မာတိကာသို့ ခုန်သွားရန်

မြန်မာ-တရုတ် ပိုက်လိုင်းများ

ဝီကီပီးဒီးယား မှ
တရုတ်-မြန်မာ သဘာဝဓာတ်ငွေ့ပိုက်လိုင်း
(Sino-Myanmar Natural Gas Pipeline)
Map

ပိုက်လိုင်းလမ်းကြောင်း

ယူနန်ပြည်နယ်၊ လုံလင်ခရိုင်ရှိ ပန့်ခွဲစခန်းတစ်ခု
အခြေခံအချက်အလက်များ
အမျိုးအစားသဘာဝဓာတ်ငွေ့ (Natural Gas)
နိုင်ငံ မြန်မာ တရုတ်
အကျိုးတူပူးပေါင်းသူCNPC နှင့် MOGE
ပိုက်လိုင်းလမ်းကြောင်း
အလျား၂,၈၀၆ ကီလိုမီတာ
သယ်ယူပို့လွှတ်မှု၁၂ ဘီလီယံ ကုဗမီတာ / နှစ်
ဦးတည်ချက်တောင်မှ မြောက်သို့
စတင်ရာကျောက်ဖြူမြို့
ဖြတ်သန်းရာမန္တလေး၊ လားရှိုး၊ နမ့်ခမ်း၊ ရွှေလီ၊ ကူမင်း
အဆုံးသတ်ရာကွေ့ကျိုး နှင့် ကွမ်ရှီးပြည်နယ်
ဆက်စပ်ပိုက်လိုင်းတရုတ်-မြန်မာ ရေနံစိမ်းပိုက်လိုင်း
တရုတ်-မြန်မာ ရေနံစိမ်းပိုက်လိုင်း
(Sino-Myanmar Crude Oil Pipeline)
Map

ပိုက်လိုင်းလမ်းကြောင်း

ယူနန်ပြည်နယ်၊ လုံလင်ခရိုင်ရှိ ပန့်ခွဲစခန်းတစ်ခု
အခြေခံအချက်အလက်များ
အမျိုးအစားရေနံစိမ်း (Crude Oil)
နိုင်ငံ မြန်မာ တရုတ်
ကိုဩဒိနိတ်19°21′52″N 93°41′04″E / 19.36444°N 93.68444°E / 19.36444; 93.68444
အကျိုးတူပူးပေါင်းသူCNPC နှင့် MOGE
ပိုက်လိုင်းလမ်းကြောင်း
အလျား၇၇၁ ကီလိုမီတာ
သယ်ယူပို့လွှတ်မှု၂၄၀,၀၀၀ စည် / ရက်
ဦးတည်ချက်တောင်မှ မြောက်သို့
စတင်ရာကျောက်ဖြူမြို့ (မဒေးကျွန်း)
ဖြတ်သန်းရာမန္တလေး၊ လားရှိုး၊ နမ့်ခမ်း၊ ရွှေလီ
အဆုံးသတ်ရာကူမင်းမြို့
ဆက်စပ်ပိုက်လိုင်းတရုတ်-မြန်မာ သဘာဝဓာတ်ငွေ့ပိုက်လိုင်း

မြန်မာ-တရုတ် ပိုက်လိုင်းများ သည် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ရှိ ကျောက်ဖြူ ရေနက်ဆိပ်ကမ်းမှ တရုတ်နိုင်ငံ၊ ယူနန်ခရိုင်ရှိ ကူမင်းမြို့သို့ သွယ်တန်းထားသော ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းများ ဖြစ်သည်။[][] []

လမ်းကြောင်း

[ပြင်ဆင်ရန်]

ပိုက်လိုင်းသည် ရခိုင်ပြည်နယ်၊ ကျောက်ဖြူမှ မကွေးနှင့် မန္တလေးတိုင်းဒေသကြီးတို့ကို ဖြတ်ကာ ရှမ်းပြည်နယ် မြောက်ပိုင်းမှတစ်ဆင့် တရုတ်နိုင်ငံသို့ ရောက်ရှိသည်။ ရေနံပိုက်လိုင်းသည် ယူနန်ခရိုင်၏ မြို့တော် ကူမင်းမြို့တွင် အဆုံးသတ်ပြီး ၇၇၁ ကီလိုမီတာ (၄၇၉ မိုင်) ရှည်လျားသည်။ သဘာဝဓာတ်ငွေ့ပိုက်လိုင်းသည် ကူမင်းမြို့မှတဆင့် Guizhou နှင့် Guangxi မြို့များသို့ ဆက်လက်သွယ်တန်းထားပြီး စုစုပေါင်းအရှည် ၂,၈၀၆ ကီလိုမီတာ (၁,၇၀၀ မိုင်) ရှိသည်။[] ပိုက်လိုင်းတွင် သဘာဝဓာတ်ငွေ့ ထုတ်ယူနိုင်သော စခန်းများကို ကျောက်ဖြူ၊ ရေနံချောင်းတောင်သာမြို့နယ်နှင့် မန္တလေးမြို့တို့တွင် ထည့်သွင်းတည်ဆောက်ထားသည်။[]

ဖော်ပြချက်

[ပြင်ဆင်ရန်]

ရခိုင်ကမ်းလွန်၌ ရွှေသဘာဝဓာတ်ငွေ့သိုက်တွေ့ရှိမှုကို တောင်ကိုရီးယားနိုင်ငံ၊ ဒေဝူးကုမ္ပဏီမှ ၂၀၀၄ ခုနှစ် တွင် ကြေညာခဲ့သည်။ ယခင်အစိုးရသည် တရုတ်နိုင်ငံကို သဘာဝဓာတ်ငွေ့ဝယ်ယူခွင့်ပြုခဲ့ရာ နှစ်ပေါင်း ၃၀ အတွင်း သဘာဝဓာတ်ငွေ့ပမာဏ ၆.၅ ထရီလျံ ကုဗပေထုတ်ယူနိုင်မည့် သဘောတူစာချုပ်ကို တရုတ်အမျိုးသား ရေနံကော်ပိုရေးရှင်းနှင့် ၂၀၀၈ ခုနှစ်၊ ဇွန်လက လက်မှတ်ရေးထိုးခဲ့သည်။[]

၇၉၃ ကီလိုမီတာအရှည် သဘာဝဓာတ်ငွေ့ပိုက်လိုင်းကို SEAGP ကုမ္ပဏီက တာဝန်ယူတည်ဆောက်ခဲ့ပြီး စီမံကိန်းကာလ သုံးနှစ်တာကြာမြင့်ခဲ့ကာ ခန့်မှန်းကုန်ကျစရိတ် အမေရိကန်ဒေါ်လာ နှစ်ဘီလျံခန့် ကုန်ကျခဲ့သည်။ သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်း၏ ၅၀.၉ ရာခိုင်နှုန်းကို တရုတ်အမျိုးသားရေနံကော်ပိုရေးရှင်းက ပိုင်ဆိုင်ပြီး ကိုရီးယားနိုင်ငံ ရေနံနှင့် သဘာဝဓာတ်ငွေ့ကုမ္ပဏီနှစ်ခုက ၂၅.၀၄ ရာခိုင်နှုန်းနှင့် ၄.၁၇ ရာခိုင်နှုန်း၊ အိန္ဒိယကုမ္ပဏီနှစ်ခုက ၄.၁၇ ရာခိုင်နှုန်းနှင့် ၈.၃၅ ရာခိုင်နှုန်း အသီးသီးပိုင်ဆိုင်ကြပြီး မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမှ ၇.၃၇ ရာခိုင်နှုန်းသာ အကျိုးအမြတ်ပိုင်ဆိုင်မှုရှိသည်။[]

သဘာဝဓာတ်ငွေ့ပိုက်လိုင်းသည် တစ်နှစ်လျှင် သဘာဝဓာတ်ငွေ့ ကုဗမီတာ ၁၂ ဘီလျံ ပို့လွှတ်ရန် တည်ဆောက်ထားပြီး စီမံကိန်းကာလ ပထမအဆင့်အတွင်း သဘာဝဓာတ်ငွေ့ ကုဗမီတာ ၅ ဒသမ ၂ ဘီလျံ ပို့လွှတ်နိုင်ရန် ရည်မှန်းထားသည်။ နှစ်ပေါင်း ၃၀ အတွင်း မြန်မာနိုင်ငံအနေဖြင့် သဘာဝဓာတ်ငွေ့ရောင်းချရမှုနှင့် ပိုက်လိုင်းဖြတ်သန်းခအတွက် အမေရိကန်ဒေါ်လာ သန်းပေါင်း ၃၀ ဘီလျံခန့် ရရှိမည်ဟု စောင့်ကြည့်လေ့လာရေးအဖွဲ့များက ခန့်မှန်းထားသည်။[]

အငြင်းပွားမှုများ

[ပြင်ဆင်ရန်]

မြန်မာနိုင်ငံလူဦးရေ၏ ၂၆ ရာခိုင်နှုန်းသာ လျှပ်စစ်ဓာတ်အားရရှိနိုင်သည့် အခြေအနေတွင် မိမိနိုင်ငံမှထွက်ရှိသော သဘာဝဓာတ်ငွေ့အား ပြည်ပသို့ တင်ပို့ရောင်းချခြင်းမပြုသင့်ဟု ဆန့်ကျင်သူများက ကန့်ကွက်နေသည့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းကို အစိုးရဟောင်းလက်ထက်က သဘောတူလက်မှတ်ရေးထိုး စာချုပ်ချုပ်ဆိုခဲ့သည်။[]


ကိုးကား

[ပြင်ဆင်ရန်]
  1. တရုတ်-မြန်မာ ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း အဆင်ပြေချောမွေ့စွာ လည်ပတ်လျက်ရှိနေသည်ဟု တရုတ်သံအမတ်ကြီး ပြောကြား (in my)။ 2026-05-31 တွင် ပြန်စစ်ပြီး။
  2. တရုတ်-မြန်မာ ရေနံပိုက်လိုင်း စမ်းသပ် ပို့လွှတ် (in en-US)။ 11 May 2026 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2026-05-31 တွင် ပြန်စစ်ပြီး။
  3. You must specify title = and url = when using {{cite web}}.။ treaty.mfa.gov ၃၁ မေ ၂၀၂၆ တွင် ပြန်စစ်ပြီး။
  4. "Construction of Sino-Myanmar oil-and-gas pipelines to begin in Sept"၊ Global Times၊ 2009-06-17 2009-06-17 တွင် ပြန်စစ်ပြီး Archived from the original on 1 May 2011။
  5. "China starts building Myanmar pipeline"၊ Xinhua၊ Downstream Today၊ 2009-11-03 2009-11-07 တွင် ပြန်စစ်ပြီး
  6. ခေမဏီဝင်း (2019-10-25)။ ဒေသခံတွေလိုလားတဲ့ တရုတ်ပိုက်လိုင်း ကုမ္ပဏီရဲ့လူမှုဖွံ့ဖြိုးရေး (in my)။ 2026-05-31 တွင် ပြန်စစ်ပြီး။
  7. ၁၀ နှစ်တာကာလအတွင်း မြန်မာ-တရုတ်သဘာဝဓာတ်ငွေ့ပိုက်လိုင်းမှ ဓာတ်ငွေ့ ၅၂ ဘီလျံကုဗမီတာ ပို့လွှတ်နိုင်ခဲ့ကြောင်း Global Times က ဖော်ပြ (in my)။ 2026-05-31 တွင် ပြန်စစ်ပြီး။
  8. မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ပိုက်လိုင်း လည်ပတ်မှု ၁၀ ​​နှစ် ပြည့် ကုဗမီတာ ၅၂ ဘီလီယံ ပို့လွှတ်ခဲ့MyanTrade (in en) (2018-05-15)။ 2026-05-31 တွင် ပြန်စစ်ပြီး။
  9. မြန်မာ- တရုတ် ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်းမှ တရုတ်နိုင်ငံသို့ ခြောက်နှစ်အတွင်း သဘာဝဓာတ်ငွေ့ ၂၂ ဒသမ ၁ ဘီလီယံ ကုဗမီတာ ပို့လွှတ်ထား (in my)။ 2026-05-31 တွင် ပြန်စစ်ပြီး။