မြေဆီလွှာ

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

မြေဆီလွှာ ဆိုသည်မှာ ကမ္ဘာမြေကြီး၏ အပေါ်ယံတွင် တစ်နေရာနှင့်တစ်နေရာ အထူအပါးချင်း မတူဘဲ လက်မအနည်းငယ်မှ ပေပေါင်းများစွာအထိ ဖုံးလွှမ်းနေ သော မြေလွှာပင်ဖြစ်သည်။ မြေဆီလွှာသည် ကျွနု်ပ်တို့အတွက် အလွန်အရေးကြီး ပေသည်။ မြေဆီလွှာသာ မရှိပါက အသီးအနှံများလည်း ဖြစ်ထွန်းတော့မည် ်မဟုတ်ချေ။ အသီးအနှံကို မှီဝဲစားသောက်နေရသော သက်ရှိသတ္တဝါများလည်း အသက်ရှင်နေနိုင်တော့မည် မဟုတ်ချေ။ သို့ဖြစ်၍ ဤမျှအရေးကြီးသော မြေဆီလွှာတွင် မည်သည့်အရာများ ပါဝင်၍ မည်သို့ဖြစ်ပေါ်လာသည်ကို ဆင်ခြင် ်ကြည့်ကြစို့။ မြေဆီလွှာတွင် အလွန်သေးငယ်သော အမှုန်ကလေး အမြောက်အမြားပါသည်။ မြေမှုန့်တစ်ဆုပ်ကို ယူ၍ သေချာစွာကြည့်လျှင်ထိုမြေမှုန့်ကလေးတို့သည် ကျောက်အစအနကလေးများဖြစ်သည်ကို တွေ့ရသည်။ အချို့မြေမှုန့်တို့မှာ ကျောက်မှုန့်ကလေးမှန်း မသိရအောင်ပင် သေးငယ်ပေသည်။ ဤကျောက်မှုန့် ကလေးများသည် ကျောက်တုံးကျောက်ခဲများ ကြေပျက်၍ ဖြစ်လာကြသည်။ အလွန်မာကျောသောထိုကျောက်တုံးကျောက်ခဲများကို မြေမှုန့်ဖြစ်ရအောင် မှုန့်မှုန့်ညက်ညက် ကြေပျက်စေသည့် သဘာဝ အင်အားစုများမှာ ရေ၊ လေ၊ အပူ၊အအေး၊ အပင်များ၊ တီကောင်များနှင့် ပုရွက်ဆိတ်များ ဖြစ်ကြသည်။ ရေသည် ကျောက်ခဲများကို အနည်းနည်းဖြင့် ကြေမွ ပျက်စီးစေနိုင်သည်။ မြစ်များ ချောင်းများ ဖြတ်၍ စီးဆင်းသွားရာဖြစ်သော တောင်ကြားများကို ကြည့်လျှင် တသွင်သွင် စီးနေသော ရေစီးကြောင်းသည် တောင်ကမ်းပါးကိ အစဉ်အမြဲ တိုက်စားနေပုံ၊ တောင်ကမ်းပါးရှိ ကျောက်တုံးကျောက်ခဲများကိုလည်း တိုက်စား နေပုံတို့ကို တွေ့ရမည် ။ ရေစီးကြောင်းသည် ကျောက်တုံးများ ပဲ့ကျ၍ ပါလာ သော ကျောက်အစိတ်အပိုင်းများကို မြစ်ကမ်းပါးတစ်လျှောက်တွင် မြစ်ဝသို့တိုင ်အောင် နုံးမြေများနှင့် ရော၍ ယူဆောင်သွားသည်။ ဤနည်းဖြင့် ကျောက်တုံး ကျောက်ခဲများသည် အစဉ်အမြဲ ရေ၏ တိုက်စားခြင်းကို ခံရ၍ တဖြည်းဖြည်း ကြေမွပျက်စီးသွားရသည်။ မိုးရေသည်လည်း ကျောက်တုံးကျောက်ခဲများကို ပဲ့ကျကြေမွသွားအောင် ပြုနိုင ်ပေသည်။ ပုံစံဆိုသော် ကျောက်တုံးတွင် ပေါင်း စပ်ပါဝင်လျက်ရှိသော ထုံးသည် မိုးရေကြောင့် ပျော်ဝင်ကြေပျက်သွားရာ တဖြည်းဖြည်း ထိုကျောက်တုံးသည် ကွဲအက်ပျက်ပြားသွားရလေ သည်။ ရေကို ခဲစေနိုင်အောင် အေးသော အရပ်များတွင် ကျောက်တုံးကျောက်ခဲ များ၌ ဖြစ်ပေါ်နေသော ပပ်ကြားအက်အတွင်းသို့ မိုးရေဝင်နေပြီးလျှင် ရာသီပြောင်း၍ အလွန် အေးသည့်အခါ ထိုမိုးရေသည် ရေခဲအဖြစ်သို့ ပြောင်းလဲသွားလေသည်။ ရေခဲ၏ ထုထည်သည်မူလရေ၏ ထုထည်ထက် ကြီးထွား ပြန့်ကားလာသဖြင့် ကျောက်တုံးကျောက်ခဲကို တွန်းကန် ခွဲထုတ် ်ဘိသကဲ့သို့ ပြုသည်။ နောက်ဆုံး၌ထိုကျောက်တုံး ကျောက်ခဲတို့မှာ ကြေမွ ပျက်ပြားရလေသည်။ လေ၌လည်းကျောက်များကို ကြွေမွပျက်ပြားသွားအောင် ပြုနိုင်သော သတ္တိရှိသည်။ တောက်ပြောင်သော သံတုံးကို လေသလပ်ခံကြည့်လျှင် မကြာမီ ထိုသံတုံးတွင် သံချေးတက်လာမည် ဖြစ်သည်။ သံချေးတက်လာခြင်းမှာ လေထဲတွင်ပါသော အောက်ဆီဂျင်ဓာတ်နှင့် သံပေါင်းစပ်၍ ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ထိုသံချေးသည် သံမှဖြစ်လာ၍ သံတုံးကို ကြေမွပျက်ပြားစေသည်။ ထိုအတူ ကျောက်တုံးကို ကြေမွပျက်ပြားစေသည်။ ထိုအတူ ကျောက်တုံးတွင်ပါဝင်သော သံသည် လေကြောင့် ပျက်ပြားသွားရာ ကာလကြာမြင့်လေသော်ထိုကျောက်တုံးလည်း ကြေပျက်၍ အမှုန့်များဖြစ်သွားနိုင်သည်။ ထိုကျောက်မှုန့်ကလေးများကို တစ်နေရာမှတစ်နေရာသို့ ရောက်အောင်လေက တိုက်ခတ် သယ်ယူသွားလေသည်။ အပူသည် ကျောက်သားကို ကြွစေသည်။ အအေးသည် ကျုံ့စေသည်။ ဤကဲ့သို့ ကြွချည် ကျုံ့ချည် ဖြစ်ဖန်များသောအခါကျောက်သားကို အစိတ်စိတ် အပိုင်းပိုင်း ကျိုးပဲ့၍ ကြေမွ သွားစေနိုင်သည်။ အပင်များ သည်လည်း ကျောက်တုံးကျောက်ခဲ ဲများကို ကွဲပျက် ကြေမွစေနိုင်သည်။ ကျောက်တုံး ကျောက်ခဲတို့၏ မျက်နှာပြင်တွင် အထက်ဖော်ပြပါ သဘာဝ အင်အားစု တစ်ခုခုကြောင့် ကြေမွပျော့ညံ့လာသည့်အခါ ကျောက်ကပ်မှော်ကဲ့သို့ အပင်ငယ်ကလေးများသည် ထိုကျောက်တုံးတွင် တွယ်ကပ် ပေါက်ရောက်လာကြ၏။ ထိုကျောက်ကပ်မှော်များ သေ၍ ဆွေးမြည့်သွားသည့်အခါ အချဉ်ဓာတ် ပေါက်လာလျက် ကျောက်သားကို ပို၍ မွလာစေသည့်ပြင် အတွင်း သို့ စားသွားလေသည်။ ထိုနောက် အပင်ကြီးများသည် ထိုနေရာများတွင် အမြစ်စွဲ ွဲလာလျက် အမြစ်ကြီးများကို ကျောက်တုံး ကျောက်ခဲတို့အား ရစ်ပတ်စေ၍ ဖြစ်စေ၊ အမြစ်သေးအမြစ်မွှားများကို ကျောက်တုံး၏ ပပ်ကြားအက်ကြောင်းများထဲသို့ ထိုးဝင်စေ၍ဖြစ်စေ ကြီးပွားလာကြလေသည်။ ထိုအမြစ်ငယ်ကလေးများ၏ ဖိနှိပ်ခြင်းအားသည် မြေစတုရန်းတစ်လက်မလျှင် အလေးပေါင်ချိန် ၂ဝဝ မှ ၃ဝဝ အထိရှိ၏။ ထိုကြောင့် အလွန်မာကျောသော ကျောက်တုံးကျောက်ခဲများပင် လျှင် အမြစ်တို့၏ စုပေါင်း ဖိနှိပ်ခြင်းအားကို ကြာရှည်စွာ မခံနိုင်သဖြင့် နောက်ဆုံးတွင် ကွဲအက်ပြိုပျက်၍ မြေဆီမှုန့်များ ဖြစ်ရလေသည်။တီကောင်၊ ပုရွက်ဆိတ် စသော သတ္တဝါကလေးများကလည်း မြေဆီလွှာ ဖြစ်စေနိုင်သေးသည်။ သိပ္ပံပညာကျော် ဒါဝင်သည်တစ်နှစ်လျှင် တီကောင်များက မြေမျက်နှာပြင်သို့ ယူလာသော ပျမ်းမျှတီကျစ်စာသည် စတုရန်တစ်ပေလျှင် ၇ ပေါင်မျှရှိကြောင်း ကိုလက်တွေ့ စမ်းသပ်တွေ့ရှိဘူးးလေသည်။ ထိုတီကျစ်စာကို ဖြန့်ကြဲလိုက်လျှင် မြေမျက်နှာ စတုရန်း တစ်ပေပေါ်၌ တစ်လက်မ၏ ငါးပုံတစ်ပုံ ခန့် ထူတက်လာနိုင်သည်။ ပုရွက်ဆိတ်နှင့် မြေတွင်းသို့ ထိုးဖောက်တူးဝင်တတ ်ကြသော အခြားပိုးမွှား တိရစ္ဆာန်တို့သည်လည်း လိုဏ်ပေါက်အတွင်းမှ မြေကျစ်စာ များကို အပေါ်ယံ မြေပြင်သို့ ထုတ်ယူတင်ဆောင်လာကြသည်။

အပင်၊လူ၊ တိရစ္ဆာန်များ၏ သက်မဲ့ကိုယ်ထည်းများမှမြေဆီလွှာဖြစ်လာပုံ[ပြင်ဆင်ရန်]

အထက်တွင် ဖော်ပြခဲ့ပြီးဖြ်သော သဘာဝ အင်အားစုများအားဖြင့် မြေဆီလွှာတွင် အများဆုံး ပါဝင်သော ြမေသာူးဝတ္ထုသည်ကျောက်များမှ ဖြစ်လာပုံကို အတော်အ သင့် သိခဲ့ကြပြီ။ သို့ရာတွင် မြေဆီလွှာထဲ၌ ကျောက်မှုန့်များအပြင် အပင်၊ လူ၊ တိရစ္ဆာန်များ၏သက်မဲ့ကိုယ်ထည်တို့မှ ဆွေးမြည့်ပျက်စီးသည့် မည်းနက်သော ပစ္စည်းများလည်း ပါသေးသည်။ ထိုပစ္စည်းများကို မြေဆွေးဟုခေါ်သည်။ မြေထဲနှင့် မြေပြင်ပေါ်တွင် တိရစ္ဆာန်နှင့် အပင်တို့သည် မရေတွက်နိုင်အောင်ပင် များပြားသည်။ တီ၊ ပုရွက်ဆိတ်အစရှိသောတိရစ္ဆာန်များ သေကြေသောအခါ မြေထဲတွင် တဖြည်းဖြည်း ဆွေးမြည့် ပျက်စီး၍ အပင်၏ အစာအဖြစ်သို့ ပြောင်း လဲသွားကြသည်။ အပင်နှင့် တိရစ္ဆာန်များမှ ဖြစ်သော မြေဩဇာကို ဩဇာရှိ ဝတ္ထုပစ္စည်းမှ ဖြစ်သော မြေဩဇာဟုခေါ်သည်။ သို့ရာတွင် အပင်များသည်မြေဩဇာကို တိုက်ရိုက်အစာ အဖြစ် မမှီဝဲနိုင်ကြချေ။ မြေဩဇာကို ဗက်တီးရီးယားများက အပင်၏ အစာဖြစ် ်အောင် ပြောင်းပေးလိုက်မှသာ အပင်များသည် ထိုအစာကို စားသုံးမှီဝဲနိုင်ကြသည်။ ဗက်တီးရီးယားတစ်မျိုးသည် အပင်များကို ဆွေးမြည့်ပျက်ကျစေ၍ အပင်၏ အစာအဖြစ် ပြောင်းပေးသည်။ အခြားဗက်တီးရီးယားတစ်မျိုးက အပင်ပြတ်များကို နိုက်ထရိတ်ဓာတ်ပါသော ပစ္စည်းများဖြစ်စေ၍ အပင်၏ အစာအဖြစ်ပြောင်းပေးသည်။ ကြမ်းသောအနှံများရှိသည့် စပါးပင်၊ ဂျုံပင်များကို ဗက်တီးရီးယားများသည် အစိတ်စိတ် အမြွာမြွာပျက်ကျစေ၍ အပင်၏ အစာအဖြစ်သို့ ပြောင်းပေးနိုင်ကြသည်။ ထိုမြေဆွေးများကို မြေပေါ် ပေါက်နေသော အပင်တို့က တစ်ဖန်သုံး စွဲကြပြန်သည်။ သို့ရာတွင် အချို့မြေ၌ မြေဆွေးအနည်းငယ်သာပါ၍ အချို့မြေ၌မူ အမြောက်အမြားပင် ပါလေသည်။ မြေဆီလွှာတွင် ကျောက်မှုန့်နှင့် မြေဆွေးများအပြင် ရေ(အစိုဓာတ်) ပါရှိသည်။ မြေဆီလွှာအနည်းငယ်ကို ယူ၍ ချိန်ကြည့်ပါ။ ထိုနောက် ထိုမြေဆီလွှာကို နေပူထဲတွင် အခြောက်လှန်း၍ တဖန် ချိန်ကြည့်ပါ။ မြေဆီလွှာ၏ ဒုတိယအလေး ချိန်သည် ပထမအလေးချိန်ထက် လျော့နေသည်ကို တွေ့ရမည်။ ယင်းသို့ အလေးချိန်လျော့သွားရခြင်းမှာ မြေဆီလွှာထဲရှိ ရေငွေ့ပျံထွက်သွားသောကြောင့် ဖြစ်လေသည်။ မြေဆီလွှာတစ်မျိုးနှင့်တစ်မျိုးတွင် ပါရှိသော ရေမှာ အတိုင်းအဆချင်း မတူကြပေ။ လေထဲ၌ အခြောက်ခံထားသော မြေစေးတွင် ထိုမြေစေးနှင့် အလေးချိန်တူသော သဲမြေမှာထက် ရေပို၍ ပါလေ့ရှိသည်။ မြေဆီလွှာသည် ကျောက်တုံးကျောက်ခဲများ ကဲ့သို့တင်းကျပ် သိပ်သည်း၍ မနေဘဲ များစွာသော မြေဆီမှုန့်ကလေးများ အကြားတွင် နေရာလပ်များ ရှိနေလေသည်။ ထိုနေရာလပ်များတွင်လေ ဖြစ်စေ၊ ရေဖြစ်စေ အစဉ်ခိုအောင်းလျက် ရှိနေသည်။ အပင်များသည် တိရစ္ဆာန်များ ကဲ့သို့ပင် အောက်ဆီဂျင်ကို လိုသည်။ အရွက်အပွင့်များ အောက်ဆီဂျင်ကို လိုသကဲ့သို့ မြေဆီလွှာထဲရှိ အမြစ်များလည်း လိုကြသည်။ ထိုကြောင့် မြေဆီလွှာ ကောင်းဟု ဆိုနိုင်ရအောင်မြေဆီလွှာတွင် ရေသာမဟုတ်၊ လေလည်းရှိရသည်။ မြေဆီလွှာထဲတွင် ရေအနည်းငယ်သာ ရှိသောအခါရေသည် မြေဆီမှုန့်များ တစ်ခုနှင့်တစ်ခု ထိနေသောအချက်များ၌ စုရုံးနေတတ်သည်။ ရေမည်းနည်းပိုများ လာသောအခါ မြေဆီမှုန့် တစ်ခုနှင့်တစ်ခု ထိနေသော အချက်များ၌ စုရုံးနေသော ရေသည် တစ်နေရာနှင့် တစ်နေရာ ထိမိအောင် ဆက်သွားသည်။ သို့ရာတွင် မြေဆီမှုန့်များအကြား၌ လေသည် တစ်စပ်တည်းပင် ရှိလျက်နေသေးသည်။ ထိုထက် ရေပိုများလာသောအခါမှ မြေဆီမှုန့်များ အကြားရှိ နေရာလပ်များတွင် ်လေမရှိဘဲ ရေသာ ရှိလျက်နေသည်။ ထိုမြေမျိုးကို ရေဝပ်မြေဟုခေါ်သည်။ မြေဆီလွှာသည် အပင်များ ဖြစ်ထွန်းကြီးပွားရန် လိုအပ်သော ဓာတ်ပစ္စည်း အမျိုးမျိုးတို့ ပျော်ဝင်နေသည့် အရည်ကိုစုတ်ယူထိန်းသိမ်းထားသည်။ အပင်များ များကြီးပွားသန်စွမ်းရန်အတွက် အလိုအပ်ဆုံးဓာတ်ပစ္စည်း ၁ဝ မျိုးမှာ အောက်ဆီဂျင်၊ ကာဗွန်၊ ဟိုက်ဒရိုဂျင်၊ နိုက်ထရိုဂျင်၊ ဖော့စဖောရပ်၊ ပိုတက်ဆီယမ်၊ ကန့်၊ ကယ်လဆီယမ်၊ မက်ဂနီဇီယမ်နှင့် သံတို့ ဖြစ်ကြသည်။ ထိုဒြဗ်စင်များအနက် နိုက်ထရိုဂျင်၊ ကာဗွန်၊ ဟိုက်ဒရိုဂျင်နှင့် အောက်ဆီဂျင်ဓာတ် ပစ္စည်းတို့ကို အပင်များသည် လေနှင့်ရေမှ ရကြသည်။ ဆိုခဲ့သောဒြဗ်စင်အားလုံး တို့သည် အပင်ကြီးပွားရန်အတွက် အနည်းနှင့်အများ အရေးကြီးသော ဒြဗ်စင်မျာ ဖြစ်ကြလေသည်။ မြေဆီလွှာတွင် အထက်တွင် ဖော်ပြခဲ့သော အပင်၏ အစာဖြစ်သည့် ဒြဗ်စင်မျာ ချို့တဲ့နေလျှင်သော် လည်းကောင်း၊ အသီးအနှံပင်များကို ဆက်ကာဆက်ကာ တနေရာတည်းတွင် စိုက်ဖန်များသဖြင့် ထိုဒြဗ်စင်ထဲမှ ဓာတ်ပစ္စည်း တစ်ခုခုဖြစ်စေ၊ တစ်ခုထက်ပို၍ ဖြစ်စေ ကုန်ခန်း ယုတ်လျော့နေလျှင် သော်လည်းကောင်း အပင်များ ကောင်းစွာဖြစ်ထွန်းနိုင်မည် မဟုတ်ချေ။ ဤကဲ့သို့သော မြေ မျိုးတွင် မြေဩဇာများကို ထပ်လောင်းဖြည့်စွက်ပေးခြင်းအားဖြင့် အပင်များ ကြီးပွား ဖြစ်ထွန်းလာအောင် ပြုပြင်ပေးရသည်။ မြေဆီလွှာတွင်ရှိသော အချို့ဒြဗ်စင်တို့သည် အပင်များကြီးပွားဖြစ်ထွန်းရေးကို အထောက်အပံ့ မဖြစ်စေသည်သာမက စိုက်ပျိုး၍မရသော မြေမျိုးကို ဖြစ်စေသည်။ ပုံစံလျှင် မိုးနည်းသောအရပ်တို့တွင် အတွေ့ရများသော ဆပ်ပြာမြေမျိုး၌ အပင် အချို့သောပေါက်ရောက် ဖြစ်ထွန်းနိုင်လေသည်။

မြေဆီလွှာအမျိုးမျိုး[ပြင်ဆင်ရန်]

မြေဆီလွှာ အမျိုးမျိုးတွင် ပါဝင်ကြသော အမှုန့်တို့၏ အရွယ်မှာ တစ်မျိုးနှင့် ့်တစ်မျိုး မတူကြချေ။ သာမန်မျက်စိနှင့်သဲပွင့်ကို ကောင်းစွာမြင်နိုင်သော်လည်း မြေဆီမှုန့်ကိုမူကား မမြင်နိုင်ချေ။ မြေဆီလွှာ အသီးအသီးတွင် ပါဝင်သော မြေဆီလွှာမှုန့်၊ သဲ၊ ရွှံ့စေးတို့၏ အချိုးအစားမှာ တစ်မျိုးနှင့်တစ်မျိုး မတူကြချေ။ ထိုပြင် မြေဆီမြေမှုန့် ဖြစ်ပေါ်လာရသော အခြေခံ ကျောက်တုံးကျေက်ခဲ အရောင်ကို လိုက်သင့်သလောက် လိုက်၍ မြေဆီလွှာ အရောင်တို့သည် တစ်မျိုး နှင့်တစ်မျိုး ကွဲပြားလျက် ရှိကြသည်။ ပုံစံဆိုသော်မြေဆွေးအချိုးအစားများများပါ ဝင်သည့် မြေဆီလွှာအရောင်မှာ မည်းနက်၍ အပင်အတွက် 0x100သဇာများသော မြေမျိုးဖြစ်သည်။ သဲမြေမျိုးတွင် အပင်အတွက်0x100သဇာချို့တဲ့နေသည့်ပြင် သွေ့ခြောက်လွယ်၍ လေတိုက်ခတ်ရာသို့ လွင့်ပျောက်သွားတတ်သဖြင့် အပင်၏ အမြစ်များ ပေါ်နေတတ်သည်။ သို့ဖြင့် အပင်မှာ ရေမရသောကြောင့် နောက်ဆုံး တွင် သေရလေသည်။ သို့ရာတွင် ထိုသဲမြေမျိုးကို မြေ0x100သဇာများ ဖြည့်စွက်ပေးခြင်း အားဖြင့် အပင်များစိုက်၍ ကောင်းစွာ ဖြစ်ထွန်းနိုင်သော မြေဆီလွှာကောင်း ဖြစ် ်လာနိုင်သည်။ မြေစေး၊သို့မဟုတ် ရွှံ့စေးမြေမှာ ထွန်ယက်ပြုပြင်ရ ခဲယဉ်းသော မြေမျိုးဖြစ်သော်လည်း စိုက်ပျိုးရေးလုပ်ငန်းအတွက် ကောင်းမွန်သောမြေဖြစ် သည်။ ထိုမြေဆီလွှမျိုးသည် အစိုဓာတ်ကို ထိန်းသိမ်းထားနိုင်သဖြင့် မြေမှုန့်များမှာ စေးကပ်စုပေါင်းလျက်ရှိရာ ထွန်သွားထယ်သွားများနှင့် အလွယ်တကူ တူးဆွ၍ မရချေ။ ခြောက်သွေ့သွားသည့်အခါ၌လည်း မြေသားမှာ အလွန်တင်းမာလာသဖြင့် ပူလွန်းက ပပ်ကြားအက်များပင် ပေါ်လာတတ်သည်။ သို့ရာတွင် မြေစေးတွင် ပေါင်းစပ်ပါဝင်သော မြေမှုန့်များသည် နူးညံ့ ညက်ညောသဖြင့် ဆံခြည်ပေါက်ပြွန် ၏ အရည်ကို ဆွဲယူသောသတ္တိကြောင့် ရေကို ထိန်းသိမ်း သိုမှီးထားနိုင်သည့်ပြင် အပင်တို့၏ အမြစ်သေး အမြစ်မြွာတို့ကလည်း မြေဆီလွှာတွင်းရှိ အပင်၏ အစာဖြစ်သော ဩဇာဓာတ်တို့ကို အလွယ်တကူနှင့် စုတ်ယူသုံးစားနိုင်ကြလေသည်။ သဲမြေနှင့် မြေစေး ဆတူခန့် ရောစပ်လျက်ရှိသော မြေမျိုးကို နုံးမြေဟုခေါ်သည်။ ဤမြေမျိုးတွင် အပင်များ ကောင်းစွာဖြစ်ထွန်းသဖြင့် စိုက်ပျိုးရေးလုပ်ငန်း၌ အထူး အသုံးကျသော မြေမျိုးဖြစ်ပေသည်။ မြေသစ်၊ သို့မဟုတ် နုံးတင်မြေမျိုးကို မြစ်များ ကယူဆောင်လာ၍ မြစ်ရေလျှံသည့် အရပ်များနှင့် မြစ်ဝကျွန်းပေါ် ဒေသများ၌ တွေ့ရှိရသည်။အပင်များသည် မြေဆီလွှာကိုအကြောင်းပြု၍ အမျိုးမျိုး ကွဲပြား ကြသည်။ အချို့အပင်တို့သည် စိမ့်မြေမျိုး၌ မဖြစ်ထွန်းကြချေ။ အချို့တို့ကလည်း ဆပ်ပြာမြေ(ထုံးမြေ) မျိုးတွင် မပေါက်ရောက်နိုင်ကြ။ ထိုကြောင့် စိုက်ပျိုးရေးလုပ် ငန်းအတွက် အကောင်းဆုံးမြေမျိုးတွင် ရေနှင့် အပင်၏ အစာများ ထိန်းသိမ်း သိုမှီးထားနိုင်ရမည် ။ မြေဆီလွှာ အတွင်းသို့ လေဝင်နိုင်သည့် ရေအောင်းမြေမျိုး လည်း မဖြစ်စေရ။ စိမ့်မြေ မဆန်ရအောင် ထုံးဓာတ်လည်း အသင့်အတင့်ပါဝင် စေရမည်ဖြစ်သည်။ စိုက်ပျိုးရေး လုပ်ငန်းတွင်မြေသည် အလွန်အရေးကြီးသဖြင့် လယ်ယာကိုင်းကျွန်း လုပ်ကိုင်သော တောင်သူ လယ်သမားနှင့် မြေရှင်တို့သည် မိမိတို့မြေ၏ နဂိုအခြေအနေကို သိဖို့ရန် အထူးလိုအပ်ပေသည်။ ထိုကြောင့် တိုင်းနိုင်ငံများတွင် မြေစုံစမ်းရေးအဖွဲ့များကို နိုင်ငံအစိုးရတို့က ဖွဲ့စည်းကာ နိုင်ငံတွင်းရှိ အရပ်ရပ်မှ မြေဆီလွှာ နမူနာများကို ဓာတုဗေဒနည်းအရ စုံစမ်းစစ် ်ဆေးကြည့်ရှုလျက် ရှိကြသည်။ ထိုသို့ အရပ်ရပ်ရှိမြေဆီလွှာ၏ နဂိုအခြေအနေကို သိပြီးမှ သင့်တော်သည့် အပင်မျိုးကို ရွေးချယ် စိုက်ပျိုးခြင်းအားဖြင့် တိုင်းနိုင်ငံ ံတစ်ခု၏ စိုက်ပျိုးရေးလုပ်ငန်းသည် ဖွံ့ဖြိးတိုးတက်လာမည် ဖြစ်သည်။

အပင်များ ကြီးပွား သန်စွမ်းလာရန် ရေလိုခြင်း[ပြင်ဆင်ရန်]

အပင်များ ပေါက်ရောက်ရှင်သန်ရန်အတွက် မြေဆီလွှာတွင် အစိုဓာတ်ရှိဖို့ ရေကိုတနည်းနည်းအးဖြင့် ရရှိရမည် ဖြစ်သည်။ ဩဇာကြွယ်ဝသော မည်သည့်မြေမဆို ရေမရရှိ်ခဲ့လျှင် အပင်များ စိုက်ပျိုးရေး အတွက် မည်သို့မျှ အသုံးဝင်တော့မည် မဟုတ်ချေ။ စိုက်ပျိုးရေးလုပ်ငန်းတွင် ရေကို မိုးရေမှ တိုက်ရိုက် ဖြစ်စေ၊ ကန် ဆည် တူးမြောင်းများအားဖြင့် ရေသွင်း၍ ဖြစ်စေ ရရှိလေသည်။ ကန်ဆည် တူးမြောင်းများကလည်း မိုးရွာခြင်းကြောင့် ရေကိုရရှိကြသဖြင့် မိုးရေသည် စိုက်ပျိုးရေးတွင် မည်မျှအရေးကြီးကြောင်း နားလည်လွယ်မည်ဖြစ်သည်။ တစ်နှစ်အတွင်းရှိသော မိုးရေချိန်ကိုလိုက်၍ စိုက်ပျိုး လုပ်ကိုင်ရာ လယ်မြေယာမြေတို့၏ တန်ဖိုးသည် မိုးအရနည်းလျှင် နည်းသည့် အလျောက် ယုတ်လျော့၍၊ မိုးအရများလျှင်များသလို တန်ဖိုးပိုလာသည်ဟု ဆိုရပေ မည် ။ သို့ရာတွင် မိုးများလွန်းလျှင်လူများသက်သာ ချောင်ချိစွာ နေထိုင်ရန် မဖြစ်နိုင်ချေ။ မိုးနည်းလွန်းလျှင်လည်း လူတို့၏ နေထိုင်စားသောက်ရေးမှာ ခက်ခဲ ဲကျပ်တည်းလာပြန်သည်။ ထိုကြောင့် ကမ္ဘာပေါ်တွင် လူအများဆုံး သက်သာချောင ်ချိစွာ နေထိုင်နိုင်သော အရပ်များမှာ မိုးအသင့်အတင့်ကိုအချိန်မှန်မှန်ရရှိသော ဒေသများဖြစ်လေသည်။အထူးသဖြင့် အပင်များ ကြီးပွားဖြစ်ထွန်းခြင်းသည် မိုးရေချိန်ကို တိုက်ရိုက်အမှီပြုလျက် ရှိလေသည်။ မိုးအလွန်ပါးရှားသော အရပ်များတွင် အပင်များ အပေါက်အရောက် အလွန်နည်းသဖြင့် အချို့အရပ်တို့၌ အပင်ဟူ၍ လုံးဝမရှိသလောက် ရှားလေသည်။ မိုးရေချိန် အသင့်အတင့်ကို အညီအမျှ ရရှိသည့် အရပ်များတွင်မူ အပင်များ ကြီးထါားသန်စွမ်း၍ အမြောက် ်အမြား ပေါက်ရောက်ကြောင်းတွေ့ရှိရသည်။ မိုးရေအရ အလွန်များသော အရပ်များ တွင်ကား လူများ မနှိမ်နင်းနိုင်အောင် အပင်သေး အပင်ကြီးများ အပေါက်မြန်ကြ သည်။[၁]


ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)