ဆွေဝင်း

ဝီကီပီးဒီးယား မှ
Swe Win
ဇာတိ အမည်ဆွေဝင်း
မွေးဖွားc. ၁၉၇၈&#၁၆၀;(၁၉၇၈) (အသက် ၄၆)
Rangoon, Burma
(now Yangon, Myanmar)
နိုင်ငံလူမျိုးBurmese
အလုပ်အကိုင်Journalist
တက်ကြွလှုပ်ရှားနှစ်များ2009-present

ဆွေဝင်း (၁၉၇၈ ဖွား) သည် မြန်မာနိုင်ငံရှိ သတင်းမီဒီယာသမားတစ်ဦး ဖြစ်သည်။ သူသည် လက်ရှိတွင် မြန်မာနောင်း သတင်းဝန်ဆောင်မှု၏ အယ်ဒီတာချုပ်နှင့် အဓိကတာဝန်ရှိသူ ဖြစ်သည်။[၁]

အစောပိုင်းဘဝနှင့် ပညာရေး[ပြင်ဆင်ရန်]

ဆွေဝင်းကို ၁၉၇၈ ခုနှစ်တွင် ရန်ကုန်မြို့တွင် ဆင်းရဲသည့်မိသားစုတစ်ခုမှ ဖွားမြင်ခဲ့သည်။[၂] ၁၉၉၈ ခုနှစ်တွင် စစ်အာဏာသိမ်းမှုကို ကျောင်းသားများဆန့်ကျင်ဆန္ဒပြရာတွင် ပါဝင်ခဲ့ပြီး သူသည် တက္ကသိုလ်ကျောင်းသားတစ်ယောက်အနေဖြင့် ဖမ်းဆီးခြင်း ခံခဲ့ရသည်။ ၂၁ နှစ်ကြာ ထောင်ဒဏ်ကျခံခဲ့ရသည်။၂၀၀၅ ခုနှစ်တွင် အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာခဲ့သည်။ [၃]သူသည် ထောင်ကျနေစဉ်အတွင်း၌ မေတ္တာတရားပွားများခြင်းကို လေ့ကျင့်လုပ်ဆောင်ခဲ့သည်။ နောက်ပိုင်းတွင် သူသည် ဆရာကြီး ဦးဂိုအင်ကာ၏ တရားစင်တာတွင် တရားလေ့ကျင့်မှုများ လုပ်ဆောင်ခဲ့သည်။[၄]

အလုပ်အကိုင်[ပြင်ဆင်ရန်]

သူသည် ထောင်မှလွတ်လာပြီးနောက်တွင် ဂျာနယ်လစ်ပညာရပ်ကို လေ့လာသင်ယူခဲ့သည်။ အွန်လိုင်းဘွဲ့ကြိုပရိုဂရမ်နှင့် မဟာဒီဂရီများကို ၂၀၀၉ ခုနှစ်တွင် ဟောင်ကောင်တက္ကသိုလ်မှ ဂျာနယ်လစ်ပညာရပ်ဖြင့် ပြီးမြောက်ခဲ့သည်။ သူသည် ဧရာဝတီသတင်းစာတွင် အလုပ်လုပ်ကိုင်ခဲ့ပြီး နောက်ဆုံးတွင် အကြီးတန်းသတင်းထောက်တစ်ဦး ဖြစ်လာခဲ့သည်။ ၂၀၁၁ - ၂၀၁၅ မြန်မာ့နိုင်ငံရေး ပြုပြင်ပြောင်းလဲကာလအတွင်း သူသည် ရန်ကုန်သို့ ပြန်လာခဲ့သည်။ သူသည် Al Jazeera and New York Times အတွက် အလွတ်တန်းအဖြစ် သတင်းများ ရယူပေးခဲ့သည်။ ထို့အပြင် ကိုယ်ပိုင်ငွေကြေးဖြင့် အင်တာနက်သတင်းဝန်ဆောင်မှုတစ်ခုကိုလည်း ကာလတိုအဖြစ် လုပ်ဆောင်ခဲ့သေးသည်။[၂][၅]

၂၀၁၅ ခုနှစ်တွင် ဆွေဝင်းသည် မြန်မာနောင်း သတင်းဝန်ဆောင်မှုကို သွန်ဆွန်ရိုက်တာဖောင်းဒေးရှင်း၏ ပံ့ပိုးမှုဖြင့် ပူးတွဲတည်ထောင်ခဲ့သည်။[၆]

သူသည် ရန်ကုန်မြို့ရှိ အပ်ချုပ်ဆိုင်တစ်ခုမှ အလုပ်ရှင်က ဆယ်ကျောက်သက် အိမ်ဖော်အလုပ်သမားနှစ်ဦးကို အကြမ်းဖက်သည်ကို စုံစမ်းဖော်ထုတ်ခဲ့သဖြင့် ၂၀၁၆ ခုနှစ် စက်တင်ဘာလတွင် မြန်မာနိုင်ငံပြန်ကြားရေးဝန်ကြီးဌာနက သမ္မတ၏ ဂုဏ်ပြုမှတ်တမ်း ပေးအပ်ခဲ့သည်။ ဆွေဝင်း၏ ဦးဆောင်မှုဖြင့် ၂၀၁၇ ခုနှစ် ဦးကိုနီချောင်းမြောင်းအပစ်ခံရမှုကို စုံစမ်းဖော်ထုတ်ခဲ့သည်။ ၂၀၁၇ ခုနှစ်တွင် သူသည်လည်း စမ်းချောင်းမြို့ရှိ သူ၏ အိမ်သို့အပြန်တွင် တိုက်ခိုက်ခြင်း ခံခဲ့ရသည်။ ၂၀၁၇ ခုနှစ်မတ်လတွင် မူဆလင်ဆန့်ကျင်ရေးဝါဒီရဟန်းဖြစ်သည့် ဦးဝီရသူကို ဖေ့ဘွတ်တွင် ဝေဖန်ရေးသားခဲ့သဖြင့် မြန်မာဆက်သွယ်ရေးဥပဒေ ၆၆ (ဃ) ဖြင့် ထိန်းသိမ်းဒဏ်ရိုက်ခြင်း ခံခဲ့ရသည်။ သူ့အား ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ၃၀ နေ့တွင် မန္တလေး၌ စတင်ကာထိန်းသိမ်းခဲ့သည်။ ဆွေဝင်းသည် တရားလိုသက်သေဘက်မှ ထိန်းသိမ်းမှုအတွက် ထပ်ခါတလဲလဲ အကြောင်းပြသမှုမပေးနိုင်သည့်အတွက် အမှုအား လွှတ်ပေးရန် တောင်းဆိုခဲ့သည်။ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၂ ရက်နေ့တွင် အမှုအား လွှတ်ပေးခဲ့သည်။[၅]

၂၀၁၉ ခုနှစ် ဩဂုတ်လတွင် ဆွေဝင်းသည် မြန်မာနိုင်ငံတွင် ဂျာနယ်လစ်အရည်အသွေးပြည့်ဝစွာဖြင့် သူ၏ ခေါင်းဆောင်မှုအတွက် ထင်ရှားသည့်ခေါင်းဆောင်မှုဖြင့် Ramon Magsaysay Award ကို ရရှိခဲ့သည်။ သူသည် ဆုပေးမှုသမိုင်းတစ်လျှောက် အသက်အငယ်ဆုံးဆုရရှိသူ ဖြစ်ခဲ့သည်။[၇][၈]

၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် ဂွမြို့နယ်တွင် ခရီးသွားနေစဉ် ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခြင်း ခံခဲ့ရပြီး သေနတ်ဒဏ်ရာဖြင့် လွတ်မြောက်ခဲ့သည်။[၉] ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလအချိန်အထိ တိုက်ခိုက်သူများကို ဖော်ထုတ်နိုင်ခြင်း မရှိသေးပဲ အစိုးရ၏တရားဝင်စုံစမ်းဖော်ထုတ်မှုများကိုလည်း အများသိရှိအောင် ဖော်ထုတ်ပြသမှုမရှိပေ။[၁၀]

ကိုးကား[ပြင်ဆင်ရန်]

  1. Foundation၊ Thomson Reuters။ Myanmar Now။ 2021-02-05 တွင် ပြန်စစ်ပြီး။
  2. ၂.၀ ၂.၁ Ko Swe Win (2019)။ 10 June 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  3. Win၊ Swe (2013-07-24)။ Back to Jail in Burma (in en-US)။ 2021-02-05 တွင် ပြန်စစ်ပြီး။
  4. https://www.insightmyanmar.org/complete-shows/2020/4/16/episode-8-swe-win
  5. ၅.၀ ၅.၁ Ko Swe Win (in en) (2017-08-02)။ 2021-02-05 တွင် ပြန်စစ်ပြီး။
  6. Journalist's truth mission gives voice to Myanmar’s voiceless (in en) (2019-09-12)။ 2021-02-05 တွင် ပြန်စစ်ပြီး။
  7. 'Truth, justice, love': Ko Swe Win on journalism in times of repression (in en)။ 13 February 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2021-02-05 တွင် ပြန်စစ်ပြီး။
  8. Myanmar Now Editor-in-Chief Awarded Asia’s Highest Honor (in en-US) (2019-08-02)။ 2021-02-05 တွင် ပြန်စစ်ပြီး။
  9. Investigation into shooting attack on Myanmar journalist goes nowhere (in en) (2020-12-02)။ 2021-02-05 တွင် ပြန်စစ်ပြီး။
  10. Myanmar Now editor suffered gunshot wound to leg during trip to southern Rakhine last year (in en)။ 2021-02-05 တွင် ပြန်စစ်ပြီး။