မာတိကာသို့ ခုန်သွားရန်

ရေကာတာ

ဝီကီပီးဒီးယား မှ
Black Canyon of the Colorado River (ကော်လိုရာဒိုမြစ်၏ နက်ရှိုင်းသော အမည်းရောင်ချောက်ကြီး) တွင်ရှိသော(Concrete Arched Gravity Dam) ကွန်ကရစ် မုခ်အခုံးဆွဲငင်အား ရေကာတာ၊ Hoover Dam (ဟူဗာ ရေကာတာ)။ နောက်ခံတွင်ဖော်ပြထားသော Lake Mead (မိ ရေကန်)ကိုရေကာတာဖြင့် သိမ်းထားသည်။

ရေကာတာ သို့မဟုတ် ဆည် ဆိုသည်မှာ ရေ သို့မဟုတ် မြေအောက်စမ်းချောင်းများကို သိမ်းထားသည့် အတားအဆီးတစ်ခု ဖြစ်သည်။ ရေကာတာများသည် ယေဘုယျအားဖြင့် ရေကိုထိန်းသိမ်းထားရမည့် အဓိကရည်ရွယ်ချက်ကို လုပ်ဆောင်နေစဉ် အခြားသောအဆောက်အအုံများဖြစ်သည့် ရေတံခါးများ သို့မဟုတ် တာပေါင်ရိုးများ (တမံများ ဟူ၍လည်း သိကြသည်) တို့ကို သတ်သတ်မှတ်မှတ်ဖြစ်သော မြေနေရာဒေသများသို့ ရေစီးဆင်းခြင်းကို စီမံခန့်ခွဲရန် သို့မဟုတ် တားဆီးရန် အသုံးပြုသည်။ ရေအားစွမ်းအင်နှင့် စုပ်ထုတ်၍သိုလှောင်ထားသော ရေအားလျှပ်စစ် တို့ကိုသန်းပေါင်းများစွာသော အသုံးပြုသူတို့အတွက် သန့်ရှင်းသော လျှပ်စစ်ဓာတ်အားကိုပေးရန် ရေကာတာများနှင့် တွဲဆက်၍ အသုံးပြုလေ့ရှိသည်။

ရေကာတာ ဖန်တီးခြင်းအများနှင့်ဆိုင်သော ရည်ရွယ်ချက်များ

[ပြင်ဆင်ရန်]

စွမ်းအင်ထုတ်လုပ်ခြင်း

[ပြင်ဆင်ရန်]

ရေအားလျှပ်စစ်စွမ်းအင်သည် ကမ္ဘာပေါ်တွင် လျှပ်စစ်ဓာတ်အားထုတ်ပေးရာ အဓိက ရင်းမြစ်ဖြစ်သည်။ နိုင်ငံများစွာတို့တွင် ရေအလုံအလောက် စီးဆင်းနေသောမြစ်များ ရှိကြပြီး ၎င်းတို့ကို စွမ်းအင်ထုတ်လုပ်ရန် ရည်ရွယ်ချက်များအတွက် ရေကာတာ တည်ဆောက်ခြင်းပြုနိုင်သည်။ ဥပမာအားဖြင့်- South America (တောင်အမေရိက) ရှိ Paraná River (ပါရာနား မြစ်) ပေါ်တွင် ဆောက်ထားသော Itaipu (အိုင်တိုင်းပု) ရေကာတာသည် 14 GW (ဂစ်ဂါဝပ်) ထုတ်လုပ်ပြီး 2005 ခုနှစ်တွင် Paraguay (ပါရာဂွေး) နိုင်ငံ၏ စွမ်းအင်သုံးစွဲမှု 93 ရာခိုင်နှုန်းကို ဖြည့် ဆည်းပေးခဲ့ပြီး Brazil (ဘရာဇီး) သည် ၎င်းပမာဏ၏ 20 ရာခိုင်နှုန်းကို သုံးစွဲခဲ့သည်။

ရေပေးဝေခြင်း

[ပြင်ဆင်ရန်]

ကမ္ဘာပေါ်ရှိ မြို့ပြဧရိယာများစွာတို့ကို ရေကာတာများ သို့မဟုတ် ဆည်အနိမ့်များတို့ကို အထောက်အခံပြုထားသော မြစ်တို့မှ ထုတ်ယူထားသည့်ရေဖြင့် ပေးဝေသည်။ ဥပမာများမှာ London (လန်ဒန်)- River Thames (သိမ်း(စ်) မြစ်) မှရေကို ယူရသည်၊ Chester (ချက်စတာ) - River Dee (ဒီး မြစ်) မှရေကို ယူရသည်။ အခြား အဓိက အရင်းအမြစ်များမှာ Claerwen (ကလဲယာဝမ်) ရေကာတာများနှင့် ရေလှောင်ကန် အစဉ်လိုက်များကဲ့သို့သော နက်ရှိုင်းသော တောင်ကြားများကိုဖြတ်၍ မြင့်မားသောရေကာတာများဖြင့် ထိန်းချုပ်ထားသည့် နက်ရှိုင်းသော တောင်ပေါ် ရေလှောင်ကန်များတို့ ပါဝင်သည်။

ရေစီးကိုထိန်းညှိပေး ခြင်း/ ဆည်မြောင်းသွယ်ခြင်း

[ပြင်ဆင်ရန်]

ရေကာတာများကို ယေဘုယျအားဖြင့် စိုက်ပျိုးရေးဆိုင်ရာ ရည်ရွယ်ချက်များနှင့် ဆည်မြောင်းသွယ်ယူခြင်း တို့အတွက် ရေစီးဆင်းခြင်းအား ထိန်းချုပ်ရန်နှင့် ထိန်းညှိပေးရန် အသုံးပြုလေ့ရှိသည်။[26] Berg Strait (ဘက်စတရိတ်) ရေကာတာ ကဲ့သို့သော အခြားရေကာတာများသည် ကုန်းတွင်းပိုင်းရေကန်များနှင့် ပင်လယ်များမှ ရေမျက်နှာပြင်ကို ကူညီထိန်းညှိရန် သို့မဟုတ် ကူညီ၍ ပြန်လည်ထိန်းသိမ်းပေးရန် ပြုလုပ်နိုင်ကြသည်၊ ဤအခြေအနေတွင် Aral Sea (အာရယ် ပင်လယ်)။

ရေလွှမ်းမိုးမှုကို ကာကွယ်တားဆီးခြင်း

[ပြင်ဆင်ရန်]

Webster (ဝက်စတာ) ရှိ Blackwater dam (ဘလက် (ခ်) ဝါးတား ရေကာတာ)၊ New Hampshire (နယူး ဟမ့်ရှိုင်းယား)နှင့် Delta Works (ဒယ်(လ်)တာ ဝက်(ခ်)) ကဲ့သို့သော ရေကာတာများကိုတည်ဆောက်ရာတွင် ရေလွှမ်းမိုးမှုထိန်းချုပ်ခြင်းကို စိတ်ထဲတွင် ထည့်သွင်းစဉ်းစားပြီးမှ တည်ဆောက်ခြင်းဖြစ်သည်။

မြေယာဖော်ယူခြင်း

[ပြင်ဆင်ရန်]

ရေကာတာများ (ဤအကြောင်းအရာတွင် တမံများ သို့မဟုတ် တာပေါင်ရိုးများဟု ခေါ်လေ့ရှိသည်) ကို အရပ်ဒေသ တစ်ခုအတွင်းသို့ ရေဝင်ရောက်ခြင်းကို တားဆီးရန် အသုံးပြုသည်။ သို့မဟုတ်ပါက ရေမြုပ်ခြင်းခံရမည်ဖြစ်ပြီး ဤနည်းဖြင့် လူသားများ အသုံးပြုရန်အတွက် မြေယာဖော်ထုတ်ခြင်း ကိုပြုလုပ်သည်။

ရေလမ်းလွှဲခြင်း

[ပြင်ဆင်ရန်]

ရေကာတာအသေးစားများကို များသောအားဖြင့် အခြားလုပ်ငန်းများအတွက် မသုံးဘဲ ထုံစံအတိုင်း ဆည်မြောင်း သွယ်ယူရန်၊ ရေအားလျှပ်စစ်ထုတ်လုပ်ရန် သို့မဟုတ် အခြား အရာများ အသုံးပြုရန်အတွက် ရေလမ်းလွှဲပြောင်းရန် အသုံးပြုသည်။ တစ်ခါတစ်ရံတွင် ၎င်းတို့ကို အခြားရေနုတ်မြောင်း သို့မဟုတ် ရေလှောင်ကန်သို့ ရေကို လမ်းလွှဲ ပြောင်းရန် အသုံးပြုသည်။ ဤနည်းဖြင့် ထိုနေရာတွင် ရေစီးကို ပို၍သန်စေပြီး ထိုသီးခြားအရပ်တွင် ရေအသုံးပြုခြင်းကို တိုးတက်စေသည်။ ကြည့်ပါ- ရေလမ်းလွှဲပေးသည့် ရေကာတာ။

အပန်းဖြေခြင်းနှင့် ရေတွင်ရှိသော အလှတရား

[ပြင်ဆင်ရန်]

အထက်ပါရည်ရွယ်ချက်များမှ မည်သည့်ရည်ရွယ်ချက်နှင့်မဆို တည်ဆောက်ထားသော ရေကာတာများသည် အချိန်ကြာလာသည်နှင့်အမျှ သူတို့၏မူလ အသုံးဝင်ပုံများသည် အစားဝင်၍နေရာယူခြင်း ခံကြရသည်။ မည်သို့ပင်ဖြစ်စေ၊ ဒေသခံလူများသည် အပန်းဖြေခြင်းနှင့် မျက်စိပသာဒ ဖြစ်စေရန်ဟူသော အကြောင်းပြချက်များဖြင့် ဆည်များဆီသို့ လာကောင်းလာနိုင်ကြသည်။ ဆည်များသည် တည်ငြိမ်အေးဆေးပြီး စိမ်းလန်းသော သစ်ပင်ချုံပင်တို့ဖြင့် ဝန်းရံခြင်းခံရလေ့ရှိပြီး နားခိုခြင်းနှင့် အပန်းဖြေခြင်း သဘာဝ အသိတရားတစ်ခုကို ဧည့်သည်များဆီသို့ ပေးပို့သည်။

တည်နေရာ

[ပြင်ဆင်ရန်]
Takato Dam ( တာကတို ရေကာတာ) မှထုတ်လွှတ်ခြင်း

ရေကာတာတစ်ခုတည်ဆောက်ရန် အကောင်းဆုံးသောနေရာများမှတစ်ခုသည် နက်ရှိုင်းသော တောင်ကြား မြစ်၏ ကျဉ်းသောအစိတ်အပိုင်းတစ်ခု ဖြစ်သည်- တောင်ကြားဘေးဘက်များသည် ထို့နောက်တွင် သဘာဝ နံရံများအဖြစ် လုပ်ဆောင်ကြသည်။ ရေကာတာအဆောက်အအုံ၏ အဓိကလုပ်ငန်းမှာ စမ်းချောင်းမှ ချန်ထား ရစ်ခဲ့သော သဘာဝဆည်လမ်းကြောင်းအတွင်းရှိ အကြားအဟကို ဖြည့်ပိတ်ရန်ဖြစ်သည်။ တည်နေရာများသည် အများအားဖြင့် ထိုအကြားအဟသည် လိုအပ်သော သိုလှောင်ထားရမည့်ပမာဏအတွက် အနည်းဆုံးဖြစ်ရမည် ဖြစ်သည်။ စီးပွားရေးအရ တွက်ခြေအကိုက်ဆုံးနည်းလမ်းမှာ မြေကြီးတမံများဖြင့် တစ်ဖက်တစ်ချက်တွင် ရံထား သော အင်္ဂတေကိုင်ထားသည့် ရေကာတာကဲ့သို့သော ပေါင်းစပ်ပြုလုပ်ထားသည့် အဆောက်အအုံဖြစ်သည်။ လက်ရှိအသုံးပြုနေသောမြေကို ရေလွှမ်းမိုးခြင်းသည် အရေးမကြီးသောအရာ ဖြစ်သင့်သည်။ ရေကာတာတစ်ခုတည်ဆောက်ရာတွင် အခြားအရေးပါသော အင်ဂျင်နီယာပိုင်းဆိုင်ရာနှင့် ဘူမိဗေဒအင်ဂျင်နီ ယာဆိုင်ရာ စဉ်းစားဆင်ခြင်ခြင်းများတွင် အောက်ပါတို့ပါဝင်သည်-

ဝန်းရံနေသောကျောက် သို့မဟုတ် မြေကြီး၏ ရေစိမ့်ဝင်နိုင်မှုငလျင်ပြတ်ရွေ့များ

[ပြင်ဆင်ရန်]

မြေပြိုကျခြင်းများနှင့် ဆင်ခြေလျော တည်ငြိမ်မှု၊ မြေအောက်ရေပြင်၊ အမြင့်ဆုံး ရေလွှမ်းမိုးမှုစီးဆင်းခြင်း ရေလှောင်ကန် နုန်းမြေပို့ချခြင်း၊ မြစ်အတွင်း ငါးဖမ်းခြင်းများ၊ သစ်တောများနှင့် တောရိုင်းတိရစ္ဆာန်များအပေါ် တွင် သဘာဝပတ်ဝန်း ကျင်ဆိုင်ရာ သက်ရောက်မှုများ (ငါးလှေကား ကိုလည်းကြည့်ပါ)၊ လူသားများ နေထိုင်ရာတို့အပေါ်တွင် သက်ရောက်မှုများ၊ ရေလွှမ်းမိုးခြင်းခံရသည့် မြေနေရာနှင့် လူများ ပြန်လည် နေရာချထားခြင်းအတွက် လျော်ကြေး၊ လျာထားသော ရေလှောင်ကန် တည်ဆောက်မည့် ဧရိယာမှ အဆိပ်ဖြစ်စေသော အရာများနှင့် အဆောက်အဦးများကို ဖယ်ရှားခြင်း။

သက်ရောက်မှု အကဲဖြတ်ခြင်း

[ပြင်ဆင်ရန်]

သက်ရောက်မှုကို နည်းလမ်းမျိုးစုံဖြင့် အကဲဖြတ်သည်- ရေကာတာမှ ပေါ်ထွက်လာသော လူမှုအဖွဲ့အစည်း အတွက် အကျိုးခံစားခွင့်များ (စိုက်ပျိုးရေး၊ ရေ၊ ပျက်စီးဆုံးရှုံးမှုကို တာဆီးခြင်းနှင့် လျှပ်စစ်စွမ်းအင်)၊ သဘာဝနှင့် တောရိုင်းတိရစ္ဆာန်တို့အတွက်အန္တရာယ် သို့မဟုတ် အကျိုးခံစားခွင့်များ (အထူးသဖြင့် ငါးနှင့် ရှားပါးသောမျိုးစိတ်များ)၊ ဧရိယာတစ်ခု၏ ဘူမိဗေဒအပေါ်တွင် သက်ရောက်မှု - ရေစီးဆင်းခြင်းနှင့် မျက်နှာပြင်များ ပြောင်းလဲခြင်းသည် တည်ငြိမ်မှုအား တိုးလာစေမည် သို့မဟုတ် လျော့နည်းသွားစေမည်၊ လူသားတို့၏ အသက်များကို ပျက်စီးစေခြင်း (တည်နေရာပြောင်းရွှေ့ခြင်း၊ ရှေးဟောင်းသုတေသနဆို်င်ရာ သို့မဟုတ် ယဉ်ကျေးမှုဆိုင်ရာ အရာဝတ္ထုများ ရေအောက်တွင် ဆုံးရှုံးခြင်း)။

Black Canyon of the Colorado River (ကော်လိုရာဒိုမြစ်၏ နက်ရှိုင်းသော အမည်းရောင်ချောက်ကြီး) တွင်ရှိသော ကွန်ကရစ် မုခ်အခုံးဆွဲငင်အား ရေကာတာ၊ Hoover Dam (ဟူဗာ ရေကာတာ)။ နောက်ခံတွင် ဖော်ပြထားသော Lake Mead (မိ ရေကန်)ကိုရေကာတာဖြင့် သိမ်းထားသည်။

သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သက်ရောက်မှုများ

[ပြင်ဆင်ရန်]
ရေကာတာတစ်ခုကြောင့် သစ်သားနှင့် အမှိုက်များစုပုံလာခြင်း

ရေကာတာများ၏ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သက်ရောက်မှုများ

[ပြင်ဆင်ရန်]

ရေကာတာများသည် မြစ်တစ်ခု၏ ဂေဟဗေဒဆိုင်ရာ သွင်ပြင်အများအပြားကို သက်ရောက်မှုရှိသည်။ မြစ်များသည် လက်ခံနိုင်သော ကွာဟချက်အချို့၏ မပြောင်းလဲသော နှောင့်ယှက်မှုပေါ်တွင် မှီခိုနေသည်။ ရေကာတာ များသည် တာဘိုင်မှထွက်သောရေကို နှေးစေပြီး များသောအားဖြင့် အလွန်သေးငယ်သော ဆိုင်းနေသည့် အနည်များပါဝင်ပြီး ၎င်းတို့သည် မြစ်ကြမ်းပြင်များကို တိုက်စားခြင်းနှင့် မြစ်ကမ်းနဖူးများ ဆုံးရှုံးခြင်းတို့ကို ဦးတည်နိုင်သည်- ဥပမာအားဖြင့် Glen Canyon Dam (ဂလင်း(န်) ချောက်ကြီး ရေကာတာ) ကြောင့်ဖြစ်သော နေ့စဉ် ထပ်တလဲလဲဖြစ်နေသည့် စီးဆင်းမှု ပြောင်းလဲခြင်းသည် သောင်ခုံ တိုက်စားခြင်းကိုဖြစ်ပေါ်အောင် ဖန်တီးသောအရာတစ်ခု ဖြစ်သည်။

ပို၍အိုဟောင်းသော ရေကာတာများတွင် ငါးလှေကား ကင်းမဲ့လေ့ရှိသည်။ ငါးလှေကားသည် ငါးအမြောက်အမြားအား မြစ်ညာမှ ၎င်းတို့၏ သဘာဝအတိုင်းပေါက်ဖွားရာ ပင်လယ်ကြမ်းပြင်ဆီသို့ ကူးခတ်သွားလာခြင်းကို ဖြစ်စေသည်။ ထိုအရာမရှိခြင်းသည် မွေးဖွားခြင်းစက်ဝိုင်း မအောင်မြင်ခြင်း သို့မဟုတ် ပြောင်းရွှေ့နိုင်သည့် လမ်းကြောင်းများကို ပိတ်ဆို့ခြင်းတို့ကို ဖြစ်ပေါ်စေသည်။

ငါးလှေကားတစ်ခုရှိသည့်တိုင်အောင် ၎င်းသည် မြစ်ညာရှိ ဥဥသည့် ပင်လယ်ကြမ်းပြင်ဆီသို့ ရောက်ရှိသော ငါးများလျော့ချခြင်းကို အမြဲတမ်း မတားဆီးပါ။ အချို့သောနေရာများတွင် သေးငယ်သောငါးများ ("smolt") ("စမော့") တို့သည် ရေစုန်သို့ ဝမ်းပြားရေယာဉ်ဖြင့် နှစ်တစ်နှစ်၏ အပိုင်းအခြားများအတွင်း သယ်ယူ ပို့ဆောင်ခြင်းခံရသည်။ တာဘိုင်နှင့် ဓာတ်အားပေးစက်ရုံ ဒီဇိုင်းများသည် ရေနေသတ္တဝါများအပေါ်တွင် သက်ရောက်မှုအနည်းငယ်သာရှိခြင်းမှာ သုတေသန၏ စိတ်ဝင် စားမှုရှိသော အပိုင်းဖြစ်သည်။ ကြီးမားသော ရေကာတာတစ်ခုသည် ဂေဟနယ်ပယ် တစ်ခုလုံးဆုံးရှုံးခြင်းကို ဖြစ်ပွားစေနိုင်ပြီး၊ မျိုးတုံးလုနီးပါးနှင့် ရှာဖွေတွေ့ရှိရန် မဖြစ်နိုင်သော ဒေသအတွင်းရှိ မျိုးစိတ်များနှင့် မူလသဘာဝပတ်ဝန်းကျင်ကို ကုန်းတွင်းပိုင်း ရေကန်အသစ်တစ်ခုဖြင့် အစားထိုးခြင်းတို့ ပါဝင်သည်။

ဖန်လုံအိမ်ဓာတ်ငွေ့များ

[ပြင်ဆင်ရန်]

အခြေအနေများပေါ်တွင်မူတည်၍၊ ရေကာတာတစ်ခုသည် ဖန်လုံအိမ်ဓာတ်ငွေ့များ အသားတင် ထုတ်လုပ်ခြင်းကို လျော့ချခြင်း သို့မဟုတ် တိုးမြင့်ခြင်းတစ်ခုခုကို ပြုလုပ်နိုင်သည်။ အကယ်၍ ရေကာတာမှ ဖန်တီးသည့် ရေလှောင်ကန်သည် ၎င်းကိုယ်တိုင် ရေလွှမ်းမိုးခြင်းခံရသည့်နေရာများရှိ အပင်များသည် အောက်ဆီဂျင်မရှိသော ပတ်ဝန်းကျင်တွင် ယိုယွင်းပျက်စီးသောကြောင့် ဖြစ်ပေါ်လာသော ကြီးမားသောပမာဏရှိသည့် ဖန်လုံအိမ် ဓာတ်ငွေ့များ (methane (မီသိန်း)နှင့် carbon dioxide (ကာဗွန်ဒိုင်အောက်ဆိုဒ်)) တို့၏ အရင်းအမြစ် အဖြစ် လုပ်ဆောင်သောအခါ တိုးမြင့်ခြင်း ပေါ်ပေါက်လာနိုင်သည်။

National Institute for Research (အမျိုးသား သုတေသနတက္ကသိုလ်) အတွက် Amazon (အမေဇုန်) အတွင်း၌ပြုလုပ်သော လေ့လာမှုတစ်ခုသည် ရေအားလျှပ်စစ် ထုတ်လုပ်သည့် ရေကာတာများသည် အထူးသဖြင့် ပိတ်သိမ်းပြီးနောက် ပထမ ဆယ်စုနှစ်အတွင်းတွင် ရေလှောင်ကန်အတွင်း၌ ရေမျက်နှာပြင်အပေါ်ရှိ မတ်လျက်ကျန်ရှိနေသော သစ်ပင်များ ဆွေးပြီးပျက်စီးရာမှ carbon dioxide (ကာဗွန်ဒိုင်အောက်ဆိုဒ်) အမြောက်အမြားကို ထုတ်လွှတ်ကြောင်း တွေ့ရှိခဲ့သည်။ ၎င်းသည် ရေကာတာများ၏ ကမ္ဘာနှင့်ချီ၍ အပူချိန်တက်ခြင်း အပေါ်သက်ရောက်မှုသည် ကျောက်ဖြစ်ရုပ်ကြွင်း လောင်စာများဖြင့် ထုတ်လုပ်သော လျှပ်စစ်စွမ်းအင်ကြောင့် ဖြစ်ပေါ်သည့်အဆင့်ထက်ပို၍ မြင့်မားစေသည်။

World Commission on Dams (ရေကာတာများနှင့်ပတ်သက်သည့် ကမ္ဘာ့ကော်မရှင်) ၏အစီရင်ခံစာ (ရေကာတာများနှင့် ဖွံ့ဖြိုးတိုးတက်မှု) အရ၊ ရေလှောင်ကန်သည် အတော်အတန်ကြီးပြီး ရေလွှမ်းမိုးသည့်ဒေသတွင် သစ်တောကို ကြိုတင်ရှင်းလင်းထားခြင်းမရှိပါက၊ ရေလှောင်ကန်မှ ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်ခြင်းသည် အစဉ်အလာအတိုင်း မီးထိုး-ဆီသုံး အပူဓာတ်ထုတ်လုပ်သောစက်ရုံမှ ထုတ်လွှတ်သည်ထက်ပို၍ မြင့်မားနိုင်သည်။ ဥပမာအားဖြင့်၊ 1990 ခုနှစ်တွင် ဘရာဇီးရှိ Balbina Dam (ဘယ်ဘီန ရေကာ တာ) (1987 ခုနှစ်တွင် ပိတ်ခဲ့သည်) ထုတ်လုပ်သည့် လျှပ်စစ်ပမာဏ တစ်ယူနစ်လျှင် ရေလွှမ်းမိုးသည့် ဒေသသည် ကြီးမားကျယ်ပြန့်သောကြောင့် ကျောက်ဖြစ်ရုပ်ကြွင်း လောင်စာများဖြင့် ထုတ်လုပ်သော တူညီသည့် လျှပ်စစ်စွမ်းအင်ပမာဏထက် အဆ 20 ပို၍ ကမ္ဘာနှင့်ချီ၍ အပူချိန်တက်ခြင်းအပေါ် သက်ရောက်မှုရှိခဲ့သည်။

အကယ်၍ ရေကာတာကို အစဉ်အလာအတိုင်း လျှပ်စစ်စွမ်းအင် ထုတ်လုပ်ခြင်းအစား အသုံးပြုပါက၊ ရေအား လျှပ်စစ်ထုတ်လုပ်ခြင်းမှ ထုတ်လုပ်သော လျှပ်စစ်ဓာတ်သည် ကျောက်ဖြစ်ရုပ်ကြွင်းလောင်စာများ လောင်ကျွမ်း ခြင်းမှ ထွက်လာသော မည်သည့်အခိုးဓာတ်ငွေ့ထုတ်လွှတ်ခြင်း ( sulfur dioxide ဆာ(လ်)ဖာဒိုင်အောက်ဆိုဒ်၊ nitric oxide နိုက်ထရစ်အောက်ဆိုဒ်၊ carbon monoxide ကာဗွန်မိုနောက်ဆိုဒ်၊ ဖုန်မှုန့်နှင့် ကျောက်မီးသွေး မှ mercury (မာကျူရီ) တို့ပါဝင်သည်) ကိုမဆို တိုးစေခြင်းမရှိသဖြင့်၊ လျော့နည်းခြင်းတစ်ခု ဖြစ်ပွားနိုင်သည်။ ဘရာဇီးရှိ Tucurui dam (တူကူရိုင် ရေကာတာ) (1984 ခုနှစ်တွင် ပိတ်ခဲ့သည်) သည် ကျောက်ဖြစ်ရုပ်ကြွင်း လောင်စာများဖြင့် ထုတ်လုပ်သော တူညီသည့် လျှပ်စစ်စွမ်းအင်ထက် 0.4 အဆသာပို၍ ကမ္ဘာအနှံ့အပူချိန် တက်ခြင်းအပေါ် သက်ရောက်မှုရှိခဲ့သည်။

ရေကာတာများ၏ နောက်တွင်ရှိသော ရေကန်ကြီးများသည် ဝန်အားပြောင်းလဲခြင်းများနှင့်/ သို့မဟုတ် မြေအောက်ရေမျက်နှာပြင်တို့ကြောင့် ငလျင်များဖြစ်ပေါ်ခြင်းတွင် ပါဝင်ပတ်သက်မှုရှိကြောင်းကို ဖော်ပြသည်။

လူသားများအပေါ်တွင် လူမှုရေး သက်ရောက်မှု

[ပြင်ဆင်ရန်]

လူမှုအဖွဲ့အစည်းအပေါ်တွင် သက်ရောက်မှုမှာလည်း အရေးပါသည်။ ဥပမာအားဖြင့်၊ တရုတ်နိုင်ငံ ယန်ဇီမြစ် ပေါ်ရှိ Three Gorges Dam (ချောက်နက်ကြီး သုံးခု ရေကာတာ) သည် အမေရိကန်ပြည်ထောင်စုရှိ Hoover Dam (ဟော့ဗာ ရေကာတာ) ထက်ငါးဆကြီးပြီး ရေအားလျှစ်စစ်ထုတ်လုပ်ရေးအတွက် 600 ကီလိုမီတာ ရှည်လျားသော ရေလှောင်ကန်တစ်ခုကို ဖန်တီးလိမ့်မည်။ ၎င်း၏ ဆောက်လုပ်ရေးလုပ်ငန်းများကြောင့် တစ်သန်းကျော်သော လူများ၏ အိမ်ခြေများ ဆုံးရှုံးခြင်းနှင့် ၎င်းတို့၏ အလုံးအရင်းဖြင့် နေရာပြောင်းရွှေ့ခြင်း၊ တန်ဖိုးကြီးမားသော ရှေးဟောင်းသုတေသနဆိုင်ရာနှင့် ယဉ်ကျေးမှုဆိုင်ရာ တည်ရှိရာနေရာများများစွာ ဆုံးရှုံးခြင်းနှင့် ထင်ရှားသော ဂေဟစံနစ်ဆိုင်ရာပြောင်းလဲခြင်းတို့ကိုဖြစ်စေသည်။

ရေကာတာတည်ဆောက်ခြင်း၏ ရလဒ်တစ်ခုအနေဖြင့် ယနေ့ထိအောင် ကမ္ဘာတစ်ဝန်းလုံးတွင် လူဦးရေသန်းပေါင်း 40-80 အထိလူများသည် ၎င်းတို့၏အိမ်များမှ ရွှေ့ပြောင်းခြင်း ခံကြရသည်ဟု ခန့်မှန်းတွက်ချက်ကြသည်။

စီးပွားရေး

[ပြင်ဆင်ရန်]

ရေအားလျှပ်စစ်ဓာတ် ထုတ်လုပ်သည့်စက်ရုံ တည်ဆောက်ခြင်းသည် တည်နေရာလေ့လာခြင်းများအတွက် ရှည်လျားသော အစပျိုးသည့် အချိန်ကာလတစ်ခု၊ ရေအားပညာရပ်ဆိုင်ရာ လေ့လာခြင်းများနှင့် သဘာဝပတ် ဝန်းကျင် အပေါ်သက်ရောက်မှုအား အကဲဖြတ်ခြင်းတို့လိုအပ်ပြီး ကျောက်ဖြစ်ရုပ်ကြွင်းလောင်စာများကို အခြေ ခံ၍ ရိုးရာလျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းနှင့် နှိုင်းယှဉ်ပါက ကျယ်ကျယ်ပြန့်ပြန့်ဖြစ်သော စီမံကိန်းများဖြစ်သည်။ ရေအားလျှပ်စစ်ထုတ်လုပ်ခြင်းအတွက် စီးပွားရေးအရတွက်ခြေကိုက်ပြီး ဖွံ့ဖြိုးတိုးတက်နိုင်မည့်နေရာ အရေအတွက်မှာ အကန့်အသတ်ရှိသည်- နေရာသစ်များသည် လူအများ စုဝေးနေထိုင်ရာနေရာမှ ဝေးကွာရမည်ဖြစ်ပြီး လျှပ်စစ်ဓာတ်အားသယ်ဆောင်ပေးမည့် ကြီးမားသောလိုင်းများ လိုအပ်လေ့ရှိသည်။ ရေအားလျှပ်စစ် ထုတ်လုပ်ခြင်းသည် ရာသီဥတုကို ကြီးမားသော ပြောင်းလဲမှုများ ဖြစ်ပေါ်စေနိုင်ပြီး မိုးရေချိန်အပြောင်းအလဲ၊ မြေအောက်နှင့် အပေါ်ယံရေမျက်နှာပြင်များနှင့် ရေခဲမြစ်များ အရည်ပျော်ခြင်း တို့ပါဝင်သည်။

ထို့အပြင်၊ ရေအနိမ့်ပိုင်းများတွင် နှစ်ပေါင်းများစွာအတွင်း လုံလောက်သော စွမ်းအင်ကိုသေချာစေရန် အပိုလုပ်နိုင်စွမ်းအတွက် နောက်ထပ်ကုန်ကျစရိတ်များကို ကုန်ကျစေနိုင်သည်။ ပြီးစီးသွားသည်နှင့် တစ်ပြိုင်နက်၊ အကယ်၍၎င်းကို ကောင်းမွန်စွာ ဒီဇိုင်းပြုလုပ်ပြီး ထိန်းသိမ်းထားပါက၊ ရေအားလျှပ်စစ်စွမ်းအင် ထုတ်လုပ်သည့် အရင်းအမြစ်သည် အခြားအရာများနှင့်စာလျှင် ဈေးသက်သာပြီး မှီခိုအားထားရလေ့ရှိသည်။ ရေအားလျှပ်စစ် ထုတ်လုပ်ခြင်းတွင် လောင်စာနှင့် ယိုစိမ့်မှု အနည်းငယ်ရှိသော အန္တရာယ်မရှိဘဲ အခြားရွေးချယ်စရာစွမ်းအင် အရင်းအမြစ်ဖြစ်ပြီး၊ ၎င်းသည် အဏုမြူစွမ်းအင်နှင့် လေတို့ဖြင့် ထုတ်လုပ်သော လျှပ်စစ်ဓာတ်အား နှစ်မျိုးစလုံးထက်ပို၍ ဈေးသက်သာသည်။

ရေကာတာများတွင် သက်တမ်းရှိပြီး ပြည်လည်ဖြည့်စွမ်းနိုင်သော စွမ်းအင်များတွင် သက်တမ်းမရှိသော်လည်း၊ ရေကာတာများသည် လေအားလျှပ်စစ် ဖြင့်နှိုင်းယှဉ်ပါက၊ ရေကိုလိုအပ်သလောက် သိုလှောင်ရန် ပို၍လွယ်ကူစွာ ထိန်းညှိနိုင်ပြီး မြင့်မားသော လျှပ်စစ်ဓာတ်အားအဆင့်များကို လိုအပ်ချက်အတိုင်း ထုတ်လုပ်ပေးနိုင်သည်။

ကိုးကား

[ပြင်ဆင်ရန်]

ပြင်ပလင့်ခ်များ

[ပြင်ဆင်ရန်]