ငန်းမြွေ

ဝီကီပီးဒီးယား မှ
ငန်းမြွေ
ငန်းမြွေမျိုးစုဝင် အကြီးဆုံးမျိုးစိတ်
ငန်းတော်ကျား (အင်္ဂလိပ်: Bungarus fasciatus)
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Animalia
မျိုးပေါင်းစု: Chordata
မျိုးပေါင်း: Reptilia
မျိုးစဉ်: Squamata
မျိုးစဉ်သေး: Serpentes
မျိုးရင်း: Elapidae
မျိုးစု: Bungarus
အမျိုးအစား မျိုးစိတ်
ငန်းတော်ကျား
Daudin ၊ ၁၈၀၃[၁]

မြန်မာ့အလိုအားဖြင့် ငန်းမြွေအမျိုးမျိုး ရှိ၏။ အများအားဖြင့် ငန်းမြွေများသည် ကိုယ်ထည်ကြီးမား၍ အဆိပ်ရှိသော မြွေမျိုး ဖြစ်ကြသည်။ မြွေ၏ အသွေးအဆင်ကို ကြည့်၍ အမည်အမျိုးမျိုးဖြင့် ခေါ်တတ်ကြသည်။ တစ်ခါတစ်ရံ မြွေ တစ်မျိုးတည်းပင် အမည် ၃၊ ၄ မျိုးတပ်၍ ခေါ်တတ်ကြသည်။ ငန်းမြွေ အမျိုးမျိုးရှိသည့်အနက် ထင်ရှားသောငန်းမြွေများမှာ

  1. ငန်းဝါ၊
  2. ငန်းပုပ်
  3. ငန်းသံကွင်းစပ်၊
  4. ငန်းစောင်း
  5. ငန်းတော်ကျား၊
  6. ငန်းဦးကွက်၊
  7. ငန်းနက်ကျား၊
  8. ငန်းတော်ရှည်တို့ ဖြစ်ကြသည်။

ထိုငန်းမြွေမျိုးတို့နှင့် မျိုးချင်နွယ်သော အခြားငန်းမြွေများလည်း အမြောက် အမြား ရှိပေသေးသည်။ ငန်းမြွေကို အင်္ဂလိပ်လို 'ဟမ်မာဒြာ ရက်'ဟူ၍လည်းကောင်း၊ 'ဗန်ဂါရပ်'ဟူ၍လည်းကောင်း ငန်းမျိုးကိုလိုက်၍ ခေါ်၏။ ငန်းဝါကို အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံတို့တွင် တွေ့ရသည် ဟု ဆိုသည်။ ငန်းဝါသည် အညိုရောင်ရှိ၍ အညိုဖျော့ရောင် ကန့်လန့်စင်းများ ပါရှိသည်။ လည်တိုင်ဝါ၏။ သို့သော် အချို့ ငန်းဝါမျိုးသည် အစိမ်းရောင်ရှိ၍ လည်တိုင်ဝါသည်။ ကိုယ် အောက်ပိုင်း၌ အစက်ပြောက်များ ပါရှိတတ်သည်။ သို့မဟုတ် အမည်းရောင်ရှိသည်။ အကောင်ငယ်ကလေးလည်းများမှာ အမည်း ရောင်ရှိ၍ အဖြူစင်းများ ပါရှိသည်။ ဦးခေါင်း၌လည်း အဖြူ စင်းများပါရှိသည်။ အရှည် ၁၄ ပေအထိ ကြီးထွားကြသည်။ ငန်းပုပ်ဟုခေါ်သော ငန်းမြွေမှာ အမည်းပုပ်ရောင်ရှိ၏။ ထိုငန်းပုပ်မျိုးသည် လူကိုလိုက်တတ်သည်ဟု အဆိုရှိသည်။ လိုက်ရာ၌ ပါးပျဉ်းထ၍ လိုက်၏။ တစ်ခါတစ်ခါ အမြီး ထောက်၍ ကြည့်၏။ ထိုနောက် လိုက်ပြန်၏။ မမြင်ရမှ မလိုက်ဘဲ နေ၏။ ✖️ငန်းပုပ်သည် ရိုက်ပုတ်၍ မသေဘဲ လွတ်ပြေးလျှင် ရန်သူကို တစ်နှစ်ကျော်အထိ မမေ့တတ်ဘဲ ပြန်၍ ရန်မူတတ်သည်ဟု အဆိုရှိသည်။✖️

(အဟိတ်တိရစ္ဆာန်မြွေသည် အသိဉာဏ်ရှိလူသားမျိုးစိတ်ကဲ့သို့ အသိဉာဏ်မရှိပါ)


ငန်းသံကွင်းစွပ်တွင် အဝါနှင့် အမည်းကွင်းများ တစ်ခုခြားစီ ပါရှိသည်။ ဦးခေါင်းမှာမည်း၍ လည်တိုင်နှင့် ကိုယ်အောက် ပိုင်းမှာ အဝါရောင်ရှိ၏။ အရှည် ၈ ပေအထိ ကြီးထွား၏။ ငန်းနက်ကျားကို အင်တိုင်းတောနှင့် တောချုံကြီးများတွင် အများအပြား တွေ့ရသည်။ အဆိပ်ပြင်းသောမြွေမျိုးဖြစ်သော် လည်း လူကို ရန်မရှာတတ်ပေ။ ဦးခေါင်းသေး၍ ကိုယ်ထည် ရှည်သည်။ ကိုယ်ရောင်မှာ ကတ္တီပါနက်ကဲ့သို့ရှိ၍ အဝါကွက် များ ပါရှိသည်။ ငန်းနက်ကျားသည် အလွန်လှသောမြွေမျိုး ဖြစ်သည်။ ✖️ငန်းတော်ရှည်ကို မြွေမင်းသား သို့မဟုတ် မြွေ သူတော်ဟု ခေါ်တတ်ကြသည်။ ကိုယ်ထည်ရှည်၍ အဆိပ် မရှိပေ။ ငန်းတော်ရှည်ကို အခြားမြွေများက ကြောက်ရသည်ဟုဆိုသည်✖️

ငန်းတော်ကြားမြွေအဆိပ်သည်လူ၏အာရုံကြောကိုပျက်ဆီးစေနိုင်သည်။ မြန်မာနိုင်ငံတွင်‌ငန်း‌‌ေတာ်ကြား‌ေမြွဆိပ်‌ေဖြ‌ေဆးမရှိပါ...

ငန်းမြွေများသပ်သပ်ရှိကြသော်လည်း လူကို ဘေးအန္တရာယ်မပြုတတ်ကြပေ။ ငန်းမြွေများသည် ကိုယ်ထည်ကြီးမားကြသဖြင့် ယင်းတို့ကို တွေ့မြင်လွယ်သည်။ လယ်ယာများတွင် မနေတတ်ကြ။ တောထူထပ်သောဒေသ များတွင် ချုံထဲ၊ သစ်ခေါင်းထဲ၌ နေတတ်ကြသည်။ ငန်းမြွေ သည် ပါးပျဉ်းကြီး၍ လှပသောကြောင့် အလမ္ပာယ်ဆရာများက မြွေပြသရာတွင် ငန်းမြွေကို အကခိုင်းတတ်ကြသည်။[၂]

ကိုးကား[ပြင်ဆင်ရန်]

  1. BungarusRepFocus - A Survey of the Reptiles of the World။ Rune Midtgaard။ 21 July 2021 တွင် ပြန်စစ်ပြီး။
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)