မြန်မာ့ငန်းတော်ကျား

ဝီကီပီးဒီးယား မှ
မြန်မာ့ငန်းတော်ကျား
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Animalia
မျိုးပေါင်းစု: Chordata
မျိုးပေါင်း: Reptilia
မျိုးစဉ်: Squamata
မျိုးစဉ်သေး: Serpentes
မျိုးရင်း: Elapidae
မျိုးစု: Bungarus
မျိုးစိတ်:
B. magnimaculatus
ဒွိနာမ
Bungarus magnimaculatus
Synonyms

Bungarus caeruleus var. magnimaculata Wall & Evans, 1901

မြန်မာ့ငန်းတော်ကျား (Bungarus magnimaculatus)[၄][၁] သည် မြန်မာနိုင်ငံ၏ ဒေသရင်း မြွေမျိုးစိတ်ဖြစ်ပြီး ငန်းမြွေ မျိုးစု၏ အဆိပ်ရှိသော မြွေမျိုးစိတ်ဖြစ်သည်။[၃]

တွေ့ရှိရသော ဒေသများနှင့် ကျက်စားရာ ဒေသရင်း နယ်မြေများ[ပြင်ဆင်ရန်]

လက်ရှိတွင် ယင်း မျိုးစိတ်သည် မြန်မာနိုင်ငံ၏ ဒေသရင်း မျိုးစိတ်အဖြစ် ယူဆကြသည်။[၅] မန္တလေးတိုင်းဒေသကြီးစစ်ကိုင်းတိုင်းဒေသကြီး နှင့် မကွေးတိုင်းဒေသကြီးတို့တွင် တွေ့ရှိနိုင်သည်။[၆] တရုတ်ထိုင်းလာအိုဘင်္ဂလားဒေ့ရှ် နှင့်/သို့မဟုတ် အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းဒေသများတွင် တွေ့ရှိရနိုင်သော်လည်း ယနေ့ထက်တိုင် မတွေ့ရှိထားသေးပေ။[၁]

ဤမျိုးစိတ်အား ယေဘူယျတွေ့ရှိရသော ဒေသမှာ ရာသီအလိုက် သစ်တောများ တည်ရှိရာ မြန်မာနိုင်ငံ အထက်ပိုင်းမိတ္ထီလာမြို့ဖြစ်ပြီး မြန်မာနိုင်ငံ အလယ်ပိုင်း ခြောက်သွေ့ဇုန်တွင်လည်း တွေ့ရှိနိုင်သည်။ ခြောက်သွေ့သော အပူပိုင်းဒေသ မြေနိမ့်တောများတွင်လည်း တွေ့ရှိရနိုင်ချေရှိသည်။[၆] ဤမျိုးစိတ်များကို ပင်လယ်ရေမျက်နှာပြင်အနီးမှ ၎င်း၏အထက် အမြင့်ပေ ၁,၀၀၀ မီတာ (၃,၃၀၀ ပေ) အထိ တွေ့ရှိနိုင်သည်။[၇]

နေထိုင်ပြုမူပုံ[ပြင်ဆင်ရန်]

၎င်းသည် ကုန်းနေ မြွေမျိုးစိတ်ဖြစ်ပြီး ညဘက်တွင် လှုပ်ရှားသော သဘာဝရှိသည်။ ဤမျိုးစိတ်များ၏ စိတ်နေသဘောထားသည် တည်ငြိမ်ပြီး ရှက်တတ်ကာ မကြာခဏ အနှောက်အယှက်ဖြစ်နေချိန် သို့မဟုတ် ခြိမ်းခြောက်ခံရသည့်အချိန်တွင် ၎င်း၏ဦးခေါင်းအား ခန္ဓာကိုယ်အောက်တွင် ပုန်းအောင်းနေတတ်သည်။ အဆက်မပြတ် နှိုးဆော်ခြင်းမရှိပါက ပြန်လည်ရန်မူခြင်း ပြုနိုင်ချေနည်းပါးသည်။[၄]

အဆိပ်[ပြင်ဆင်ရန်]

ဤမျိုးစိတ်၏အဆိပ်နှင့် ပတ်သက်၍ လေ့လာသိရှိထားသော အချက်အလက်အနည်းငယ်သာရှိသည်။ အခြားသော ငန်းတော်ကျား မျိုးစိတ်များကဲ့သို့ပင်၊ အဆိပ်သည် အစွမ်းထက်ပြီး အပေါက်ခံရချိန် နှင့် အပေါက်ခံရပြီးနောက်ပိုင်း လက္ခဏာပြတတ်သော neurotoxins အဆိပ် နှစ်မျိုးလုံးပါရှိသည်။ ဤမျိုးစိတ်၏ မြွေဆိပ်ဖြေဆေးအား သိရှိသူ နည်းပါးသည်။[၄] ဤမျိုးစိတ်များမှ လူများကို အကိုက်ခံရခြင်းမှာ အထူးရှားပါးသောကြောင့် ဤမျိုးစိတ်ကြောင့် သေဆုံးရသည့်အကြောင်းအရင်းကို ကောင်းစွာမှတ်တမ်းတင်ထားခြင်းမျိုးမရှိပေ။[၇]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ Wogan, G. (2012). "Bungarus magnimaculatus". IUCN Red List of Threatened Species 2012. IUCN. doi:10.2305/IUCN.UK.2012-1.RLTS.T192232A2058913.en. 
  2. Bungarus magnimaculatusIntegrated Taxonomic Information System။ 28 December 2014 တွင် ပြန်စစ်ပြီး။
  3. ၃.၀ ၃.၁ Bungarus magnimaculatus at the Reptarium.cz Reptile Database. Accessed 21 May 2015.
  4. ၄.၀ ၄.၁ ၄.၂ Bungarus magnimaculatus။ University of Adelaide, Australia။ 28 December 2014 တွင် ပြန်စစ်ပြီး။
  5. Handbook to the dangerously venomous snakes of Myanmar။ San Francisco။ 200828 December 2014 တွင် ပြန်စစ်ပြီး
  6. ၆.၀ ၆.၁ "The Dangerously Venomous Snakes of Myanmar. Illustrated Checklist with Keys" (2003): 407–462. 
  7. ၇.၀ ၇.၁ Bungarus magnimaculatus။ United States Department of Defense။ 2012-01-09 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 28 December 2014 တွင် ပြန်စစ်ပြီး။