အင်းလျားကန်
| အင်းလျားကန် | |
|---|---|
အင်းလျားကန် | |
| တည်နေရာ | ရန်ကုန်မြို့ |
| ကိုဩဒိနိတ် | 16°50′12.38″N 96°8′42.78″E / 16.8367722°N 96.1452167°Eကိုဩဒိနိတ်: 16°50′12.38″N 96°8′42.78″E / 16.8367722°N 96.1452167°E |
| အမျိုးအစား | ရေလှောင်တမံ |
| ပင်မ ရေထွက်စီးကြောင်း | ကန်တော်ကြီး သို့ ပိုက်လိုင်းဖြင့် |
| ရေဝေကြောရှိရာ နိုင်ငံများ | မြန်မာနိုင်ငံ |
အင်းလျားကန်သည် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့၏ ထင်ရှားသောအပန်းဖြေ နေရာတစ်ခုဖြစ်ပြီး ရန်ကုန်မြို့လယ်ပိုင်းအနီးတွင် တည်ရှိသည်။ အရင်က ရတနာကန်ဟုခေါ်သည်။ ရန်ကုန်မြို့၏ အကြီးဆုံးကန်တစ်ခုဖြစ်သည်။ ရန်ကုန်မြို့လယ်ပိုင်း အနီးမှာ တည်ရှိပြီး မြောက်ဘက်တွင် ပါရမီလမ်းမကြီး၊ အနောက်ဘက်တွင် ပြည်လမ်းမကြီး၊ အနောက်တောင်ဘက်တွင် အင်းလျားလမ်းကြီးတို့နှင့် ဝန်းရံထားပြီး၊ တောင်ဘက်တွင် ရန်ကုန်တက္ကသိုလ်သို့ သွားသောလမ်းနှင့် အရှေ့ဘက်တွင် ကမ္ဘာအေးဘုရားလမ်း တည်ရှိသည်။ အင်းလျားကန် ပတ်လည်ဝန်းကျင်တွင် ဦးနေဝင်း၏နေအိမ်၊ ဂဠုန်ဦးစော နေအိမ်၊ အမေရိကန် ကလပ်၊ [[အင်းလျားလိတ်ဟိုတယ်]]၊ မရီနာ ဟောက်စ်၊ မြကျွန်းသာ ပန်းခြံ၊ ဒေါ်အောင်ဆန်းစုကြည်နေအိမ်၊ အမေရိကန် သံရုံး၊ စိမ်းလဲ့ကန်သာ နိုင်ငံတော် ဧည့်ဂေဟာ၊ ဘုတ်ကလပ်၊ ရန်ကုန် ရွက်လှေအသင်း၊ စိမ်းလန်းစိုပြေ ပန်းခြံ၊ တက္ကသိုလ် ရေကူးကန်၊ အိုင်ဘီစီ၊ ပြည်လမ်းရှိ နာမည်ကျော် အင်းလျားကန်ဘောင်နှင့် အခြား အိမ်ကြီးအိမ်ကောင်းများ တည်ရှိကြသည်။
သမိုင်းကြောင်း
[ပြင်ဆင်ရန်]၁၈၈၂ နှင့် ၁၈၈၃ မှာ ရန်ကုန်မြို့ ရေပေးဝေရေးအတွက် ဗြိတိသျှ တို့မှတူးဖော်ခဲ့သည်။ ရေများ ဖြန့်ဖြူးရေးအတွက် အင်လျားကန်မှနေ ကန်တော်ကြီးကို ရေပိုက်များနှင့် ဆက်သွယ်ထားသည်။
အင်းလျားကန်ပန်းခြံ
[ပြင်ဆင်ရန်]အင်းလျားကန် ပန်းခြံသည် ရန်ကုန်တက္ကသိုလ်၏ အနောက်ဘက်မှာ တည်ရှိပြီး ယခင်က တက္ကသိုလ် စုံတွဲများအတွက် နာမည်ကြီး နေရာတစ်ခုလည်း ဖြစ်သည်။ မြန်မာ့ရုပ်ရှင်၊ သီချင်းတို့ ရိုက်ကူးလေ့ရှိရာ နေရာတစ်ခုလည်း ဖြစ်သည်။ နိုင်ငံခြား ဧည့်သည်တော်များအနေဖြင့် ရေကူးခြင်း၊ ရွှက်လှေစီးခြင်း နှင့် အားကစား လုပ်ဆောင်ရာ နေရာတစ်ခုဖြစ်ပြီး ရန်ကုန် ရွက်လှေအသင်း တည်ရှိရာ နေရာ တစ်ခုလည်းဖြစ်သည်။ ၂၀၀၉ ခုနှစ် မေလမှာ ဂျွန် ဝီလီယံ ယက်တော ဆိုသူက အင်းယျားကန်ကို ဖြတ်ကူးပြီး မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အိမ်သို့ ဝင်ရောက်ခဲ့သည်။