖြစ်သည်။ မြစ်များ ကန်ထဲသို့ ရေမစီးလျှင် သို့မဟုတ် အနည်းငယ်သာရှိပြီး သေးငယ်နေလျှင် ထိုရေကန်ရှိရေသည် အငွေ့ပြန်၍လည်းကောင်း မြေဆီလွှာအတွင်း စိမ့်ဝင်၍လည်းကောင်း ကုန်ဆုံးသွားမည်ဖြစ်သည်။ ရေကန်၏ အငွေ့ပြန်မှုသည် အလွန်လျင်မြန်နေပြီး ထိုကန်တဝိုက်ရှိမြေဆီလွှာတွင် အငန်ဓာတ်များမြင့်မားနေကာ အလွန်ခြောက်သွေ့သောနေရာဖြစ်လျှင် ထိုကန်၏ရေသည်လည်း ဆားပျော်ဝင်မှုနှုန်းမြင့်မာနေမည်ဖြစ်ပြီး ထိုသို့သောကန်မျိုးကို ဆားရေကန်ဟုခေါ်တွင်ကြသည်။ ဥပမ‌ာအနေဖြင့် မဟာဆားရေကန်၊ ကက်စပီယံပင်လယ်အေရယ်ပင်လယ်နှင့် ပင်လယ်သေတို့သည် ဆားကန်များဖြစ်ကြသည်။

ကမ္ဘာ့တိုက်ကြီးများရှိ ရေကန်ကြီးများ[ပြင်ဆင်ရန်]

  • အာဖရိကတိုက်- ဝိတိုရိယရေကန်၊ ကမ္ဘာပေါ်ရှိ ဒုတိယအကြီးဆုံး ရေချိုကန်ကြီးဖြစ်သည်။ အာဖရိက၏ မဟာရေကန်ကြီးများမှ တစ်ခုဖြစ်သည်။
  • အန္တာတိကတိုက်- ဗော့စတော့ ရေကန်
  • အာရှတိုက်-ဘိုင်ကယ်ရေကန်ကြီးသည် အာရှတိုက်ရှိ အကြီးဆုံးရေကန်ကြီးဖြစ်သည်။ ကက်စပီယံပင်လယ်သည် ကမ္ဘာ့အကြီးဆုံး ရေကန်ဖြစ်ပြီး ဥရောပ-အာရှနယ်နိမိတ်ပေါ်တွင် တည်ရှိပြီး တိုက်နှစ်ခုလုံးသည် ဤရေကန်အား ဝေမျှနေရာပေးထားသည်။
  • ဩစတေးလျတိုက်- အာရီရေကန်၊ ရေမရှိသည့်အချိန်ကများသည်။ မိုးများမှသာ ရေရှိတတ်သည်။
  • ဥရောပတိုက်- လာဒိုဂါ ရေကန်၊ နောက်တွင် ဝမ်းဂါရေကန်ဖြစ်ပြီး နှစ်ခုလုံးသည် ရုရှားအရှေ့မြောက်ဘက်တွင် တည်ရှိသည်။
  • မြောက်အမေရိကတိုက်- စူပါရီယားရေကန်
  • တောင်အမေရိကတိုက်- မာရာကိုင်ဘို ရေကန်၊ ထိုကန်သည် ပင်လယ်ဘက်တွင် ကျယ်ပြန့်သည့် မျက်နှာဖွင့် ရှိသည့်အတွက် ပင်လယ်အော်နှင့် ပိုတူသည်။ တောင်အမေရိကတိုက်၏ အကြီးမားဆုံး ရေချိုကန်မှာ တိုင်တိုင်ကာကာ ဖြစ်သည်။ အဆိုပါကန်၏ ရေထုထည်သည် ကမ္ဘာပေါ်တွင် အမြင့်ဆုံးရှိသည့် ကန်ဖြစ်ပြီး ပင်လယ်ရေမျက်နှာပြင်အထက် ၃၈၂၁မီတာ(၁၂,၅၀၇ ပေ)တွင်ရှိကာ လှေများသွားလာနိုင်သည်။

ကျော်ကြားသည့် ရေကန်များ[ပြင်ဆင်ရန်]

  • ကက်စပီယံပင်လယ်သည် ကမ္ဘာပေါ်တွင် ဧရိယာအားဖြင့် အကျယ်ဆုံးကန်ဖြစ်ပြီး ၃၉၄,၂၉၉ km² ရှိသည်။ စူပါရီယား ရေကန်သည် အကြီးဆုံးရေချိုကန်ဖြစ်ပြီး (၈၂,၄၁၄km²) ကျယ်ပြန်သည်။ ဂရိတ်လိတ်စ်၏ အစိတ်အပိုင်းဖြစ်သည်။
  • အရှည်လျားဆုံး ‌ရေချိုကန်မှာ တန်ဂန်ရီက ရေကန်ဖြစ်ပြီး အလျား ၆၆၀ ကီလိုမီတာရှည်လျားသည်။ ဘိုင်ကယ်ရေကန်သည် ဒုတိယအရှည်လျားဆုံးဖြစ်ပြီး ထိပ်နှစ်ဘက်အရှည်မှာ ၆၃၀ ရှည်လျားသည်။
  • အနက်ရှိုင်းဆုံးကန်မှာ ဆားဘီးယားရှိ ဘိုင်ကယ်ကန်ဖြစ်သည်။ အောက်‌ခြေသို့ ၁၆၃၇ မီတာ(၅၃၇၁ ပေ)ရှိသည်။ တန်ဂန်ရီက ရေကန် ဒုတိယမြောက်အနက်ရှိုင်းဆုံးကန်ဖြစ်ပြီး ၁၄၇၀မီတာ နက်သည်။
  • ကမ္ဘာအမြင့်ဆုံး ရေကန်မှာ Ojos del Salado ရှိ အင်းငယ်လေးဖြစ်ပြီး ၆၃၉၀ မီတာ(၂၀၉၆၅ပေ)အမြင့်တွင်ရှိပြီး အမည်မရှိချေ။ လှေသင်္ဘောများသွားလာနိုင်သည့် အမြင့်ဆုံးနေရာတွင်ရှိသော ရေကန်မှာ ပီရူးနိုင်ငံနှင့် ဘိုလီဗီယာနိုင်ငံမှ တိုင်တိုင်ကာကာရေကန်ဖြစ်ပြီး ၃၈၁၂ မီတာ (၁၂၅၀၇ပေ အမြင့်တွင်ရှိသည်။[၂]
  • ကမ္ဘာအနိမ့်ဆုံး ရေကန်မှာ ပင်လယ်သေဖြစ်ပြီး ဂျော်ဒန်နှင့် အစ္စရေးနယ်စပ်တွင်ရှိသည်။ ပင်လယ်ရေမျက်နှာပြင်အောက် ၄၁၈မီတာ (၁၃၇၁ ပေ)တွရှိသည်။ ထိုရေကန်သည် ဆားပါဝင်မှုအများဆုံးရေကန်တစ်ခုလည်းဖြစ်သည်။
  • ဒိုမီနီကန်သမ္မတနိုင်ငံမှ အန်းရစ်ကွိုင်လိုရေကန်သည် ရေငန်ကန်ဖြစ်သော်လည်း မိကျောင်းများနေထိုင်သည့် ကမ္ဘာပေါ်ရှိတစ်ခုတည်းသော ရေကန်ဖြစ်သည်။

သက်ဆိုင်သည့်အကြောင်းအရာများ[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. Statistics Finland
  2. Information about Ojos del Salado volcano။ 27 April 2007 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 26 October 2020 တွင် ပြန်စစ်ပြီး။